အချစ်စိတ်တက်နေတဲ့ နှလုံးသားနဲ့
အရူးဝေတဲ့ညမှာ ဖျော့တော့တော့/မှိန်တိန်တိန်
မီးရောင်အားပြုပြီး ခပ်စုတ်စုတ် ဘောပင်တစ်လက်နဲ့
ခပ်နွမ်းနွမ်းစာအုပ်ပေါ်မှာ ကဗျာတစ်ပုဒ်ကိုငါ
စူးရှတဲ့ လှောင်ရယ်သံတွေကြား ရေးခြစ်ဖန်ဆင်းလိုက်မိရဲ့....
တကယ်တော့..မိန်းကလေးရယ်...
ငါနင့်ကို ဘာဖြစ်လို့ အခုထိမမုန်းနိုင်သေးတာလဲဆိုတဲ့
မေးခွန်းက ငါ့ဘဝမှာ အမေးသင့်ဆုံးမေးခွန်းတစ်ခုအနေနဲ့
ငါ့အတိတ်၊ ငါ့အရိပ်၊ ငါ့ပစ္စုပ္ပန်၊ ငါ့အနာဂတ်မှာ တည်ရှိခဲ့၊
တည်ရှိဆဲ၊ တည်ရှိနေမှာပါ။...
လမ်းခွဲစကားအဖြစ်နင်ပြောခဲ့တဲ့ စကားတစ်ခွန်း
“အိပ်မက်လို့သာ သတ်မှတ်လိုက်”တဲ့။ နင်ပြောခဲ့တဲ့အတိုင်း
ငါတို့နှစ်ယောက်ရဲ့ အတိတ်(သို့)ဇာတ်လမ်းဟာ အိပ်မက်
တစ်ခုသာဆိုရင်.......................
ဟုတ်ပါတယ်..အဲဒီအိပ်မက်ဟာ နင့်ရဲ့ လှည့်စားမှုတွေကြောင့်
ထိတ်လန့်သွေးပျက်စရာကောင်းခဲ့ပါတယ်။။။..
ငါ့ကိုလည်း အရူးတစ်ပိုင်း၊ အသေတစ်ပိုင်းဖြစ်အောင် နင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်..ဒါပေမဲ့ မိန်းကလေးရယ်..
ရင်ခွင်ပေါင်းများစွာကို နင်နင်းဖြတ်ပြီး ဘဝတစ်ဆစ်ချိုးကွေ့မှာ
အထီးကျန်တဲ့အခါ ပြန်လာပါ..။
ငါနင့်ကို အခုထိဘာဖြစ်လို့ မမုန်းနိုင်သေးတာလဲ ဆိုတဲ့ မေးခွန်းနဲ့
အတူ ရင်ခွင်တံခါးဖွင့်လျက် စောင့်ကြိုနေမှာပါ..။။။
(ဒီပန်းလေး နွမ်းခဲ့ရင် ပန်ဆင်ဖို့
ဒီပန်းလေးခြောက်သွားရင် သိမ်းထားဖို့ ကိုယ်အမြဲရှိနေမှာပါ..
ထာဝရအချိန်ထိ)
No comments:
Post a Comment