ကြမ်းပြင်ပေါ်မှာ ငါ့အချိန်နာရီတွေ
ဖြန့်ကြဲကာ ရှုပ်ပွနေလေရဲ့...။
နံရံတွေ ပေါ်မှာလည်း
ငါ့စကားလုံးတွေ မဝံမရဲပါ
ပုန်းကြခွေနေတဲ့ အဖြစ်ကို
အချစ်သံနဲ့ ထုရိုက်ကာ
ချိတ်ဆွဲထားနေဆဲ...။
ခံစားချက်အကြောတွေ
ကတက်မှ ပြောလက်စနဲ့
ပြောရရင်ဖြင့် ငါ့အတွေးတွေက
လေဟာနယ်ထဲ ဝဲနေရာက
ယိုရွဲကာ ပေါက်ပြဲနေတဲ့
မိုးမျက်နှာကြက်ခပ်စုတ်စုတ်ကနေ
excuse me လို့တောင် ခွင့်မပန်ဘဲ
ငါ့ဦးဏှောက်ထဲကို
ဟဲ့..ပလုတ်တုတ်လို့
အာမေဋိတ်စွဲရလောက်အောင်
တိုးဝင်လာခဲ့.။
ဒီအကြောင်းတွေဟာလည်း
ငါ့အတွက် နိစ္စဓူဝမဟောင်းနွမ်းတဲ့
အကြောင်းထူးထူးဆန်းဆန်းတွေပါပဲ...။
ဒါကြောင့်လည်း အချိန်ရှိတိုင်း
ငါ့အသွးအသားတွေက
သွေးရူးသွေးတန်းနဲ့ အော်နေတာပေါ့..။
ကဲ...ဇာတ်လမ်းအဆုံးမှာတော့
မဆီမဆိုင်ငါပြောလိုက်ချင်တာက
သွေးလမ်းမှာ ပြေးနမ်းစရာ
ချစ်သူ့ပါးလေး အခုငါ့ဖင်ထိုင်ခုံအောက်မှာ...။
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Thursday, March 25, 2010
Wednesday, March 24, 2010
“သခါင်္ရရယ် မင်းကိုတော့ ဆလံပေးပါတယ်”
သစ်ရွက်တစ်ရွက်တော့
လေခြွေလို့ ကြွေသွားပြန်ပါရောလား...
လူတစ်ယောက်တော့
အသေစေလို့ သေသွားပြန်ပါရောလား..
အမွတ္တမဲ့ သခါၤရသေဘာကို
ဆောင်ပြီးတော့ပေါ့လေ..။
...................
ဩော်......သစ်ရွက်တွေ
ကြွေစေတဲ့ လေပြေရယ်
ဘာအငြိုးများရှိလို့ ခြွေရတာလဲ...
နောက်...
သေစေ.... တဲ့...မမြင်နိုင်တဲ့
ပစ္စုပ္ပန်ပဲ့တင်သံအောက်မှာ
အမိန့်သံခပ်ရိုင်းရိုင်းကို
ဘာကြောင့်များစေရတာလဲ
အချိန်ရယ်...။
အေးပေါ့လေ..
သခါၤရသေဘာတရားကို
မင်း..အမှတ်တမဲ့ဆိုတဲ့
လက်နက်အားပြုပြီး
ကျေပွန်စွာတာဝန်ထမ်းဆောင်နေတာပဲ..။
အင်း...ငါမတတ်နိုင်တဲ့အဆုံး
မင်းတာဝန်ကျေပါတယ်လို့တော့
ပြောရမှာပဲ...။
ကဲပါ...အချိန်နဲ့ လေမင်းရယ်
အဲဒီတာဝန်ကျေပွန်မှုကြီးကို
လူတော်လေးတွေ၊ လူကောင်းလေးတွေဆီမှာ
ပန်းဖူးပန်းငုံလေးတွေဆီမှာ၊
လန်းဆန်းနေတဲ့ သစ်ရွက်စိုတွေဆီမှာ
မလုပ်ဖို့ ငါတောင်းဆိုချင်ပေမဲ့လည်း
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
တာဝန်ကျေချင်တဲ့ မင်းတို့ရဲ့
စိတ်ဓာတ်ကို ငါလက်မြှောက်ဆလံပေးလိုက်ပါပြီကွာ...။..။.။။။
လေခြွေလို့ ကြွေသွားပြန်ပါရောလား...
လူတစ်ယောက်တော့
အသေစေလို့ သေသွားပြန်ပါရောလား..
အမွတ္တမဲ့ သခါၤရသေဘာကို
ဆောင်ပြီးတော့ပေါ့လေ..။
...................
ဩော်......သစ်ရွက်တွေ
ကြွေစေတဲ့ လေပြေရယ်
ဘာအငြိုးများရှိလို့ ခြွေရတာလဲ...
နောက်...
သေစေ.... တဲ့...မမြင်နိုင်တဲ့
ပစ္စုပ္ပန်ပဲ့တင်သံအောက်မှာ
အမိန့်သံခပ်ရိုင်းရိုင်းကို
ဘာကြောင့်များစေရတာလဲ
အချိန်ရယ်...။
အေးပေါ့လေ..
သခါၤရသေဘာတရားကို
မင်း..အမှတ်တမဲ့ဆိုတဲ့
လက်နက်အားပြုပြီး
ကျေပွန်စွာတာဝန်ထမ်းဆောင်နေတာပဲ..။
အင်း...ငါမတတ်နိုင်တဲ့အဆုံး
မင်းတာဝန်ကျေပါတယ်လို့တော့
ပြောရမှာပဲ...။
ကဲပါ...အချိန်နဲ့ လေမင်းရယ်
အဲဒီတာဝန်ကျေပွန်မှုကြီးကို
လူတော်လေးတွေ၊ လူကောင်းလေးတွေဆီမှာ
ပန်းဖူးပန်းငုံလေးတွေဆီမှာ၊
လန်းဆန်းနေတဲ့ သစ်ရွက်စိုတွေဆီမှာ
မလုပ်ဖို့ ငါတောင်းဆိုချင်ပေမဲ့လည်း
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
တာဝန်ကျေချင်တဲ့ မင်းတို့ရဲ့
စိတ်ဓာတ်ကို ငါလက်မြှောက်ဆလံပေးလိုက်ပါပြီကွာ...။..။.။။။
“ဥဩသံတွေကြားက အိမ်အလွမ်း”
ငါအိပ်မက်တွေတိုင်းက
အိမ်ပြန်ဖို့ ဆော်ဩကာ
ငါအိမ်ပြန်မယ့်အရေးတွေးရင်း
အပျော်စောခဲ့တဲ့ နေ့တွေအချိန်တွေ
ဟာလည်း မရေမတွက်
နိုင်တော့လောက်အောင်ပါပဲ..။
မီးရထားဥဩသံကြီးကြားတိုင်း....
လေယာဉ်ပျံခေါင်းပေါ်
ခွင့်ပြုချက်မဲ့တစ်ဖက်သတ်စွန်းရောက်
လွမ်းမိုးသွားတိုင်း...
လူမှုရေးနားမလည်
တအားဆူတယ်ပြောထိုက်တဲ့
ကားဟွန်းတီးသံတွေကြားတိုင်း...
အိမ်လွမ်းသူအဖြစ်
အိမ်ပြန်ချင်လို့ ညိုမိုင်းနေတဲ့
ကိုယ့်မျက်နှာကိုယ်တောင် ပြန်သနားမိတယ်.။
...........................
ဟူး...အိမ်ပြန်လို့ မရအောင်ချည်နှောင်ထားဆဲ
ထက်ရှတတ်တဲ့ အခြေအနေကြိုးတွေကြားက
ရုန်းထွက်တတ်လွန်းလို့
ရင်မှာဒဏ်ရာတွေဟာ
ပြောပြစရာမကောင်းလောက်အောင်
ပွန်းပဲ့ကာ ထိရှခဲ့ပါပြီ...။
.....................
မြင်မကောင်း ကြားမကောင်း
ဒီနာကျင်စရာ ဒဏ်ရာတွေကို
နာကျင်စွာပွေ့ပိုက်ထားတဲ့
ငါအိမ်လွမ်းသူတစ်ယောက်
အိမ်မက်များထဲ လမ်းပျောက်လို့ လမ်းရှာ
ဥဩသံ၊ ဟွန်းသံ၊ လေယာဉ်သံတွေထဲမှာ
မျောလွင့်ကာ...
ခြေလှမ်းသစ်တွေက
တွေးနေကျအတွေးလေးတွေကိုပဲ
ဆုပ်ကိုင်ထားတာ...
ဒီတော့ ငါဟာ အခုချိန်ထိတိုင်
အိမ်မပြန်နိုင်သူ...။..။.။။။
အိမ်ပြန်ဖို့ ဆော်ဩကာ
ငါအိမ်ပြန်မယ့်အရေးတွေးရင်း
အပျော်စောခဲ့တဲ့ နေ့တွေအချိန်တွေ
ဟာလည်း မရေမတွက်
နိုင်တော့လောက်အောင်ပါပဲ..။
မီးရထားဥဩသံကြီးကြားတိုင်း....
လေယာဉ်ပျံခေါင်းပေါ်
ခွင့်ပြုချက်မဲ့တစ်ဖက်သတ်စွန်းရောက်
လွမ်းမိုးသွားတိုင်း...
လူမှုရေးနားမလည်
တအားဆူတယ်ပြောထိုက်တဲ့
ကားဟွန်းတီးသံတွေကြားတိုင်း...
အိမ်လွမ်းသူအဖြစ်
အိမ်ပြန်ချင်လို့ ညိုမိုင်းနေတဲ့
ကိုယ့်မျက်နှာကိုယ်တောင် ပြန်သနားမိတယ်.။
...........................
ဟူး...အိမ်ပြန်လို့ မရအောင်ချည်နှောင်ထားဆဲ
ထက်ရှတတ်တဲ့ အခြေအနေကြိုးတွေကြားက
ရုန်းထွက်တတ်လွန်းလို့
ရင်မှာဒဏ်ရာတွေဟာ
ပြောပြစရာမကောင်းလောက်အောင်
ပွန်းပဲ့ကာ ထိရှခဲ့ပါပြီ...။
.....................
မြင်မကောင်း ကြားမကောင်း
ဒီနာကျင်စရာ ဒဏ်ရာတွေကို
နာကျင်စွာပွေ့ပိုက်ထားတဲ့
ငါအိမ်လွမ်းသူတစ်ယောက်
အိမ်မက်များထဲ လမ်းပျောက်လို့ လမ်းရှာ
ဥဩသံ၊ ဟွန်းသံ၊ လေယာဉ်သံတွေထဲမှာ
မျောလွင့်ကာ...
ခြေလှမ်းသစ်တွေက
တွေးနေကျအတွေးလေးတွေကိုပဲ
ဆုပ်ကိုင်ထားတာ...
ဒီတော့ ငါဟာ အခုချိန်ထိတိုင်
အိမ်မပြန်နိုင်သူ...။..။.။။။
Tuesday, March 23, 2010
ငါ့အနုပညာ
အနုပညာဆိုတာ...
စက္ကန့်လေးမှာတောင်
ပေါက်ဖွားလာတတ်တယ်..။
သက်တံ့တစ်ကန့်အဆင်းမှာတောင်
မိုးတစ်ထောက်ဖျားရွာသလိုပေါ့..။
...........................
ငါတော့...
သေတဲ့အထိ
အနုပညာကို မထီမဲ့မြင်ပြုနေသူတို့အဖို့
သူတို့စိတ်ဓာတ်အနုပညာကို
လေးစားတန်ဖိုးထားတတ်အောင်
ပဲ့ပြင်မလို့ ဆုံးဖြတ်လိုက်ပြီ...
ဒီတော့...
ငါဟာ အနုပညာအောက်က
အတ္တနဲ့ တစ်ယူသန်စိတ်ကို
ပိုက်ထွေးရင်း.....
စက္ကန့်လေးမှာတောင်
ပေါက်ဖွားလာတတ်တယ်..။
သက်တံ့တစ်ကန့်အဆင်းမှာတောင်
မိုးတစ်ထောက်ဖျားရွာသလိုပေါ့..။
...........................
ငါတော့...
သေတဲ့အထိ
အနုပညာကို မထီမဲ့မြင်ပြုနေသူတို့အဖို့
သူတို့စိတ်ဓာတ်အနုပညာကို
လေးစားတန်ဖိုးထားတတ်အောင်
ပဲ့ပြင်မလို့ ဆုံးဖြတ်လိုက်ပြီ...
ဒီတော့...
ငါဟာ အနုပညာအောက်က
အတ္တနဲ့ တစ်ယူသန်စိတ်ကို
ပိုက်ထွေးရင်း.....
ဇာတ်လမ်းတစ်ပုဒ်လို
ထားခဲ့ပြီဆိုတဲ့ အခြေအနေတစ်ခုနဲ့
မင်းပေးခဲ့တဲ့ အိပ်မက်
မင်းပဲ ပြန်ချိုးဖျက်ရုပ်သိမ်းသွား
ပြီ...။
..................
ငါ့အိပ်မက်ထဲကနေ
မင်းထွက်သွားခဲ့ပြီဖြစ်ပေမဲ့ 
ငါ့နှလုံးသားထဲမှာတော့
မင်းဟာ တည်ရှိဆဲ၊
စိုးစံမြဲ၊ စိုးစံဆဲဆိုတာ
ယုံကြည်ပေးပါ...။
..............
ငါ့အတွက်တော့လေ
မင်းငါ့ကို
အိပ်မက်တွေပေးပြီးနောက်ပိုင်း..
ငါ့စက္ကန့်တိုင်းဟာ မင်းအတွက်...
(မင်းအိပ်မက်တွေ ရုပ်သိမ်းသွားပြီး
နောက်ပိုင်းလည်း)
ရှေ့ဆက် မင်းပေးတဲ့
ရင်ခုန်သံတွေနဲ့ အသက်ဆက်ကာ
ငါ့နှလုံးသားမှာ စက္ကန့်တိုင်းမင်းကို
မွေးဖွားစေမှာပါ..။
ယုံနော်.
အကုန်ပြောရရင်..
ငါ့ဘဝစာမျက်နှာတွေအားလုံးမှာ
မင်းပေးတဲ့ ကဗျာတွေနဲ့ အတိပြီးသွားမှာ...
ရှိပြီးသားကဗျာတွေနဲ့လည်း
မလုံလောက်လို့
မင်းပုံရိပ်ငါ့အတွေးထဲ
အကုန်မပျောက်ဖို့ ရင်ခုန်သံကလောင်
တစ်လက်နဲ့ စုတ်ချက်ခပ်ပြင်းပြင်း
ဆွဲထားခွင့်ပြုပါနော်...
............
ကဲ.....
အလွမ်းဆက်ကာ
မျှော်လင့်ချက်အနမ်းတစ်လက်မှာ
ခဏသာ နှုတ်ဆက်ပါရစေဦး....
မင်းပေးခဲ့တဲ့ အိပ်မက်
မင်းပဲ ပြန်ချိုးဖျက်ရုပ်သိမ်းသွား
..................
ငါ့အိပ်မက်ထဲကနေ
မင်းထွက်သွားခဲ့ပြီဖြစ်ပေမဲ
ငါ့နှလုံးသားထဲမှာတော့
မင်းဟာ တည်ရှိဆဲ၊
စိုးစံမြဲ၊ စိုးစံဆဲဆိုတာ
ယုံကြည်ပေးပါ...။
..............
ငါ့အတွက်တော့လေ
မင်းငါ့ကို
အိပ်မက်တွေပေးပြီးနောက်ပိုင
ငါ့စက္ကန့်တိုင်းဟာ မင်းအတွက်...
(မင်းအိပ်မက်တွေ ရုပ်သိမ်းသွားပြီး
နောက်ပိုင်းလည်း)
ရှေ့ဆက် မင်းပေးတဲ့
ရင်ခုန်သံတွေနဲ့ အသက်ဆက်ကာ
ငါ့နှလုံးသားမှာ စက္ကန့်တိုင်းမင်းကို
မွေးဖွားစေမှာပါ..။
ယုံနော်.
အကုန်ပြောရရင်..
ငါ့ဘဝစာမျက်နှာတွေအားလုံးမှ
မင်းပေးတဲ့ ကဗျာတွေနဲ့ အတိပြီးသွားမှာ...
ရှိပြီးသားကဗျာတွေနဲ့လည်း
မလုံလောက်လို့
မင်းပုံရိပ်ငါ့အတွေးထဲ
အကုန်မပျောက်ဖို့ ရင်ခုန်သံကလောင်
တစ်လက်နဲ့ စုတ်ချက်ခပ်ပြင်းပြင်း
ဆွဲထားခွင့်ပြုပါနော်...
............
ကဲ.....
အလွမ်းဆက်ကာ
မျှော်လင့်ချက်အနမ်းတစ်လက်မ
ခဏသာ နှုတ်ဆက်ပါရစေဦး....
Monday, March 22, 2010
သင်ခန်းစာ
နာကျင်ခြင်းတွေကို
အချစ်စာသင်ရင်း
တလေးတစား ကဗျာများ
အဖြစ်လည်း မရေးဖွဲ့ချင်တော့ပါဘူး ..။
ဘာဖြစ်လို့လဲဆိုတော့
ငါဟာ မနေ့ညက ကြွေကျသွားတဲ့
ကြယ်နဲ့အတူ ကမ္ဘာမြေကြီးအပေါ်
သက်ဆင်းခဲ့ပြီ...။
ဒါကြောင့်ငါဟာ ခဏသာ
သေဆုံးသွားပြီ..။
ဒါပေမဲ့ မနက်ဖြန်မှာ ငါနေမင်းကြီးနဲ့အတူ
ပြန်လည်နိုးထကောင်းနိုး ထလိမ့်မယ်.။
အဲဒီအချိန်ကျ ငါ့ရင်ခုန်သံတွေ
တဖန်လှုပ်စိလှုပ်စိဖြစ် ရင်ဖြစ်မယ်.။
ဒါပေမဲ့ မသေချာပါဘူး..။
အခုချိန်မှာ ငါသေဆုံးနေတဲ့
အဖြစ်လေးပဲ သေချာတာ..။
ဒါကြောင့် နေမင်းကြီးမရှိတော့
ငါအလင်းတန်းတစ်ခုအနေနဲ့ 
လက်ရှိသေဆုံးဆဲ့ ငါ့အဖြစ်ကို
ကျေနပ်ရတော့မှာပေါ့.. ..။။။
အချစ်စာသင်ရင်း
တလေးတစား ကဗျာများ
အဖြစ်လည်း မရေးဖွဲ့ချင်တော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
ငါဟာ မနေ့ညက ကြွေကျသွားတဲ့
ကြယ်နဲ့အတူ ကမ္ဘာမြေကြီးအပေါ်
သက်ဆင်းခဲ့ပြီ...။
ဒါကြောင့်ငါဟာ ခဏသာ
သေဆုံးသွားပြီ..။
ဒါပေမဲ့ မနက်ဖြန်မှာ ငါနေမင်းကြီးနဲ့အတူ
ပြန်လည်နိုးထကောင်းနိုး
အဲဒီအချိန်ကျ ငါ့ရင်ခုန်သံတွေ
တဖန်လှုပ်စိလှုပ်စိဖြစ်
ဒါပေမဲ့ မသေချာပါဘူး..။
အခုချိန်မှာ ငါသေဆုံးနေတဲ့
အဖြစ်လေးပဲ သေချာတာ..။
ဒါကြောင့် နေမင်းကြီးမရှိတော့
ငါအလင်းတန်းတစ်ခုအနေနဲ
လက်ရှိသေဆုံးဆဲ့ ငါ့အဖြစ်ကို
ကျေနပ်ရတော့မှာပေါ့..
တိုက်ရင်းသေ
မစိန်ရဲရင်လည်း
အိမ်ထဲမှာပဲ နေခဲ့လေ...
ဘဝစစ်မြေပြင်ကြီးမှာ
ရှင်သန်နေသူငါတို့အဖို့
တိုက်ရင်းသေနိယာမပဲ
လက်ကိုင်ထားစို့...။
သေမထူးနေရူးဘဝကြီးကို
ပျင်းရိလေးလံတွဲရိနေတဲ့
သက်ပြင်းတွေနဲ့ ခပ်ဖျော့ဖျော့
အကြည့်တွေပေါင်းပြီး တုံ့ပြန်နေမယ့်အစား
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
ပျော်ရွှင်ခြင်း အသစ်တွေအတွက်
ရှေ့တက်...ကြားထဲမှာ
ရွက်ကျိုးတက်နဲ့လှော်၊
တက်ကျိုးလက်နဲ့လှော်ဆိုတဲ့
စိတ်ဓာတ်ကို အပြီးသတ်အချိန်ထိ
နှလုံးသားဧည့်ခန်းမှာ
ဝဝလင်လင်ကျွေးထားဖို့တော့လိုတယ်.။
တစ်လှမ်းပြီး တစ်လှမ်း၊
အလွမ်းပြီး အနမ်း
အနမ်းပြီး အလွမ်း
ငါတို့ ပစ္စုပ္ပန်တွေ မလွဲမသွေ
အနာဂတ်အတွက် ရှေ့ဆက်မယ်
တိုက်ရင်းသေ....။။။
အိမ်ထဲမှာပဲ နေခဲ့လေ...
ဘဝစစ်မြေပြင်ကြီးမှာ
ရှင်သန်နေသူငါတို့အဖို့
တိုက်ရင်းသေနိယာမပဲ
လက်ကိုင်ထားစို့...။
သေမထူးနေရူးဘဝကြီးကို
ပျင်းရိလေးလံတွဲရိနေတဲ့
သက်ပြင်းတွေနဲ့ ခပ်ဖျော့ဖျော့
အကြည့်တွေပေါင်းပြီး တုံ့ပြန်နေမယ့်အစား
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
ပျော်ရွှင်ခြင်း အသစ်တွေအတွက်
ရှေ့တက်...ကြားထဲမှာ
ရွက်ကျိုးတက်နဲ့လှော်၊
တက်ကျိုးလက်နဲ့လှော်ဆိုတဲ့
စိတ်ဓာတ်ကို အပြီးသတ်အချိန်ထိ
နှလုံးသားဧည့်ခန်းမှာ
ဝဝလင်လင်ကျွေးထားဖို့တော့လိုတယ်.။
တစ်လှမ်းပြီး တစ်လှမ်း၊
အလွမ်းပြီး အနမ်း
အနမ်းပြီး အလွမ်း
ငါတို့ ပစ္စုပ္ပန်တွေ မလွဲမသွေ
အနာဂတ်အတွက် ရှေ့ဆက်မယ်
တိုက်ရင်းသေ....။။။
Subscribe to:
Posts (Atom)