လေပြည်လေးတွေ
ငိုနေပြီ ကလေးရယ်....
ကိုယ့်အနားမှာ ကလေးမရှိတော့လို့တဲ့..။..
ကြယ်လေးတွေ ကြွေနေတယ်
ကလေးရယ်...
သူတို့ဘဝအပျက်ခံပြီး
ရေမြေခြားနေတဲ့ ကိုယ်တို့ရဲ့
ရင်ခုန်သံပို့သမားလေးတွေအဖြစ်
ဆောင်ရွက်ဖို့ပေါ့...။...
နာရီလေးတွေ ပြုံးနေတယ်
ကလေးရယ်...
ကလေးရဲ့ အသည်း
ရက်ရက်စက်စက်ခွဲခဲ့တဲ့ကိုယ့်ကို
နာကြည်းလွန်းလို့ ကောက်ကျစ်ပြုံးပြုံးတာလေ...။..
..................................
ဩော်...ကလေးရယ်...
ရေမြေတွေ ခြားနေတယ်သာဆိုတယ်..
အိပ်မက်လား...လက်တွေ့လား...ခွဲခြားမရတဲ့
အိပ်မက်ဆိုးကြီးကို
အတည်ပေါက်မက်နေရသလိုပါပဲကွယ်...
ကလေး..
အတိတ်က ကိုယ်တို့ရယ်သံတွေနဲ့
ရောနေတဲ့ လက်ရှိကလေးရဲ့
မျက်ရည်တွေကို
နှစ်ယောက်စလုံးရဲ့ မနက်ဖြန်မိုးတိမ်တွေမပြိုဖို့
သုတ်သင်ပေးပါ...
နောက်...
ကြွယ်ကြွေရင် ကိုယ့်ရင်ခုန်သံတွေ
ကလေးဆီ ပါတတ်ဆဲမို့
ကိုယ်ပို့လိုက်တဲ့ ရင်ခုန်သံနဲ့ ကလေးလည်း....
ပြုံးမြဲပြုံးနေပေးပါ......
No comments:
Post a Comment