ပန်းပွင့်လေးကတော့...
လမင်းကို မမြင်ရလို့
ငိုနေရှာတယ်...
ဘာဖြစ်လို့လဲဆိုတော့
နေမဝင်ခင်သူအိပ်ပျော်ပျော်သွားတတ်လို့ပဲ...။...
................................
ငါ့မှာတော့ကွာ...
သန်းခေါင်ယံကို ဖင်ခုထိုင်ရလောက်အောင်
သူ...အွန်လိုင်းမှာထိုင်တဲ့အထိ
မျက်လုံးမျက်စပ်တွေ
နှုတ်ခမ်းနီဆိုးထားလားထင်ရတယ်...
အနီရောင်တွေကို မျက်လုံးမျက်စပ်တွေထက်မှာ
ဆင်မြန်းထားရတယ်...
ကြာတော့ ပျော်ရွှင်ခြင်းတွေကို
အွန်လိုင်းညတွေက စုပ်ယူထားတဲ့
ထုံးစံ... နိစ္စဓူဝလိုဖြစ်ပျက်နေပြီ...
..............................
ရာဇဝင်ထဲက မြို့ရိုးတွေ
ဘယ်နှစ်ခု ကာဆီးထားလဲဆိုတာ
မရည်မတွက်နိုင်အောင်ပါပဲ...
မျက်ရည်စကားတွေနဲ့
လေပြည်အားတွေကို စည်းရုံးပြီး
ငါ့အတွက် အဓိပ္ပာယ်မရှိ တည်ရှိနေတဲ့
မြို့ရိုးတွေကို ကင်းမဲ့အောင် ဖြိုချချင်မိလည်း
ညတွေ ကောင်းကင်ရိုးတစ်လျှောက်
တိမ်တွေနဲ့အတူ စိုစွတ်သွားတာကလွဲလို့
ဘာမှဆို ဘာမှကိုမတတ်နိုင်...။..
................................
ဒီကြားထဲ ရင်မှာ ပျိုးထားတဲ့
နေတစ်စင်းက
ညတွေကနေ နေ့တွေအထိ...
နွေတွေနဲ့အတူ
အရှေ့အနောက်မရှိဘဲ
ခရီးတော်တော်ပေါက်နေပြီ...
နှလုံးသားတစ်ခုလုံးလည်း
အရည်ပျော်ကျတာထက်ကိုဆိုးရွားတာက
ရင်ခုန်သံအခန်းကျဉ်းလေးထဲ...
တဖြည်းဖြည်းသေးသထက်သေး...
ကြုတ်သထက်ကြုတ်ကာ...
သူ့ကြောင့်ငါ...
အချစ်လို့ လှလှပပခေါ်ကြတဲ့
ပြာရနံ့တွေနောက်မှာ
လိုက်ရင်း...
နာရီသံပေါက်ပြားတစ်လက်နဲ့...
ငရဲဘုံကို...။...။..။.။။။
No comments:
Post a Comment