မနက်…..
အိပ်မက်တစ်ပိုင်းတစ်စနဲ့
အိပ်ချင်မူးတူးထရပြန်ပြီ…။
အကြောင်းက
ရည်မှန်းချက်မီးတွေ ဘဝမှာ
ပြီးပြည့်စုံခြင်း ဝဲဂယက်ထဲ
တောက်လောင်နိုင်ဖို့ရာ
ဝိရိယဆိုတဲ့ လောင်စာနဲ့
ဂရုတစိုက်မွေးနေရခြင်းသာ…။
………………………
လတ်တလောအတွက်တော့
မှေးစင်းစင်းငါ့မျက်လုံးတွေနဲ့
မပြုံးနိုင်တဲ့ ငါ့ရဲ့ ကဗျာတွေပေါ့…။
………………………
ဒီလိုပါပဲ..ငါ့ကဗျာတွေ
မပြုံးနိုင်ပေမဲ့ ငါပြုံးနိုင်ပါတယ်..
ဒါပေမဲ့ ကျေနပ်တဲ့ အပြုံးတော့
မဟုတ်ဘူး…မကျေနပ်တနပ်
မတတ်နိုင်တဲ့ ငါးခူမဲ့ပြုံးလေး..။
…………………….
ဒီတော့ ငါယုံကြည်တယ်..။
အခုငါ့ ကုန်ဆုံးသွားတဲ့
ဝိရိယလောင်စာတွေဟာ
တစ်ချိန်ချိန်မှာ ရည်မှန်းချက်များ
ပြီးပြည့်စုံခြင်းဝဲဂယက်ထဲ
အဟုန်အရှိန်ခပ်ပြင်းပြင်း
တောက်လောင်လာလိမ့်မယ်လို့..။
ဒါကြောင့် ငါ….ဝိရိယကြိုးစားမှုများနဲ့သာ…—)
No comments:
Post a Comment