နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 10, 2010

ရင်ထဲက ကဗျာအပိုင်းအစများ

မမေ့ရဲပေမဲ့ တစ်နေ့ခွဲရမှာကိုတော့
သိခဲ့ပါတယ်..။ ရင်ထဲမှာ မင်းရှိနေတာလည်း
ဖော်ပြခဲ့ပြီးပြီမို့ ငါ့ကို နှုတ်ဆက်ခွင့်ပြုပါ..။…

အချစ်မင်းနဲ့ငါဝေးခဲ့ပြီ ဆိုပါစို့..။ ငါမှီရာ ပုခုံးလေး
အဝေးမှာ ကျန်ခဲ့ပြီ.။..

ရေမြေခြားဝေး ကျွန်တော့်မှာ အဆွေး
ဘယ်လောက်ဝေးဝေး သည်တစ်သက်မှာ
ထာဝရသာ မပါ။

ရင်ခုန်သံတိုင်းအတွက် အိပ်မက်ဆိုတာရှိတယ်.။.
ကျွန်တော့်ရင်ခုန်သံအတွက် အိပ်မက်ဟာ
မတစ်ဦးတည်းပါ. ။..

ရင်ထဲလန်းဆန်း တစ်ပွင့်တည်းသောပန်း
နမ်းရှိုက်တွယ်မက် ဒီတစ်သက်မှာ
“မ” ဆိုသော ပန်းသာ ထာဝရပါ..။..

နယ်မြေဝေးကွာ ရေးမြေတွေခြား
အနေခြားလည်း ရင်ခြင်းပွေ့အပ်
နှလုံးသားခြင်းအပ်ခဲ့ကြတယ်..။

No comments:

Post a Comment