နှလုံးကျောက်ပြင်ပေါ်တင်ပြီး
ငါသွေးထားတဲ့ ငါ့ရင်ခုန်သံတွေက
မြနေလောက်ပြီ။ ငါစဉ်းစားထားတဲ့
စိတ်ကူးတွေ ငပိထိထားတဲ့ မျောက်လို
ဟိုခုန်ဒီခုန်၊ ဟိုသွားဒီင်္လာနဲ့ ဖြစ်ကုန်ပြီ။
ဆောက်တည်ရာမရတော့ဘူး။ ရည်မှန်းချက်
တွေကလည်း တိမ်တွေလိုပဲ။ ဟိုလွင့်လိုက်
ဒီလွင့်လိုက် အရောင်တွေကလည်း ခဏခဏ
ပြောင်းနေတာပဲ။ ခြေလှမ်းတွေကလည်း
သိပ်မူမမှန်ချင်တော့ဘူး။ အရက်မူးထားသလိုပဲ
ခဏခဏယိုင်လဲချင်နေတယ်။ အမြင်အားရုံတွေ
လည်း သားသေအမေလိုပဲ ရင်ထုစည်မတီးရုံတမယ်
ဟိုလူးဒီလှိမ့် ဟိုသွားဒီသွားနဲ့။ နောက်စိတ်တွေကလည်း
ကြိုးတုပ်ထားခံရတဲ့ မျောက်လို မှိုင်နေတယ်။ စကားတွေ
ကလည်း စကားပြောပြိုင်ပွဲဝင်တာကျနေတာပဲ။ အမျှင်ကို
မပြတ်နိုင်ဘူး။ လက်တွေကလည်း အလေးမ မဖူးတဲ့လူ
အလေးမပြီး တစ်ရက်နှစ်ရက် အချိန်နဲ့တူတယ်။
နှုန်းချိနွမ်းရိနေတာပဲ။ ဒီလိုဘဝနဲ့ ငါရှင်သန်ရင်း
နေထိုင်ရင်း..............................................
နံရံမှာ ကပ်ထားလို့ ကွာကျလာတဲ့ စာတစ်စောင်....
ဘုရားသခင်မင်းကို အမြဲချစ်တယ်
အဲဒီစာလေးက ငါ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပြီ..။
No comments:
Post a Comment