“မြစ်”
မဖြူစင်မျက်စိတဆုံး ရှည်လျားလိုက်တယ် ...
မျက်စိမှိတ်လိုက်တဲ့အခါ မုန်တိုင်းတစ်ခါ နှစ်ခါလောက်တော့
ထန်ဖြစ်သွားတာပေါ့ ...
တခါတလေ လက်အစုံကို ခါချလိုက်တာ ယုံကြည်ခြင်းမိုးသားတွေကွာကျလာတယ်
...
အလိုလိုနေရင်း ကျနော်ဟာ လူမိုက်ဖြစ်သွား ...
မကောင်းမှုကို လုပ်တဲ့လူမိုက်တော့ မဟုတ်ဘူး
ကောင်းမှုကို မလုပ်တဲ့လူမိုက် ...
မဖြူစင့်လက်ကို လွှတ်လိုက်တဲ့နောက်
အိပ်မက်တွေထဲမှာ ကြိုးစင်ခဏခဏတက်ရတယ် ...
မျက်ရည်ကျတဲ့လုမိုက် လက်မှာ ကဗျာတွေ သီးလို့
...
လှလှပပ ငိုတတ်နေလိုက်တာ မင်ရည်တွေ ဗရပွ နဲ့
...
မဖြူစင်က ကျနော့်ဆီခဏရေလာသောက်တဲ့ ငှက်ပေါ့
ကျနော့်မျက်စိတဆုံး မဖြူစင်ပျံသန်းစမ်း !!!...
မျက်ခြေပြတ်သွားလည်း ခဏပေါ့ ...
ယုံကြည်ခြင်းမိုးသားတွေကွပ်ပြီး မျက်ခြေပြတ်သွားလည်း
မဖြူစင်လက် ဘယ်တော့မှ ကျနော်မလွှတ်ဘူး ...
Don’t worry be happy!
လျံနိုး

No comments:
Post a Comment