လူသေကောင်ကြီး ထလာပြီ…
ငါ့ကို ကြည့်တဲ့ အကြည့်တွေက
စိမ်းစိမ်းကြီး…
အင်း..ဟင်း…
ကြောက်လိုက်တာနော်…
အသွေးအသားတွေထဲ ကြောက်လန့်ခြင်း
ဆိုတဲ့ စုန်းတွေပူးနေပြီ…။…
ဟာ…ခြေလှမ်းတွေက
ရွှေ့လို့မရတော့ဘူး…
လူတွေ ထွက်ပြေးကုန်ပြီ…
ငါတစ်ယောက်တည်း…
မသာကောင်ကြီးလည်း တရွေ့ရွေ့
ငါ့ဘက်ချဉ်းလာပြီ….
ဟာ…အမေရေ..
ကြောက်ပါတယ်ဗျ..နော်.
အော်ခေါ်နေတယ်…ကယ်တင်နို
စိတ်ထဲက အမည်မသိတစ်ယောက်ယောက်
ကဝေတစ်ယောက်လို…။…
ငါ့အနားဘယ်သူရှိလဲ..
အမေရေ….
လုပ်ပါဦး…
မသာကောင်ကြီး ငါ့အနားရောက်လာပြီ..။
ဇောချွေးတွေက (ဟာ)တစ်ကိုယ်လုံးကို
စုပ်ယူထားလိုက်ပြီ….။
(ဒူးတွေက မခိုင်..ယိုင်သာလဲချင်
ငါ့အသွေးအသားတွေကို
ဖဲ့ယူဝါးမြိုတော့မယ်.
…………………………
………………..
ဟူး…
ဟား…သွေးပျက်စရာ
အိပ်မက်ရိုင်းပါပဲလား
No comments:
Post a Comment