နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, February 8, 2010

ကဗျာတစ်ပုဒ်၌ ရင်ဖွင့်ခြင်း


အရည်ပျော်ကျလုမတတ် စိတ်ကူးတွေနဲ့

အဝီစိငရဲဘက်ကို မျက်နှာမူနေခိုက်မှာ

အတွေးတွေက မဆီကို မသိမသာဦးတည်နေတယ်..။

ဩော်..မရယ်…ကျွန်တော့်ဘဝမှာလေ

ဆန္ဒမယ်မယ်ရရဆိုလို့ တစ်ခုပါပဲ..အဲဒါကတော့

ဓာတ်ပုံထဲက မရဲ့ အပြုံးကို မူပိုင်ခွင့်ယူထားပါရစေလား..

နောက်..ကျွန်တော်ကိုယ်တိုင်ပဲ အသက်သွင်းပေးမယ်လေ။..

အဲဒီလိုသာဆိုရင်….

ကျွန်တော်လက်တစ်စုံနဲ့ အသက်သွင်းထားလို့ ရှင်သန်လာတဲ့

မအပြုံးပေါင်းများစွာကို ကျွန်တော်မွေးမြူရင်း

ကျွန်တော့်ရင်ထဲမှာ ပီတိနှင်းတွေ ဝေနေမှာပါ။

ကဲပါ..ဒီအတွေးကတော့ တစ်စုံတစ်ယောက်သောမတောင်

မသိနိုင်မဲ့ ဘယ်အချိန်အရည်ပျော်ကျမယ်မှန်း မသိရတဲ့

မရေမရာ အတွေးတစ်ခုပါ။..

ဘယ်လိုပဲ မရေမရာအတွေးတွေပဲဖြစ်ဖြစ်

ကျွန်တော့်ရင်ခွင်ထဲမှာ ဆန့်ကျင်ဘက်ဥပက္ခောအကြည့်တွေ

လက်ဝယ်မပိုက်ထားရသေးခင် အထိတော့

မော်ကွန်းတင်ကျောက်စာများရဲ့

သမိုင်းတစ်ပုဒ်လို မပျောက်မပျက်

တည်မြဲတည်ရှိနေမှာပါ..။

No comments:

Post a Comment