အနာခံအကျိုးပဲ့ခံပြီး
ကဗျာလေးတွေကို သံစဉ်ချိုချိုတွေနဲ့ငါ
အိမ်ထောင်ချပေးခဲ့တယ်..
လေညင်းတွေကို အတတ်နိုင်ဆုံး
ဖျော်ဖြေပေးခဲ့တယ်...
နွေရက်တွေကို အရည်ကျိုချက်နေတဲ့
မိုးညတွေမှာလည်း ငါ...
အအေးမိခံ...ကြွက်စုတ်တစ်ကောင်လို
အဖြစ်ခံပြီး...အမှောင်ထုနဲ့
မိုးစက်လေးတွေ သင့်မြတ်အောင်
ငါဖြန်ဖြေပေးခဲ့တယ်..။...
ဆောင်းရက်တွေကို ရောင်းထွက်အောင်
နေဆိုတဲ့ အရောင်းစာရေးနဲ့ အပူတပြင်းကြိုးစားနေတဲ့
နွေရက်တွေမှာလည်း ငါကိုယ်တိုင်.......
အပူပြင်းခံ..အစုတ်ပဲ့ခံပြီး
နေရောင်ထဲ ကျွန်ခံနေရရှာတဲ့ မြူမှုန်တွေကို
ကာကွယ်ပေးခဲ့တယ်...။...
ညတိုင်းလည်း လမင်းဆီ
နာကျင်မျက်ရည်ပင်တွေဆီက(မျိုးယူပြီး)
တယုတယပျိုးထားဆဲ
မျက်ရည်ညတွေဝနေတဲ့ သံစဉ်လှလှတွေကို
အမြဲအခမဲ့ မပျက်ကွက်တမ်း
ငါပို့ပေးခဲ့တယ်...။...
.............................
အချိန်တွေကြာလာ...
ပေးဆပ်မှုတွေများလာ...
ကိုယ်ကျိုးဖဲ့ ပေးဆပ်တာတွေဟာ...
ငါကိုယ်ငါတောင် ဂရုမစိုက်နိုင်တော့ကာ...
...................................
အချိန်တွေကို သဒ္ဓေတည်ထားတဲ့ ရက်တွေ
နေ့စေ့လစေ့ဖို့ နာရီပေါင်းများစွာရလာတဲ့အခါ....
ငါဟာ...
မျက်လုံးလေးတွေ မှိတ်တုတ်တုတ်နဲ့
တာရာကြယ်လေးတွေရဲ့
မလေးမစားအလှောင်ပြောင်ခံရတဲ့
နာရံပဲ့အပေါက်တစ်ခုထဲမှာ...
ကျိုးပဲ့ခြင်းများစွာနဲ့သာ......
ဘယ်သူမှ ငါ့ကို သတိမရကြတော့ပါ...။..။.။။.။။။
No comments:
Post a Comment