ဘာပဲဖြစ်ဖြစ် သူနဲ့ တွေ့ရမယ့်
မနက်ဖြန်တွေအတွက်
ငါဝမ်းသာတယ်…။
သူပေးခဲ့တဲ့ အတိတ်က
နာကျင်ခြင်းတွေကိုလည်း
ငါစွန့်ခွာခဲ့ပြီမို့ သူ့အချစ်နဲ့တွေ့မယ်
မနက်ဖြန်တွေအတွက်
ငါဝမ်းသာတာပါ..။
အင်း..ဒါဟာတော့
မသေချာတဲ့ ယောင်ချာချာ
မျှော်လင့်ခြင်းရဲ့
ပြယုတ်တစ်ခုသာ…။
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Friday, March 26, 2010
“အချစ်တစ်ပိုင်းတစ်စနဲ့ ထားခဲ့…”
မောင်…
ခပ်ပြောင်ပြောင်မောင့်ရုပ်
ကြောင်တောင်တောင်စရိုက်နဲ့
အင်း…အခုအမှတ်တမဲ့
လွမ်းတတ်နေပါပြီမောင်ရယ်..။
………………………
မောင့်စကားတွေနဲ့
မောင့်အကြည့်တွေက
အတူနေမယ်မယ်
တစ်သက်လုံးမခွဲဘူးလို့
ကတိပေးသယောင်ရှိပေမဲ့
အခုမောင်…ထားခဲ့ပြီ…။
………………..
မျက်ရည်နဲ့ ရှိုက်သံတွေက
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့
အကြွေးရှင်လို ခဏခဏ
ရင်ထဲကို အလည်လာကြတယ်…။
ဘယ်လိုဖြေသိမ့်ရမလဲ….
ပြန်ဆုံနိုင်ဖို့ လမ်းစရောရှိရဲ့လား…။
အမှတ်တမဲ့ပေါင်းများစွာနဲ့
မောင့်ကို ချစ်တတ်ခဲ့တာ
မဟုတ်ဘူး…။
မောင့် အချစ်ကို စနစ်တကျ
ဆန်းစစ်ပြီးမှ ချစ်ခဲ့တာ..။
ဒါပေမဲ့ ချစ်တဲ့အချိန်ကျ မောင်က
အဝေးကို…ထားခဲ့တာငိုဖို့
ပါပဲလားမောင်…ဪ…
မောင်ရယ်…အခုလွမ်းတတ်နေပါပြီကွယ်….။..။.။။။
ခပ်ပြောင်ပြောင်မောင့်ရုပ်
ကြောင်တောင်တောင်စရိုက်နဲ့
အင်း…အခုအမှတ်တမဲ့
လွမ်းတတ်နေပါပြီမောင်ရယ်..။
………………………
မောင့်စကားတွေနဲ့
မောင့်အကြည့်တွေက
အတူနေမယ်မယ်
တစ်သက်လုံးမခွဲဘူးလို့
ကတိပေးသယောင်ရှိပေမဲ့
အခုမောင်…ထားခဲ့ပြီ…။
………………..
မျက်ရည်နဲ့ ရှိုက်သံတွေက
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့
အကြွေးရှင်လို ခဏခဏ
ရင်ထဲကို အလည်လာကြတယ်…။
ဘယ်လိုဖြေသိမ့်ရမလဲ….
ပြန်ဆုံနိုင်ဖို့ လမ်းစရောရှိရဲ့လား…။
အမှတ်တမဲ့ပေါင်းများစွာနဲ့
မောင့်ကို ချစ်တတ်ခဲ့တာ
မဟုတ်ဘူး…။
မောင့် အချစ်ကို စနစ်တကျ
ဆန်းစစ်ပြီးမှ ချစ်ခဲ့တာ..။
ဒါပေမဲ့ ချစ်တဲ့အချိန်ကျ မောင်က
အဝေးကို…ထားခဲ့တာငိုဖို့
ပါပဲလားမောင်…ဪ…
မောင်ရယ်…အခုလွမ်းတတ်နေပါပြီကွယ်….။..။.။။။
ကဗျာသို့ ကဗျာ...
ဒီနေရာဒီခုံလေးမှာ……
မောင်…တဲ့။
ဒီစကားရဲ့ ချိုမြိန်မှုက
အခုထိ နှလုံးသားမှာ
ရှတတကျန်ရှိနေတုန်းပါပဲ….
အနမ်းလေးတွေကလဲ
ရင်ထဲမှာ ရင်ခုန်သံတွေနဲု့အတူ
အသက်ရှင်ဆဲ…………။
ဖက်တွယ်ပွေ့ပိုက်မှုရဲ့
နွေးထွေးခြင်းဟာ အခုထိတိုင်
ဆောင်းကာလအတွက် ခြုံလှုံစရာကင်းစေတယ်…။
………………………………………
ဪ…အတိတ်ဆိုတော့
ပစ္စုပ္ပန်မှာ တိတ်ဆိတ်ငြိမ်သက်နေပါပြီလေ…။
ဒါကြောင့် ပစ္စုပ္ပန်အခြေအနေအရ
ဒဏ္ဏာရီအတွေးထဲက
ဒဏ္ဏရီတစ်ပုဒ်ပါ..။.။…
မော်ကွန်းတင်လောက်သည့်
တိုင်အောင် မဆိုတဲ့
စကားလုံးလေးကတော့…
Thursday, March 25, 2010
“မဆီမဆိုင်စကားလုံးတွေနဲ့ ကဗျာ”
ကြမ်းပြင်ပေါ်မှာ ငါ့အချိန်နာရီတွေ
ဖြန့်ကြဲကာ ရှုပ်ပွနေလေရဲ့...။
နံရံတွေ ပေါ်မှာလည်း
ငါ့စကားလုံးတွေ မဝံမရဲပါ
ပုန်းကြခွေနေတဲ့ အဖြစ်ကို
အချစ်သံနဲ့ ထုရိုက်ကာ
ချိတ်ဆွဲထားနေဆဲ...။
ခံစားချက်အကြောတွေ
ကတက်မှ ပြောလက်စနဲ့
ပြောရရင်ဖြင့် ငါ့အတွေးတွေက
လေဟာနယ်ထဲ ဝဲနေရာက
ယိုရွဲကာ ပေါက်ပြဲနေတဲ့
မိုးမျက်နှာကြက်ခပ်စုတ်စုတ်ကနေ
excuse me လို့တောင် ခွင့်မပန်ဘဲ
ငါ့ဦးဏှောက်ထဲကို
ဟဲ့..ပလုတ်တုတ်လို့
အာမေဋိတ်စွဲရလောက်အောင်
တိုးဝင်လာခဲ့.။
ဒီအကြောင်းတွေဟာလည်း
ငါ့အတွက် နိစ္စဓူဝမဟောင်းနွမ်းတဲ့
အကြောင်းထူးထူးဆန်းဆန်းတွေပါပဲ...။
ဒါကြောင့်လည်း အချိန်ရှိတိုင်း
ငါ့အသွးအသားတွေက
သွေးရူးသွေးတန်းနဲ့ အော်နေတာပေါ့..။
ကဲ...ဇာတ်လမ်းအဆုံးမှာတော့
မဆီမဆိုင်ငါပြောလိုက်ချင်တာက
သွေးလမ်းမှာ ပြေးနမ်းစရာ
ချစ်သူ့ပါးလေး အခုငါ့ဖင်ထိုင်ခုံအောက်မှာ...။
ဖြန့်ကြဲကာ ရှုပ်ပွနေလေရဲ့...။
နံရံတွေ ပေါ်မှာလည်း
ငါ့စကားလုံးတွေ မဝံမရဲပါ
ပုန်းကြခွေနေတဲ့ အဖြစ်ကို
အချစ်သံနဲ့ ထုရိုက်ကာ
ချိတ်ဆွဲထားနေဆဲ...။
ခံစားချက်အကြောတွေ
ကတက်မှ ပြောလက်စနဲ့
ပြောရရင်ဖြင့် ငါ့အတွေးတွေက
လေဟာနယ်ထဲ ဝဲနေရာက
ယိုရွဲကာ ပေါက်ပြဲနေတဲ့
မိုးမျက်နှာကြက်ခပ်စုတ်စုတ်ကနေ
excuse me လို့တောင် ခွင့်မပန်ဘဲ
ငါ့ဦးဏှောက်ထဲကို
ဟဲ့..ပလုတ်တုတ်လို့
အာမေဋိတ်စွဲရလောက်အောင်
တိုးဝင်လာခဲ့.။
ဒီအကြောင်းတွေဟာလည်း
ငါ့အတွက် နိစ္စဓူဝမဟောင်းနွမ်းတဲ့
အကြောင်းထူးထူးဆန်းဆန်းတွေပါပဲ...။
ဒါကြောင့်လည်း အချိန်ရှိတိုင်း
ငါ့အသွးအသားတွေက
သွေးရူးသွေးတန်းနဲ့ အော်နေတာပေါ့..။
ကဲ...ဇာတ်လမ်းအဆုံးမှာတော့
မဆီမဆိုင်ငါပြောလိုက်ချင်တာက
သွေးလမ်းမှာ ပြေးနမ်းစရာ
ချစ်သူ့ပါးလေး အခုငါ့ဖင်ထိုင်ခုံအောက်မှာ...။
Wednesday, March 24, 2010
“သခါင်္ရရယ် မင်းကိုတော့ ဆလံပေးပါတယ်”
သစ်ရွက်တစ်ရွက်တော့
လေခြွေလို့ ကြွေသွားပြန်ပါရောလား...
လူတစ်ယောက်တော့
အသေစေလို့ သေသွားပြန်ပါရောလား..
အမွတ္တမဲ့ သခါၤရသေဘာကို
ဆောင်ပြီးတော့ပေါ့လေ..။
...................
ဩော်......သစ်ရွက်တွေ
ကြွေစေတဲ့ လေပြေရယ်
ဘာအငြိုးများရှိလို့ ခြွေရတာလဲ...
နောက်...
သေစေ.... တဲ့...မမြင်နိုင်တဲ့
ပစ္စုပ္ပန်ပဲ့တင်သံအောက်မှာ
အမိန့်သံခပ်ရိုင်းရိုင်းကို
ဘာကြောင့်များစေရတာလဲ
အချိန်ရယ်...။
အေးပေါ့လေ..
သခါၤရသေဘာတရားကို
မင်း..အမှတ်တမဲ့ဆိုတဲ့
လက်နက်အားပြုပြီး
ကျေပွန်စွာတာဝန်ထမ်းဆောင်နေတာပဲ..။
အင်း...ငါမတတ်နိုင်တဲ့အဆုံး
မင်းတာဝန်ကျေပါတယ်လို့တော့
ပြောရမှာပဲ...။
ကဲပါ...အချိန်နဲ့ လေမင်းရယ်
အဲဒီတာဝန်ကျေပွန်မှုကြီးကို
လူတော်လေးတွေ၊ လူကောင်းလေးတွေဆီမှာ
ပန်းဖူးပန်းငုံလေးတွေဆီမှာ၊
လန်းဆန်းနေတဲ့ သစ်ရွက်စိုတွေဆီမှာ
မလုပ်ဖို့ ငါတောင်းဆိုချင်ပေမဲ့လည်း
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
တာဝန်ကျေချင်တဲ့ မင်းတို့ရဲ့
စိတ်ဓာတ်ကို ငါလက်မြှောက်ဆလံပေးလိုက်ပါပြီကွာ...။..။.။။။
လေခြွေလို့ ကြွေသွားပြန်ပါရောလား...
လူတစ်ယောက်တော့
အသေစေလို့ သေသွားပြန်ပါရောလား..
အမွတ္တမဲ့ သခါၤရသေဘာကို
ဆောင်ပြီးတော့ပေါ့လေ..။
...................
ဩော်......သစ်ရွက်တွေ
ကြွေစေတဲ့ လေပြေရယ်
ဘာအငြိုးများရှိလို့ ခြွေရတာလဲ...
နောက်...
သေစေ.... တဲ့...မမြင်နိုင်တဲ့
ပစ္စုပ္ပန်ပဲ့တင်သံအောက်မှာ
အမိန့်သံခပ်ရိုင်းရိုင်းကို
ဘာကြောင့်များစေရတာလဲ
အချိန်ရယ်...။
အေးပေါ့လေ..
သခါၤရသေဘာတရားကို
မင်း..အမှတ်တမဲ့ဆိုတဲ့
လက်နက်အားပြုပြီး
ကျေပွန်စွာတာဝန်ထမ်းဆောင်နေတာပဲ..။
အင်း...ငါမတတ်နိုင်တဲ့အဆုံး
မင်းတာဝန်ကျေပါတယ်လို့တော့
ပြောရမှာပဲ...။
ကဲပါ...အချိန်နဲ့ လေမင်းရယ်
အဲဒီတာဝန်ကျေပွန်မှုကြီးကို
လူတော်လေးတွေ၊ လူကောင်းလေးတွေဆီမှာ
ပန်းဖူးပန်းငုံလေးတွေဆီမှာ၊
လန်းဆန်းနေတဲ့ သစ်ရွက်စိုတွေဆီမှာ
မလုပ်ဖို့ ငါတောင်းဆိုချင်ပေမဲ့လည်း
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
တာဝန်ကျေချင်တဲ့ မင်းတို့ရဲ့
စိတ်ဓာတ်ကို ငါလက်မြှောက်ဆလံပေးလိုက်ပါပြီကွာ...။..။.။။။
“ဥဩသံတွေကြားက အိမ်အလွမ်း”
ငါအိပ်မက်တွေတိုင်းက
အိမ်ပြန်ဖို့ ဆော်ဩကာ
ငါအိမ်ပြန်မယ့်အရေးတွေးရင်း
အပျော်စောခဲ့တဲ့ နေ့တွေအချိန်တွေ
ဟာလည်း မရေမတွက်
နိုင်တော့လောက်အောင်ပါပဲ..။
မီးရထားဥဩသံကြီးကြားတိုင်း....
လေယာဉ်ပျံခေါင်းပေါ်
ခွင့်ပြုချက်မဲ့တစ်ဖက်သတ်စွန်းရောက်
လွမ်းမိုးသွားတိုင်း...
လူမှုရေးနားမလည်
တအားဆူတယ်ပြောထိုက်တဲ့
ကားဟွန်းတီးသံတွေကြားတိုင်း...
အိမ်လွမ်းသူအဖြစ်
အိမ်ပြန်ချင်လို့ ညိုမိုင်းနေတဲ့
ကိုယ့်မျက်နှာကိုယ်တောင် ပြန်သနားမိတယ်.။
...........................
ဟူး...အိမ်ပြန်လို့ မရအောင်ချည်နှောင်ထားဆဲ
ထက်ရှတတ်တဲ့ အခြေအနေကြိုးတွေကြားက
ရုန်းထွက်တတ်လွန်းလို့
ရင်မှာဒဏ်ရာတွေဟာ
ပြောပြစရာမကောင်းလောက်အောင်
ပွန်းပဲ့ကာ ထိရှခဲ့ပါပြီ...။
.....................
မြင်မကောင်း ကြားမကောင်း
ဒီနာကျင်စရာ ဒဏ်ရာတွေကို
နာကျင်စွာပွေ့ပိုက်ထားတဲ့
ငါအိမ်လွမ်းသူတစ်ယောက်
အိမ်မက်များထဲ လမ်းပျောက်လို့ လမ်းရှာ
ဥဩသံ၊ ဟွန်းသံ၊ လေယာဉ်သံတွေထဲမှာ
မျောလွင့်ကာ...
ခြေလှမ်းသစ်တွေက
တွေးနေကျအတွေးလေးတွေကိုပဲ
ဆုပ်ကိုင်ထားတာ...
ဒီတော့ ငါဟာ အခုချိန်ထိတိုင်
အိမ်မပြန်နိုင်သူ...။..။.။။။
အိမ်ပြန်ဖို့ ဆော်ဩကာ
ငါအိမ်ပြန်မယ့်အရေးတွေးရင်း
အပျော်စောခဲ့တဲ့ နေ့တွေအချိန်တွေ
ဟာလည်း မရေမတွက်
နိုင်တော့လောက်အောင်ပါပဲ..။
မီးရထားဥဩသံကြီးကြားတိုင်း....
လေယာဉ်ပျံခေါင်းပေါ်
ခွင့်ပြုချက်မဲ့တစ်ဖက်သတ်စွန်းရောက်
လွမ်းမိုးသွားတိုင်း...
လူမှုရေးနားမလည်
တအားဆူတယ်ပြောထိုက်တဲ့
ကားဟွန်းတီးသံတွေကြားတိုင်း...
အိမ်လွမ်းသူအဖြစ်
အိမ်ပြန်ချင်လို့ ညိုမိုင်းနေတဲ့
ကိုယ့်မျက်နှာကိုယ်တောင် ပြန်သနားမိတယ်.။
...........................
ဟူး...အိမ်ပြန်လို့ မရအောင်ချည်နှောင်ထားဆဲ
ထက်ရှတတ်တဲ့ အခြေအနေကြိုးတွေကြားက
ရုန်းထွက်တတ်လွန်းလို့
ရင်မှာဒဏ်ရာတွေဟာ
ပြောပြစရာမကောင်းလောက်အောင်
ပွန်းပဲ့ကာ ထိရှခဲ့ပါပြီ...။
.....................
မြင်မကောင်း ကြားမကောင်း
ဒီနာကျင်စရာ ဒဏ်ရာတွေကို
နာကျင်စွာပွေ့ပိုက်ထားတဲ့
ငါအိမ်လွမ်းသူတစ်ယောက်
အိမ်မက်များထဲ လမ်းပျောက်လို့ လမ်းရှာ
ဥဩသံ၊ ဟွန်းသံ၊ လေယာဉ်သံတွေထဲမှာ
မျောလွင့်ကာ...
ခြေလှမ်းသစ်တွေက
တွေးနေကျအတွေးလေးတွေကိုပဲ
ဆုပ်ကိုင်ထားတာ...
ဒီတော့ ငါဟာ အခုချိန်ထိတိုင်
အိမ်မပြန်နိုင်သူ...။..။.။။။
Tuesday, March 23, 2010
ငါ့အနုပညာ
အနုပညာဆိုတာ...
စက္ကန့်လေးမှာတောင်
ပေါက်ဖွားလာတတ်တယ်..။
သက်တံ့တစ်ကန့်အဆင်းမှာတောင်
မိုးတစ်ထောက်ဖျားရွာသလိုပေါ့..။
...........................
ငါတော့...
သေတဲ့အထိ
အနုပညာကို မထီမဲ့မြင်ပြုနေသူတို့အဖို့
သူတို့စိတ်ဓာတ်အနုပညာကို
လေးစားတန်ဖိုးထားတတ်အောင်
ပဲ့ပြင်မလို့ ဆုံးဖြတ်လိုက်ပြီ...
ဒီတော့...
ငါဟာ အနုပညာအောက်က
အတ္တနဲ့ တစ်ယူသန်စိတ်ကို
ပိုက်ထွေးရင်း.....
စက္ကန့်လေးမှာတောင်
ပေါက်ဖွားလာတတ်တယ်..။
သက်တံ့တစ်ကန့်အဆင်းမှာတောင်
မိုးတစ်ထောက်ဖျားရွာသလိုပေါ့..။
...........................
ငါတော့...
သေတဲ့အထိ
အနုပညာကို မထီမဲ့မြင်ပြုနေသူတို့အဖို့
သူတို့စိတ်ဓာတ်အနုပညာကို
လေးစားတန်ဖိုးထားတတ်အောင်
ပဲ့ပြင်မလို့ ဆုံးဖြတ်လိုက်ပြီ...
ဒီတော့...
ငါဟာ အနုပညာအောက်က
အတ္တနဲ့ တစ်ယူသန်စိတ်ကို
ပိုက်ထွေးရင်း.....
Subscribe to:
Posts (Atom)