အရှုံးတွေထဲ မင်းငါ့ကို
ရွေးချယ်ဖို့ထက်
အမုန်းတွေပဲ လွင့်ပြယ်ဖို့အတွက်
ငါပိုဆုတောင်းမိပါတယ်…။
ဘာဖြစ်လို့လဲဆိုတော့
ချစ်ခြင်းရဲ့ အဆုံး အမုန်းဆိုတဲ့
စကားကို ငါယုံကြည်ထားလို့ပဲ…။
မင်းငါ့ကို ချစ်ရင်ချစ်နိုင်တယ်…
ဒါပေမဲ့ ထာဝရ(သို့)ဒီတစ်သက်
ခိုင်မြဲပါစေ…
နို့မဟုတ်ရင်တော့
မင်းငါ့ကို ချစ်လဲမချစ်နဲ့…
မုန်းလဲမမုန်းနဲ့…။
လတ်တလော မျက်နှာချင်းဆိုင်တိုင်း
မင်းပေးလေ့ရှိတဲ့ အကြည့်တွေနဲ့ပဲ
ငါကျေနပ်နေသေးတယ်…။…
စကားပြောတိုင်း လူမှုရေးအရ
ဖော်ဖော်ရွေရွေ ပြုံးပေးတတ်တဲ့
မင်းမျက်နှာထားတွေနဲ့လဲ
ကျေနပ်နေသေးတယ်…။…
လောဘမကြီးရဲဘူး…
အဲဒါ……
ငါ . လက်ရှိအခွင့်အရေးတွေကို
ကြာရှည်စွာ တယုတယပွေ့ပိုက်ထားချင်လို့ပဲ…။…
အဲဒါမင်းနားလည်ပေးပါ…။..။.။။။
No comments:
Post a Comment