ဟိုး...
မြင်နေရတဲ့ ညဥယျာဉ်ကြီးတစ်လျှောက်
ပန်းပွင့်ဝတ်မှုန်လေးတွေကို
ပျောက်အောင်
ရက်ရက်စက်စက်လှဲထုတ်ပစ်လိုက်တယ်...
နောက်...
မြေကြီးတွေရဲ့ နံရံတွေပေါ်မှာ
ပေပွနေအောင် အကျအနထိုင်ပြီး
အိပ်မက်တွေကို ပစ်စလက်ခတ်ပစ်ကြဲလိုက်တာ...
သန်းခေါင်ယံကြီးအိမ်ပြန်လာတာနဲ့ တစ်ပြိုင်နက်
အိပ်မက်ပန်းလေးတွေ
ကပိုကရို
ပွင့်လာကြပါလေရော...
...................
လေထုကို ထိုးခွင်းလာတဲ့
ရနံ့တွေကတော့ ရှိုက်ရပါရဲ့...
ဒါပေမဲ့...
အိပ်မက်တွေကိုပဲ ငါပျိုးခဲ့ပါရက်နဲ့...
အနံ့တွေက အမျိုးအစားခြင်းမတူကြဘူး...
..............................
ဆိုကြပါစို့...
ရနံ့တွေကို အမျိုးအစားခွဲရရင်
သွေးပျက်စရာကောင်းတဲ့ ရနံ့၊
ဆွတ်ပျံ့လွမ်းဆွေးစရာကောင်းတဲ့ ရနံ့၊
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရနံ့၊
ဝမ်းနည်းငိုကြွေးစရာကောင်းတဲ့ ရနံ့တွေနဲ့
ဆန့်ကျင်ဘက်တွေကြီးပဲ၊
အချိန်ခဏတာ
အတိုအရှည်သာ မတူတာ...
ဆန့်ကျင်ဘက်ရနံ့ကို ငြင်းဆန်ခွင့်မရဘဲ
ခြေလှမ်းတွေက ကျောက်ချထားတော့...
.................
အဲဒီဥယျာဉ်နားမှာပဲ...
အာရုံတွေက တဝဲလည်လည်နေတော့တယ်...။...။...
No comments:
Post a Comment