မီးခိုးငွေ့တွေ တလူလူ
ကောင်းကင်ပေါ်ကို အတင်းအဓမ္မ
ဘယ်သူမှ မဖိတ်ခေါ်ဘဲ
ထိုးတက်လို့
လေထုရဲ့ သန့်ရှင်းမှုလေး
ကျိုးပျက်ဖို့ အတွက်ပါ...
အသက်စေ့ငွေ
တပျူပျူနဲ့ သင်္ခါရတရားကို
မျက်နှာမူပြီး သေခြင်းဖိတ်စာကို
လက်ကိုင်ထားကာ
ထားခဲ့သူတို့ရဲ့ ရင်ညိုးရက်လို့ကွာ..
ဘယ်သူမှ မလွန်ဆန်နိုင်ဘူး..
အမှတ်တမဲ့နဲ့ အမှတ်တရငိုယိုပူဆွေးမှုလေးတွေ
ဖြစ်ပေါ်အောင်
စွမ်းဆောင်နိုင်ခဲ့...စွမ်းဆောင်နိုင်ဆဲ..
ရှေ့ဆက်ပြီးလည်း စွမ်းဆောင်နိုင်ဦးမယ်..
ပရိဒေဝသောကမီးများသခင်
လို့တောင် တင်စားထိုက်သူရယ်...
မင်းရဲ့ အမှတ်တမဲ့လေးအတွက်
ငါတို့မှာ မျက်ရည်မြေခ
နာကျင်မှုတွေ စားသုံးလို့
ဝရတယ်...။..
ဒီတော့ မင်းအစားလောကကြီးအပေါ်
ငါပြောပါရစေနော်...
“ကိုယ်ပြန်မလာနိုင်တဲ့
လူ့လောကကြီးနဲ့ အနီးဆုံးနေရာကို
သွားတဲ့အခါ မျက်ရည်ရထားတွေ
ကုတို့ခမထား ဆိုင်ဆိုင်မြိုင်မြိုင်ရစေဖို့
အတတ်နိုင်ဆုံးလူ့လောကကြီးမှာ
လူသားတွေအတွက်ရော..၊
ကိုယ့်အတွက်ရော အကျိုးရှိအောင်
နေထိုင်ပါ”......လို့...။
တကယ်တော့လေ မှတ်ထားဖို့က
ဘဝမှာ ကိုယ်နေချင်သလောက်
ဝဝလင်လင်နေထိုင်ပြီးရင်
အမြတ်ဆုံးလောကကြီးထဲက
ထွက်ခွာနည်းကတော့
အများအကျိုးအတွက် ထွက်ခွာတာပါပဲ..
မြတ်လည်း မြတ်တယ်..။
ကိုယ့်အတွက် မျက်ရည်ရထားတွေလည်း
တိုးတယ်...။
ကဲ...သင်္ခါရတရား...
ကဗျာတစ်ပုဒ်နဲ့ငါ...
စံပြထားပါရစေ...
No comments:
Post a Comment