လောကတံခါးရေ...
...........................
လောကတံခါးရေ...
ဒုက္ခတရားတွေကို သောကပွားချေဖျက်ယူဖို့
လေးဘက်လေးတန်စိတ်ရှင်တွေကို
နာမ်ပြောင်းပြီး...
မသာယာခဲ့တဲ့ လက်နှစ်ဖက်ရဲ့
အနာဂတ်တွေပြန်ပေါင်းစည်း
ခြေရာထင်းမယ့် ခြေလှမ်းကြဲတွေနဲ့...
(ချစ်သူနဲ့ ငါ)
လာပါပြီကော...
ဆိုတော့....
မင်းကိုယ်မင်း ပြန်ဖွင့်ထားလိုက်တော့...
.....................................
ဒီခရီး နှစ်ယောက်မညည်းတွားဘဲ
ဒိုင်ယာရီတွေကို လှပစေဖို့ရာ
ကလောင်တံကို ဝံ့ဝံ့ရဲရဲ ကိုင်ခဲ့ကတည်းက...
နေဝင်ချိန်တွေကို ကောင်းကင်ကြီးထဲ
သင်္ဂြီုလ်လိုက်ပြီးပြီ...
ရှေ့ဆက်ပြီး အရုံတက်လာမယ့်
မနက်ခင်းတွေသာ ရှိတော့မှာ...
ငါ...ဝမ်းသာတယ်...
ငါ့ကို တစ်ချိန်က လှောင်ပြောင်ခဲ့တဲ့
ကြယ်စင်တွေကို ပြန်နင်းချေခွင့်ရတော့မယ်...။...
နောက်...
လောကကြီး မှတ်ထားပါ...
ငါ့မြင်နိုင်တဲ့ (ကုန်းဖြစ်ဖြစ်ရေဖြစ်ဖြစ်)
ခရီးတစ်လျှောက်မှာ
ဝှက်ထားတဲ့ အကြည့်တွေထဲက
ထပ်ဆင့် ဝှက်ထားတဲ့ ဖဲချပ်ဆန်ဆန်
အနမ်းလေးတွေက
ငါ့အတွက် ရိက္ခာ...
ငါ့အတွက် အင်အား...
.....................
မထင်ထားနဲ့...
ငါ့လက်မောင်းမှာ တွယ်ကပ်နေတဲ့
ချစ်သူ့လက်တစ်ဖက်ဟာ
အင်အားတွေ ချည့်နဲ့နေတယ်...လို့...
အခုဆို အဲဒီလက်တစ်ဖက်ဟာ...
ငါ..သုညကိုတောင်
အားဖြည့်ပြီး မင်းကိုတောင် တိုက်ဖြိုနိုင်တယ်...
ဟားဟားးး.....
တစ်ချိန်က လောကကြီးကို ကျရှုံးသူတွေတောင်မှ
ဟားတိုက်ရယ်မောတဲ့ ပွဲမှာ
မှောက်ရက်ကြီး လဲနေခဲ့တဲ့...ငါ
မင်းအတွက်တော့ ဟာသကို
အတည်ပေါက်ဟောက်သလိုတော့
ဖြစ်နေမှာပဲ...
ဘာပဲဖြစ်ဖြစ် မင်းယုံထားဖို့က...
ငါတို့နှစ်ယောက်ထမ်းပိုးညီညီ
ထမ်းထားတဲ့ သစ္စာတရားက
ငါတို့ ဘဝကြီးနဲ့ တည်ဆောက်ထားတာ...
ဒါကြောင့် ချစ်သူလက်တစ်ဖက်ဟာ...
ငါ့ကို ပြုံးရယ် ရွှင်မောစေနိုင်တဲ့
ဘဝချော့တေးသွားတစ်ပုဒ်...။...။..
..................................
ဒါကြောင့်...
...ချစ်သူရေ...
ဗလာသီတဲ့ မင်းဘဝကြီး
စနစ်တကျထုတ်ပိုးပြီး...
ခြေလှမ်းကြဲကြဲကြီးနဲ့ အမြန်ဆုံး
မင်းရင်ခုန်သံတွေကို
ငါ့ဘဝထဲ လာပေါင်းစပ်ပါတော့...လို့သာ...
ကဗျာတစ်ပုဒ်နဲ့ ဖိတ်ခေါ်ပါတယ်...
လမ်းခရီးမှာ ဂျိုးကြာတေးသွား...
လေပြည်နှုတ်ခမ်းသားတွေနဲ့
မင်းကိုငါ ကျွေးမွေးမှာ...
.........................
ချစ်သူ...
မင်းလက်ဟာ...
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Tuesday, May 11, 2010
Monday, May 10, 2010
“မတိုင်ဆိုင်နိုင်တဲ့ ရင်ဘတ်နှစ်ခု...”
ချစ်သူနဲ့...
မဆုံနိုင်အောင်...
တာ့တာပြဝေးသွားကြပြီးတဲ့အခါ...
လမ်းခရီးမှာ ရေးမကုန်နိုင်မယ့်
ဒိုင်ယာရီလွတ်တွေ...
ပွေ့ပိုးခဲ့ပါတယ်...။...။...
မဆုံနိုင်တဲ့ မျက်ဝန်းနှစ်စုံအကြောင်း
ကဗျာတွေကို ရင်ဖွင့်ထားပါတယ်..
ပင်လယ်ပြင်မှန်ရင်...
စိုစွတ်စမြဲ...
လူမှန်ရင် ချစ်တတ်စမြဲ...
ချစ်မိတော့ လွမ်းမိတာလည်း...
ရှေ့နေမလို သက်သေခံပစ္စည်းမလို
သိကြတယ်...
တကယ်တော့...
ချစ်သူဟာ...
ညခင်းပျိုးတဲ့ လမင်းပါ...
ခက်တာက ကိုယ့်မှာ အိပ်စက်ခြင်းတွေ
ပျောက်ဆုံးနေတော့...
ချစ်သူနဲ့ ကိုယ်
ကိုးရီးယားလွဲထက်ကို သီသီလေးလွဲချော်မှုတွေနဲ့
လှလှပပလေး၊
တစ်ယောက်နဲ့ တစ်ယောက်ရယ်သွမ်းသွေးပြီး
လွဲချော်သွားခဲ့ကြတယ်...။...
.......................
နောက် ပြန်တွေးကြည့်လိုက်တော့လည်း
အတိတ်မှာ အဲဒီနွေမပါတဲ့
အေးမြတဲ့ ဆည်းဆာကြီး
တောင်စွယ်မှာ မကွယ်ခဲ့ရင်တော့...
ကိုယ့်ရင်ခုန်သံတွေ အခုထိပြိုးပြိုးပြက်ပြက်လက်နေဦးမှာပဲ...။...
အဲဒီအလင်းရောင်တွေဟာ
ချစ်သူအတွက်...
ဘဝသန်းခေါင်နှစ်ခုမှာ
နှစ်ယောက်သား ပြိုင်တူလင်းတူလင်းဖို့..
မီးပွားလေးတစ်စ..ပေါ့..။...။...
....................
အဲဒီကျောပိုးအိတ်လေးမရှိခဲ့ရင်လည်း
သူ့ကို ထုတ်ပိုးထည့်ထားခဲ့မိမှာ...
လေပြည်လေးတွေနဲ့...
ဂျိုးဂျာတောင်ပံခတ်သံတွေနဲ့...
သူ့ဝမ်းဗလာကို လက်ဗလာနဲ့..
ဖြည့်ချင်တယ်...။...ဆိုပြီးတော့...
ဟူးးး...တကယ်တော့လေ...
အခုထိ နှလုံးသားဟာ
ရင်ခုန်သံတွေ သူ့ဆီချန်ထား...
လို့...
ဗလာများခဲ့ရတဲ့ ရင်ခွင်လို့...
အမည်တစ်ခုတွင်ရင်း...
...............................
မတိုက်ဆိုင်ခဲ့တဲ့ မျက်ဝန်းလေးကို
တမ်းတရင်း...
ရင်ခွင်စီးချင်း...
ရဲ့ ပြိုင်မြင်းနှစ်ကောင်
(လုံးဝကို)
မတိုက်ဆိုင်ခဲ့ဘူး...။...။။။
မဆုံနိုင်အောင်...
တာ့တာပြဝေးသွားကြပြီးတဲ့အခါ...
လမ်းခရီးမှာ ရေးမကုန်နိုင်မယ့်
ဒိုင်ယာရီလွတ်တွေ...
ပွေ့ပိုးခဲ့ပါတယ်...။...။...
မဆုံနိုင်တဲ့ မျက်ဝန်းနှစ်စုံအကြောင်း
ကဗျာတွေကို ရင်ဖွင့်ထားပါတယ်..
ပင်လယ်ပြင်မှန်ရင်...
စိုစွတ်စမြဲ...
လူမှန်ရင် ချစ်တတ်စမြဲ...
ချစ်မိတော့ လွမ်းမိတာလည်း...
ရှေ့နေမလို သက်သေခံပစ္စည်းမလို
သိကြတယ်...
တကယ်တော့...
ချစ်သူဟာ...
ညခင်းပျိုးတဲ့ လမင်းပါ...
ခက်တာက ကိုယ့်မှာ အိပ်စက်ခြင်းတွေ
ပျောက်ဆုံးနေတော့...
ချစ်သူနဲ့ ကိုယ်
ကိုးရီးယားလွဲထက်ကို သီသီလေးလွဲချော်မှုတွေနဲ့
လှလှပပလေး၊
တစ်ယောက်နဲ့ တစ်ယောက်ရယ်သွမ်းသွေးပြီး
လွဲချော်သွားခဲ့ကြတယ်...။...
.......................
နောက် ပြန်တွေးကြည့်လိုက်တော့လည်း
အတိတ်မှာ အဲဒီနွေမပါတဲ့
အေးမြတဲ့ ဆည်းဆာကြီး
တောင်စွယ်မှာ မကွယ်ခဲ့ရင်တော့...
ကိုယ့်ရင်ခုန်သံတွေ အခုထိပြိုးပြိုးပြက်ပြက်လက်နေဦးမှာပဲ...။...
အဲဒီအလင်းရောင်တွေဟာ
ချစ်သူအတွက်...
ဘဝသန်းခေါင်နှစ်ခုမှာ
နှစ်ယောက်သား ပြိုင်တူလင်းတူလင်းဖို့..
မီးပွားလေးတစ်စ..ပေါ့..။...။...
....................
အဲဒီကျောပိုးအိတ်လေးမရှိခဲ့ရင်လည်း
သူ့ကို ထုတ်ပိုးထည့်ထားခဲ့မိမှာ...
လေပြည်လေးတွေနဲ့...
ဂျိုးဂျာတောင်ပံခတ်သံတွေနဲ့...
သူ့ဝမ်းဗလာကို လက်ဗလာနဲ့..
ဖြည့်ချင်တယ်...။...ဆိုပြီးတော့...
ဟူးးး...တကယ်တော့လေ...
အခုထိ နှလုံးသားဟာ
ရင်ခုန်သံတွေ သူ့ဆီချန်ထား...
လို့...
ဗလာများခဲ့ရတဲ့ ရင်ခွင်လို့...
အမည်တစ်ခုတွင်ရင်း...
...............................
မတိုက်ဆိုင်ခဲ့တဲ့ မျက်ဝန်းလေးကို
တမ်းတရင်း...
ရင်ခွင်စီးချင်း...
ရဲ့ ပြိုင်မြင်းနှစ်ကောင်
(လုံးဝကို)
မတိုက်ဆိုင်ခဲ့ဘူး...။...။။။
“အချစ်...” (ချစ်နေသော လူတစ်ယောက်အကြောင်း)
ပူလောင်တယ်...
လုံးဝကို ရက်ရက်စက်စက်ကို
ပူလောင်တယ်...
နေခုနစ်စင်းကို ရင်ဘတ်ထဲ
ဆွဲပွေ့ရှိုက်သွင်းထားရလောက်အောင်
ပူလောင်တယ်...
သူကတော့ ခေါင်းလေးကိုခါလျက်...
ငြင်းလို့ ကောင်းတုန်း...
ဒါပေမဲ့ ဒီဘက်မှာကတော့
ရှိုက်သွင်းထားတဲ့ နေ့လည်တွေ မွန်းတည့်လို့ကောင်းတုန်း...။...
...........................
ခါးသီးတယ်...
အော်ဂလီဆန်စရာကောင်းလောက်အောင်
ခါးတူးနေတာပဲ...
ငှက်ဖျားမဖြစ်ဘဲနဲ့...
(ကုန်ကုန်ပြောရရင် ဘာမှကို မဖြစ်တာ)
ဒါပေမဲ့...
သူ့ဘက်က ဥပေက္ခာခါးခါးတွေကို
နို့စို့သူငယ်လို တိုက်ကျွေးလို့ ကောင်းတုန်း...
..............................
စိုနေတယ်...
ပါးပြင်တစ်ခုလုံး ရေချိုးထားတယ်...
ညတွေကို ဖင်ခုထိုင်ထားပြီးတော့...
တစ်ယောက်တည်း အတွေးဧည့်ခန်းတံခါးတွေကို
ပိတ်ပြီး...
တိတ်တိတ်လေး ပါးပြင်တွေကို တစ်စက်ချင်း
ဝှေ့ပက်ထားတာ...
သူသိမှာပါ...လို့...မမျှော်လင့်ရဲဘူး..
ဘာဖြစ်လို့လဲဆိုတော့...
ယောကျာ်းတစ်ယောက်ရဲ့ မာန...
ကြောင့်...
နာကျင်ခြင်းတံခါးဟက်တက်ခွဲလိုက်ပြီ...။..
ပါးပြင်မြစ်တွေပေါ်မှာလည်း
ခေါင်းအုံးကလေးတောင် မျောနေပြီ...။...
...............................
မျက်လုံးနှစ်လုံးထဲကို
သူ့မျက်နှာထည့်ထားကတည်းက အရာရာကို
ပစောက် စသတ်နဲ့ ပစ်ခဲ့တာ...
အခုဆို သူတို့က ကိုယ့်ကို
ပစောက်စသတ်နဲ့ ပြန်ပစ်သွားပြီ..
ဆိုတော့ အရာရာ...
..........................
လမ်းလျှောက်နေတုန်း ရှေ့တည့်တည့်
ကောင်းကင်ကြီး ဘုတ်ခနဲ ပြုတ်ကျလာတယ်..
နောက် မေးတယ်...
“မင်းငါ့ရှေ့ထွက်ခဲ့တော့”...တဲ့။...
လုံးဝကို ရက်ရက်စက်စက်ကို
ပူလောင်တယ်...
နေခုနစ်စင်းကို ရင်ဘတ်ထဲ
ဆွဲပွေ့ရှိုက်သွင်းထားရလောက်အောင်
ပူလောင်တယ်...
သူကတော့ ခေါင်းလေးကိုခါလျက်...
ငြင်းလို့ ကောင်းတုန်း...
ဒါပေမဲ့ ဒီဘက်မှာကတော့
ရှိုက်သွင်းထားတဲ့ နေ့လည်တွေ မွန်းတည့်လို့ကောင်းတုန်း...။...
...........................
ခါးသီးတယ်...
အော်ဂလီဆန်စရာကောင်းလောက်အောင်
ခါးတူးနေတာပဲ...
ငှက်ဖျားမဖြစ်ဘဲနဲ့...
(ကုန်ကုန်ပြောရရင် ဘာမှကို မဖြစ်တာ)
ဒါပေမဲ့...
သူ့ဘက်က ဥပေက္ခာခါးခါးတွေကို
နို့စို့သူငယ်လို တိုက်ကျွေးလို့ ကောင်းတုန်း...
..............................
စိုနေတယ်...
ပါးပြင်တစ်ခုလုံး ရေချိုးထားတယ်...
ညတွေကို ဖင်ခုထိုင်ထားပြီးတော့...
တစ်ယောက်တည်း အတွေးဧည့်ခန်းတံခါးတွေကို
ပိတ်ပြီး...
တိတ်တိတ်လေး ပါးပြင်တွေကို တစ်စက်ချင်း
ဝှေ့ပက်ထားတာ...
သူသိမှာပါ...လို့...မမျှော်လင့်ရဲဘူး..
ဘာဖြစ်လို့လဲဆိုတော့...
ယောကျာ်းတစ်ယောက်ရဲ့ မာန...
ကြောင့်...
နာကျင်ခြင်းတံခါးဟက်တက်ခွဲလိုက်ပြီ...။..
ပါးပြင်မြစ်တွေပေါ်မှာလည်း
ခေါင်းအုံးကလေးတောင် မျောနေပြီ...။...
...............................
မျက်လုံးနှစ်လုံးထဲကို
သူ့မျက်နှာထည့်ထားကတည်းက အရာရာကို
ပစောက် စသတ်နဲ့ ပစ်ခဲ့တာ...
အခုဆို သူတို့က ကိုယ့်ကို
ပစောက်စသတ်နဲ့ ပြန်ပစ်သွားပြီ..
ဆိုတော့ အရာရာ...
..........................
လမ်းလျှောက်နေတုန်း ရှေ့တည့်တည့်
ကောင်းကင်ကြီး ဘုတ်ခနဲ ပြုတ်ကျလာတယ်..
နောက် မေးတယ်...
“မင်းငါ့ရှေ့ထွက်ခဲ့တော့”...တဲ့။...
“မိုးရာသီ...နဲ့...အလွမ်း”
ကောင်းကင်ကြီးကို
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
မိုးတိမ်တွေဆီက ညစ်ထွက်လာတဲ့
ညင်းသိုးသိုး စိုစွတ်မှုတွေပါပဲ...။...
.......................
ရင်ခုန်သံကြီးကို
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
ပါးပြင်ဆီက လွတ်ထွက်လာတဲ့
ချောပြောင်ပြောင် မျက်ရည်တွေပါပဲ...။...
........................
။။။
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
မိုးတိမ်တွေဆီက ညစ်ထွက်လာတဲ့
ညင်းသိုးသိုး စိုစွတ်မှုတွေပါပဲ...။...
.......................
ရင်ခုန်သံကြီးကို
ထုခွဲရောင်းချပြီး...
ရလာသမျှ အကျိုးအမြတ်တွေကတော့
ပါးပြင်ဆီက လွတ်ထွက်လာတဲ့
ချောပြောင်ပြောင် မျက်ရည်တွေပါပဲ...။...
........................
။။။
Sunday, May 9, 2010
“အဖေတစ်ယောက်နဲ့ မော်ဒန်တစ်ခု...”
ဘဝမှာ...
ရက်ရက်စက်စက်ယုတ်မာမှုတွေရဲ့
အေးစက်မာကျောမှုကို
ကြုံရတဲ့အခါ...
ကိုယ်ပိုင်ထားတဲ့ ဘေးနာက
ကန္တာရကို ကြည့်ကြည့်လိုက်ပါ...
အဲဒီမှာ နွေးထွေးတဲ့ အဖေ့အပြုံးတွေက
ကိုယ့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေလိမ့်မယ်...။...
.............................
ဘဝမှာ...
သက်တောင့်သက်သာရှိလိုက်တာလို့
ပြောတဲ့နေမှာ...
အဲဒီလိုနေ့ရဲ့...
အစိတ်အပိုင်းတွေဟာ အဖေ့ဒုက္ခတွေနဲ့
တည်ဆောက်ထားတာပါ...
........................
ဘဝမှာ...
ကိုယ်ပိုင်တဲ့ ကောင်းကင်...
တစ်စစီဖဲ့ခွာကြည့်လိုက်ပါ...
အဖေ့မျက်ရည်တွေက နစ်မွှန်းစေမှာ...
ဘာဖြစ်လို့လဲဆိုတော့...
ချွေးစက်တွေကနေ မျက်ရည်တွေအထိ
ပြောင်းသွားသည့်တိုင်အောင်...
အဖေဟာ ကိုယ့်အတွက် ကောင်းကင်ကြီးတစ်ခု
တည်ဆောက်ပေးထားလို့ပဲ...
.................
အဖေဟာ ဓါးမြကြီးဖြစ်နေပါစေ...
နှိမ့်ကျနေပါစေ...
အဆိုးဆုံးခြေအနေထိ ဘာပဲဖြစ်နေဖြစ်နေ...
အဖေဟာ အဖေ...
နောက်...
ခြောက်သွေ့ငတ်မွတ်နေတဲ့ သားသမီးတွေအတွက်...
ထာဝရစမ်းချောင်းရေ...
အဖေ...
မျက်ရည်တွေကို စွန့်ခွာခဲ့လိုက်တော့...
ဒီမှာ အဖေ့မျှော်လင့်ခြင်းတွေကို
အကောင်အထည်ဖေါ်ပြီး
ရလာတဲ့ အရာတွေကို
ထုခွဲရောင်းချတာ...
အဖေ့တစ်ဝမ်းတစ်ခါး...
စားရမှာပါ...
အခုအဖေ...
ပျော်ရွှင်ခြင်းအပေါ်မှာ ဖင်ခုထိုင်လို့ရပြီ...
အဖေ...လာပါတော့...
သားသမီးတွေအတွက် ဆိုပြီး
ချွေးစက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့
ဘာမှမပိုင်ဆိုင်လိုက်ရတဲ့
အဖေ့လက်တွေနဲ့...
ဒီအတိုင်းသာ...
လာခဲ့ပါ...
လက်ဗလာပဲ..ယူလာခဲ့ပါ..
ယူ..
လာ...
ခဲ့ပါ...
ပါ..
ပါ...
ပ..။။။။
ရက်ရက်စက်စက်ယုတ်မာမှုတွေရဲ့
အေးစက်မာကျောမှုကို
ကြုံရတဲ့အခါ...
ကိုယ်ပိုင်ထားတဲ့ ဘေးနာက
ကန္တာရကို ကြည့်ကြည့်လိုက်ပါ...
အဲဒီမှာ နွေးထွေးတဲ့ အဖေ့အပြုံးတွေက
ကိုယ့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေလိမ့်မယ်...။...
.............................
ဘဝမှာ...
သက်တောင့်သက်သာရှိလိုက်တာလို့
ပြောတဲ့နေမှာ...
အဲဒီလိုနေ့ရဲ့...
အစိတ်အပိုင်းတွေဟာ အဖေ့ဒုက္ခတွေနဲ့
တည်ဆောက်ထားတာပါ...
........................
ဘဝမှာ...
ကိုယ်ပိုင်တဲ့ ကောင်းကင်...
တစ်စစီဖဲ့ခွာကြည့်လိုက်ပါ...
အဖေ့မျက်ရည်တွေက နစ်မွှန်းစေမှာ...
ဘာဖြစ်လို့လဲဆိုတော့...
ချွေးစက်တွေကနေ မျက်ရည်တွေအထိ
ပြောင်းသွားသည့်တိုင်အောင်...
အဖေဟာ ကိုယ့်အတွက် ကောင်းကင်ကြီးတစ်ခု
တည်ဆောက်ပေးထားလို့ပဲ...
.................
အဖေဟာ ဓါးမြကြီးဖြစ်နေပါစေ...
နှိမ့်ကျနေပါစေ...
အဆိုးဆုံးခြေအနေထိ ဘာပဲဖြစ်နေဖြစ်နေ...
အဖေဟာ အဖေ...
နောက်...
ခြောက်သွေ့ငတ်မွတ်နေတဲ့ သားသမီးတွေအတွက်...
ထာဝရစမ်းချောင်းရေ...
အဖေ...
မျက်ရည်တွေကို စွန့်ခွာခဲ့လိုက်တော့...
ဒီမှာ အဖေ့မျှော်လင့်ခြင်းတွေကို
အကောင်အထည်ဖေါ်ပြီး
ရလာတဲ့ အရာတွေကို
ထုခွဲရောင်းချတာ...
အဖေ့တစ်ဝမ်းတစ်ခါး...
စားရမှာပါ...
အခုအဖေ...
ပျော်ရွှင်ခြင်းအပေါ်မှာ ဖင်ခုထိုင်လို့ရပြီ...
အဖေ...လာပါတော့...
သားသမီးတွေအတွက် ဆိုပြီး
ချွေးစက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့
ဘာမှမပိုင်ဆိုင်လိုက်ရတဲ့
အဖေ့လက်တွေနဲ့...
ဒီအတိုင်းသာ...
လာခဲ့ပါ...
လက်ဗလာပဲ..ယူလာခဲ့ပါ..
ယူ..
လာ...
ခဲ့ပါ...
ပါ..
ပါ...
ပ..။။။။
“ကောင်းကင်တစ်ခုရဲ့ ဒဏ်ရာ...”
အို...
အဖေ...
နေမင်းကြီးလား...
ဆိုတာထက်...
ကျွန်တော့်ကြောင့် အဖေ့ဘဝက
ပူပြင်းပြီးသားပါ...
ကျေးဇူးပါပဲ...
နွေလက်တွေနဲ့ အနာကျင်ခံပြီး
ဆောင်းဘဝတွေကို ကျွန်တော့်ဆီ
သယ်ဆောင်ပေးလို့...။...
.......................
အဖေရေးခဲ့တဲ့...
ကျွန်တော့်ကကြီးဘဝလေး...
အခုအဖေမျှော်လင့်ထားသလို
“အ” အထိရောက်တော့မှာ...
ဒါပေမဲ့ အခုတောင်မရောက်သေးဘူး...
အဖေ့လက်တွေ...
ကျွန်တော့်ဘဝကို အဓိပ္ပာယ်ပြည့်စုံအောင်
ရေးခြယ်ခံစားဆွဲခြစ်နေတုန်းပဲရှိသေးတယ်...
အဓိပ္ပာယ်တစ်ခု အဖေမျှော်လင့်ထားသလို
ဖြစ်ပေါ်မလာခင်...
အဖေ့လက်တွေ ဓားတွေရှကုန်ပါပြီ...
အရိုးအဆစ်တွေ ဖူးယောင်နေပါပြီ...
ဦးဏှောက်တွေ အလုပ်ပန်းနေပါပြီ...
ဘာပဲဖြစ်ဖြစ်ပါ...
အခု အဖေ့သား “ဘဝ” ဆိုတာကြီးကို
ရေးတတ်ဖတ်တတ်ရုံတော့ ရှိပါပြီ...
ကျွန်တော်သိတယ်...အဖေ...
ကျွန်တော့်နောက်ကျောပြင်ဘက်မှာ...
အဖေဟာ မျက်ရည်အသက်တွေ၊
ချွေးစက်တွေနဲ့ ...
ကျွန်တော့်ညတွေကို ချော့မြူခဲ့တယ်...
ကျွန်တော့်နေ့တွေကို ပံ့ပိုးပေးခဲ့တယ်...
ကျေးဇူးပါပဲ..အဖေရယ်...။...
............................
ဘာပဲဖြစ်ဖြစ်...
ကောင်းကင်ကြီးဟာ စိုတစ်လှည့်
ခြောက်တစ်လှည့်...
လောကကြီးဟာလည်း ချိုတစ်လှည့်
ခါးသီးခြင်းလက်ရာမြောက်တစ်လှည့်...နဲ့...
ပျံသန်းဖို့ အတောင်ပံတွေ မဖြစ်မနေတပ်ပေးခဲ့တဲ့
အဖေ့လက်တွေကတော့...
အဖေ့စေတနာချိုတွေနဲ့...
Ever ခါးသက်တယ်...
ကျွန်တော်သိတယ်...
အဖေ...
အဖေ ဒီအပင်ကို ပျိုးခဲ့တာ
အသီးစားဖို့ မဟုတ်ဘူး...
လောကကြီးမှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့နဲ့...
အရိပ်သစ်တစ်ပင်ကောင်းဖြစ်ဖို့ဆိုတာ...
အခုတော့ အဲဒီအပင်ဟာ...
အဖေ့ဒသနတွေနဲ့ ပင်စည်တွေ အချိုးကျကျ၊
လက်ရာမြောက်နေပါပြီ...
................................
အဖေ ဒီဇာတ်ကို ရေးခဲ့တာ
ဂုဏ်တွေ နာမည်တွေ
သိမ်းကျုံးလိုချင်လို့ မဟုတ်ဘူး...
ဒသနခါးခါးတွေနဲ့ လူတွေရင်ထဲကို...
နာကျင်တဲ့လက်အားပြုပြီး
အသက်သွင်းခဲ့ရုံပဲ...
အဖေရယ်...
ကျေးဇူးပါပဲ...
...........................
အော်...အဖေ
ကဗျာလည်း ရှည်နေပြီ...
အဖေ့ဇရာတွေလည်း ကြွေနေပြီ...
ဒါပေမဲ့ နုသစ်ဆဲ
အဖေ့အပြုံး...
ကျွန်တော့်စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်...
အခုထိတွေ့နေရတုန်းပါပဲ...
.........................
အဖေနဲ့ အတူ
အဖေများအားလုံး...
တူညီတဲ့...
လက်တွေ၊
နှလုံးသားတွေ ဘဝတွေ နဲ့
သားသမီးတွေအတွက် အမြဲတည်ရှိနေမယ်ဆိုတာ
ကျွန်တော်သိတဲ့အတွက်...
အဖေနဲ့ တကွ...
ကမ္ဘာပေါ်ရှိ အားလုံးသော အဖေအားလုံး...
ကိုယ်၊ စိတ်နှလုံး၊ သုံးပါးစလုံးရွှင်လန်းချမ်းမြေ့
ပျော်ရွှင်ကြပါစေ...
အဖေ...
နေမင်းကြီးလား...
ဆိုတာထက်...
ကျွန်တော့်ကြောင့် အဖေ့ဘဝက
ပူပြင်းပြီးသားပါ...
ကျေးဇူးပါပဲ...
နွေလက်တွေနဲ့ အနာကျင်ခံပြီး
ဆောင်းဘဝတွေကို ကျွန်တော့်ဆီ
သယ်ဆောင်ပေးလို့...။...
.......................
အဖေရေးခဲ့တဲ့...
ကျွန်တော့်ကကြီးဘဝလေး...
အခုအဖေမျှော်လင့်ထားသလို
“အ” အထိရောက်တော့မှာ...
ဒါပေမဲ့ အခုတောင်မရောက်သေးဘူး...
အဖေ့လက်တွေ...
ကျွန်တော့်ဘဝကို အဓိပ္ပာယ်ပြည့်စုံအောင်
ရေးခြယ်ခံစားဆွဲခြစ်နေတုန်းပဲရှိသေးတယ်...
အဓိပ္ပာယ်တစ်ခု အဖေမျှော်လင့်ထားသလို
ဖြစ်ပေါ်မလာခင်...
အဖေ့လက်တွေ ဓားတွေရှကုန်ပါပြီ...
အရိုးအဆစ်တွေ ဖူးယောင်နေပါပြီ...
ဦးဏှောက်တွေ အလုပ်ပန်းနေပါပြီ...
ဘာပဲဖြစ်ဖြစ်ပါ...
အခု အဖေ့သား “ဘဝ” ဆိုတာကြီးကို
ရေးတတ်ဖတ်တတ်ရုံတော့ ရှိပါပြီ...
ကျွန်တော်သိတယ်...အဖေ...
ကျွန်တော့်နောက်ကျောပြင်ဘက်မှာ...
အဖေဟာ မျက်ရည်အသက်တွေ၊
ချွေးစက်တွေနဲ့ ...
ကျွန်တော့်ညတွေကို ချော့မြူခဲ့တယ်...
ကျွန်တော့်နေ့တွေကို ပံ့ပိုးပေးခဲ့တယ်...
ကျေးဇူးပါပဲ..အဖေရယ်...။...
............................
ဘာပဲဖြစ်ဖြစ်...
ကောင်းကင်ကြီးဟာ စိုတစ်လှည့်
ခြောက်တစ်လှည့်...
လောကကြီးဟာလည်း ချိုတစ်လှည့်
ခါးသီးခြင်းလက်ရာမြောက်တစ်လှည့်...နဲ့...
ပျံသန်းဖို့ အတောင်ပံတွေ မဖြစ်မနေတပ်ပေးခဲ့တဲ့
အဖေ့လက်တွေကတော့...
အဖေ့စေတနာချိုတွေနဲ့...
Ever ခါးသက်တယ်...
ကျွန်တော်သိတယ်...
အဖေ...
အဖေ ဒီအပင်ကို ပျိုးခဲ့တာ
အသီးစားဖို့ မဟုတ်ဘူး...
လောကကြီးမှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့နဲ့...
အရိပ်သစ်တစ်ပင်ကောင်းဖြစ်ဖို့ဆိုတာ...
အခုတော့ အဲဒီအပင်ဟာ...
အဖေ့ဒသနတွေနဲ့ ပင်စည်တွေ အချိုးကျကျ၊
လက်ရာမြောက်နေပါပြီ...
................................
အဖေ ဒီဇာတ်ကို ရေးခဲ့တာ
ဂုဏ်တွေ နာမည်တွေ
သိမ်းကျုံးလိုချင်လို့ မဟုတ်ဘူး...
ဒသနခါးခါးတွေနဲ့ လူတွေရင်ထဲကို...
နာကျင်တဲ့လက်အားပြုပြီး
အသက်သွင်းခဲ့ရုံပဲ...
အဖေရယ်...
ကျေးဇူးပါပဲ...
...........................
အော်...အဖေ
ကဗျာလည်း ရှည်နေပြီ...
အဖေ့ဇရာတွေလည်း ကြွေနေပြီ...
ဒါပေမဲ့ နုသစ်ဆဲ
အဖေ့အပြုံး...
ကျွန်တော့်စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်...
အခုထိတွေ့နေရတုန်းပါပဲ...
.........................
အဖေနဲ့ အတူ
အဖေများအားလုံး...
တူညီတဲ့...
လက်တွေ၊
နှလုံးသားတွေ ဘဝတွေ နဲ့
သားသမီးတွေအတွက် အမြဲတည်ရှိနေမယ်ဆိုတာ
ကျွန်တော်သိတဲ့အတွက်...
အဖေနဲ့ တကွ...
ကမ္ဘာပေါ်ရှိ အားလုံးသော အဖေအားလုံး...
ကိုယ်၊ စိတ်နှလုံး၊ သုံးပါးစလုံးရွှင်လန်းချမ်းမြေ့
ပျော်ရွှင်ကြပါစေ...
“ချစ်သူအတွက်...”
ချစ်သူအတွက်...
အရာရာဖြည့်ဆည်းပေးသူ
မဖြစ်ရင် နေပါ...
ချစ်သူလိုအပ်တဲ့အခါ လိုအပ်သလို
ဖြည့်ဆည်းပေးသူ ဖြစ်နိုင်ရင်ပဲ
ချစ်ရကျိုးနပ်ပါပြီ...။...
.......................
ချစ်သူအတွက်...
ချစ်သူရေငတ်တဲ့အခါ
ရေတွင်းတစ်တွင်းကြီး မဖြစ်ရင်နေပါ
ရေငတ်ပြေရုံ ရေအေးလေးတစ်ခွက်ပဲ
ဖြစ်ပါရစေ...
ချစ်သူကို ရင်ခုန်ရကျိုးနပ်ပါပြီ...။...
..........................
ချစ်သူအတွက်...
ပူလောင်မှုကို သူကြုံတဲ့အခါ
မိုးစက်တွေ ဖြိုချပေးတဲ့
မိုးကောင်းကင်ကြီးမဖြစ်ရင် ရတယ်...
ဒါပေမဲ့ ချစ်သူကို
ယပ်တောင်တစ်ခုနဲ့ ယပ်ခတ်ပေးသူအဖြစ်...
ထီးတစ်လက်နဲ့ အပူကို ကာကွယ်ပေးသူအဖြစ်...
ရှိနေချင်တာလေးပါပဲ...
ချစ်သူ....
.....................
ချစ်သူအတွက်...
သူမျက်ရည်ကျတဲ့အခါ...
ကောက်ကာ ငင်ကာ ရယ်မောပျော်ရွှင်စေသူအဖြစ်
မတည်ရှိမနှိမ့်သိမ့်ပေးနိုင်ရင်...
ကိစ္စတော့ မရှိဘူး...
မျက်ရည်တွေ စုပ်ယူမျိုချပေးတဲ့
ပုဝါလေးတစ်ခုလောက်တော့
ဖြစ်မိရင်....
လောကကြီးမှာ ချစ်သူအတွက်
ရှင်သန်ရကျိုးနပ်ပါပြီ...
....................တကယ်ပါ...ချစ်သူ...
ယုံပါ...
ကိုယ်ဟာ အစစအရာရာ
မပြည့်စုံရင် မပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့...
ချစ်သူအတွက် ချစ်သူပြည့်စုံအောင်
ဖြည့်ဆည်းပေးသူ...
ဖြစ်ခဲ့မယ်ဆိုရင်...
ချစ်သူကို ချစ်နေသူတစ်ယောက်အနေနဲ့
လောကကြီးထဲ...
ပြုံးပြုံးလေးပါပဲ...
အချိန်မရွေးတည်ရှိနေမှာ...ချစ်သူယုံပါ...။...။.။။။
အရာရာဖြည့်ဆည်းပေးသူ
မဖြစ်ရင် နေပါ...
ချစ်သူလိုအပ်တဲ့အခါ လိုအပ်သလို
ဖြည့်ဆည်းပေးသူ ဖြစ်နိုင်ရင်ပဲ
ချစ်ရကျိုးနပ်ပါပြီ...။...
.......................
ချစ်သူအတွက်...
ချစ်သူရေငတ်တဲ့အခါ
ရေတွင်းတစ်တွင်းကြီး မဖြစ်ရင်နေပါ
ရေငတ်ပြေရုံ ရေအေးလေးတစ်ခွက်ပဲ
ဖြစ်ပါရစေ...
ချစ်သူကို ရင်ခုန်ရကျိုးနပ်ပါပြီ...။...
..........................
ချစ်သူအတွက်...
ပူလောင်မှုကို သူကြုံတဲ့အခါ
မိုးစက်တွေ ဖြိုချပေးတဲ့
မိုးကောင်းကင်ကြီးမဖြစ်ရင် ရတယ်...
ဒါပေမဲ့ ချစ်သူကို
ယပ်တောင်တစ်ခုနဲ့ ယပ်ခတ်ပေးသူအဖြစ်...
ထီးတစ်လက်နဲ့ အပူကို ကာကွယ်ပေးသူအဖြစ်...
ရှိနေချင်တာလေးပါပဲ...
ချစ်သူ....
.....................
ချစ်သူအတွက်...
သူမျက်ရည်ကျတဲ့အခါ...
ကောက်ကာ ငင်ကာ ရယ်မောပျော်ရွှင်စေသူအဖြစ်
မတည်ရှိမနှိမ့်သိမ့်ပေးနိုင်ရင်...
ကိစ္စတော့ မရှိဘူး...
မျက်ရည်တွေ စုပ်ယူမျိုချပေးတဲ့
ပုဝါလေးတစ်ခုလောက်တော့
ဖြစ်မိရင်....
လောကကြီးမှာ ချစ်သူအတွက်
ရှင်သန်ရကျိုးနပ်ပါပြီ...
....................တကယ်ပါ...ချစ်သူ...
ယုံပါ...
ကိုယ်ဟာ အစစအရာရာ
မပြည့်စုံရင် မပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့...
ချစ်သူအတွက် ချစ်သူပြည့်စုံအောင်
ဖြည့်ဆည်းပေးသူ...
ဖြစ်ခဲ့မယ်ဆိုရင်...
ချစ်သူကို ချစ်နေသူတစ်ယောက်အနေနဲ့
လောကကြီးထဲ...
ပြုံးပြုံးလေးပါပဲ...
အချိန်မရွေးတည်ရှိနေမှာ...ချစ်သူယုံပါ...။...။.။။။
Subscribe to:
Posts (Atom)