နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Sunday, April 18, 2010

“မင်းတစ်ယောက်တည်း...လိုတယ်”

လမင်းကြီးပေပေတေတေနဲ့
အချိန်အခါအလိုက်
ရက်ရက်စက်စက်မိုက်နေတဲ့
အချိန်...
ငါတစ်ယောက်တည်း
ဒီညလုံးဝကို မိုက်နေတာထက်စာရင်
မသဲမကွဲမှောင်နေတာပိုပြီးကောင်းပါတယ်
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကာ
ကြယ်စိလေးတွေကို
မရည်မိဘဲ
လိုက်လံကြဲပျိုးမိရဲ့...။...
ဒီလောက်များပြားလှတဲ့ ကြယ်ပွင့်လေးတွေကို
ငါတစ်ယောက်တည်း စနစ်တကျနဲ့
အကုန်လုံးကုန်အောင် စိုက်ကြဲနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့ ပြောစရာတောင်မလိုဘဲ
လူတိုင်းအသိ...
ဒါပေမဲ့ ကောင်မလေးရယ်...
ဘေးနားမှာကွယ် ...
ဘာမှမလုပ်ရင်တောင်မှ
ငုတ်တုတ်လေးထိုင်နေပေးရင်တော့...
ရှိနေပေးရင်တော့...
.............................
ဘေးနားမှာ နှုတ်ခမ်းဖျားပေါ်က
ပျားရည်သုတ်စကားလေးတွေနဲ့
အားပေးနေရင်တော့...
..................................
အားမပေးနိုင်ရင်တောင်မှကွာ
ငါ့ပုခုံးတစ်ဖက်တည်းကိုပဲ
အရှုံးရက်တွဲ မြဲမြဲဖက်တွယ်
ဆုပ်ကိုင်ထားပေးမယ်ဆိုရင်တော့...
နောက်...
ဆုပ်ကိုင်ထားတဲ့နောက်မှာ
မာယာမဲ့မင်းနှုတ်ခမ်းလေးရဲ့
ပိုင်ရှင်မင်းခေါင်းခေါင်းလေးနဲ့
ပိုးသားရှုံးဆံနွယ်လေးတွေ
ညင်သာစွာငါ့ပုခုံးထက်မှာ
ဟန်ဆောင်မှုကင်းမဲ့မှီထားမယ်ဆိုရင်တော့...
ငါ...
ကြယ်တာရာတွေကို ကောင်းကင်ကြီးဆီ
စနစ်တကျမဟုတ်တောင်မှ
ပုံစချ
အတတ်နိုင်ဆုံးထိတော့....

No comments:

Post a Comment