ဆောင်းမနက်တိုင်း စားသုံးစရာ
ငါ့မှာ သူပေးတဲ့
ခပ်ရိုင်းရိုင်းမျှော်လင့်ခြင်းတွေသာ....
..........................
နွေမွန်းတည့်တိုင်း အပူကို
ဖြေသာအောင် တိုက်ထုတ်စရာ
သူအပေါ် အတိုင်းထက်အလွန်
ထားတဲ့ ငါ့ယုံကြည်ခြင်းတွေကိုသာ
ဘေးနားမှာ ရင်သွေးငယ်လေး
တစ်ယောက်လို ချထားပြီး
ပီတိအပြုံးလေတွေနဲ့ကြည့်လို့ပါ...
.............................
မိုးညနေတွေတိုင်း
အိမ်အပြန်ခိုနားစရာကင်းမဲ့ကာ
သူပေးခဲ့တဲ့ အမှတ်တရ
လေးတွေကိုသာ စိတ်မှာ
ခပ်ကြောင်ကြောင်တွေးရင်း
လျှောက်နေကျ လာရာလမ်းလေးပေါ်မှာ...
.................................
ရာသီအပြီး ကပ်ကမ္ဘာကြီး
ကုန်သည့်တိုင်း မျှော်လင့်ခြင်း၊
ယုံကြည်ခြင်း၊ အမှတ်တရတွေကို
ခပ်မိုက်မိုက်တွေးရင်း
အဓိကရေသောက်မြစ်တွယ်ဖြစ်တဲ့
သူ့အပေါ်ခန်းခြောက်ညှိုးနွမ်းမသွားမယ့်
ချစ်ခြင်းရယ်...
memory ထဲမှာ နောက်ဆုံးပေါ်
နည်းပညာနဲ့ တီထွင်ထားတဲ့
ကြာရှည်ခံစက်ထဲက
သူပေးတဲ့ ရင်ခုန်သံတွေနဲ့
ရေလောင်းပျိုးသင်ရင်း....
မိုက်မဲတဲ့ လူသားတစ်ယောက်
အချစ်တစ်ခုနဲ့ ကမ္ဘာပျက်ခြင်း....။..။.။။။
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Tuesday, March 30, 2010
Monday, March 29, 2010
“သုညတစ်လုံးရဲ့ မနက်ဖြန်”
“ချစ်သူသို့”
အဝေးမှာ ရှိနေတဲ့အချိန်
မလွမ်းနိုင်ရင်တောင်မှ
ငါ့ကို အမှတ်ရနေပေးပါ..
စိတ်ထဲမှာ နင့်အတွက်
အဖြည့်ခံတစ်ယောက်
အသက်နဲ့ ကိုယ်မြဲသ၍
တည်ရှိနေတယ်ဆိုပြီးတော့...။
...........................
အနားမှာ ရှိနေတဲ့အချိန်
စကားမပြောရင်တောင်မှ
ငါ့အကြည့်ကို တစ်ချက်လောက်ဖြစ်ဖြစ်
တုံ့ပြန်ပေးပါ...
စိတ်ထဲမှာ နင့်မျက်နှာလေးကို
ကြည့်ရင်း နင်ဘာလိုအပ်နေလဲ၊
နင်ဘာခံစားနေလဲဆိုတာ
အမြဲဂရုစိုက်နေသူတစ်ယောက်
ရှိနေတယ်ဆိုပြီးတော့....။
.........................
လမ်းမှာ အမှတ်မထင်တွေ့ဆုံရင်
မနှုတ်ဆက်ရင်တောင်မှ
တစ်ချက်လောက်ဖြစ်ဖြစ်
ပြုံးပြပေးပါ...
နင့်အမူအရာကို ကြည့်ပြီး
နင့်ဆက်ဆံပုံအရ ခံစားလွယ်တတ်တဲ့
လုတစ်ယောက် နင့်ဘေးမှာ
ရှိနေတယ်ဆိုပြီးတော့.....။
.............................
အကူအညီရယ်လို့
လိုအပ်လာပြီဆိုရင်လည်း
စိတ်ထဲမှာ ငါ့ကိုပဲပထမဆုံး
သတိရပေးပါ...
စိတ်ထဲမှာ နင့်အတွက်
တတ်နိုင်သမျှကူညီချင်တဲ့လူ
ကမ္ဘာကြီးရဲ့ တစ်နေရာမှာ
ရှင်သန်နေတယ်ဆိုပြီးတော့....။
...............................
ဒါတွေ နင်သိနိုင်ပါစေကွာ...
မလွမ်းနိုင်ရင်တောင်မှ
ငါ့ကို အမှတ်ရနေပေးပါ..
စိတ်ထဲမှာ နင့်အတွက်
အဖြည့်ခံတစ်ယောက်
အသက်နဲ့ ကိုယ်မြဲသ၍
တည်ရှိနေတယ်ဆိုပြီးတော့...။
...........................
အနားမှာ ရှိနေတဲ့အချိန်
စကားမပြောရင်တောင်မှ
ငါ့အကြည့်ကို တစ်ချက်လောက်ဖြစ်ဖြစ်
တုံ့ပြန်ပေးပါ...
စိတ်ထဲမှာ နင့်မျက်နှာလေးကို
ကြည့်ရင်း နင်ဘာလိုအပ်နေလဲ၊
နင်ဘာခံစားနေလဲဆိုတာ
အမြဲဂရုစိုက်နေသူတစ်ယောက်
ရှိနေတယ်ဆိုပြီးတော့....။
.........................
လမ်းမှာ အမှတ်မထင်တွေ့ဆုံရင်
မနှုတ်ဆက်ရင်တောင်မှ
တစ်ချက်လောက်ဖြစ်ဖြစ်
ပြုံးပြပေးပါ...
နင့်အမူအရာကို ကြည့်ပြီး
နင့်ဆက်ဆံပုံအရ ခံစားလွယ်တတ်တဲ့
လုတစ်ယောက် နင့်ဘေးမှာ
ရှိနေတယ်ဆိုပြီးတော့.....။
.............................
အကူအညီရယ်လို့
လိုအပ်လာပြီဆိုရင်လည်း
စိတ်ထဲမှာ ငါ့ကိုပဲပထမဆုံး
သတိရပေးပါ...
စိတ်ထဲမှာ နင့်အတွက်
တတ်နိုင်သမျှကူညီချင်တဲ့လူ
ကမ္ဘာကြီးရဲ့ တစ်နေရာမှာ
ရှင်သန်နေတယ်ဆိုပြီးတော့....။
...............................
ဒါတွေ နင်သိနိုင်ပါစေကွာ...
Sunday, March 28, 2010
“ပျောက်ဆုံးသွားတဲ့ ရင်ခုန်သံမှတ်တမ်းတစ်အုပ်”
တွေ့ခွင့်မကြုံလို့
လောကကြီးထဲက
အချစ်ရဲ့ လှည့်စားကွက်
အဖုံဖုံကို အကုန်အစုံ
အပြစ်ခြုံပြီး မရေးချင်တော့ပါဘူး...။
မျိုသိပ်ထားပါ့မယ်...
ဘာမှ မတတ်နိုင်ပဲဟာ...။
ဒီလိုမျိုသိပ်ထားလို့လည်း
မိုးလေဝါသကင်းမဲ့စွာ
အမှတ်တရတွေငါ
မှတ်ထားလေ့ရှိတဲ့ ဒိုင်ယာရီ
စာရွက်ဖြူဖြူလေးတွေပေါ်မှာ
မျက်ရည်မိုးတွေ ရွှဲစိုခဲ့ရပါပြီ....။
လက်ရှိအခြေအနေမှာတော့
ရင်ထဲမှာ မိုးရာသီသံသရာသာ
လည်နေဆဲပါ...။
ကြောက်စရာကောင်းလောက်အောင်
ရင်ထဲမိုးတွေ ထစ်ချုန်းလိုက်တာများကွာ
ပြောမပြတတ်အောင်ပါပဲ...။
ဒါကို အချစ်ပထဝီနည်းအရကြည့်မယ်ဆိုရင်
အချစ်ဆိုတဲ့ အပူမီးတွေကြောင့်
အလွမ်းရေငွေ့လေးတွေ ဖြစ်ပေါ်ကာ
ကဗျာတိမ်တိုက်တွေနဲ့
မျက်ရည်မိုးစက်လေးတွေ ဖြစ်ပေါ်လာရတာပါ...။
နောက်...
သမိုင်းသဘောတရားအရ
ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း
အလွမ်းဆိုတဲ့ ရေငွေ့လေးတွေ
ဖြစ်ပေါ်လာရတာလဲ
လွမ်းတဲ့အခါမဆုံနိုင်လောက်အောင်
ဝေးနေလို့...။
အဆုံးမှာတော့ သင်္ချာနည်းတွေ၊
သိပ္ပံနည်းတွေလည်း မသိချင်တော့ပါဘူး..
တကယ်သိချင်တာက
ပျောက်ဆုံးသွားတဲ့
ငါ့ memory ထဲက
သူနဲ့ တွေ့တုံးတွေ့ခိုက်ရတဲ့
ရင်ခုန်သံလေးကို ကြာရှည်ခံအောင်
ဘယ်လိုသိမ်းဆည်းထားရမလဲ
ဆိုတဲ့ အသိလေးကိုပါပဲ...။
လောကကြီးထဲက
အချစ်ရဲ့ လှည့်စားကွက်
အဖုံဖုံကို အကုန်အစုံ
အပြစ်ခြုံပြီး မရေးချင်တော့ပါဘူး...။
မျိုသိပ်ထားပါ့မယ်...
ဘာမှ မတတ်နိုင်ပဲဟာ...။
ဒီလိုမျိုသိပ်ထားလို့လည်း
မိုးလေဝါသကင်းမဲ့စွာ
အမှတ်တရတွေငါ
မှတ်ထားလေ့ရှိတဲ့ ဒိုင်ယာရီ
စာရွက်ဖြူဖြူလေးတွေပေါ်မှာ
မျက်ရည်မိုးတွေ ရွှဲစိုခဲ့ရပါပြီ....။
လက်ရှိအခြေအနေမှာတော့
ရင်ထဲမှာ မိုးရာသီသံသရာသာ
လည်နေဆဲပါ...။
ကြောက်စရာကောင်းလောက်အောင်
ရင်ထဲမိုးတွေ ထစ်ချုန်းလိုက်တာများကွာ
ပြောမပြတတ်အောင်ပါပဲ...။
ဒါကို အချစ်ပထဝီနည်းအရကြည့်မယ်ဆိုရင်
အချစ်ဆိုတဲ့ အပူမီးတွေကြောင့်
အလွမ်းရေငွေ့လေးတွေ ဖြစ်ပေါ်ကာ
ကဗျာတိမ်တိုက်တွေနဲ့
မျက်ရည်မိုးစက်လေးတွေ ဖြစ်ပေါ်လာရတာပါ...။
နောက်...
သမိုင်းသဘောတရားအရ
ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း
အလွမ်းဆိုတဲ့ ရေငွေ့လေးတွေ
ဖြစ်ပေါ်လာရတာလဲ
လွမ်းတဲ့အခါမဆုံနိုင်လောက်အောင်
ဝေးနေလို့...။
အဆုံးမှာတော့ သင်္ချာနည်းတွေ၊
သိပ္ပံနည်းတွေလည်း မသိချင်တော့ပါဘူး..
တကယ်သိချင်တာက
ပျောက်ဆုံးသွားတဲ့
ငါ့ memory ထဲက
သူနဲ့ တွေ့တုံးတွေ့ခိုက်ရတဲ့
ရင်ခုန်သံလေးကို ကြာရှည်ခံအောင်
ဘယ်လိုသိမ်းဆည်းထားရမလဲ
ဆိုတဲ့ အသိလေးကိုပါပဲ...။
Friday, March 26, 2010
Hey..Guy! Just Go ahead!
မနက်…..
အိပ်မက်တစ်ပိုင်းတစ်စနဲ့
အိပ်ချင်မူးတူးထရပြန်ပြီ…။
အကြောင်းက
ရည်မှန်းချက်မီးတွေ ဘဝမှာ
ပြီးပြည့်စုံခြင်း ဝဲဂယက်ထဲ
တောက်လောင်နိုင်ဖို့ရာ
ဝိရိယဆိုတဲ့ လောင်စာနဲ့
ဂရုတစိုက်မွေးနေရခြင်းသာ…။
………………………
လတ်တလောအတွက်တော့
မှေးစင်းစင်းငါ့မျက်လုံးတွေနဲ့
မပြုံးနိုင်တဲ့ ငါ့ရဲ့ ကဗျာတွေပေါ့…။
………………………
ဒီလိုပါပဲ..ငါ့ကဗျာတွေ
မပြုံးနိုင်ပေမဲ့ ငါပြုံးနိုင်ပါတယ်..
ဒါပေမဲ့ ကျေနပ်တဲ့ အပြုံးတော့
မဟုတ်ဘူး…မကျေနပ်တနပ်
မတတ်နိုင်တဲ့ ငါးခူမဲ့ပြုံးလေး..။
…………………….
ဒီတော့ ငါယုံကြည်တယ်..။
အခုငါ့ ကုန်ဆုံးသွားတဲ့
ဝိရိယလောင်စာတွေဟာ
တစ်ချိန်ချိန်မှာ ရည်မှန်းချက်များ
ပြီးပြည့်စုံခြင်းဝဲဂယက်ထဲ
အဟုန်အရှိန်ခပ်ပြင်းပြင်း
တောက်လောင်လာလိမ့်မယ်လို့..။
ဒါကြောင့် ငါ….ဝိရိယကြိုးစားမှုများနဲ့သာ…—)
အိပ်မက်တစ်ပိုင်းတစ်စနဲ့
အိပ်ချင်မူးတူးထရပြန်ပြီ…။
အကြောင်းက
ရည်မှန်းချက်မီးတွေ ဘဝမှာ
ပြီးပြည့်စုံခြင်း ဝဲဂယက်ထဲ
တောက်လောင်နိုင်ဖို့ရာ
ဝိရိယဆိုတဲ့ လောင်စာနဲ့
ဂရုတစိုက်မွေးနေရခြင်းသာ…။
………………………
လတ်တလောအတွက်တော့
မှေးစင်းစင်းငါ့မျက်လုံးတွေနဲ့
မပြုံးနိုင်တဲ့ ငါ့ရဲ့ ကဗျာတွေပေါ့…။
………………………
ဒီလိုပါပဲ..ငါ့ကဗျာတွေ
မပြုံးနိုင်ပေမဲ့ ငါပြုံးနိုင်ပါတယ်..
ဒါပေမဲ့ ကျေနပ်တဲ့ အပြုံးတော့
မဟုတ်ဘူး…မကျေနပ်တနပ်
မတတ်နိုင်တဲ့ ငါးခူမဲ့ပြုံးလေး..။
…………………….
ဒီတော့ ငါယုံကြည်တယ်..။
အခုငါ့ ကုန်ဆုံးသွားတဲ့
ဝိရိယလောင်စာတွေဟာ
တစ်ချိန်ချိန်မှာ ရည်မှန်းချက်များ
ပြီးပြည့်စုံခြင်းဝဲဂယက်ထဲ
အဟုန်အရှိန်ခပ်ပြင်းပြင်း
တောက်လောင်လာလိမ့်မယ်လို့..။
ဒါကြောင့် ငါ….ဝိရိယကြိုးစားမှုများနဲ့သာ…—)
“ဆန့်ကျင်ခြင်း၏ နောက်ဝယ်”
နေမင်းကြီး အာပုတ်နံ့ကင်းရှင်းစွာနဲ့
အာသန်းနေတဲ့ အချိန်
တစ်စုံတစ်ကောင်သော
အကောင်သည် အိပ်ရာဝင်ပြီ…။
…………………….
နေမင်းကြီး ပျင်းရိ၍
မျက်လုံးများအတင်းစိပိတ်နေသော
အချိန် ထိုအကောင်သည်
ပင်လျှင် မျက်နှာသစ်ချိန်..။
…………….။
နေမင်းကြီး စက်တော်ဆန့်မှ
သူလည်း အစာအတွက် ခြေတော်
အမြန်ခန့်ရသည်…။
ပြောရရင် သူက အမှောင်ထဲက ဘုရင်…
ညရဲ့ သခင်…လောကကြီးထဲက
ဆန့်ကျင်ဘက်အားလုံးရဲ့ အရှင်
အမှောင်ထဲမှာ ကျက်စားကာ
သူ့အကွက်ထဲကျတဲ့
သတ္တဝါအထီးအမ မလွတ်တမ်း
သုတ်စမြဲ အမှောင်ထဲကပဲ..။
……………………..
နေ့မင်းကြီးနဲ့ ကံဆိုးထောက်မစွာ
ဆုံစည်းတဲ့ အခါကျ… သူ
ဘာကိုမျှ မတတ်နိုင်တော့ …
ဘာဖြစ်လို့…?
ဆန့်ကျင်ဘက်အားလုံးရဲ့
သခင်ဖြစ်နေမှုအကျိုး
သူ့အတွက် သေခြင်းပဲကိုး…။
အာသန်းနေတဲ့ အချိန်
တစ်စုံတစ်ကောင်သော
အကောင်သည် အိပ်ရာဝင်ပြီ…။
…………………….
နေမင်းကြီး ပျင်းရိ၍
မျက်လုံးများအတင်းစိပိတ်နေသော
အချိန် ထိုအကောင်သည်
ပင်လျှင် မျက်နှာသစ်ချိန်..။
…………….။
နေမင်းကြီး စက်တော်ဆန့်မှ
သူလည်း အစာအတွက် ခြေတော်
အမြန်ခန့်ရသည်…။
ပြောရရင် သူက အမှောင်ထဲက ဘုရင်…
ညရဲ့ သခင်…လောကကြီးထဲက
ဆန့်ကျင်ဘက်အားလုံးရဲ့ အရှင်
အမှောင်ထဲမှာ ကျက်စားကာ
သူ့အကွက်ထဲကျတဲ့
သတ္တဝါအထီးအမ မလွတ်တမ်း
သုတ်စမြဲ အမှောင်ထဲကပဲ..။
……………………..
နေ့မင်းကြီးနဲ့ ကံဆိုးထောက်မစွာ
ဆုံစည်းတဲ့ အခါကျ… သူ
ဘာကိုမျှ မတတ်နိုင်တော့ …
ဘာဖြစ်လို့…?
ဆန့်ကျင်ဘက်အားလုံးရဲ့
သခင်ဖြစ်နေမှုအကျိုး
သူ့အတွက် သေခြင်းပဲကိုး…။
“လက်ရှိဘာတွေ ဖြစ်ပျက်နေသလဲ”
တစ်ခုပေး နှစ်ခုလိုချင်၊
နှစ်ခုပေး သုံးခုလိုချင်၊
သုံးခုပေး အကုန်လုံးသိမ်းချင်
လူဆိုတာ တပ်မက်မှုတွေရဲ့ ဘုရင်…။
ခပ်ယဉ်ယဉ်ပြောရရင်
လူဆိုတာ အောင်မြင်မှုရဲ့
သခင်…သို့သော်
ဘဝင်တွေနဲ့ အောင်မြင်ခြင်းလှိုင်းမှားကာ
လောဘဂိုဏ်းသမားဖြစ်သွားတာ…
ဆရာမင်းမြတ်သူရစကားငှားသုံးရင်
ရလေလိုလေ အိုတစ္ဆေ…
ရှာကြ၊ ရုန်းကြ၊
ကလိန်ကကျစ်ကျ
ကတုံးပေါ်ထိပ်ကွက်မှ
လူထင်..အကျင့်ဆိုးကြီးကို
တစ်ယောက်နဲ့ တစ်ယောက်
အပြစ်မမြင်…။
နောက်ဆုံး လောဘနောက်လိုက်ကာ
နောက်ဆုံး…
သေခြင်းက သူတို့ရဲ့ သခင်..။
(သေခြင်းဆိုသည့် နေရာတွင် ဘဝသေခြင်း၊
အသက်သေခြင်း စသည်ဖြင့် အမျိုးမျိုးသော
သေခြင်းများကို ရည်ညွှန်းထားသည်..)
နှစ်ခုပေး သုံးခုလိုချင်၊
သုံးခုပေး အကုန်လုံးသိမ်းချင်
လူဆိုတာ တပ်မက်မှုတွေရဲ့ ဘုရင်…။
ခပ်ယဉ်ယဉ်ပြောရရင်
လူဆိုတာ အောင်မြင်မှုရဲ့
သခင်…သို့သော်
ဘဝင်တွေနဲ့ အောင်မြင်ခြင်းလှိုင်းမှားကာ
လောဘဂိုဏ်းသမားဖြစ်သွားတာ…
ဆရာမင်းမြတ်သူရစကားငှားသုံးရင်
ရလေလိုလေ အိုတစ္ဆေ…
ရှာကြ၊ ရုန်းကြ၊
ကလိန်ကကျစ်ကျ
ကတုံးပေါ်ထိပ်ကွက်မှ
လူထင်..အကျင့်ဆိုးကြီးကို
တစ်ယောက်နဲ့ တစ်ယောက်
အပြစ်မမြင်…။
နောက်ဆုံး လောဘနောက်လိုက်ကာ
နောက်ဆုံး…
သေခြင်းက သူတို့ရဲ့ သခင်..။
(သေခြင်းဆိုသည့် နေရာတွင် ဘဝသေခြင်း၊
အသက်သေခြင်း စသည်ဖြင့် အမျိုးမျိုးသော
သေခြင်းများကို ရည်ညွှန်းထားသည်..)
Subscribe to:
Posts (Atom)
