ညကောင်းကင်တွေပေါ်မှာ
အိပ်မက်တွေကို အစီအရီဖြန့်ကြဲလျက်
ပိုးစုန်းကြူးလေးတွေလို တောက်ထွန်းနိုင်ဖို့
အလွမ်းတွေဆီက မီးညှိယူရတဲ့အဖြစ်…
ကြယ်စင်တွေကိုတော့…
နေ့ကို အမှောင်အင်ပါယာကြီး သိမ်းသွင်းလိုက်ကတည်းက
အတွေးချူတံနဲ့ ရက်ရက်စက်စက်ခြွေချစမြဲ…။…
ဒီတော့…
ကောင်မလေးငါမကဲဘူး….ယုံ…။
……………………
တကယ်ပါ…
အတိတ်မှာ…
ရင်ခုန်သံဓားမကြီးတကိုင်ကိုင်နဲ့
ကောင်မလေးကို မရမကလိုက်သတ်ခဲ့တာ..ငါ.
ဂုဏ်သိက္ခာတွေဆိုတာကလည်း
ဆရာ/ဆရာမ၊ အပေါင်းအသင်း၊
ပတ်ဝန်းကျင်နဲ့
သူငယ်ချင်းတွေဆီမှာ
ကောင်မလေးကိုသတ်ဖို့ ရင်ခုန်သံဓားကို
သွေးထားကတည်းက
တစစီထုခွဲ၊ စေတနာမပါဘဲ
ပစ်လှူခဲ့ပြီးပါပြီ…
အခုလောက်ဆို သူတို့တွေရဲ့
လွယ်အိတ်တွေထဲမှာ
နည်းနည်းလောက်ပဲကျန်ဦးမယ်ထင်တယ်…
ကောင်မလေးကလည်း
ဥပေက္ခာမျက်လုံး၊ မာယာအပြုံး၊
ရယ်စရာစကားလုံးစတဲ့…
အဆီးအတားကောင်းကောင်းလေးတွေနဲ့
သွေးပျက်ပျက်နဲ့ ပြေးလိုက်တာ
ငါ့နာရီတွေဆို ချွေးတွေနဲ့
အအေးပတ်ခဲ့တယ်…။…
…………………………
ဒီလိုပါပဲ…
ဒီလိုနဲ့ဆိုရမှာပေါ့…
ငါ့မှာ မနက်ညမခွဲနိုင်ဘဲ
ကောင်မလေးရနံ့ကို ချင်ခြင်းတက်ခဲ့တာ…
ကောင်မလေးကို ရင်ခုန်သံဓားနဲ့
မရမကသတ်ဖြတ်ခဲ့တာ…
ငါပဲ ဇွဲကောင်းခဲ့လို့လား…
သူပဲ မောသွားလွန်းလို့လားတော့ မသိဘူး…
သူ့ကိုငါ ရင်ခွင်ထဲ ပစ်သွင်းဖို့
လိုက်လို့ မီခဲ့တဲ့အချိန်မှာ…
ငါ…လေ
ရယ်စရာတောင်ကောင်းတယ်…
လေယာဉ်ကြီးကို မျက်ရည်တွေနဲ့
ပြည့်လျှံစေမတတ်လောက်အောင်…
ငှက်တွေကို အဖော်ညှိပြီး…
အဝေးကိုပါ…
ပျံသန်းသွားခဲ့တာ…
ဘယ်လိုနေရမလဲ
သိရှာမှာ မဟုတ်တဲ့
ကောင်မလေးတော့…
သနားစရာပါ…
…………………
ကဲ…ဘယ်သူပဲမှားခဲ့သလဲ…
ဘယ်သူ့ကိုပဲ အပြစ်သွားတင်ရမလဲ…………………
။။။
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Tuesday, April 27, 2010
“အချစ်တစ်ခုနဲ့ စကြာဝဠာဆုံးကွာဝေးသည်…ဟု”
မ…
ကျွန်တော်တို့ ညတွေ
မဆုံစည်းနိုင်အောင်
မြို့ရိုးဘယ်နှစ်လီ၊
ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခုနဲ့
ကာဆီးထားသလဲ…
(အဲဒါတွေကို)
စုတ်ဖြဲကာ လာချင်ပေမဲ့ မရယ်…
မဘက်က အပြုံးတွေနဲ့ ကြိုဆိုနေမယ်ဆိုတာ
သိပေမဲ့ မရယ်…
ကျွန်တော်လေ…
ခြေလှမ်းတွေက အလွမ်းဖြေကဗျာလေးတွေဆီကနေ
ရုန်းထွက်ဖို့…
မဝံ့မရဲ ဖြစ်နေစိတ်နဲ့ပဲ…
ဪ…
မြို့ဘယ်နှစ်လီဝေးနေပြီလဲ…
…………………………
မရဲ့ ရှေ့…
ကျွန်တော့်ရဲ့ နေ့တွေကို
လာရောက်လက်ဆောင်ပကာသနအဖြစ်ပေးချင်ပေမဲ့
အနမ်းတွေအဖြစ် တစ်ယူသန်မှတ်ယူထားတဲ့
အတိတ်က မရဲ့ မဲ့တဲ့တဲ့ အပြုံးလေးတွေနဲ့ပဲ
တွေးရင်း ကျေနပ်နေတဲ့ စိတ်နဲ့ပဲ…
ဩော်…
ကြယ်စင်အလင်းတန်းဘယ်နှကုဋေလောက်
ကွာခြားနေပြီလဲ…
ရင်ထဲမှာ ကမ္ဘာခြားနေသလို ခံစားနေရပြီပဲ…
……………………………
ဘယ်တော့ ပြန်ဆုံနိုင်မလဲ…
အားလုံးမသေချာတဲ့ လောကကြီးမှာ
အားလုံးမသေချာတာကို ကျေကျေနပ်နပ်
ခံယူထားပေမဲ့…
ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့
မေးခွန်းရဲ့ အဖြေက မသေချာဘူးဆိုတာတော့
လက်မခံချင်ဘူး…
တစ်စုံတစ်ယောက်များသိရင်လေ…
ထပ်တူထပ်မျှကျွန်တော့်ကိုလည်း
ပြောပြပေးကြပါ…
…………………………
မရယ်…
မှတ်ထားပါနော်…
မမြင်တာမဆုံတာကြာပေမဲ့
ဖြစ်ရိုးဖြစ်စဉ်အတိုင်း
ရင်ခုန်သံတွေ မအေးစက်သေးဘူးဆိုတာကို
ဘယ်ပဲရောက်ရောက်ပါ…
နောက်…
ကျွန်တော့်အကြောင်း စဉ်းစားတဲ့အချိန်တိုင်း…
လတ်ဆတ်နေတဲ့ ရင်ခုန်သံလေးတွေကို
အတွေးတွေနဲ့ တို့ထိယူပေးပါ…
ရင်ခုန်သံတွေ ပူနွေးနေ(ဆဲ)တယ်ဆိုတာလည်း သတိရပေးပါ…
မရယ်…
…………..။……………
မရယ်…
မရယ်…
မရယ်…
ကျွန်တော်တို့ ညတွေ
မဆုံစည်းနိုင်အောင်
မြို့ရိုးဘယ်နှစ်လီ၊
ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခုနဲ့
ကာဆီးထားသလဲ…
(အဲဒါတွေကို)
စုတ်ဖြဲကာ လာချင်ပေမဲ့ မရယ်…
မဘက်က အပြုံးတွေနဲ့ ကြိုဆိုနေမယ်ဆိုတာ
သိပေမဲ့ မရယ်…
ကျွန်တော်လေ…
ခြေလှမ်းတွေက အလွမ်းဖြေကဗျာလေးတွေဆီကနေ
ရုန်းထွက်ဖို့…
မဝံ့မရဲ ဖြစ်နေစိတ်နဲ့ပဲ…
ဪ…
မြို့ဘယ်နှစ်လီဝေးနေပြီလဲ…
…………………………
မရဲ့ ရှေ့…
ကျွန်တော့်ရဲ့ နေ့တွေကို
လာရောက်လက်ဆောင်ပကာသနအဖြစ်ပေးချင်ပေမဲ့
အနမ်းတွေအဖြစ် တစ်ယူသန်မှတ်ယူထားတဲ့
အတိတ်က မရဲ့ မဲ့တဲ့တဲ့ အပြုံးလေးတွေနဲ့ပဲ
တွေးရင်း ကျေနပ်နေတဲ့ စိတ်နဲ့ပဲ…
ဩော်…
ကြယ်စင်အလင်းတန်းဘယ်နှကုဋေလောက်
ကွာခြားနေပြီလဲ…
ရင်ထဲမှာ ကမ္ဘာခြားနေသလို ခံစားနေရပြီပဲ…
……………………………
ဘယ်တော့ ပြန်ဆုံနိုင်မလဲ…
အားလုံးမသေချာတဲ့ လောကကြီးမှာ
အားလုံးမသေချာတာကို ကျေကျေနပ်နပ်
ခံယူထားပေမဲ့…
ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့
မေးခွန်းရဲ့ အဖြေက မသေချာဘူးဆိုတာတော့
လက်မခံချင်ဘူး…
တစ်စုံတစ်ယောက်များသိရင်လေ…
ထပ်တူထပ်မျှကျွန်တော့်ကိုလည်း
ပြောပြပေးကြပါ…
…………………………
မရယ်…
မှတ်ထားပါနော်…
မမြင်တာမဆုံတာကြာပေမဲ့
ဖြစ်ရိုးဖြစ်စဉ်အတိုင်း
ရင်ခုန်သံတွေ မအေးစက်သေးဘူးဆိုတာကို
ဘယ်ပဲရောက်ရောက်ပါ…
နောက်…
ကျွန်တော့်အကြောင်း စဉ်းစားတဲ့အချိန်တိုင်း…
လတ်ဆတ်နေတဲ့ ရင်ခုန်သံလေးတွေကို
အတွေးတွေနဲ့ တို့ထိယူပေးပါ…
ရင်ခုန်သံတွေ ပူနွေးနေ(ဆဲ)တယ်ဆိုတာလည်း သတိရပေးပါ…
မရယ်…
…………..။……………
မရယ်…
မရယ်…
မရယ်…
Friday, April 23, 2010
“မတီးဘဲ မြည်မယ့် ရင်ခုန်သံ… မတီးခင်ကျိုးမယ့် မာနပက်ထရမ်(Pick)…”
ထို…
သန်းခေါင်ယံမရှိဘဲ…
အိပ်မက်တို့နဲ့ ပြိုးပြိုးပြက်ပြက်လင်းနေတဲ့ည…
ကောင်မလေးတစ်ယောက်ရဲ့ ဘဝ
ကျွန်တော့်လက်မှာ
ကျရှုံးခဲ့တယ်…။…
…………………………
ဤ…
မွန်းတည့်မရှိဘဲ…
အတွေးတို့နဲ့ ပိုးစိုးပက်စက်မှောင်နေတဲ့နေ့…
ကောင်မလေးတစ်ယောက်ရဲ့ ည…
ကျွန်တော့်လက်မှာ
အပေါင်ဆုံးတယ်…
ဥပေက္ခာအတိုးတွေ မပေးနိုင်တော့လို့
ဆိုပြီးတော့…........။….
…………………………………
နောင်…
ချောက်ကမ်းပါးမရှိဘဲ…
လုံးဝကို သွေးပျက်ထိတ်လန့်ရင်ထိတ်သည်းဖို
ဖြစ်စရာကောင်းမယ့်
ကောင်မလေးတစ်ယောက်ရဲ့ ခပ်ယိုင်ယိုင်အနာဂတ်တစ်ခု…
ကျွန်တော့်လက်မှာ
သာယာတော့မယ်…။…
ရင်ခုန်သံတီးလုံးတွေနဲ့…လေ…။…။…
သန်းခေါင်ယံမရှိဘဲ…
အိပ်မက်တို့နဲ့ ပြိုးပြိုးပြက်ပြက်လင်းနေတဲ့ည…
ကောင်မလေးတစ်ယောက်ရဲ့ ဘဝ
ကျွန်တော့်လက်မှာ
ကျရှုံးခဲ့တယ်…။…
…………………………
ဤ…
မွန်းတည့်မရှိဘဲ…
အတွေးတို့နဲ့ ပိုးစိုးပက်စက်မှောင်နေတဲ့နေ့…
ကောင်မလေးတစ်ယောက်ရဲ့ ည…
ကျွန်တော့်လက်မှာ
အပေါင်ဆုံးတယ်…
ဥပေက္ခာအတိုးတွေ မပေးနိုင်တော့လို့
ဆိုပြီးတော့…........။….
…………………………………
နောင်…
ချောက်ကမ်းပါးမရှိဘဲ…
လုံးဝကို သွေးပျက်ထိတ်လန့်ရင်ထိတ်သည်းဖို
ဖြစ်စရာကောင်းမယ့်
ကောင်မလေးတစ်ယောက်ရဲ့ ခပ်ယိုင်ယိုင်အနာဂတ်တစ်ခု…
ကျွန်တော့်လက်မှာ
သာယာတော့မယ်…။…
ရင်ခုန်သံတီးလုံးတွေနဲ့…လေ…။…။…
“ဖြစ်တတ်တဲ့ သဘောတရားတစ်ခု…”
အိပ်မက်…တဲ့…။…
ညတစ်ညလုံးလုံး အိပ်မက်တစ်ခုနဲ့
ကမ္ဘာပတ်နေတာလေ…
ရှင်းရှင်းပြောရရင် …
ဝင်္ကပါလို မပတ်ရဘဲနဲ့
ပွေလည်ရှုပ်…အဟုတ်မြောင်းရေလို နောက်ကျိနေတဲ့ အိပ်မက်မျိုး…
ငါ့တစ်ယောက်တည်း…
ကြက်အိပ်ကြက်နှိုးအခြေအနေနဲ့
(နှိုးတစ်ဝက်အိပ်တစ်ဝက်)
အမှောင်တွေထဲမှာ
သန်းခေါင်ယံကြီးကို ဆုပ်ကိုင်ထားရင်း
လမင်းကိုမတွေ့ရဘဲနဲ့ ချာချာလည်နေတာလေ…
ဒီလောက်တောင် ညွှ့န်းနေပုံထောက်ရင်…
အိပ်မက်ထဲမှာ ဘယ်သူတွေငါ့နဲ့အတူ
အမှောင်ယံကို လှောင်ပြောင်သရော်ခဲ့ကြသလဲဆိုတာ…
မနက်ထတဲ့အချိန်မှာ
ကားစင်တင်သတ်ခံရတဲ့ မျောက်တစ်ကောင်လို
ပါးစပ်ကို ပြူးပြူးပြဲပြဲဟပြီး
ညထဲမှာ အိပ်ပြီးကျန်နေခဲ့တဲ့ စိတ်တွေကို
မရမက ပြန်ခေါ်စဉ်းစားကြည့်လိုက်တော့…
ဘောင်းဘီတိုနံ့နံ့ကို ဝတ်ဆင်ထားတဲ့
ကြည့်ပျော်ရှုပျော်ကောင်မလေးတစ်ယောက်ရယ်…
ကြမ်းပြင်ပေါ်ခနေတဲ့ မပွင့်တပွင့်နှင်းဆီတစ်ပွင့်ရယ်…
ပေါတောတော ခပ်ရူးရူးဝိဥာဉ်တစ်ကောင်ရယ်…
စုတ်ပြဲနေတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ရယ်…
အပြင်မှာရော လွှမ်းမိုးထားတဲ့
အပ်မက်ထဲက မသဲမကွဲမရိုးမရွအမှောင်လှလှလေးတွေရယ်…
နောက်ရော…
ကောင်းဘွိုင်း(Cow Boy) ဆန်ဆန်
ကန်းထရီးဦးထုပ်တစ်လုံးရယ်…
အသုံးမပြုဘဲ နံရံပေါ်ချိတ်တင်ခံရတဲ့
ခပ်နွမ်းနွမ်းလေးခွတစ်လက်ရယ်…ပဲ…တဲ့…။…
တာ့တာပြသွားတဲ့ ညတွေက
မှတ်ဥာဏ်တွေကို
စကားမှာသွားပုံရတယ်…
……………………………………
အားပါး…အိပ်မက်ထဲမှာလေ
ကောင်မလေးက မလိုက်နာလို့မရအောင်
တိတ်တဆိတ်စေတတ်တဲ့ ကဝေတဲ့…။…
အိပ်မက်ထဲမှာ ငါ့ကို စေလိုက်တာများ…
အမြင်အာရုံတွေကို တစ်နေရာမှာ
လုံလုံခြုံခြုံပစ်ထားခဲ့ပြီး
အမြင်အာရုံတွေကင်းမဲ့စွာ…ငါ့မှာ
ဟိုသွားလိုက်…ဒီသွားလိုက်နဲ့…
အဲဒီကောင်မလေးကို မလိုက်နာလို့မှ မဖြစ်တာ…
ကောင်မလေးကို ငါက ချစ်နေတာကိုး…
အော်..အလုပ်လေးများပြီးလို့
ကောင်မလေးအနားကပ်ခွင့်ရမလားမှတ်တယ်…
အိပ်မက်ပေးတဲ့ မိုးမချုန်းဘဲမကြာမကြာလျှပ်တဲ့
လျှပ်စီးတစ်ကြောင်းရယ်…
မျက်မုန်းကျိုးစရာကောင်းလောက်အောင်
ဘေးနားလှောင်ပြောင်နေတဲ့
ဝိဥာဉ်ရူးတစ်ကောင်ရယ်…
ခဏခဏရှောင်ရှောင်ပြေးတတ်တဲ့
ကောင်မလေးရယ်…ကြောင့်…ငါ့မှာ
ကောင်မလေးအနမ်းရဖို့…
(ကြိုးစားလိုက်တာ…)
မပြေးရဘဲနဲ့ ဖတ်ဖတ်ကိုမောလို့…
လေအစုန်မှာ မျောနေတဲ့
တိမ်စုတွေကို လေကိုဆန်ပြီး စားသောက်နေတဲ့
ပျံလွှားငှက်တစ်ကောင်နဲ့တောင် အလားတူလိုက်သေး…။…။…
……………………
……………………
အိပ်မက်ထဲမှာ…
ကောင်မလေးကတော့ ငါ့ကိုပိုင်ဆိုင်ခဲ့တယ်…
ကျွန်တစ်ယောက်လို ခိုင်းစေခဲ့တယ်…
ဘာဖြစ်လို့လဲဆိုတော့…
ငါက သူပေးတဲ့ အပြုံးမာယာအသံသာတွေကြား
ယစ်မူးခဲ့လို့…
ဒါပေမဲ့…
ငါလိုချင်တဲ့ အနမ်းငါမရခဲ့ပါဘူး…
အချစ်ကို ယုံကြည်လို့ အသိစိတ်တွေ
ပိုးစိုးပက်စက်ပျောက်သွားပြီး
မူးယစ်ဆေးဝါးသုံးထားသလို (ဖမ်းခွင့်မရှိဘဲ)
ယစ်မူးရတဲ့ မူးယစ်မှုမျိုးပဲငါရခဲ့တယ်…
…………………………
ဩော်….အိပ်မက်ထဲမှာတောင်မှ
ငါက …
အချစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရပါလား….
ကျွတ်ကျွတ်….ကျွတ်..ကျွတ်…
ကျွတ်………ကျွတ်….
ကျွတ်……………………..
……..
…
။
ညတစ်ညလုံးလုံး အိပ်မက်တစ်ခုနဲ့
ကမ္ဘာပတ်နေတာလေ…
ရှင်းရှင်းပြောရရင် …
ဝင်္ကပါလို မပတ်ရဘဲနဲ့
ပွေလည်ရှုပ်…အဟုတ်မြောင်းရေလို နောက်ကျိနေတဲ့ အိပ်မက်မျိုး…
ငါ့တစ်ယောက်တည်း…
ကြက်အိပ်ကြက်နှိုးအခြေအနေနဲ့
(နှိုးတစ်ဝက်အိပ်တစ်ဝက်)
အမှောင်တွေထဲမှာ
သန်းခေါင်ယံကြီးကို ဆုပ်ကိုင်ထားရင်း
လမင်းကိုမတွေ့ရဘဲနဲ့ ချာချာလည်နေတာလေ…
ဒီလောက်တောင် ညွှ့န်းနေပုံထောက်ရင်…
အိပ်မက်ထဲမှာ ဘယ်သူတွေငါ့နဲ့အတူ
အမှောင်ယံကို လှောင်ပြောင်သရော်ခဲ့ကြသလဲဆိုတာ…
မနက်ထတဲ့အချိန်မှာ
ကားစင်တင်သတ်ခံရတဲ့ မျောက်တစ်ကောင်လို
ပါးစပ်ကို ပြူးပြူးပြဲပြဲဟပြီး
ညထဲမှာ အိပ်ပြီးကျန်နေခဲ့တဲ့ စိတ်တွေကို
မရမက ပြန်ခေါ်စဉ်းစားကြည့်လိုက်တော့…
ဘောင်းဘီတိုနံ့နံ့ကို ဝတ်ဆင်ထားတဲ့
ကြည့်ပျော်ရှုပျော်ကောင်မလေးတစ်ယောက်ရယ်…
ကြမ်းပြင်ပေါ်ခနေတဲ့ မပွင့်တပွင့်နှင်းဆီတစ်ပွင့်ရယ်…
ပေါတောတော ခပ်ရူးရူးဝိဥာဉ်တစ်ကောင်ရယ်…
စုတ်ပြဲနေတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ရယ်…
အပြင်မှာရော လွှမ်းမိုးထားတဲ့
အပ်မက်ထဲက မသဲမကွဲမရိုးမရွအမှောင်လှလှလေးတွေရယ်…
နောက်ရော…
ကောင်းဘွိုင်း(Cow Boy) ဆန်ဆန်
ကန်းထရီးဦးထုပ်တစ်လုံးရယ်…
အသုံးမပြုဘဲ နံရံပေါ်ချိတ်တင်ခံရတဲ့
ခပ်နွမ်းနွမ်းလေးခွတစ်လက်ရယ်…ပဲ…တဲ့…။…
တာ့တာပြသွားတဲ့ ညတွေက
မှတ်ဥာဏ်တွေကို
စကားမှာသွားပုံရတယ်…
……………………………………
အားပါး…အိပ်မက်ထဲမှာလေ
ကောင်မလေးက မလိုက်နာလို့မရအောင်
တိတ်တဆိတ်စေတတ်တဲ့ ကဝေတဲ့…။…
အိပ်မက်ထဲမှာ ငါ့ကို စေလိုက်တာများ…
အမြင်အာရုံတွေကို တစ်နေရာမှာ
လုံလုံခြုံခြုံပစ်ထားခဲ့ပြီး
အမြင်အာရုံတွေကင်းမဲ့စွာ…ငါ့မှာ
ဟိုသွားလိုက်…ဒီသွားလိုက်နဲ့…
အဲဒီကောင်မလေးကို မလိုက်နာလို့မှ မဖြစ်တာ…
ကောင်မလေးကို ငါက ချစ်နေတာကိုး…
အော်..အလုပ်လေးများပြီးလို့
ကောင်မလေးအနားကပ်ခွင့်ရမလားမှတ်တယ်…
အိပ်မက်ပေးတဲ့ မိုးမချုန်းဘဲမကြာမကြာလျှပ်တဲ့
လျှပ်စီးတစ်ကြောင်းရယ်…
မျက်မုန်းကျိုးစရာကောင်းလောက်အောင်
ဘေးနားလှောင်ပြောင်နေတဲ့
ဝိဥာဉ်ရူးတစ်ကောင်ရယ်…
ခဏခဏရှောင်ရှောင်ပြေးတတ်တဲ့
ကောင်မလေးရယ်…ကြောင့်…ငါ့မှာ
ကောင်မလေးအနမ်းရဖို့…
(ကြိုးစားလိုက်တာ…)
မပြေးရဘဲနဲ့ ဖတ်ဖတ်ကိုမောလို့…
လေအစုန်မှာ မျောနေတဲ့
တိမ်စုတွေကို လေကိုဆန်ပြီး စားသောက်နေတဲ့
ပျံလွှားငှက်တစ်ကောင်နဲ့တောင် အလားတူလိုက်သေး…။…။…
……………………
……………………
အိပ်မက်ထဲမှာ…
ကောင်မလေးကတော့ ငါ့ကိုပိုင်ဆိုင်ခဲ့တယ်…
ကျွန်တစ်ယောက်လို ခိုင်းစေခဲ့တယ်…
ဘာဖြစ်လို့လဲဆိုတော့…
ငါက သူပေးတဲ့ အပြုံးမာယာအသံသာတွေကြား
ယစ်မူးခဲ့လို့…
ဒါပေမဲ့…
ငါလိုချင်တဲ့ အနမ်းငါမရခဲ့ပါဘူး…
အချစ်ကို ယုံကြည်လို့ အသိစိတ်တွေ
ပိုးစိုးပက်စက်ပျောက်သွားပြီး
မူးယစ်ဆေးဝါးသုံးထားသလို (ဖမ်းခွင့်မရှိဘဲ)
ယစ်မူးရတဲ့ မူးယစ်မှုမျိုးပဲငါရခဲ့တယ်…
…………………………
ဩော်….အိပ်မက်ထဲမှာတောင်မှ
ငါက …
အချစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရပါလား….
ကျွတ်ကျွတ်….ကျွတ်..ကျွတ်…
ကျွတ်………ကျွတ်….
ကျွတ်……………………..
……..
…
။
Wednesday, April 21, 2010
“အမေ(တစ်နည်းနည်းနဲ့) ဖတ်ပေးပါ..နားထောင်ပေးပါ”
အမေ...
ကျွန်တော်လေ...
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
ရှိနေ(ထိုင်နေ)ချင်တယ်...။....
......................
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်...
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ...
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ...။...
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ...။...
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်...
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်...။..
ဒါပေမဲ့ဗျာ...
တစ်ခုတော့ ခွင့်လွှတ်ပါ...
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ...
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့...
.............................
ဘာပဲဖြစ်ဖြစ်အမေရယ်...
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ...
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ...
မတောင်းဆိုရဲပါဘူး...
ကျွန်တော်သိတယ်...
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ...
ဒါကြောင့် အခုကျွန်တော့်အဖြစ်က...
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ...
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။...
ဒီတော့...
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း...
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ...
ငှက်တစ်ကောင်လို...
တိမ်တိုက်တစ်ခုလို...
ဘာကိုမှ မပွေ့ပိုက်ထား...
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့...
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
..................................
အမေတစ်ယောက်ကြားနိုင်စေ...
ကျွန်တော်လေ...
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
ရှိနေ(ထိုင်နေ)ချင်တယ်...။....
......................
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်...
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ...
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ...။...
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ...။...
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်...
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်...။..
ဒါပေမဲ့ဗျာ...
တစ်ခုတော့ ခွင့်လွှတ်ပါ...
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ...
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့...
.............................
ဘာပဲဖြစ်ဖြစ်အမေရယ်...
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ...
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ...
မတောင်းဆိုရဲပါဘူး...
ကျွန်တော်သိတယ်...
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ...
ဒါကြောင့် အခုကျွန်တော့်အဖြစ်က...
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ...
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။...
ဒီတော့...
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း...
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ...
ငှက်တစ်ကောင်လို...
တိမ်တိုက်တစ်ခုလို...
ဘာကိုမှ မပွေ့ပိုက်ထား...
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့...
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
..................................
အမေတစ်ယောက်ကြားနိုင်စေ...
Tuesday, April 20, 2010
“ညတို့ရဲ့ ခက်ဆစ်...”
ညနံရံတွေပေါ်မှာ
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............
“ဝေးကြပြီ...”
ပန်းတစ်ပွင့်တည်းကိုပဲ
ရနံ့တွေခွဲ...
ရလာတဲ့ ရနံ့ဆူးတွေကိုပဲ
သဲသဲမဲမဲရှိုက်တဲ့ပွဲမှာ...
နှစ်ဦးသားတည်ဆောက်ထားတဲ့
ကောင်းကင်တစ်ခုကို ရက်ရက်စက်စက်စုတ်ဖြဲကာ.......
မိုးတိမ်တွေရဲ့ ရွေ့လျားခြင်း
ဒိုင်ယာရီတွေကို လက်တွေမှာ
စွဲစွဲမြဲမြဲသယ်ဆောင်သွားကြတယ်...။....
...............................
ပင်လယ်တစ်ခုရဲ့ အရှေ့နဲ့အနောက်
အိပ်မက်တွေနဲ့
ခြေရာဖျောက်....
အနမ်းမရှိတဲ့ ရှေ့ဆက်လမ်းတွေကိုပဲ
ခပ်ကြောက်ကြောက်နဲ့
ရှုပ်မဲ့မဲ့လျှောက်...
.........................
နောက်ဆုံးတော့...
အတိတ်က ချိုမြိန်ခဲ့တဲ့
အပြုံးလေးတွေအတွက်....
အနာဂတ်မှာ ခါးသီးမယ့်
အရှုံးလေးတွေ မရှိဘူးလို့
ပုံသေမှတ်လျက်....
.........................
သေခြင်းမြစ်တစ်ဖက်ကမ်းမှာ
ငါတို့ဆုံနိုင်ပါသေးတယ်..။...
ရနံ့တွေခွဲ...
ရလာတဲ့ ရနံ့ဆူးတွေကိုပဲ
သဲသဲမဲမဲရှိုက်တဲ့ပွဲမှာ...
နှစ်ဦးသားတည်ဆောက်ထားတဲ့
ကောင်းကင်တစ်ခုကို ရက်ရက်စက်စက်စုတ်ဖြဲကာ.......
မိုးတိမ်တွေရဲ့ ရွေ့လျားခြင်း
ဒိုင်ယာရီတွေကို လက်တွေမှာ
စွဲစွဲမြဲမြဲသယ်ဆောင်သွားကြတယ်...။....
...............................
ပင်လယ်တစ်ခုရဲ့ အရှေ့နဲ့အနောက်
အိပ်မက်တွေနဲ့
ခြေရာဖျောက်....
အနမ်းမရှိတဲ့ ရှေ့ဆက်လမ်းတွေကိုပဲ
ခပ်ကြောက်ကြောက်နဲ့
ရှုပ်မဲ့မဲ့လျှောက်...
.........................
နောက်ဆုံးတော့...
အတိတ်က ချိုမြိန်ခဲ့တဲ့
အပြုံးလေးတွေအတွက်....
အနာဂတ်မှာ ခါးသီးမယ့်
အရှုံးလေးတွေ မရှိဘူးလို့
ပုံသေမှတ်လျက်....
.........................
သေခြင်းမြစ်တစ်ဖက်ကမ်းမှာ
ငါတို့ဆုံနိုင်ပါသေးတယ်..။...
Subscribe to:
Posts (Atom)