မျက်ဝန်းနှစ်ဖက်စလုံးက သမုဒ္ဒရာတစ်ခုစာ အရည်ပျော်ဖြစ်သွားတယ် . . .
ဟုတ်တိပတ်တိ မရစ်နှောင်ခဲ့ပဲနဲ့ သူ(မ)ကို သွားခွင့်ပြုလိုက်တယ်။ သူ(မ)ကို
မဆုံးရှုံးလိုက်ပါဘူး ... သူ(မ)နဲ့ ပါသွားတဲ့ ကျနော့်အသက်ဗူးလေးကိုတော့
ဆုံးရှုံးလိုက်ရတယ် ... မျက်ရည်ဇတ် ခင်းပြတော့ သူ(မ)က သနားမတဲ့(လား) ...။
အကြီးအကျယ်ဆုတ်ပြတ်ပြနေလိုက်တာ သူ(မ)ကို လွှတ်လိုက်ပြီးလို့ ...
ကိန္နရာမလေးရေ လွတ်ရာကို ပျံသန်းသွားလေတော့ ...။။။
သူ(မ)ဟာ ကျနော်နားကြပ်လေးဖြစ်ခဲ့ ... ကျနော်တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အခါ နားကြပ်လေးကို ၀တ်လိုက်တယ် ... ကျနော်ပျင်းရိတွဲလံတဲ့အခါ နားကြပ်လေးကို ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တယ် ... သူ(မ)ဟာ ဟာသဖြစ်ရဲ့ ... သီချင်းတစ်ပုဒ်ဖြစ်ရဲ့ ... ရေဒီယိုဖြစ်ရဲ့ ... အသည်းစွဲလူရွှင်တော် ဖြစ်ရဲ့ ... အင်တာနက်ဖြစ်ရဲ့ ...
ခမ်းခမ်းနားနားမြတ်စွန်းလိုက်တာမရှိသလို ကြီးကြီးကျယ်ကျယ်ပေးဆပ်လိုက်ရတာလဲ ရှိဘူး ... နှစ်ယောက်စလုံးရဲ့ ကြားမှာ ညီမျှခြင်းတစ်ခုပဲ ရှိခဲ့တယ် ... တကယ်လို့ ညီမျှခြင်းတစ်ဘက်မှာပဲ နှစ်ယောက်စလုံးမြတ်မြတ်နိုးနိုးနေလိုက်မယ် ဆိုရင် သုညတစ်လုံးက အခြားတစ်ဘက်မှာ ပေါ်လာလိမ့်မယ် ... နှစ်ယောက်လုံးဖမ်းလည်း ဖမ်းလို့မမိတဲ့ အဲဒီသုညကို ဖမ်းမိခဲ့ပြီး သတ်ပစ်လိုက်တယ် ဆိုရင်တောင် မှ (ဘာထူးမှာလဲ) ... ဘာမှ မရှိခြင်းဟာလဲ သုညပဲ မဟုတ်လား ... နှစ်ယောက်စလုံးရဲ့ အခြားတစ်ဖက်မှာ တန်ဖိုးရှိဖို့ တစ်ယောက်ယောက် က စွန့်ခဲ့ရမယ့် ပိုမြင့်တဲ့ တန်ဖိုးလိုတယ် ...
၃ = ၁
၂ = ၁ + ၁
(သို့)
၁ = ၁
ဝ = ၁ (- + x --ွံ ) ၁ (သို့) ၁ (- + x --ွံ ) ၁ = ဝ
သူ(မ)နဲ့ ကျနော် အရမ်းမဝေးပါဘူး ... ညီမျှခြင်းတစ်ခုစာလောက်ပါပဲ ... ပြက္ခဒိန်တွေဆွေးလာတဲ့အခါ ညီမျှခြင်းက မညီမျှခြင်းတွေ ဖြစ်လာခဲ့ . . .
သူ(မ)ရောက်လာတော့ ပုံပြင်တွေ တစ်ပုံကြီးပေးခဲ့ပြီး ထွက်သွားတော့လည်း ပုံပြင်တွေ တစ်ပုံကြီးနဲ့ ထားခဲ့တယ် ... ကျနော့်အတွက်တော့ သူ(မ)ဟာ စိတ်ဝင်စားစရာအကောင်းဆုံး ဇတ်လိုက် ... သူ(မ) ကျနော့်ကို ဘောပင်လက်ဆောင်မပေးခဲ့ပါဘူး ... သူ(မ) ကျနော့်ကို ဘောပင်တစ်ချောင်းကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ် ... အဆုံးမှာတော့ သူ(မ)ဟာ ကျနော့်ရဲ့ လက်တစ် ဖက် ... အဆုံးရဲ့ အဆုံးမှာတော့ ကျနော်လက်(နု)လေးကျိုးကျ အရာအားလုံးဟာ ကြိုးပြတ်နေတဲ့ ရုပ်သေးပဲပေါ့ ...။ ကျနော် မျက်လုံး ကို မရဲတရဲပြန်ဖွင့်ကြည့်တော့ သူ(မ)ဟာ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ နာမည်လေးတစ်ခုလောက်သာ ဖြစ်နေပါပြီ ...
သူ(မ)နဲ့ ပြီး(ပြတ်)ပြီ ... သူ(မ)နဲ့ ဆက်ရန် ရှိသေးသည် ... ရှင်းရှင်းပြောရရင် လမ်းခွဲမြေဟာ သနားစရာကောင်းလို့ ... ခြောက်သွေ့လို့ ... မျက်ရည်တောင်မ၀ဲခဲ့ဘူး ...
နှုတ်ဆက်ပါတယ် ... ပြောတော့ သူ(မ) ရယ်တယ် ... ပြန်တွေ့ဖြစ်မှာပါ ... တဲ့ ...
သူ(မ)ကို အိပ်မက်မမက်ခဲ့ဖူးပါဘူး ... သူ(မ)ကိုယ်တိုင်က ကျနော်အိပ်မက်ဖြစ်နေပြီး သူ(မ)ဖြစ်စေချင်သော ဆန္ဒများ အတိုင်း ကျနော်လင်းလင်းလက်လမ်းလျှောက်တတ်နေပါပြီ ... :) . . . :)
အရှိကို အရှိတိုင်းသာ ...
လျံနိုး
၂၅၊ ၁၁၊ ၂၀၁၁ ၉း၀၄ မိနစ်(ည)ဖိလစ်ပိုင်စံတော်ချိန်
ခေတ္တမနီလာ :)
အသည်းနှလုံးဆိုတာ တကယ်တော့ အချိုင့်ပါတဲ့ အသည်းနှလုံးပါပဲ ... :)

No comments:
Post a Comment