နူးနူးညံ့ညံ့ တောင်းဆိုချက်
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Thursday, April 8, 2010
“အတ္တမဲ့သော…ကဗျာတစ်ပုဒ်၏ အဖွင့်”
“ကမ္ဘာသစ်လေးတွေအတွက်…….”
အမည်မဖော်နိုင်တဲ့
အကြောင်းပြချက်ခပ်ရိုင်းရိုင်းတစ်ခုနဲ့
အချိန်တစ်ခုကို အဓိပ္ပာယ်မရှိအောင်
ပုံသွင်းကာ
အားမာန်ပြည့်နေတဲ့ စိတ်တွေရယ်
ထိသွားအောင် တစ်ခဏနဲ့
ပစ္စုပ္ပန်ဆိုးကို အယုံသွင်းတာ….။
………………………
ဖြစ်ပြီးရင် ပျက်ကြရိုးထုံးစံအတိုင်း….
အရာအားလုံးအတွက်
ဖြစ်ပြီးတဲ့နောက်မှာ…..
……………………………
အားမာန်ပြည့်နေတဲ့ စိတ်ဓာတ်တွေ၊
လောကဓံကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေတဲ့
လက်တွေ၊
ကြုံလာတဲ့ ဒုက္ခသောကတွေကို
ကြုံသလို မိတ်ဖွဲ့ခင်မင်တတ်တဲ့
ခြေလှမ်းတွေ
(အားလုံး)အားလုံးကို
နေဝင်ချိန်တစ်ချိန်လောက်သာရှိတဲ့
ကပ်ဆိုး(အချိန်ဆိုး)ကြီးတစ်ခဏသာလေးက
အတင်းအဓမ္မ သိမ်းယူသွားခဲ့ပြီ…။
……………………………
မျှော်လင့်ချက်ကင်းမဲ့နေတဲ့ လက်တွေနဲ့
မျက်ရည်အကြည့်တွေကိုသာ ရင်ခွင်စုံပိုက်ကာ
ကောင်းကင်တစ်ဆုံးကို မျှော်လင့်ချက်တွေ
တောင်းနေတဲ့ မိဘမဲ့ကလေးတွေ၊
ခံပြင်းမှုနာကျင်မှုတွေကို မတတ်သာ
ဖိတ်ခေါ်ထားကာ ရှုံ့မဲ့မဲ့မျက်နှာလေးတွေရဲ့ ပိုင်ရှင်
(ဒုက္ခိတ) သင်္ခါရရဲ့ ကလေးငယ်တွေ…
သူတို့ရဲ့ အကြည့်တွေမှာ…
သူတို့ရဲ့ စိတ်တွေမှာ…
သူတို့ရဲ့ လက်တွေမှာ…
ရှိသမျှအားအင်တွေ ပျက်သုဉ်းနေပြီ…
မျှော်လင့်ခြင်းတွေ အရောင်မဲ့နေပြီ…
မျှော်လင့်စရာကောင်းကင်တွေ..
တိမ်တိုက်တွေ သူတို့အတွက်ဆုံးပါးသွားပြီ….။
……………………………………
ငါတို့….ပျက်သုဉ်းသွားတဲ့ သူတို့ရဲ့ မျှော်လင့်ခြင်းတွေကို
အရောင်ပြန်ဆိုးကာ အသက်ပြန်သွင်းပေးကြမယ်ဆိုရင်…………
ကြင်နာတဲ့ငါတို့လက်တွေနဲ့ သူတို့ကောင်းကင်တွေကို
တည်ဆောက်ပေးရအောင်လား….
ကြင်နာလဲ့ဝေတဲ့ အကြည့်တွေနဲ့
သူတို့အတွက်
အားမာန်တိမ်တိုက်တွေ ဖန်ဆင်းပေးရအောင်လား…
တတ်နိုင်သမျှကူညီမှုတွေနဲ့
သူတို့ဘဝတွေရဲ့ ရဲတိုက်ကြီးတွေအဖြစ်တိုက်ပွဲဝင်ကြစို့လား…
လာပါ…
သူတို့ အနာဂတ်တွေကို လှပအောင်
ထုဆစ်ပေးကြရအောင်လား…..
ပျောက်ဆုံးနေတဲ့ သူတို့ရဲ့
ပင်ကိုယ်အရည်အချင်းလေးတွေကို
ကူညီမှုတွေနဲ့ တူးဖော်ဖွေရှာကြစို့လား…
ငါတို့မှာ ဘာရှိသလဲ….
ဘာမှမရှိရင်တောင်မှ
အကြင်နာစကားလုံးမြှားတွေနဲ့
သူတို့ ညှိုးငယ်ခြင်းဖုတ်ကောင်တွေကို
အသေပစ်သတ်ကြစို့လား…
ထမင်းတစ်လုတ်အတွက်
မျက်ရည်ပေါင်းမြောက်များစွာနဲ့
ဝယ်ယူရတဲ့ သူတို့ဘဝငယ်လေးတွေ…….
သူတို့မှာ ဆက်သင့်တဲ့အနာဂတ်တွေများစွာရှိပါတယ်…
မျက်ရည်အဆိပ်တွေနဲ့
သူတို့ဘဝပျက်သုဉ်းမယ့်အရေး
ငါတို့ တွေးရုံပဲ တွေးနေရမှာလား…
မျက်ရည်အဆိပ်သင့်နေတဲ့
သူတို့ဘဝတွေ ကယ်တင်စို့လား…
ငါတို့သာ ကယ်တင်မယ်ဆိုရင်…
သူတို့ကောင်းကင်တွေတဖန်လင်းလက်လာမှာပါ…
သူတို့အနာဂတ်တွေ တဖန်အသက်ပြန်ဝင်လာမှာပါ…
အဆိပ်သင့်နေတဲ့ သူတို့မျက်ရည်မြစ်တွေ
ခြောက်ခမ်းသွားမှာပါ…
သူတို့ရဲ့ သက်တံရောင် အရည်အချင်းလေးတွေက
မိုးကုပ်စက်ဝိုင်းအသွင်ရှိနေတဲ့
စိတ်ဓာတ်တွေကနေ ပေါ်ထွက်လာပြီး
လူတွေအတွက် အကျိုးရှိလာမှာပါ…
အကျိုးရှိရင် ဒီကမ္ဘာကြီးထဲရှိရှိသမျှ
အဆိပ်သင့်မျက်ရည်မြစ်တွေ၊
သေဆုံးနေတဲ့ မျက်ရည်ညတွေ
ခြောက်လွန်ကုန်ခမ်းသွားမှာပါ…ဒီတော့
သူတို့ဆီကနေ လှပစိုပြေတဲ့
ကမ္ဘာသစ်လေးတွေ လုံးဝကို
ဖွဲ့စည်းလာနိုင်မှာပါ…
ကဲ….ဒီကမ္ဘာသစ်လေးတွေအတွက်……
“သံစဉ်မဲ့ မျက်ရည်ရထားများ”
ကောင်းကင်ပေါ်ကို အတင်းအဓမ္မ
ဘယ်သူမှ မဖိတ်ခေါ်ဘဲ
ထိုးတက်လို့
လေထုရဲ့ သန့်ရှင်းမှုလေး
ကျိုးပျက်ဖို့ အတွက်ပါ...
အသက်စေ့ငွေ
တပျူပျူနဲ့ သင်္ခါရတရားကို
မျက်နှာမူပြီး သေခြင်းဖိတ်စာကို
လက်ကိုင်ထားကာ
ထားခဲ့သူတို့ရဲ့ ရင်ညိုးရက်လို့ကွာ..
ဘယ်သူမှ မလွန်ဆန်နိုင်ဘူး..
အမှတ်တမဲ့နဲ့ အမှတ်တရငိုယိုပူဆွေးမှုလေးတွေ
ဖြစ်ပေါ်အောင်
စွမ်းဆောင်နိုင်ခဲ့...စွမ်းဆောင်နိုင်ဆဲ..
ရှေ့ဆက်ပြီးလည်း စွမ်းဆောင်နိုင်ဦးမယ်..
ပရိဒေဝသောကမီးများသခင်
လို့တောင် တင်စားထိုက်သူရယ်...
မင်းရဲ့ အမှတ်တမဲ့လေးအတွက်
ငါတို့မှာ မျက်ရည်မြေခ
နာကျင်မှုတွေ စားသုံးလို့
ဝရတယ်...။..
ဒီတော့ မင်းအစားလောကကြီးအပေါ်
ငါပြောပါရစေနော်...
“ကိုယ်ပြန်မလာနိုင်တဲ့
လူ့လောကကြီးနဲ့ အနီးဆုံးနေရာကို
သွားတဲ့အခါ မျက်ရည်ရထားတွေ
ကုတို့ခမထား ဆိုင်ဆိုင်မြိုင်မြိုင်ရစေဖို့
အတတ်နိုင်ဆုံးလူ့လောကကြီးမှာ
လူသားတွေအတွက်ရော..၊
ကိုယ့်အတွက်ရော အကျိုးရှိအောင်
နေထိုင်ပါ”......လို့...။
တကယ်တော့လေ မှတ်ထားဖို့က
ဘဝမှာ ကိုယ်နေချင်သလောက်
ဝဝလင်လင်နေထိုင်ပြီးရင်
အမြတ်ဆုံးလောကကြီးထဲက
ထွက်ခွာနည်းကတော့
အများအကျိုးအတွက် ထွက်ခွာတာပါပဲ..
မြတ်လည်း မြတ်တယ်..။
ကိုယ့်အတွက် မျက်ရည်ရထားတွေလည်း
တိုးတယ်...။
ကဲ...သင်္ခါရတရား...
ကဗျာတစ်ပုဒ်နဲ့ငါ...
စံပြထားပါရစေ...
Tuesday, April 6, 2010
အမေ့ အတွက်ပါ
အမေပြခဲ့ တဲ့ အမှန်တရားတိုင်းအတွက်
စိန်တန်ဆင်ဆာတွေသာ အမေ့ ကိုပေးနိုင်ခဲ့ မယ်ဆိုရင်...
သမီးအတွက်ကျခဲ့ တဲ့ မျက်ရည်တိုင်းအတွက်
ပုလဲလုံးလေးတွေသာအမေ့ ကိုဆင်နိုင်ခဲ့ မယ်ဆိုရင်....
သမီးကြောင့် ရခဲ့ တဲ့ နှလုံးသားနာကျင်မှုတိုင်းအတွက်
ပတ်တမြားတွေသာအမေ့ ကိုပေးနိုင်ခဲ့မယ်ဆိုရင်...
ခမ်းနားကြီးကျယ်တဲ့  ၇တနာသိုက်တစ်ခုကိုအမေပိုင်ဆိုင်နိုင်တော့ မှာပါ
အမေ့ မျက်ဝန်းတွေနဲ့ ထပ်တူညီစွာ
တောက်ပတဲ့ ရတနာသိုက်တစ်ခုလေ။
ဒါပေမဲ့အမေရယ်..
သမီးမှာအဲဒါတွေတစ်ခုမှမရှိပါဘူး
သမီးပေးနိုင်တဲ့  အရာတွေထဲကအဖိုးတန်ဆုံးအဇြစ်
နွေးထွေးတဲ့ ချစ်ခြင်း
ပြင်းပြတဲ့  ဆန်ဒနဲ့ ဆုတောင်းတွေကသာ
အမေ့ အတွက်ပါအမေ
ဒိမ်ပီး(ဒဂုံကွန်ပျူတာသိပ္ပံဘွဲ့လွန်ကျောင်းသူ)
"To You"
But I will ask you no more than you can give in return
I fall in love with you with your own interest...
I will not try to change you in any way
I am so dare to face the changes having you by my side
and make our relationship alive and exciting
I'll let you see all my beings through my personal windows
I won't let be there any secret and twist for you
I promise you to make
my love ...
my wishes...
and all things that I can give you,..
Alive and getting stronger
Till death do us apart
Dim Pi (Aunt of this blog's owner)
(studying Computer Science at Dagon university)
“အနမ်းသခင်ရဲ့ မြင်လှည့်ကြင်တော်မူပါ...”
သခင်မဲ့ ကြောင်လေကြောင်လွင့်
တစ်ကောင်လို
ဘာမှမသိရှာတဲ့ နှလုံးသားကို
ပွတ်သီးပွတ်သတ်နဲ့
ရင်ခုန်သံတွေကို
မသိမသာဖဲ့ကာ ရန်ရှာနေတော့ကာ
သခင်မဲ့တဲ့ ဒီနှလုံးသားတစ်ခုလည်း
အယုအယလက်များငတ်နေတာမို့
ချစ်မိခဲ့ပါတယ်...
......................
ဘယ်လောက်ထိချစ်ရမလဲ...
ဆိုတဲ့ မေးခွန်းကို
အမှတ်တမဲ့အနမ်းတွေက
ဗေဒင်ဆရာ(သို့)
အကြားအမြင်ဆရာတွေအဖြစ်
ရင်ခုန်သံတစ်ခုရဲ့ ချစ်နိုင်စွမ်းအကွာအဝေးကို
မမှန်းဆနိုင်တော့
ရင်ခုန်သံတွေကို နှစ်သိမ့်ပေးတဲ့
စကားလုံးတွေ တုပ်ကွေးမိခဲ့တယ်...။
.......................
ဘယ်တော့ သူ့အချစ်ကို
အကြည့်တွေနဲ့ပဲမဟုတ်ဘဲနဲ့
ပါးစပ်က ဆက်ကျော်သက်
ရှက်ဖြန်းသွေးလေးတွေ မပါဘဲ
နှုတ်က တရားဝင်အနမ်းများကို
တုံ့ပြန်စေသားလို့ ကြေညာမှာတဲ့လဲ...
မေးခွန်းလေးတွေပါ...
ဒါပေမဲ့ မျှော်လင့်ုခြင်းက
ခစားရက်ပေါ့....
..................
ဟင်း....ဖြစ်ပျက်တာတွေအားလုံးရဲ့
အဆုံးမှာ အပြုံးတွေမပါဘဲ
သက်ပြင်းနဲ့ အမြဲပြီးတတ်ပေမဲ့
ချစ်တတ်တာတွေရဲ့
အဆုံးမဟုတ်
အချစ်ရဲ့ နိဂုံး
အပြုံးတွေရဲ့ အစမှာ ငါ
သက်ပြင်းတစ်ရှိုက်နဲ့သာ......
Monday, April 5, 2010
“ပြိုင်ပွဲတစ်ခု၏ ရှိသင့်သော ဒသန”
ကစုန်ဆိုင်းနေတဲ့အချိန်
ကိုယ့်မြင်းကိုယ်စိုင်း
စစ်ကိုင်းရောက်ရောက်လို့
သဘောမထားဘဲ
ပြိုင်ပွဲတစ်ခုရဲ့ ရနံ့များ
အရသာရှိရှိနမ်းရှိုက်ဖို့ရာ
ကိုယ့်ပြိုင်ဘက်လေးတွေ
ကျရှုံးနေရင်
ပြိုင်ဘက်ကောင်းပီသဖို့ရောပ
စောင့်တန်စောင့်မှာပါ..။
နွေမနက်ခင်းတစ်ခုရဲ့
အရသာခပ်ရှိန်းရှိန်းအတက်အဆင
သူတို့နဲ့ အတူခံစားမှ
ကိုယ်လည်း ပြိုင်ဘက်တစ်ယောက်ပီသ
သူလည်း ပြိုင်ဘက်ကောင်းတစ်ယောက်ကို
လေးစားမှာ...
သူကျရှုံနေတဲ့အခါ တွဲထူမှာ..
သူလဲပြိုနေတဲ့အခါ
ဖေးမမှာ...
သူအားနည်းတဲ့အခါ အနိုင်မယူပါ..
အဘယ်ကြောင့်ဆိုသော်..
မုဆိုးကောင်းဟူသည်
အိပ်နေသော သားကောင်
အားနည်းနေသော သားကောင်
ချောင်းပစ်ရိုးထုံးစံမရှိသက
ပြိုင်ဘက်ကောင်းတစ်ယောက်သည်
လဲပြိုအားနည်းရှုံးနိမ့်နေသေ
ပြိုင်ဘက်တစ်ယောက်ကို
အနိုင်မယူ......။..။.။။။