နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Sunday, April 18, 2010

"ကုစားချိန်..."

တိမ်တိုက်လို လွင့်ပြယ်သွားတတ်တဲ့
ခဏသာပဲ ဖူးပွင့်နိုင်မယ့်
ကိုယ့်ရင်ခုန်သံပန်းလေး
ပန်ရရင်ပြီးရောဆိုပြီး
မနက်ဖြန်တိမ်တိုက်တွေကို
ပစ်ပယ်...
အချစ်အတွက် မမိုက်ချင်ပါနဲ့ကွယ်..
ကလေးရယ်...။...
ကိုယ်တို့ ဇာတ်လမ်းလေးတောင်
ပြီးဆုံးစာတန်းလေး
ခပ်မိုက်မိုက်ရေးထိုးဖို့
ပရိသတ်ဖြစ်တဲ့ ပစ္စုပ္ပန်တွေ
အိပ်ငိုက်နေကြပြီ...
...............................
ကဲ...အပြုံးတွေကို ယူပြီး
ပြန်တော့နော်...
နေညိုချိန်တွေတောင် ကလေးကို
လက်ဆွဲခေါ်နေကြပြီ..။...
နောက်...
အနမ်းတစ်ခုအတွက်တော့
ကလေး နေညိုချိန်တွေကို
ခဏမစောင့်ခိုင်းနဲ့တော့.။..
ဒီလမ်းခွဲချိန်အတွက် ကိုယ်ပေးတဲ့
အနမ်းဟာ ပျားရည်သုတ်ထားတဲ့
အဆိပ်သီးဖြစ်မှာ...
ဒါကြောင့်...
ဆည်းဆာလေးရေ...
ကောင်မလေးကို အဝေးခေါ်သွားပါတော့...
တိမ်ရနံ့တွေနဲ့ သူ့အတိတ်ကို
အဆိပ်ငွေ့ချလိုက်တော့...
ငါကတော့...
အခုခြေအနေတိုင်းသာဆိုရင်...
ငါ့နှလုံးသားကို အဆုံးမရှိသန်းခေါင်ယံညတွေထဲမှာ
အမှောင်ပိတ်ကားကြီးခဏလောက်အုပ်ထားရဦးမယ်..။..

No comments:

Post a Comment