နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, February 8, 2010

ပျိုးစေ၊ ဖူးငုံစေ၊ ပွင့်စေ၊ ရှိုက်နမ်းစေ

အို…မိန်းကလေးရယ်….
ငါ့ရဲ့ မမြင်နိုင်တဲ့ အနာဂတ်မှာလေ
ငါ့ကို ပိုင်ဆိုင်ဖို့ ခြွေခူးဖို့ တစ်ဦးတည်းသောသူအဖြစ်
မင်းကိုငါမျှော်လင့်ပါရစေလား..။
မင်းမှာ တခြားဖူးပွင့်နေဆဲ ပန်းတွေကို
ရှိုက်နမ်းခွင့်၊ သိမ်းထားခွင့် ရှိတယ်ဆိုတာသိပေမယ့်
အငုံအဖူးအဖြစ်သာ ရှိနေတဲ့ငါ့အတွက်
ပွင့်လာတဲ့အထိ (မင်းရဲ့ ညင်သာကြင်နာတဲ့ အနမ်းလေးကို
ထိတွေ့ခွင့်ရဖို့) စောင့်မျှော်ပေးပါလား
ဒီလိုသာဆိုရင် မွှေးပျံ့တဲ့ ငါ့ရနံ့တွေနဲ့ မင်းကို
ယစ်ထုံပျော်မြူးစေမှာပါ။…
အို..ငါမျှော်လင့်ပါရစေ…။
ပန်းဖူးလေး

No comments:

Post a Comment