နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, March 22, 2010

သစ္စာသမိုင်း

အငဲစကား ခဏငှားသုံးရမယ်ဆိုရင်
အချစ်ဆိုတာ ဘုရားသခင်ပေးတဲ့
ဆုလာဘ်လား...အဲဒါဆိုရင်တော့
ငါကြားချင်တဲ့ ရင်ခုန်သံ
အသံအိုးကနေပေါက်ဖွားလာမယ့်
အချစ်စကားချိုချိုလေးတွေကို
ကြားရဖို့ရာ...အခုငါ့နာကျင်မှုက
ခေတ္တခဏသာ ဖြစ်မှာပါ...။

ဇော်ပိုင်စကားငှားသုံးရပြန်ရင်လည်း
မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင်
တွန်းတိုက်ဖန်များနဲ့နဲ့လို့လာတယ်တဲ့...
ဒီတော့ သူငါ့ကို အကြိမ်ကြိမ်
နာကျင်စေလဲပဲ ငါ့ဘက်က
သူ့အချစ်မှာ အမြစ်တွယ်ကာ
ချစ်ဖွယ်တဲ့ စကား၊
အပြုအမူတွေနဲ့ သူ့ဆီက
ချိုမြိန်တဲ့ ရင်ခုန်သံအချစ်သီးချိုချိုလေးတွေ
သီးဖို့ရာ သစ္စာရှိခြင်းနဲ့ ရှေ့ဆက်ဖို့ပဲ...။
ဒီတော့...ငါ့ရဲ့ သစ္စာအောက်က
ရင်ခုန်သံနဲ့ မင်းပေးတဲ့
နာကျင်မှုအမုန်းဟာ
အားတုလို့ ဘက်ပြိုင်ကြရင်း...
ငါမျှော်လင့်နေမှာက
ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်း...

Wednesday, March 17, 2010

“မုန်းသူ့အချစ်ကျိန်စာ”

မေ့လိုက်ပါတော့...
ငါတို့ နှစ်ယောက်အတွက်
အနာဂတ်တစ်ခုတည်းဆိုတာ
အဖြစ်တည်နိုင်တော့ဘူး..။
အရှိန်တက်နေဆဲ
ငါတို့ ချစ်သူ့ဇတ်လမ်းလေးကို
အမုန်းက ကျိန်စာသင့်စေခဲ့ပြီ...။
ဒါဟာမုန်းသူ့အချစ်ကျိန်စာလား..?
နာကျင်စေမှုနဲ့ ငါတို့ ရင်ခုန်သံတွေကို
စေစားကာ ...
အချစ်တွေနဲ့ တည်ဆောက်ထားတဲ့
ငါတို့ ဘဝအိပ်မက်ကို
ဝေယါးစေခဲ့တာ...ဩော်...
ဒီချစ်သူ့အမုန်းကျိန်စာကြောင့် ငါတို့
စည်းတွေခြားကာ အခု
အမုန်းတွေပွားရပြီ...
ဒီတော့ အခုလောလောဆယ်မှာ
အမုန်းတွေ ပွေ့ပိုက်သယ်ဆောင်ထားသူတွေ
အဖြစ် ငါတို့ နှစ်ယောက်ဟာ
အချင်းချင်း ကျိန်စာသင့်စေခဲ့ပြီ...။..
ဒီတော့(သို့)ဒါကြောင့်
ဒီကဗျာမှာ(သို့)ငါတို့ နှစ်ယောက်ရဲ့ ရင်ခုန်သံတွေမှာ
ငါပြောလိုက်မယ်..
ငါတို့နှစ်ယောက်ရဲ့
ရလဒ်ဟာ
“မုန်းသူ့အချစ်ကျိန်စာ”..။.။။<3

“သူ...ငါ့ကို”

အချစ်ကို ဂီတာတစ်လက်လို  
လှပနားဝင်ချိုတဲ့ သံစဉ်ချိုချိုတွေ
အဖြစ် ဖန်တီးဖို့
ငါကြိုးစားခဲ့တယ်...။
ဒါပေမဲ့...
ဂီတာမှာ လှပနားဝင်ချိုတဲ့
သံစဉ်ချိုတွေကို တီးခတ်တတ်ဖို့ရာ
ကြိုးစားနေဆဲ
လက်တွေထုံနာကျင်နေလဲပဲ
အချစ်ကြောင့် ငါ့ရင်ခုန်သံတွေ
ထုံနာကျင်နေဆဲမှာ
အချစ်က ငါ့ကို ငြင်းပယ်သွား..ခဲ့ပြီ..
စာတွေကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

“သူ...ငါ့ကို”

အချစ်ကို ဂီတာတစ်လက်လို လှပနားဝင်ချိုတဲ့ သံစဉ်ချိုချိုတွေ
အဖြစ် ဖန်တီးဖို့
ငါကြိုးစားခဲ့တယ်...။
ဒါပေမဲ့...
ဂီတာမှာ လှပနားဝင်ချိုတဲ့
သံစဉ်ချိုတွေကို တီးခတ်တတ်ဖို့ရာ
ကြိုးစားနေဆဲ
လက်တွေထုံနာကျင်နေလဲပဲ
အချစ်ကြောင့် ငါ့ရင်ခုန်သံတွေ
ထုံနာကျင်နေဆဲမှာ
အချစ်က ငါ့ကို ငြင်းပယ်သွား..ခဲ့ပြီ..

Monday, March 15, 2010

“Several(အကြိမ်ဖန်များစွာ) ကြိမ်မြောက်အသည်းကွဲခြင်း”

                 အချစ်မဲ့သော ခံစားချက်တို့နဲ့
                 အချစ်ကို တင့်တယ်လှပစွာ
                 ကဗျာများတစ်ပုဒ်၊ စာတစ်အုပ်စာသည်ဖြင့်
                 ငါရေးဖွဲ့သွားမယ်...။

                 အလွမ်းမဲ့သော ပျော်ရွှင်ညတို့နဲ့
                 အလွမ်းကို ငါကဗျာထဲမှာ
                 ဖက်တွယ်သွားမယ်..။
                
                 အထီးကျန်ခြင်းကင်းမဲ့သော
                 ဆိုင်မြိုင်သိုက်ဝန်းခြင်းတို့နဲ့
                 ကဗျာတစ်ပုဒ်ကို အသက်သွင်းဖို့
                 ငါအထီးကျန်ခြင်းကို ခုံမင်ဆွဲခေါ်ထားမယ်...။

                 နောက်...
                 အသည်းကွဲခြင်း ကင်းမဲ့သော
                 ငါ့ရင်ခုန်သံတို့နဲ့ ငါ
                 အသည်းကွဲခြင်းကို ကဗျာတစ်ပုဒ်မှာ
                 ငါအမြဲတမ်းဖော်ပြုသွားမယ်..
                 ဘာဖြစ်လို့လဲဆိုတော့...
                 ငါ့မှာ ကွဲစရာအသည်းကုန်ခမ်းသွားတဲ့
                 အတွက်ကြောင့်...    

နိယာမများ

               အကယ်၍.....
             
               ငါသည် မိုးကုပ်စက်ဝိုင်း၏ အခြား
               တစ်ဖက်တွင်သာ ရှိနေသူဆိုလျှင်
               ငါသည် အဆုံးအစမရှိသည့် ကောင်းကင်တိုက်
                            (သို့)
               ခြေသလုံးအိမ်တိုင် တိမ်စိုင်...
              
               ငါသည် ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင်သာ
               ရှိနေသူဆိုလျှင် ငါသည်
               အနှောင်အဖွဲ့ကင်းမဲ့သော
               ကြယ်တာရာများ....
             
               ငါသည် အချစ်၏ အခြားတစ်ဖက်တွင်သာ
               ရှိနေသူဆိုလျှင် ငါသည် သေဆုံးနေသော
               လူတစ်ယောက် (သို့) သေခြင်း...

               ဒီနိယာမများကို ငါရေးဖွဲ့ရင်း
               ဒီကဗျာသည် ကာရံမဖက်သော
               မှန်ကန်ခြင်း...။..။..။။။

Wednesday, March 10, 2010

လုပ်မိလုပ်ရာ

ငါ့ညတွေ ပျောက်ရှလို့
အိပ်မက်တွေ ကမောက်ကမဖြစ်ကုန်ပြီကွာ...
ဘယ်သူ့ကို အပြစ်တင်လို့
ဘယ်သူ့ကို ချစ်ချင်နေမှန်းလည်း
ငါ့ကိုငါတောင်မသိဘူး.။
ကဗျာဆိုတာလည်း ပုံမဖော်တတ်တော့ဘူး.။
ပျော်ပျော်နေတတ်တဲ့ အရူးတစ်ယောက်လို
ဘဝကို စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းချင်မိတယ်.။
သက်ပြင်းတွေဆိုတာကလည်း ငါ့ဘေးနားသစ္စာရှိစွာ
ရပ်တည်ပေးတဲ့ အရာပါ.။ မင်းကိုပဲ
ကျေးဇူးတင်ရမလိုတောင် ဖြစ်နေပြီကွာသက်ပြင်းရေ..။
သက်ပြင်းကြွေကျ ခဏခဏတဲ့ ကဗျာတစ်ပုဒ်လိုပဲ
ငါ့ဘဝက.။
ဟားဟားဟား..ရယ်တောင်ရတယ်.။
ငါဘာဆက်လုပ်ရမလဲ.ဘယ်ကိုသွားရမလဲ.
ဘာမှမသိမသိ..မသိခြင်းများစွာနဲ့...
ငါ...
ဘေးနားက လွင့်စင်လာတဲ့ ဂေါ်လီကိုပဲ
ပိုင်ရှင်ဖြစ်တဲ့ ကလေးရဲ့ မျက်မုန်းကျိုးခံပြီး
ကောက်ရိုက်လိုက်တော့တယ်..။