လှရက်မရ...သုတ်ဖယ်ခွင့်မရှိဘဲ
ကျကျလာတဲ့ ဒီမျက်ရည်ညတွေကို
လေအဟုန်မှာ အကုန်စုံလုံးကန်းလိုက်ကာ
ပစ်မျောလိုက်ပြီ...။...
မျက်ရည်တွေကို အဝေးသယ်ဆောင်သွားပေးတဲ့
လေပြေလေရူးလေးတွေ
ခဏခဏအလည်လာတိုင်းလည်း
ရင်ထဲပူရှမှုတွေကိုသာ...
ခဏပါပဲ...အေးစေနိုင်တာ..
နောက်တော့ ဒုံရင်းဟာ ဒုံရင်းဖြစ်သွားလေ့ရှိတာလည်း
မင်းသမီးနဲ့ မင်းသားညားကိုညားရမယ်ဆိုတဲ့
ဇာတ်ကားတွေရဲ့ သီအိုရီတစ်ခုလိုပါပဲ...။...
............................
တကယ်တော့...
ဘဝဆိုတာ...အခုအတွေးပေါ်
အခုချက်ချင်းလက်ငင်းထိုင်းရေး
လို့ရတဲ့ ကဗျာတစ်ပုဒ်မဟုတ်ဘူ...။...
အခြေအနေအကြောင်းအရပ်ရပ်ကြောင့်
လေပြေလေးတွေ ရူးရသလို
အခြေအနေလေးတွေလည်း ထူးရတယ်...။..
အခုတော့...
ကလေကခြေမြှားတစ်စင်းကျိုးသွားပါ
အချစ်ကို ဟိုတောက်ဒီတောက်
ရွှတ်နောက်နောက်လုပ်လို့တဲ့..။..
ကောင်းကင်ကတောင် ပြောလိုက်သေး..
အချစ်ကို မယုံသေးသူတွေအတွက်
လောကကြီးအပေါ်အလောင်ခံပြီး
ငါပေးထားတဲ့ နေကိုပဲကြည့်တဲ့..။..
ဟုတ်တော့ ဟုတ်သား..
အချစ်က အရာရာကို စွမ်းဆောင်နိုင်ပါလားဆိုတာတော့
မဟုတ်ပေမဲ့ အတုအယောင်အပြုံးယုတ်တွေထက်တော့
ပိုချိုမြိန်ပါတယ်..။..
.....................
လူသားတိုင်း ချစ်တတ်ကြပါစေ...
လေကလေးများ ရူးတတ်ကြပါစေ...
အခြေအနေလေးများ ထူးတတ်ကြပါစေ...
ရင်ခွင်လေးများ အချစ်ဆူးတွေ စူးထက်ရှပါစေ..
တစ်ယောက်တည်းသာ
တောင်းဆုခြွေ...
ဒီတော့ငါဟာ...
အတိတ်တွေရဲ့ အရိပ်တွေမဲ့
အနာဂတ်တစ္ဆေ..။..။။။.။
No comments:
Post a Comment