ကဗျာပါပဲ ...
စိုပြေခြင်းလေညင်းတွေကို
ရက်ရက်ရောရာ တိုက်ခတ်ပေးတယ် ...
အပြုံးဆိုတာ မသိတဲ့ ငါ့အထီးကျန်ခြင်းတွေ
အခုတော့ သူတို့ရယ်သံတွေ
ပင်လယ်ပြင်ကြီးကို
ဖို့ပစ်လို့တောင် ရနေပြီ ...
ကဗျာပါပဲ ...
ဖြေသာခြင်းအိပ်မက်တွေကို
လှိုက်လှိုက်လှဲလှဲမက်ခွင့်ပေးတယ် ...
ငါ့ညတွေရဲ့ အေးမြခြင်းသံစဉ် ...
ငါ နာကျင်တဲ့အချိန်တွေမှာ
အားပေးနှိမ့်သိမ့်တယ် ...
ညတိုင်း ငါခိုဝင်တဲ့ အမှောင်အုတ်ဂူတွေရှေ့က
သူရဲကောင်း ...
ကဗျာပါပဲ ...
သူနဲ့ ငါ ...
တိုက်ပွဲခွာသံတွေအောက်မှာ ...
လွတ်လွတ်လပ်ရယ်မောခဲ့ကြသေးတယ် ...
ကဗျာပါပဲ ...
ချစ်သူရဲ့ ကန္တာရရင်ခွင်ကြီးအောက်မှာ ...
ငါ ...
စိတ်ပျက်စရာစုတ်ဖြဲခံရတဲ့နေ့က
အပြန်လမ်းမှာ ကဗျာငါ့ကို မိုးစက်တွေနဲ့အတူ ...
ငါ့ကို ချော့သိပ်တယ် ...
ရှိုက်နမ်းတယ် ...
ကဗျာရယ် ...
မင်း တည်ပျိုးပေးလိုက်တဲ့ ငါ့ရနံ့လေးတွေ ...
အခုဆို လေပြည်တွေတလျှောက် ...
သာယာမှုနဲ့ ငါယစ်မှုးပျော်ရွှင်တတ်ရပြီ ...
ကဗျာပါပဲ ...
အတုအယောင်မဟုတ်တဲ့ သံယောဇဉ်နဲ့
ငါ့အနား လိုအပ်ချိန်တိုင်း ရှိနေပေးတာ ...
လောကကြီးရဲ့ ထားနေကျ ...
အတုအယောင်မေတ္တာကို သွေဖယ်တယ်လေ ...
ကဗျာပါပဲ ...
ငါကလဲ အတုအယောင်မဟုတ်ဘဲ
မေတ္တာစ်မှန်တွေနဲ့သာ ပေါင်းသင်းကာ
လက်ပွန်းတတီးခုံမင်လာခဲ့တာ ...
တချိန်ကပါ ...
ကဗျာပါပဲ ...
အတုအယောင်ခံစားချက်နဲ့ ကဗျာနဲ့ ငါ ...
လုံးဝမအပ်စပ်ခဲ့တာ ...
ကဗျာ ...
ကဗျာ ...
ကဗျာ ...
ငါသေချာချင်တယ် ...
သေချာနေမယ် ...
လေပြည်အပြုံးမှာ ...
ငါ့ကျရှုံးပြီး ဝေဟင်မှာ
ကားစင်တင်ခံရရင်တောင် ...
ကဗျာဟာ ငါ့အတွက်...
အတုအယောင်ကယ်တင်ရှင်မဟုတ်ဘူး ...
ကဗျာဟာ ...
အတုအယောင်မဟုတ်ဘူး ...
အစစ်အမှန်တွေထက် သာတယ် ...
ကဗျာပါပဲ ...
ငါ့နှလုံးသားရဲ့ အသေခံဆေးသမား ...။။။..။။။...
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Thursday, May 27, 2010
Wednesday, May 26, 2010
“ဧည့်သည် ...”
ခဏတဖြုတ် သူရောက်လာတယ် ...
ဖိတ်ခေါ်ထားပေမဲ့ ...
သူ ...
ပြန်ထွက်သွားချိန်ကျ တားဆီးလို့ မရဘူး ...
ဖိတ်ခေါ်ထားပေမဲ့ ...
သူလာမယ့် ခြေလှမ်းတွေ ကိုယ်မပိုင်ဘူး ...
သူ့အပေါ်မှာပဲ မူတည်တယ် ...။...
ခဏတဖြုတ်ပါပဲ ...
ဖိတ်ခေါ်ထားလို့ သူရှိနေတဲ့အချိန်
ပျော်တယ် ...
အသက်ရှုသံတိုင်းက ပြုံးရွှင်တယ် ...
ရင်ခုန်သံတိုင်းက အရာရာကို ကျေနပ်တယ် ...
...........................
...................
ခဏတဖြုတ်လား ....
နောက်ကျောမလုံဘူး ...
ကိုယ့်ကိုကိုယ်လည်း မယုံဘူး ...
သူ့ကို အချိန်ကြာကြီးဖက်တွယ်နိုင်မှာလား ...
ဒီလက်တွေက သူ့ကို ဆုပ်ကိုင်ထားဖို့
ခိုင်မြဲရဲ့လား ...
သူက ဧည့်သည်ပါ ...
ဒါကို သူနဲ့အတူရှိတဲ့အချိန် ထာဝရဆိုတဲ့ ဝါကျကို
ကိုယ့် ဘာသာစကားနဲ့ ...
ကိုယ့်ဘဝမှာ ရှင်သန်လာအောင်
အသက်သွင်းပေးချင်တယ် ...
................................
သူ ...
ထွက်သွားခဲ့ပါပြီ ...
ငါသုံးတဲ့ ဧည့်သည် ...ဆိုတဲ့
နာမ်စား ...က ...
တကယ်တော့ အာဏာတွေ ...
စည်းစိမ်းတွေပါ ...
အခုတော့ ကောက်ရိုးမီးလို ငြိမ်းအေးသွားကြပြီ ...
တခဏသာ တောက်လောင်လိုက်ကြတာ ...
ဟုန်းဟုန်းကို မြည်လို့ ...
အားမာန်အပြည့်နဲ့ လောင်ကျွမ်းခြင်းတွေက
ငါ့ရှေ့လေးတင် အချိန်တစ်ခုမှာ ...
တစ်ခုတက်တစ်ခုတိုး ချီတက်သွားလိုက်ကြတာ ...
အခုတောင် ...
နားထဲမှာ မြင်းခွာသံလိုလိုတောင် အာရုံစွဲနေသေး ...
ငါ့မျက်ရည်တွေ ...
အားလုံး ...
အချိန်ကာလတစ်ခုနဲ့ အတူ
လိုက်ပါသွားကြပြီ ...
မျက်ရည်တောင် ကျစရာမရှိတဲ့ ...
ငါ့ညတွေမှာ ...
ငါ ကြေညက်နေတဲ့ တွက်နေကျ
အရိုးစင်းဆုံး
ဒသနလေးက ...
“မွေးကတည်းက ငါဟာ တစ်ယောက်တည်း ...
သေသွားတော့လဲ တစ်ယောက်တည်းပဲ ...
ဘာမဆို မတည်မြဲဘူး ...
မတည်မြဲခြင်းထဲမှာမှ ကိုယ်ကျိုးနည်း အဖြစ် ...
ပေးဆပ်ရတာနဲ့ မတန်အောင် ...
ရလိုက်တဲ့ အာဏာစည်းစိမ်တွေက မမြဲပါလား ...
ငါ့ တဘဝလုံး ...
အာဏာစည်းစိမ်တွေနောက်လိုက်နေတဲ့အချိန်တွေကို
နှမြောဆုံးပဲ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ပြန်သာရနိုင်မယ်ဆိုရင် ...
အဲဒီအချိန်တွေမှာ ရယ်ချင်လို့ ...
အဲဒီအချိန်တွေမှာ အေးအေးချမ်းချမ်းလေး
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်အိပ်ချင်လို့ ...
ပေါ့ပေါ့ပါးပါးလေး ပြုံးချင်လို့ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ကုန်လွန်သွားတာ အားလုံးပြန်မရနိုင်တော့ဘူး ...”
ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...
အခုငါ ကဗျာရေးနေတာလည်း ခဏပဲ ...
ဧည့်သည်လိုပဲ သူ့နေရင်းဆီပြန်သွားမှာ ...
ခဏပဲ ...
ငါဆုပ်ကိုင်ထားတဲ့ အရာအားလုံး ...
အားလုံး ...
အားလုံး ...
အားလုံး ...
ဟူးးးးး.....
ငါ့သက်ပြင်းလည်း ခဏပါပဲ ...။ ....
ငါ့သက်ပြင်းလည်း တကယ်တော့ ...
ငါ့နှုတ်ခမ်းရဲ့ ဧည့်သည်ပါပဲ ...။။..။။။
ဖိတ်ခေါ်ထားပေမဲ့ ...
သူ ...
ပြန်ထွက်သွားချိန်ကျ တားဆီးလို့ မရဘူး ...
ဖိတ်ခေါ်ထားပေမဲ့ ...
သူလာမယ့် ခြေလှမ်းတွေ ကိုယ်မပိုင်ဘူး ...
သူ့အပေါ်မှာပဲ မူတည်တယ် ...။...
ခဏတဖြုတ်ပါပဲ ...
ဖိတ်ခေါ်ထားလို့ သူရှိနေတဲ့အချိန်
ပျော်တယ် ...
အသက်ရှုသံတိုင်းက ပြုံးရွှင်တယ် ...
ရင်ခုန်သံတိုင်းက အရာရာကို ကျေနပ်တယ် ...
...........................
...................
ခဏတဖြုတ်လား ....
နောက်ကျောမလုံဘူး ...
ကိုယ့်ကိုကိုယ်လည်း မယုံဘူး ...
သူ့ကို အချိန်ကြာကြီးဖက်တွယ်နိုင်မှာလား ...
ဒီလက်တွေက သူ့ကို ဆုပ်ကိုင်ထားဖို့
ခိုင်မြဲရဲ့လား ...
သူက ဧည့်သည်ပါ ...
ဒါကို သူနဲ့အတူရှိတဲ့အချိန် ထာဝရဆိုတဲ့ ဝါကျကို
ကိုယ့် ဘာသာစကားနဲ့ ...
ကိုယ့်ဘဝမှာ ရှင်သန်လာအောင်
အသက်သွင်းပေးချင်တယ် ...
................................
သူ ...
ထွက်သွားခဲ့ပါပြီ ...
ငါသုံးတဲ့ ဧည့်သည် ...ဆိုတဲ့
နာမ်စား ...က ...
တကယ်တော့ အာဏာတွေ ...
စည်းစိမ်းတွေပါ ...
အခုတော့ ကောက်ရိုးမီးလို ငြိမ်းအေးသွားကြပြီ ...
တခဏသာ တောက်လောင်လိုက်ကြတာ ...
ဟုန်းဟုန်းကို မြည်လို့ ...
အားမာန်အပြည့်နဲ့ လောင်ကျွမ်းခြင်းတွေက
ငါ့ရှေ့လေးတင် အချိန်တစ်ခုမှာ ...
တစ်ခုတက်တစ်ခုတိုး ချီတက်သွားလိုက်ကြတာ ...
အခုတောင် ...
နားထဲမှာ မြင်းခွာသံလိုလိုတောင် အာရုံစွဲနေသေး ...
ငါ့မျက်ရည်တွေ ...
အားလုံး ...
အချိန်ကာလတစ်ခုနဲ့ အတူ
လိုက်ပါသွားကြပြီ ...
မျက်ရည်တောင် ကျစရာမရှိတဲ့ ...
ငါ့ညတွေမှာ ...
ငါ ကြေညက်နေတဲ့ တွက်နေကျ
အရိုးစင်းဆုံး
ဒသနလေးက ...
“မွေးကတည်းက ငါဟာ တစ်ယောက်တည်း ...
သေသွားတော့လဲ တစ်ယောက်တည်းပဲ ...
ဘာမဆို မတည်မြဲဘူး ...
မတည်မြဲခြင်းထဲမှာမှ ကိုယ်ကျိုးနည်း အဖြစ် ...
ပေးဆပ်ရတာနဲ့ မတန်အောင် ...
ရလိုက်တဲ့ အာဏာစည်းစိမ်တွေက မမြဲပါလား ...
ငါ့ တဘဝလုံး ...
အာဏာစည်းစိမ်တွေနောက်လိုက်နေတဲ့အချိန်တွေကို
နှမြောဆုံးပဲ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ပြန်သာရနိုင်မယ်ဆိုရင် ...
အဲဒီအချိန်တွေမှာ ရယ်ချင်လို့ ...
အဲဒီအချိန်တွေမှာ အေးအေးချမ်းချမ်းလေး
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်အိပ်ချင်လို့ ...
ပေါ့ပေါ့ပါးပါးလေး ပြုံးချင်လို့ ...
ပြန်ရနိုင်မလား ...
ပြန်မရနိုင်မလား ...
ကုန်လွန်သွားတာ အားလုံးပြန်မရနိုင်တော့ဘူး ...”
ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...
ပြန်မရနိုင်တော့ဘူး ...
အခုငါ ကဗျာရေးနေတာလည်း ခဏပဲ ...
ဧည့်သည်လိုပဲ သူ့နေရင်းဆီပြန်သွားမှာ ...
ခဏပဲ ...
ငါဆုပ်ကိုင်ထားတဲ့ အရာအားလုံး ...
အားလုံး ...
အားလုံး ...
အားလုံး ...
ဟူးးးးး.....
ငါ့သက်ပြင်းလည်း ခဏပါပဲ ...။ ....
ငါ့သက်ပြင်းလည်း တကယ်တော့ ...
ငါ့နှုတ်ခမ်းရဲ့ ဧည့်သည်ပါပဲ ...။။..။။။
Monday, May 24, 2010
“နယ်နိမိတ် ...”
တိမ်ငွေ့တွေလို ကောင်းကင်အနှံ့ ...
ရာဇဝင်ဆန့်ချင်တယ် ...
ဒီမိုးကုပ်စက်ဝိုင်းထောင့်ချောင်လေးထဲမှာ
တစ်ယောက်တည်းနေပြီး
ဆည်းဆာတွေကိုပဲ အချိန်တန်သဘောနဲ့
နိစ္စဓူဝမနောကြီးပိုက်ပြီး
ရှုရှိုက်သွင်းနေရတာ အီသွားပြီ ...
အရုံဦး ...ဆိုတာ ...
ဘာလဲ သိရဖို့ ငါ့ခြေလှမ်းတွေ
ကောင်းကင်ကြီးတစ်လျှောက် ...
အပြတ်ကျူးချင်မိပါရဲ့ ...။...။...
လေပြည်ခရီးကြောင်းတစ်လျှောက်
ရနံ့တစ်ခုလို ...
နှုတ်ခမ်းတစ်စုံနဲ့ ပါးပြင်အကုန်
လိုက်လှည့်ကာ ...
ခိုးနမ်းချင်မိတယ် ...
အခန်းကျဉ်းလေးထဲမှာပဲ
လွတ်လွတ်လပ်လပ်ကဲပွင့်နေတဲ့ ငါ့ဝတ်မှုန်တွေ ...
နံရံတွေကို ခဏခဏထိုးဖောက်ရတာ
ငါ့ဆူးတွေ နာတယ် ...
နှင်းဆီဖြစ်သော်ငြားလည်း
ဥယျာဉ်ထဲ ပွင့်ခွင့်မရတဲ့ ဘဝ ...
နယ်နိမိတ်တွေကို ဖဲ့ချိုးပြီး
ငါ့အတွက် အသစ်အဆန်း ဝတ်မှုန်ပျိုးရှာမယ် ...။...
ရေတဆုံး ...
မြေအဆုံး ...
လိုက်လံကူးခတ်ပြီး အသစ်အဆန်း
အကောင်းအထွေ မှန်သမျှ ...
ရာဇဝင်ကြီးကို ဗန်းပြ ...
တူးဆွသင့်ရင်လည်း တူးဆွရမှာပဲ ...။...
လက်ရှိနယ်နိမိတ်ထဲကနေ ရုန်းထွက်ဖို့ အဓိက ...
ဖားတစ်ကောင်လို မျက်စိကျယ်ကျယ်ပြူးထားမှ ...
နွားခြေရာခွက်ထဲက
ဖားကလေးလိုအသိစိတ်တွေကို ဖဲ့ခွင်းဖြို ...
ရေအဆုံး ...
မြေအဆုံး ...
ရှေ့မှာ ...
နယ်မြေသစ်တွေ ...
ငါ့ကို စောင့်ကြိုနေတယ် ...
ကြိုဆိုနေတယ် ...
လက်တွေ ယက်ကမ်းခေါ်ငင်နေတယ် ...
နယ်နိမိတ်ကြီးထဲက ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရှေ့ဆက် အတောင်ပံအသစ်တွေသာ ဖြန့်ထားလိုက် ...
ရာဇဝင်ဆန့်ချင်တယ် ...
ဒီမိုးကုပ်စက်ဝိုင်းထောင့်ချောင်လေးထဲမှာ
တစ်ယောက်တည်းနေပြီး
ဆည်းဆာတွေကိုပဲ အချိန်တန်သဘောနဲ့
နိစ္စဓူဝမနောကြီးပိုက်ပြီး
ရှုရှိုက်သွင်းနေရတာ အီသွားပြီ ...
အရုံဦး ...ဆိုတာ ...
ဘာလဲ သိရဖို့ ငါ့ခြေလှမ်းတွေ
ကောင်းကင်ကြီးတစ်လျှောက် ...
အပြတ်ကျူးချင်မိပါရဲ့ ...။...။...
လေပြည်ခရီးကြောင်းတစ်လျှောက်
ရနံ့တစ်ခုလို ...
နှုတ်ခမ်းတစ်စုံနဲ့ ပါးပြင်အကုန်
လိုက်လှည့်ကာ ...
ခိုးနမ်းချင်မိတယ် ...
အခန်းကျဉ်းလေးထဲမှာပဲ
လွတ်လွတ်လပ်လပ်ကဲပွင့်နေတဲ့ ငါ့ဝတ်မှုန်တွေ ...
နံရံတွေကို ခဏခဏထိုးဖောက်ရတာ
ငါ့ဆူးတွေ နာတယ် ...
နှင်းဆီဖြစ်သော်ငြားလည်း
ဥယျာဉ်ထဲ ပွင့်ခွင့်မရတဲ့ ဘဝ ...
နယ်နိမိတ်တွေကို ဖဲ့ချိုးပြီး
ငါ့အတွက် အသစ်အဆန်း ဝတ်မှုန်ပျိုးရှာမယ် ...။...
ရေတဆုံး ...
မြေအဆုံး ...
လိုက်လံကူးခတ်ပြီး အသစ်အဆန်း
အကောင်းအထွေ မှန်သမျှ ...
ရာဇဝင်ကြီးကို ဗန်းပြ ...
တူးဆွသင့်ရင်လည်း တူးဆွရမှာပဲ ...။...
လက်ရှိနယ်နိမိတ်ထဲကနေ ရုန်းထွက်ဖို့ အဓိက ...
ဖားတစ်ကောင်လို မျက်စိကျယ်ကျယ်ပြူးထားမှ ...
နွားခြေရာခွက်ထဲက
ဖားကလေးလိုအသိစိတ်တွေကို ဖဲ့ခွင်းဖြို ...
ရေအဆုံး ...
မြေအဆုံး ...
ရှေ့မှာ ...
နယ်မြေသစ်တွေ ...
ငါ့ကို စောင့်ကြိုနေတယ် ...
ကြိုဆိုနေတယ် ...
လက်တွေ ယက်ကမ်းခေါ်ငင်နေတယ် ...
နယ်နိမိတ်ကြီးထဲက ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရုန်းထွက်လိုက် ...
ရှေ့ဆက် အတောင်ပံအသစ်တွေသာ ဖြန့်ထားလိုက် ...
“ပျော်ရွှင်ပါစေ ...”
ချစ်သူ ...
ဒီနေ့ဟာ မင်းအတွက်
ဟာဒယရွှင်ဆေးတစ်လုံးဖြစ်ပါစေ ...
ငါ့လက်နဲ့ မင်းနှလုံးသားမှာ
ပျော်ရွှင်ခြင်းဘုံကို မရက်လုပ်ပေးနိုင်ပေမဲ့ ...
ငါခြွေတဲ့ တောင်းဆုတွေနဲ့ ...
ရယ်သံတွေကို မင်းဝတ်ဆင်နိုင်ပါစေ ...
ချစ်သူ ...
ဒီကောင်ဟာ မင်းအတွက်
လက်တစ်စုံပါ ...
မင်းထုဆစ်ချင်တဲ့ အောင်မြင်မှုမှန်သမျှ ...
ဒီကောင်ကြီး အပွန်းပဲ့ခံ ထဆစ်ပေးမယ် ...
မင်းမလိုရင်လည်း မင်းနောက်ကွယ်မှာ
ပုန်းကွယ်ဝှက်လျှိုးပေးမယ် ...
မင်းဆီ ကျရောက်လာတဲ့
အခက်အခဲ ပြသနာမှန်သမျှ
အနာခံဖြည့်ဆည်းကာကွယ်ပေးမယ် ...
ဆိုတော့ ...
ဒီကောင့်ကိုသာ မင်းအမြန်ဆုံးဆုပ်ကိုင်လိုက်တော့ ...
ဒီကောင်လည်း မင်းကိုပဲ ဆုပ်ကိုင်ထားလိမ့်မယ် ...
ချစ်သူ ...
တိမ်လိုရာသာ လွင့်လိုက်စမ်းပါ ...
ချစ်သူပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးတစ်လျှောက် ...
ဒီကောင့်အတွေးတွေ အုံ့ဆိုင်းနေတယ် ...
ဆိုတာကို ပြသခင်းကျင်းချင်လို့ပါ ...
ချစ်သူရေ ...
ချစ်သူရေ ...
မနက်ဖြန်ကြီးကို ဖွင့်ကြည့်လိုက်ပါ ...
ချစ်သူသာ လက်ခံမယ် ...ဆိုရင်
လေးစိပ်တစ်လုံး ...
ငါတို့ခြေလှမ်းတွေ
ပြုံးပြုံးလေးမျက်နှာထားတွေနဲ့ ...
အောင်မြင်ခြင်းတွေဆီ ရက်ရက်ရောရောကြဲလိုက်ကြမယ် ...
လာပါ ...
လက်လေးဖက်နဲ့ ရင်ခုန်သံတွေကို
ရိတ်သိမ်း ...
အောာင်မြင်ခြင်းပွဲကို ပိုင်နိုင်စွာ ကျင်းပကြမယ် ...
ချစ်သူ ...
နယ်နိမိတ်တွေကြားထဲက
လွင့်လာလိုက်စမ်းပါ ...
မင်း မနမ်းဖူးသေးတဲ့ ဆွတ်ပျံ့ရနံ့တွေက မင်းကို ...
“မင်္ဂလာပါ အဆွေ ၊ ကျွန်ုပ်တို့ သင့်နှုတ်ခမ်းကို စောင့်မျှော်နေသည် ...”
လို့ ပြောမှာ ...
မယုံရင် မင်းမျက်လုံးတွေကို ခပ်ကြဲကြဲဖွင့်ထားလိုက် ...
မင်း လမ်းကို ငါ့ဆီယိမ်းအောင် သွေထိုးပေးလိမ့်မယ် ....
ချစ်သူ ...
မြန်မြန်လေး ...
မြန်မြန်လေး ...
လေပြည်တွေ ဝေးမသွားခင်
အနောက်ကို မမျှော်ဘဲ အရှေ့ဘက်ကို ရဲရဲလျှောက်ကြစို့ ...
ချစ်သူ ...
ကိုယ်တို့ အနာဂတ်တွေ တည်ပြီ အခုကနေစ ........
ဒီနေ့ဟာ မင်းအတွက်
ဟာဒယရွှင်ဆေးတစ်လုံးဖြစ်ပါစေ ...
ငါ့လက်နဲ့ မင်းနှလုံးသားမှာ
ပျော်ရွှင်ခြင်းဘုံကို မရက်လုပ်ပေးနိုင်ပေမဲ့ ...
ငါခြွေတဲ့ တောင်းဆုတွေနဲ့ ...
ရယ်သံတွေကို မင်းဝတ်ဆင်နိုင်ပါစေ ...
ချစ်သူ ...
ဒီကောင်ဟာ မင်းအတွက်
လက်တစ်စုံပါ ...
မင်းထုဆစ်ချင်တဲ့ အောင်မြင်မှုမှန်သမျှ ...
ဒီကောင်ကြီး အပွန်းပဲ့ခံ ထဆစ်ပေးမယ် ...
မင်းမလိုရင်လည်း မင်းနောက်ကွယ်မှာ
ပုန်းကွယ်ဝှက်လျှိုးပေးမယ် ...
မင်းဆီ ကျရောက်လာတဲ့
အခက်အခဲ ပြသနာမှန်သမျှ
အနာခံဖြည့်ဆည်းကာကွယ်ပေးမယ် ...
ဆိုတော့ ...
ဒီကောင့်ကိုသာ မင်းအမြန်ဆုံးဆုပ်ကိုင်လိုက်တော့ ...
ဒီကောင်လည်း မင်းကိုပဲ ဆုပ်ကိုင်ထားလိမ့်မယ် ...
ချစ်သူ ...
တိမ်လိုရာသာ လွင့်လိုက်စမ်းပါ ...
ချစ်သူပိုင်ဆိုင်တဲ့ ကောင်းကင်ကြီးတစ်လျှောက် ...
ဒီကောင့်အတွေးတွေ အုံ့ဆိုင်းနေတယ် ...
ဆိုတာကို ပြသခင်းကျင်းချင်လို့ပါ ...
ချစ်သူရေ ...
ချစ်သူရေ ...
မနက်ဖြန်ကြီးကို ဖွင့်ကြည့်လိုက်ပါ ...
ချစ်သူသာ လက်ခံမယ် ...ဆိုရင်
လေးစိပ်တစ်လုံး ...
ငါတို့ခြေလှမ်းတွေ
ပြုံးပြုံးလေးမျက်နှာထားတွေနဲ့ ...
အောင်မြင်ခြင်းတွေဆီ ရက်ရက်ရောရောကြဲလိုက်ကြမယ် ...
လာပါ ...
လက်လေးဖက်နဲ့ ရင်ခုန်သံတွေကို
ရိတ်သိမ်း ...
အောာင်မြင်ခြင်းပွဲကို ပိုင်နိုင်စွာ ကျင်းပကြမယ် ...
ချစ်သူ ...
နယ်နိမိတ်တွေကြားထဲက
လွင့်လာလိုက်စမ်းပါ ...
မင်း မနမ်းဖူးသေးတဲ့ ဆွတ်ပျံ့ရနံ့တွေက မင်းကို ...
“မင်္ဂလာပါ အဆွေ ၊ ကျွန်ုပ်တို့ သင့်နှုတ်ခမ်းကို စောင့်မျှော်နေသည် ...”
လို့ ပြောမှာ ...
မယုံရင် မင်းမျက်လုံးတွေကို ခပ်ကြဲကြဲဖွင့်ထားလိုက် ...
မင်း လမ်းကို ငါ့ဆီယိမ်းအောင် သွေထိုးပေးလိမ့်မယ် ....
ချစ်သူ ...
မြန်မြန်လေး ...
မြန်မြန်လေး ...
လေပြည်တွေ ဝေးမသွားခင်
အနောက်ကို မမျှော်ဘဲ အရှေ့ဘက်ကို ရဲရဲလျှောက်ကြစို့ ...
ချစ်သူ ...
ကိုယ်တို့ အနာဂတ်တွေ တည်ပြီ အခုကနေစ ........
Saturday, May 22, 2010
“တိမ်ငိုသံ ...”
နွေခင်းကြီးတစ်ခုလုံး
လိမ္မော်ဆေးသုတ်ထားတဲ့ ညနေ ...
နေမင်းကြီး ညဝတ်လဲချိန်လည်း ဟုတ်တယ် ...
ကျွန်တော် ...
စိတ်ရှည်သည်းခံမှုကို ဝတ်ဆင်ထားရင်း ...
မျက်ဝန်းတစ်စုံရဲ့ အကောင်အထည် ...
စောင့်မျှော်ခဲ့တယ် ...
နေမင်းကြီးရဲ့ ရင်သွေးအမှောင်တိုက်တွေ ...
“ည ”ဟူလို့ရယ် ...
ကင်ပွန်းတပ်တဲ့အချိန်မှာ ...
ရင်ခုန်သံတစ်စုအားပြုပြီး
ကျွန်တော့်ရှေ့ရှုတဲ့ ကျွန်တော့်ယဉ်ကျေးမှု ...
အမည်နာမပျောက်ရှသွားတယ် ...။...
ဆိုတော့ ...
ကျွန်တော့်ဒိုင်ယာရီထဲ အလည်လာတဲ့ အဲဒီဆည်းဆာ ...
မယဉ်ကျေးခဲ့တာ ရိုင်းပျခက်ထန်ခြင်းပဲပေါ့ ...။...
လည်ဆန့်ခေါင်းမော် ...
ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့
အမှောင်တွေကို ပုတ်ကိုင်ကစားလျက်
စောင့်မျှော်ခဲ့ပေမဲ့
သူ ...
(သူ့နှလုံးသားမှာ အပြုံးမရှိဘူး ...
သူ့အိပ်မက်ဟာ မယဉ်ကျေးဘူး ...
သူ့နှုတ်ခမ်းဟာ မကြင်နာဘူး ...
သူ ...
ရက်စက်တယ်)
ခြေသံလေးတွေတောင်
ရက်ရက်ရောရော သူမပေးခဲ့ဘူး ...
ဆိုတော့ ...
ကျွန်တော့်တစ်ဖက်သတ်ချိန်းဆိုမှုလေး အမှောင်တွေမျို၊
ညခင်းထဲ ပြန့်ကြဲလေလွင့်ကုန်တာပေါ့ ...
ပြန်တွေးကြည့်ရင် ...
အရှိုက်ကို လေစုပ်ထားသလိုမျိုး နာကျဉ်တယ်...
အသက်ရှုတိုင်း အရှိုက်ခက်တယ် ...။...
ဒီချိန်းဆိုမှုလေး ...
အသက်မဝင်ခဲ့ဘူး ...
မတောက်ပခဲ့ဘူး ...
မဖြူစင်ခဲ့ဘူး ...
ပုံမလှပန်းမကျခဲ့ဘူး ...
တိမ်နဲ့တူတဲ့ ကောင်မလေး ...
ဖြူစင်သယောင်နဲ့ အဝေးကနေ
ကျွန်တော့်အနား တစ်ချက်ကလေးတောင်
မလွင့်လာခဲ့ဘူး ...။...
အိမ်ပြန်ချိန်ကြီး မဖိတ်ခေါ်ဘဲနဲ့
ရောက်လာတဲ့ အချိန်ထိ ...
ယုံကြည်ခဲ့တယ် ...
သူဟာ ...
ရယ်သံကို ပျိုးပြီး တိတ်တခိုးလာလိမ့်မယ် ...လို့ ...
အခုတော့ အဲဒီယုံကြည်မှုလေး ...
စာတစ်ရွက်ပေါ် ဖွာလန်ကြဲနေပါပြီ ...
ကဗျာတစ်ပုဒ်လို မကြင်နာတတ်တဲ့
အဲဒီမိန်းကလေးကြောင့် ...
ကျွန်တော့်အိမ်ပြန်ချိန်မှာ ...
ပါးပြင်ပေါ် ...
မိုးတွေ ...
မိုးတွေ ...
အစက်ချင်း ...အပေါက်ချင်း ...
အပြိုင်အဆိုင်ခုန်ဆင်း ကြွေကျသွားတာ ...
တိတ်ဆိတ်ကြိတ်မှိတ်ပါပဲ ...
ဒါပေမဲ့ ချုန်းပြီး ရွာတာမို့
ရက်ရက်စက်စက်ပဲ ...အရှိန်အဟုန်ပြင်းထန်တယ် ...။...
အဲဒီညနေရဲ့ ပိတ်ဖုံးကားလိုက်ကာ ...
အိပ်မက်တွေဟာ ...
ဝသန်တစ်ခုရဲ့ ရနံ့ကောင်းကင်ကြီးလို ...
စွတ်စိုထိုင်းမှိုင်းခဲ့တယ် ...။...။။။...
လိမ္မော်ဆေးသုတ်ထားတဲ့ ညနေ ...
နေမင်းကြီး ညဝတ်လဲချိန်လည်း ဟုတ်တယ် ...
ကျွန်တော် ...
စိတ်ရှည်သည်းခံမှုကို ဝတ်ဆင်ထားရင်း ...
မျက်ဝန်းတစ်စုံရဲ့ အကောင်အထည် ...
စောင့်မျှော်ခဲ့တယ် ...
နေမင်းကြီးရဲ့ ရင်သွေးအမှောင်တိုက်တွေ ...
“ည ”ဟူလို့ရယ် ...
ကင်ပွန်းတပ်တဲ့အချိန်မှာ ...
ရင်ခုန်သံတစ်စုအားပြုပြီး
ကျွန်တော့်ရှေ့ရှုတဲ့ ကျွန်တော့်ယဉ်ကျေးမှု ...
အမည်နာမပျောက်ရှသွားတယ် ...။...
ဆိုတော့ ...
ကျွန်တော့်ဒိုင်ယာရီထဲ အလည်လာတဲ့ အဲဒီဆည်းဆာ ...
မယဉ်ကျေးခဲ့တာ ရိုင်းပျခက်ထန်ခြင်းပဲပေါ့ ...။...
လည်ဆန့်ခေါင်းမော် ...
ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့
အမှောင်တွေကို ပုတ်ကိုင်ကစားလျက်
စောင့်မျှော်ခဲ့ပေမဲ့
သူ ...
(သူ့နှလုံးသားမှာ အပြုံးမရှိဘူး ...
သူ့အိပ်မက်ဟာ မယဉ်ကျေးဘူး ...
သူ့နှုတ်ခမ်းဟာ မကြင်နာဘူး ...
သူ ...
ရက်စက်တယ်)
ခြေသံလေးတွေတောင်
ရက်ရက်ရောရော သူမပေးခဲ့ဘူး ...
ဆိုတော့ ...
ကျွန်တော့်တစ်ဖက်သတ်ချိန်းဆိုမှုလေး အမှောင်တွေမျို၊
ညခင်းထဲ ပြန့်ကြဲလေလွင့်ကုန်တာပေါ့ ...
ပြန်တွေးကြည့်ရင် ...
အရှိုက်ကို လေစုပ်ထားသလိုမျိုး နာကျဉ်တယ်...
အသက်ရှုတိုင်း အရှိုက်ခက်တယ် ...။...
ဒီချိန်းဆိုမှုလေး ...
အသက်မဝင်ခဲ့ဘူး ...
မတောက်ပခဲ့ဘူး ...
မဖြူစင်ခဲ့ဘူး ...
ပုံမလှပန်းမကျခဲ့ဘူး ...
တိမ်နဲ့တူတဲ့ ကောင်မလေး ...
ဖြူစင်သယောင်နဲ့ အဝေးကနေ
ကျွန်တော့်အနား တစ်ချက်ကလေးတောင်
မလွင့်လာခဲ့ဘူး ...။...
အိမ်ပြန်ချိန်ကြီး မဖိတ်ခေါ်ဘဲနဲ့
ရောက်လာတဲ့ အချိန်ထိ ...
ယုံကြည်ခဲ့တယ် ...
သူဟာ ...
ရယ်သံကို ပျိုးပြီး တိတ်တခိုးလာလိမ့်မယ် ...လို့ ...
အခုတော့ အဲဒီယုံကြည်မှုလေး ...
စာတစ်ရွက်ပေါ် ဖွာလန်ကြဲနေပါပြီ ...
ကဗျာတစ်ပုဒ်လို မကြင်နာတတ်တဲ့
အဲဒီမိန်းကလေးကြောင့် ...
ကျွန်တော့်အိမ်ပြန်ချိန်မှာ ...
ပါးပြင်ပေါ် ...
မိုးတွေ ...
မိုးတွေ ...
အစက်ချင်း ...အပေါက်ချင်း ...
အပြိုင်အဆိုင်ခုန်ဆင်း ကြွေကျသွားတာ ...
တိတ်ဆိတ်ကြိတ်မှိတ်ပါပဲ ...
ဒါပေမဲ့ ချုန်းပြီး ရွာတာမို့
ရက်ရက်စက်စက်ပဲ ...အရှိန်အဟုန်ပြင်းထန်တယ် ...။...
အဲဒီညနေရဲ့ ပိတ်ဖုံးကားလိုက်ကာ ...
အိပ်မက်တွေဟာ ...
ဝသန်တစ်ခုရဲ့ ရနံ့ကောင်းကင်ကြီးလို ...
စွတ်စိုထိုင်းမှိုင်းခဲ့တယ် ...။...။။။...
Tuesday, May 18, 2010
“မင်းပေးတဲ့ ကဗျာ ...”
အာရုံမှာ ကြည်နူးစရာ
သူ့စကားသံမရှိတော့ ...
ရင်မှာ ...
လက်တွေမှာ ...
ကဗျာတွေမှာ ...
ခြေလှမ်းတွေမှာ ...
အတွေးသံစဉ်တွေမှာ ...
အထီးကျန် ...ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
မင်းသိလား ...
ကောင်းကင်တွေ ရေခပ်မဆင်းတော့တဲ့
ဒီနွေရက်တွေမှာ ...
သက်တံတွေနဲ့ အတူ ...
ငါ့ဝိဥာဉ်(အမှတ်စဉ်ပျောက်ပြီး)
တစ်နေရာရာမှာ ပုန်းခိုနေတယ် ...ဆိုတာ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
ထပ်အာဖျံကွီးရရင်လည်း ...
နေ့တိုင်း ညတိုင်း ...
မင်းအပြုံးတွေနဲ့ ငါ့နာရီသံတွေ
အသက်ဆက်နေရတယ် ...ဆိုတာ
ဖြန့်ကားနေတဲ့ နံရံကြီးအသိ ...။...
နောက် ...
အိပ်မက်တွေထဲမင်းခန့်ခန့်ကြီးထိုင်ပြီး
ညတိုင်း စိုးမိုးထားတာ ...
ထထယောင်ရတဲ့အထိ ...
အဲဒါလည်း မင်းပေးတဲ့ကဗျာပဲ ...
အခုဆို အင်တာနက် စာမျက်နှာတွေပေါ်မှာ ...
မင်း ပေးတဲ့ ကဗျာတွေ ...
လူတွေရဲ့ အမြင်အာရုံတွေမှာ
ကျိုးတို့ကျဲတဲ ပွင့်ဖူးလာကြပြီ ...
ကျေးဇူးပဲ ...
မင်းပေးတဲ့ ကဗျာတွေအတွက် ကျေးဇူးပဲ ...
ကျေးဇူးပဲ ဆိုတာကလည်း မင်းပေးတဲ့ ကဗျာပါပဲ ...
“နှစ်အဆက်ဆက် ငါ့နှလုံးသားထဲ
အသည်းခွဲအမိန့်ကြီး ကိုက်ငုံထားတဲ့
အပြုံးသန်လျက်နဲ့ ကောင်မလေးရေ ...” ...
သူ့စကားသံမရှိတော့ ...
ရင်မှာ ...
လက်တွေမှာ ...
ကဗျာတွေမှာ ...
ခြေလှမ်းတွေမှာ ...
အတွေးသံစဉ်တွေမှာ ...
အထီးကျန် ...ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
မင်းသိလား ...
ကောင်းကင်တွေ ရေခပ်မဆင်းတော့တဲ့
ဒီနွေရက်တွေမှာ ...
သက်တံတွေနဲ့ အတူ ...
ငါ့ဝိဥာဉ်(အမှတ်စဉ်ပျောက်ပြီး)
တစ်နေရာရာမှာ ပုန်းခိုနေတယ် ...ဆိုတာ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
ထပ်အာဖျံကွီးရရင်လည်း ...
နေ့တိုင်း ညတိုင်း ...
မင်းအပြုံးတွေနဲ့ ငါ့နာရီသံတွေ
အသက်ဆက်နေရတယ် ...ဆိုတာ
ဖြန့်ကားနေတဲ့ နံရံကြီးအသိ ...။...
နောက် ...
အိပ်မက်တွေထဲမင်းခန့်ခန့်ကြီးထိုင်ပြီး
ညတိုင်း စိုးမိုးထားတာ ...
ထထယောင်ရတဲ့အထိ ...
အဲဒါလည်း မင်းပေးတဲ့ကဗျာပဲ ...
အခုဆို အင်တာနက် စာမျက်နှာတွေပေါ်မှာ ...
မင်း ပေးတဲ့ ကဗျာတွေ ...
လူတွေရဲ့ အမြင်အာရုံတွေမှာ
ကျိုးတို့ကျဲတဲ ပွင့်ဖူးလာကြပြီ ...
ကျေးဇူးပဲ ...
မင်းပေးတဲ့ ကဗျာတွေအတွက် ကျေးဇူးပဲ ...
ကျေးဇူးပဲ ဆိုတာကလည်း မင်းပေးတဲ့ ကဗျာပါပဲ ...
“နှစ်အဆက်ဆက် ငါ့နှလုံးသားထဲ
အသည်းခွဲအမိန့်ကြီး ကိုက်ငုံထားတဲ့
အပြုံးသန်လျက်နဲ့ ကောင်မလေးရေ ...” ...
Monday, May 17, 2010
“စောင့်ဆိုင်း ...”
ဘယ်တော့ ခြေဦးလှည့်လာမလဲ ...
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း ...
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ ...
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် ...
မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း ...
နို့စို့ဖို့ စောင့်ဆိုင်း ...
ကစားရဖို့ စောင့်ဆိုင်း ...
ကျောင်းတက်ရဖို့ စောင့်ဆိုင်း ...
အတန်းပြီးဖို့ စောင့်ဆိုင်း ...
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
စောင့်ဆိုင်း ....
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ ...တဲ့...
ကောလိပ်တက်ဖို့ စောင့်ဆိုင်း ...
နှစ်ကုန်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ ...
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ ...
နောက် ...
အလုပ်ရဖို့ စောင့်ဆိုင်း ...
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း ...
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း ...
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး ...
ကဗျာရိုင်းတွေ ထွက်လာမှ ...
လက်ထပ်ဖို့ စောင့်ဆိုင်း ...
ကလေးရဖို့ စောင့်ဆိုင်း ...
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း ...
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း ...
သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
နောက်ဆုံး ...
“...ငါဘယ်နေ့ သေရမလဲ...” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း ...
ကဲ ...
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ ...
.......................................
ဘဝဆိုတာ ...
ယုံကြည်ရမယ် ...
ရှင်သန်ရမယ် ...
“...ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်...”...လို့ ...။
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း ...
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ ...
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် ...
မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း ...
နို့စို့ဖို့ စောင့်ဆိုင်း ...
ကစားရဖို့ စောင့်ဆိုင်း ...
ကျောင်းတက်ရဖို့ စောင့်ဆိုင်း ...
အတန်းပြီးဖို့ စောင့်ဆိုင်း ...
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
စောင့်ဆိုင်း ....
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ ...တဲ့...
ကောလိပ်တက်ဖို့ စောင့်ဆိုင်း ...
နှစ်ကုန်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ ...
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ ...
နောက် ...
အလုပ်ရဖို့ စောင့်ဆိုင်း ...
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း ...
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း ...
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး ...
ကဗျာရိုင်းတွေ ထွက်လာမှ ...
လက်ထပ်ဖို့ စောင့်ဆိုင်း ...
ကလေးရဖို့ စောင့်ဆိုင်း ...
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း ...
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း ...
သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
နောက်ဆုံး ...
“...ငါဘယ်နေ့ သေရမလဲ...” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း ...
ကဲ ...
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ ...
.......................................
ဘဝဆိုတာ ...
ယုံကြည်ရမယ် ...
ရှင်သန်ရမယ် ...
“...ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်...”...လို့ ...။
Subscribe to:
Posts (Atom)