နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 10, 2010

မုဒိတာတို့ရဲ့ သခင်

အချစ်ဆုံး သူငယ်ချင်းရေ..
မင်းရဲ့ သည်းခံမှုတွေကို နင်းချေခဲ့တဲ့ငါ..။..
ငါပျင်းရင် အပျင်းပြေစေတဲ့မင်း
ကျေးဇူးပါပဲကွာ..။
သူငယ်ချင်းရဲ့ ဝေါဟာရ အဓိပ္ပါယ်မဖွင့်တတ်တဲ့ငါ
အခု မင်းနဲ့ ဝေးသွားတော့ စိတ်ထဲသံမှိုစွဲထားသလို
မှတ်ယူထားရပါပြီ။
မင်းဟာ ငါ့ကို သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
အဓိပ္ပါယ်ဖွင့်တတ်အောင် သင်ပေးလိုက်တာပဲ..။
ကျေးဇူးထပ်လဲတင်ပါတယ်..။..
ငါဒုက္ခတွေ့ရင် ဒီလောက်လေးတော့
လုပ်ပြလိုက်မယ်ဆိုပြီး ငါ့ကိုကူညီတဲ့မင်း..
တစ်ယောက်ကွက်လပ်တစ်ယောက်ဖြည့်ရင်း
ငါတို့ သွားလာခဲ့ကြတယ်..။
ငါအကူအညီလိုရင် မင်းသာငါ့ဘေးမှာ
မင်းအကူအညီလိုရင် ငါသာမင်းဘေးမှာ..။
အပြုံးတွေကို မျက်နှာမှာ အသေတပ်ဆင်
ဘဝအငြိမ့်စင်လေးပေါ်မှာ
ငါတို့ ဖျော်ဖြေခဲ့ကြတယ်..။
သရော်ကြတဲ့ ရန်သူတွေမျက်နှာ
အပြုံးလေးတွေနဲ့ပဲ အနိုင်ယူခဲ့တယ်..။
ပျော်စရာအမှတ်တရတွေကို မင်းငါ့ကို ပေးတယ်
သင်ယူစရာ မှတ်ထားစရာတွေကို
မင်းနဲ့ဖြတ်သန်းသင်ယူခဲ့တယ်.။
ငါပျော်ရင် ဝမ်းနည်းရင် ငါ့ခံစားချက်တွေကို
မျှယူခံစားပေးတယ်..။ မင်းဟာ ငါ့ဘဝမှာ
မွန်မြတ်တဲ့ မုဒိတာတို့ရဲ့ သခင်ပါ..။
မွန်မြတ်တဲ့ မုဒိတာတို့ရဲ့ သခင်
မင်းအတွက် အောက်မြင်ခြင်းနဲ့ ကျန်းမာခြင်းက
အမြဲခစားပါစေ..

No comments:

Post a Comment