နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 24, 2010

ဝတ်မှုန်ချိုချိုနားမှာ

အချစ်ထူး ယစ်မူးခဲ့ရပြီ စံပယ်
အချစ်ဦးမဟုတ်သော်လည်း
ရာသီတိုင်းသစ်ထူးသူရယ်...
ပြောပါရစေ ချစ်ခွန်းခြွေ...
ရင်ခုန်သံစကားလေးကြွေပါရစေ
အချစ်ဆူးစူးပါရစေ မင်းရနံ့နဲ့...။
အပြုံးဆောင်ကျဉ်းကာ ပိတုန်းတစ်ကောင်
အဖြစ်မှာ အနားတစ်သက်မခွဲမယ့်
အချစ်မျိုးနဲ့ အစဉ်အမြဲရစ်ဝဲပါရစေလား စံပယ်...
အချစ်နယ်ချဲ့ဘုရင်လို့ စွပ်စွဲချင်စွဲပါ
မပြိုကွဲမဲ့ ချစ်နေတယ်ဆိုတာ
ယုံကြည်ပေးကွယ် စံပယ်ရယ်...

Monday, February 22, 2010

“ ကောင်းကင်သို့…..”


အို…ကောင်းကင်ကြီးရယ်…

မင်းရဲ့ ရိုးသားဖြူစင်မှုတွေကို

လောကကြီးအပေါ် ဖြန်းပက်ဝေမျှပေးပါလား…

(ဖြစ်နိုင်မယ်ဆိုရင်ပေါ့)

ကောက်ကျစ်စဉ်းလဲမှုတွေကို ငါအီလွန်းလို့ပါကွာ..

နောက်..ဟန်ဆောင်အပြုံးတွေ၊ ဟန်ဆောင်အချစ်တွေ

ဆိုတာငါ့အတွက် ငါ့ဘဝမှာ ပြည့်သိပ်လွန်းလို့ လုံလောက်လှပါပြီကွာ…

မင်းသိနိုင်မလား ကောင်းကင်ကြီးရယ်…

အမှတ်တမဲ့လိုလိုနဲ့ စကားထဲက ဇာတိပြဆိုသလို

ပုတ်သိုးနေတဲ့ အနံ့ဆိုးတွေကို ခဏခဏဖော်ထုတ်ပြပြီး

တောင်းပန်စကားတစ်ခွန်းနဲ့ ပြီးပြီးသွားတတ်ကြတာ…

ပဲ့ယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ပြယုတ်တစ်ခုအလား

ထင်ယောင်ထင်မှားနဲ့.

တစ်ခါတလေကမ္ဘာကြီးပျက်သုန်းတော့မယ်ဆိုပြီး

ငါသွေးပျက်ခါနီးနီး…ဘာပဲဖြစ်ဖြစ်ကောင်းကင်ကြီးရယ်..

ငါ့တိုင်တည်ချက်ကို မင်းအသိအမှတ်ပြုပေးနိုင်ပါစေ….

Saturday, February 20, 2010

“မ..ပျော်ရွှင်ပါစေဗျာ(၂)”

အမြဲတမ်းကျွန်တော်တနေတဲ့ချင်ခြင်းတစ်ခုဟာ


မရဲ့ စစ်မှန်တဲ့(ဟန်ဆောင်မှုကင်းမဲ့စွာ ပျော်ရွှင်မှုနှင့်


အတိပြီးသော)အပြုံးကို တွေ့မြင်ရဖို့ပါပဲ..


နောက်..ကျွန်တော်ဆန္ဒပြုတောင်းဆုတစ်ခုအနေနဲ့ ပုံမှန်ပြုနေတာက


မ အမြဲတမ်းပျော်ရွှင်ဖို့ပါပဲ


.ကျွန်တော့်တောင်းဆုတွေ၊ ရည်စူးမှုတွေထက်တောင် မကို


အတိုင်းထက်အလွန်ပျော်ရွှင်စေချင်ပါတယ်..


လောကစကောထဲရှင်သန်နေရတဲ့ ကျွန်တော်တို့ဟာ


သူ့သဘောအတိုင်း ပြာခြင်းကို ခံနေကြရတယ်..


အဲဒါကြောင့် ဟိုဘက်လူးလိုက်၊ ဒီဘက်လှိမ့်လိုက်ဖြစ်နေကြရတယ်.


အဲဒီလို လူးနေလှိမ့်နေတုန်းမှာပဲ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ စတဲ့


ခံစားမှုမျိုးစုံကို ခံစားကြရမယ်..။ ဒါကြီးကို မအတွက်ပဲကမ်းလှမ်းချက်ပြု၊


လောကွတ်ခင်းနေတဲ့ ကျွန်တော်က တရားမျှတမှုမရှိဘူးဆို..ပြောကြပါစေဗျာ..


မအတွက်ဆို ကျွန်တော်ချိန်ခွင်ကို ချိုးဖျက်တဲ့သူ၊ တရားမျှတမှုကို မောင်းထုတ်


တဲ့သူ ဖြစ်ရဲပါတယ်..။ အဲဒါမပေါ်ကျွန်တော်ထားတဲ့ အချစ်ရဲ့ တွန်းအားတွေကြောင့်ပါ.


..မ ကျေးဇူးပြုပြီး ကျွန်တော့်အချစ်ကို မတုံ့ပြန်ရင်နေပါ..အသိမှတ်ပြုပေးပါ..


ဒါပေမဲ့ မစိတ်ငြိုငြင်မယ်ဆိုကျွန်တော်ရင်အကွဲခံပါ့မယ်..


မ ကို အမြဲတမ်းပျော်ရွှင်စေတဲ့ ဆန္ဒနဲ့ပါ...


.အမြဲတမ်းပျော်ရွှင်နိုင်ပါစေ”…။။..……………….

“မ..ပျော်ရွှင်ပါစေဗျာ..”

သိပ်လှတဲ့ ကဗျာလေးရေ….

မင်းလိုပဲ သိပ်လှတဲ့ မရဲ့ အကြောင်းမင်းကို

ပြောပြဖို့ မင်းဆီ တစ်ခေါက်ငါချဉ်းလာပြန်ပြီ။

ပထမဦးဆုံး ကာယံမညီပဲ လွမ်းချင်းသက်သက်နဲ့

ငါ့ခံစားချက်တွေကို အန်ချပါရစေ…..

မ တဲ့ကွာ..ဟေ့ရောင်..ဘယ်လိုထင်လဲ..?

အိပ်မက်ဆိုတာကြီးကို မခုံမင်၊ မတွယ်တာတတ်တဲ့ငါ

မက တွယ်တာအောင်၊ ခုံမင်အောင်ဖန်တီးပေးလိုက်ပြီ..

နောက်အမျိုးအမည်မသိလောကြီးနေတဲ့ ငါ့ရဲ့စိတ်က

ညအိပ်ချိန်ဆို သူ့အလိုလိုထွက်ပေါ်တတ်တယ်.

ဘာကြောင့်လဲလို့ ထင်ကြေးပေးရမယ်ဆိုရင်

ငါ့ရဲ့ အိပ်မက်တွေက မကို အိပ်မက်ပါတီ ဆင်နွဲဖို့

ဖိတ်စာကမ်းထားလို့ ထင်တယ်..။ ဒါကြောင့်ငါ့ရဲ့

မသိစိတ်က အိပ်မက်တွေဆီကို မသိမသာ(သွားဖို့)ချင်ခြင်း

တက်နေတာ(အထင်ပေါ့ကွာ)..ဘယ်လိုပဲဖြစ်ဖြစ်ကွာ..အနေမနီးတဲ့

ငါနဲ့မကို ဆုံစည်းစေတဲ့ အိပ်မက်ကို ငါတော်တော်ကျေးဇူးတင်တယ်..

(အိပ်မက်ရေ..မင်းသာဒီတမ်းချင်းရင်ခုန်သံတွေကို သိနိုင်မယ်ဆိုရင်

မင်းကို ကျေးဇူးပါပဲလို့ ပြောချင်ပါတယ်.)

နောက်..ကဗျာရေ..အချိန်အကြာကြီးခွဲခွာမှုကြောင့်

ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို မနဲ့ တွေ့တဲ့ခဏ

ငါအန်ချချင်ပေမဲ့ကွာ..အခြေအနေအရပ်ရပ်ရဲ့ တားဆီးမှုကြောင့်

ငါဘေးနား မရဲ့ စကားသံတွေကြားက တိုးထွက်ပေါ်ပေါက်လာတဲ့

ငါ့ရင်ခုန်သံတွေကိုတောင် ဖျက်ဆီးပစ်လိုက်တယ်..တောက်..

ကဗျာရယ်စကားလေးတစ်ခွန်းလောက်ပြန်ဖြေပေးပါ..တစ်ခုခုပါပဲ..

ငါဘာလုပ်သင့်သလဲ..ဘယ်လိုနေရမလဲငါဘာကိုမှ မသိတော့ပါဘူးကွာ..

ဒါပေမဲ့..ငါလုပ်သင့်တာတစ်ခုတော့ရှိတယ်ထင်ရဲ့..အဲဒါကတော့

အမြဲတမ်းပျော်ရွှင်နိုင်ပါစေ

လို့ အမြဲတမ်းဆန္ဒပြုဆုတောင်းပေးနေခြင်းပါပဲ..

ကဲဆုံကြဦးမယ်ကဗျာရေ....……………..

ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်


ဒဏ်ရာရထားကြီးက စိတ်သက်သာမှုကို ရှာဖို့
ဥဩသံပေးနေပြီ.။ မောင်းနှင်သူငါ့စိတ်ထဲမှာတော့
ဒွိဟဖြစ်နေဆဲ..။ အကြိမ်ဖန်များစွာ
သာယာသက်သာမှုကို ငါရှာဖွေပြီးပြီ.
နာကျင်တဲ့ ရင်ခွင်ထဲက ရုန်းထွက်ဖို့ရာ...
ဘာမှန်းမသိရတဲ့ ဒီလောကကြီးထဲမှာ
ငါ့ကိုယ်ငါလည်း ဘာကောင်မှန်း တိတိကျကျ
မသိသေးဘူး..။ နိစ္စဓူဝ နာကျင်မှုတွေပေးနေတဲ့
ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ နှလုံးသားကို
ငြီးငွေ့နေပြီ..ဘယ်မှာလဲ..ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်း..ဘယ်မှာလဲ..ပျော်ရွှင်မှု..တခါတလေ
ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိတယ်..ပျော်ရွှင်မှုဆိုတာ
ဘာလဲလို့..ကဲပါ..စာဖွဲ့နေပြန်ပြီ..နိစ္စဓူဝနိယာမတွေကို
တစ်စုံတစ်ယောက်များ ပျော်ရွှင်ခြင်းဆိုတာရဲ့
အဓိပ္ပာယ်ကိုသိရင် မေးလိုက်ချင်ပါဘိ.........
ဘာလုပ်ဖို့လောကကြီးမှာ ငါဆက်နေထိုင်ရမှာလဲ..
မေးခွန်းပေါင်းများစွာနဲ့ ခေါင်းကုတ်နေဆဲ.........
အဲဒီအချိန် ဗြုန်းစားကြီး ငါ့အတွေးထဲဝင်လာတာက
ကျမ်းစာတစ်ပိုဒ်
“ဝန်လေး၍ ပင်ပန်းသောသူ အပါင်းတို့ ငါ့ထံသို့ လာကြလော့
ငါသည် ချမ်းသာပေးမည်”
ရေနှစ်သူတောင်မှ ကောက်ရိုးတစ်မျှင်ကိုတောင်
အသက်လွတ်ဖို့ အားကိုးသေးတာပဲ..
ငါ့မှာလည်း မျှော်လင့်ချက်ကုန်နေပြီ..။
“အဖကြေကွဲသောနှလုံးသားအား လက်ခံပါ”..
နောက်..အမျိုးအမည်မသိတဲ့ စိတ်သက်သာမှုက
ကမ်းလက်တစ်စုံနဲ့ အတူ
ငါ့နှလုံးသားထဲကို ဆို့ဝင်လာတော့
“ငါ့အနားသခင်တစ်ပါးရှိနေသေးပါလား”.......

Wednesday, February 10, 2010

ထာဝရ

အချစ်စိတ်တက်နေတဲ့ နှလုံးသားနဲ့
အရူးဝေတဲ့ညမှာ ဖျော့တော့တော့/မှိန်တိန်တိန်
မီးရောင်အားပြုပြီး ခပ်စုတ်စုတ် ဘောပင်တစ်လက်နဲ့
ခပ်နွမ်းနွမ်းစာအုပ်ပေါ်မှာ ကဗျာတစ်ပုဒ်ကိုငါ
စူးရှတဲ့ လှောင်ရယ်သံတွေကြား ရေးခြစ်ဖန်ဆင်းလိုက်မိရဲ့....
တကယ်တော့..မိန်းကလေးရယ်...
ငါနင့်ကို ဘာဖြစ်လို့ အခုထိမမုန်းနိုင်သေးတာလဲဆိုတဲ့
မေးခွန်းက ငါ့ဘဝမှာ အမေးသင့်ဆုံးမေးခွန်းတစ်ခုအနေနဲ့
ငါ့အတိတ်၊ ငါ့အရိပ်၊ ငါ့ပစ္စုပ္ပန်၊ ငါ့အနာဂတ်မှာ တည်ရှိခဲ့၊
တည်ရှိဆဲ၊ တည်ရှိနေမှာပါ။...
လမ်းခွဲစကားအဖြစ်နင်ပြောခဲ့တဲ့ စကားတစ်ခွန်း
“အိပ်မက်လို့သာ သတ်မှတ်လိုက်”တဲ့။ နင်ပြောခဲ့တဲ့အတိုင်း
ငါတို့နှစ်ယောက်ရဲ့ အတိတ်(သို့)ဇာတ်လမ်းဟာ အိပ်မက်
တစ်ခုသာဆိုရင်.......................
ဟုတ်ပါတယ်..အဲဒီအိပ်မက်ဟာ နင့်ရဲ့ လှည့်စားမှုတွေကြောင့်
ထိတ်လန့်သွေးပျက်စရာကောင်းခဲ့ပါတယ်။။။..
ငါ့ကိုလည်း အရူးတစ်ပိုင်း၊ အသေတစ်ပိုင်းဖြစ်အောင် နင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်..ဒါပေမဲ့ မိန်းကလေးရယ်..
ရင်ခွင်ပေါင်းများစွာကို နင်နင်းဖြတ်ပြီး ဘဝတစ်ဆစ်ချိုးကွေ့မှာ
အထီးကျန်တဲ့အခါ ပြန်လာပါ..။
ငါနင့်ကို အခုထိဘာဖြစ်လို့ မမုန်းနိုင်သေးတာလဲ ဆိုတဲ့ မေးခွန်းနဲ့
အတူ ရင်ခွင်တံခါးဖွင့်လျက် စောင့်ကြိုနေမှာပါ..။။။
(ဒီပန်းလေး နွမ်းခဲ့ရင် ပန်ဆင်ဖို့
ဒီပန်းလေးခြောက်သွားရင် သိမ်းထားဖို့ ကိုယ်အမြဲရှိနေမှာပါ..
ထာဝရအချိန်ထိ)

ရင်ထဲက ကဗျာအပိုင်းအစများ

မမေ့ရဲပေမဲ့ တစ်နေ့ခွဲရမှာကိုတော့
သိခဲ့ပါတယ်..။ ရင်ထဲမှာ မင်းရှိနေတာလည်း
ဖော်ပြခဲ့ပြီးပြီမို့ ငါ့ကို နှုတ်ဆက်ခွင့်ပြုပါ..။…

အချစ်မင်းနဲ့ငါဝေးခဲ့ပြီ ဆိုပါစို့..။ ငါမှီရာ ပုခုံးလေး
အဝေးမှာ ကျန်ခဲ့ပြီ.။..

ရေမြေခြားဝေး ကျွန်တော့်မှာ အဆွေး
ဘယ်လောက်ဝေးဝေး သည်တစ်သက်မှာ
ထာဝရသာ မပါ။

ရင်ခုန်သံတိုင်းအတွက် အိပ်မက်ဆိုတာရှိတယ်.။.
ကျွန်တော့်ရင်ခုန်သံအတွက် အိပ်မက်ဟာ
မတစ်ဦးတည်းပါ. ။..

ရင်ထဲလန်းဆန်း တစ်ပွင့်တည်းသောပန်း
နမ်းရှိုက်တွယ်မက် ဒီတစ်သက်မှာ
“မ” ဆိုသော ပန်းသာ ထာဝရပါ..။..

နယ်မြေဝေးကွာ ရေးမြေတွေခြား
အနေခြားလည်း ရင်ခြင်းပွေ့အပ်
နှလုံးသားခြင်းအပ်ခဲ့ကြတယ်..။