နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Saturday, January 14, 2012

မမှောင်ခင် လမ်းခွဲလိုက်ကြတာပေါ့ ...

ငါဟာ မပြည့်စုံပါဘူး ...
ငါ့ကို ပြည့်စုံတယ် လို့ မြင်တွေ့ပေးပါ ...
ဒါဟာ ဆုတောင်းဖြစ်တယ် ... သံမဏိအချစ်ကြိုးဖြစ်တယ် ...

ငါ့ဆီမှာ လိုအပ်မှု တချို့ရှိမယ် ...
ငါ့လိုအပ်မှုတွေကို ဖြည့်စွက်နားလည်ပေးပါ ...
ဒါဟာ သက်စောင့်ဆေး ဖြစ်တယ် ... ရေသန့်ဗူး ဖြစ်တယ် ...

ဆိုပါတော့ လူနှစ်ယောက်ပဲ ...
နင့် ဆီမှာ ရှိတဲ့အရာ ငါ့မှာ မရှိဘူး ... ငါ့ဆီမှာ ရှိတဲ့အရာ နင့်မှာမရှိဘူး ...
နှစ်ယောက်စလုံးရှိတဲ့အရာတွေကျတော့လည်း ပြိုင်တူလင်းလိုက်ကြတာပေါ့ ...
ဘ၀တစ်ခုစာလောက်တော့ ကောင်းကောင်းလင်းနိုင်မှာပါ ...
ဒါဟာ သတိပေးစာတမ်းဖြစ်တယ် ... ကြော်ငြာဖြစ်တယ် ...

ဆုတောင်းမပြည့်ခဲ့ရင် ...
ဆေးမသောက်မိခဲ့ရင် ...
သတိပေးစာတမ်းကို မနှစ်သက်ခဲ့ရင် ...
မမှောင်ခင် လမ်းခွဲလိုက်ကြတာပေါ့ ...

လွတ်သွားတဲ့ ငါး ကြီးတယ် မပြောကြေး ...

Saturday, January 7, 2012

... :)

   "လျှောက်နေကျလမ်းမှာ ငါအမြဲရှိတယ်"

ကျနော့်ရင်ဘတ်ပေါ် မဖြူစင် နာမည်ပဲ ခဏခဏကြွေကျမိနေကြောင်း
စာရေးအကြောင်းကြားလိုက်တော့ ...
လက်ဖ၀ါးပေါ်မှာ အသင့်ခူးပြီးသား ကဗျာအသီးပွင့်တွေ ...
ကျနော်ဟာ မဖြူစင် ကို ပျိုးတဲ့ လယ်သမား ...
စာအုပ်ထဲက ထွက်လာသမျှ ရိုင်းစိုင်းရင့်ကျက်မှုတွေသာ ဖြစ်ရဲ့ ...
သိမ်းထားပါ ဆိုတာထက် အဲ့ဇာတ်ထုပ်ကို ခဏခေါက်ထား ...
ခေါင်းရိုးညီတဲ့ တနေ့ ကမ္ဘာကြီးမီးလောင်တဲ့တနေ့ အဲဒီဇာတ်ထုပ်/ထုတ် ကပြကြတာပေါ့ ...
အဲ့ဒီနေ့ကျရင် ကျနော့်လောက် ဘယ်သူမိုက်မလဲ မဖြူစင်ရှေ့ဘလိုင်းကြီးခေါင်းမော့ရဲတယ် ...
ရင်ခွင်ကြီးကို ဖွင့်ထားတာ ကြာပြီ မဖြူစင် ဘယ်တော့မှ လာမနားခဲ့ဘူး ...
ရင်ကွဲပက်လက်ထဲကို မျှော်လင့်ခြင်းပြိုင်းပြိုင်းတွေကို ခပ်စိပ်စိပ် စီရီထားလိုက်တော့
အလွမ်း ... ဆိုတာ လူကြားကောင်းတဲ့ ရောဂါဖြစ်ကြောင်း ...
ကိုယ့်မြင်း ကိုယ်စိုင်းတာပဲ စစ်ကိုင်းက ဘယ်ရောက်ရောက်ပေါ့
မဖြူစင်အနားေ၇ာက်ဖို့ ...
တနေ့တလံ ခြေသံက လုံပါတယ် လျှောက်ရင်းလျှောက်ရင်း မဖြူစင် အသံက တဖြည်းဖြည်း ကျယ်လာသလိုပဲ ...
နဖူးပြင်ပေါ်က မိုးသီးတွေ ပြုတ်ကျ
နှမြောပါတယ် ဆိုမှ
သုံးစွဲလိုက်မိတဲ့ ပြက္ခဒိန်ဇယားတွေ ...
မဖြူစင် နဲ့ မသက်ဆိုင်တော့ပါဘူးဆိုမှ သက်ဆိုင်မှုက
မသက်ဆိုင်မှုလို လို သက်ဆိုင်မှုလိုလို ... ဘာလို လို ညာ လို လို ဘယ် လို လို ...
လိုနေတာက သူမ နာမည် ရည်ရွတ်လိုက်ရုံနဲ့ ရလာတဲ့ သတ္တိအစိုင်အခဲတွေ ...

Friday, January 6, 2012

... :)


“မြစ်”  

မဖြူစင်မျက်စိတဆုံး ရှည်လျားလိုက်တယ် ...

မျက်စိမှိတ်လိုက်တဲ့အခါ မုန်တိုင်းတစ်ခါ နှစ်ခါလောက်တော့ ထန်ဖြစ်သွားတာပေါ့ ...

တခါတလေ လက်အစုံကို ခါချလိုက်တာ ယုံကြည်ခြင်းမိုးသားတွေကွာကျလာတယ် ...

အလိုလိုနေရင်း ကျနော်ဟာ လူမိုက်ဖြစ်သွား ...

မကောင်းမှုကို လုပ်တဲ့လူမိုက်တော့ မဟုတ်ဘူး 

ကောင်းမှုကို မလုပ်တဲ့လူမိုက် ...

မဖြူစင့်လက်ကို လွှတ်လိုက်တဲ့နောက် 

အိပ်မက်တွေထဲမှာ ကြိုးစင်ခဏခဏတက်ရတယ် ...

မျက်ရည်ကျတဲ့လုမိုက် လက်မှာ ကဗျာတွေ သီးလို့ ... 

လှလှပပ ငိုတတ်နေလိုက်တာ မင်ရည်တွေ ဗရပွ နဲ့ ...

မဖြူစင်က ကျနော့်ဆီခဏရေလာသောက်တဲ့ ငှက်ပေါ့ 

ကျနော့်မျက်စိတဆုံး မဖြူစင်ပျံသန်းစမ်း !!!...

မျက်ခြေပြတ်သွားလည်း ခဏပေါ့ ... 

ယုံကြည်ခြင်းမိုးသားတွေကွပ်ပြီး မျက်ခြေပြတ်သွားလည်း မဖြူစင်လက် ဘယ်တော့မှ ကျနော်မလွှတ်ဘူး ...


Don’t worry be happy!
လျံနိုး