အမေ...
ကြားနိုင်ရဲ့လား...
ပွန်းပဲ့နေတဲ့ လက်တွေနဲ့
ကိုင်ထားတဲ့ ခပ်နဲ့နဲ့
ကျွန်တော့်ချီးကျူးသံတွေ...
အမေပျိုးခဲ့တဲ့ ကျွန်တော်နေ့ရက်တွေ
အခု...
ကဗျာတစ်ပုဒ်နဲ့ (မထိုက်မတန်)
ဂုဏ်ပြုရတော့မယ်...
အမေ...
မြင်နိုင်ရဲ့လား...(ဖတ်ပေးပါ)
.............................
အမေ...
ဆိုတာ...
ပုခက်လွှဲတဲ့ လက်စောင်းတစ်ဖက်နဲ့ပဲ
ကမ္ဘာကြီးကို ပုံသွင်းတဲ့သူ...
ကနေဒီ...
အိုင်းစတိုင်း...
အိုဘားမား...
သောမတ်(စ်)အက်ဒီဆင်...
ရိုက်ညီနောင်...
အမေသိရဲ့လား...
သူတို့တွေကို အမေတို့လို
အမေတွေကပဲ မွေးဖွားပေးခဲ့တာ...
ဒါကြောင့်...
အမေတို့လို အမေတွေကပဲ
ကမ္ဘာကြီးကို ပဲ့ကိုင်ခဲ့တာ...
ဟစ်တလာ...
အမေသိရဲ့လား...
လက်ရှိကမ္ဘာကြီးကို ဦးဆောင်နေတဲ့
အမေရိကန်ကို ထိပ်ထိပ်ကျဲဖြစ်အောင်
အမေတို့လို အမေတွေကပဲ...
အမေရိကန်ကို ဒုတိယကမ္ဘာကြီးထဲ ဆွဲသွင်းလိုက်တာ...
အမေတို့ရဲ့ စွမ်းဆောင်မှုပါပဲ...
..............................
အမေ...
အမေကြားရဲ့လား...
ကမ္ဘာကြီးက အမေတို့လို အမေတွေကို
ဂုဏ်ပြုထောမနာချီးမွမ်းနေကြတာ...
အမေသာ ဆက်နားထောင်မယ်ဆိုရင်...
သူတို့ပြောတာကို အမေကြားသင့်တယ်...
အမေဟာ လောကကြီးမှာ
ဒုတိယဘုရားရယ်... လို့...။...
...........................
အမေ...
အားရဲ့လား...
ငရဲပြည်ကို တစ်ချက်လောက်ငေးကြည့်ဖို့...
အားရင် တစ်ချက်လောက်...
လက်ကမ်းလိုက်ပါ...
အမေ...
အမေတို့လို အမေတွေကို
စော်ကားပြစ်မှားခဲ့တဲ့ သားမိုက်၊
သမီးဆိုးတွေ၊။... နားလေးကို တစ်ချက်ငဲ့လိုက်ရင်လည်း
သူတို့တွေရဲ့ အမေတို့လို အမေတွေဆီကို
တောင်းပန်အသနားခံသံတွေ
ကြားရင်ကြားရမှာ...
................................
အမေ...
အတုဆိုတာကို သုံးဖူးရင်...
အတုဆိုတာ အစစ်လောက်မကောင်းဘူးဆိုတာကို
အမေသိမှာပါ...
တခါတလေများဆိုရင် မကောင်းရုံမကဘူး..
ဆိုးကျိုးတောင်ပေးလိုက်သေး...
ခေတ်ပညာကြီးကို
အမေတခါတလေ ဩချမိမှာပါ...
ပူလို့တဲ့ အဲယားကွန်းဆိုပြီး
တပ်ထားတာ...
ဘာမဆို အစစ်လောက်မကောင်းပါဘူး အမေ...
နှလုံးအစားထိုးတာတဲ့အမေ...
အစစ်လောက်လည်း မကောင်းဘူး..
ဆိုးကျိုးပါပေးတတ်သေး...
(နှလုံး)မရှိတော့လည်း အသက်ရှင်ရတာ...
သုည...
အမေ...
အမေဟာ ကမ္ဘာကြီးရဲ့ နှလုံးသား...
..........................
အမေ...
ဆုတောင်းပေးလိုက်စမ်းပါ...
အမေ့သားတွေ ဦးဆောင်မယ့်
ကမ္ဘာကြီးအတွက်...
တောင်တွေကို ဖြိုနိုင်တဲ့
အမေ့မေတ္တာနှုတ်ချိုစကားတွေနဲ့...။...
........................
အမေ...
ကမ္ဘာတည်သ၍ မျက်ရည်ကင်းကင်းနဲ့
အပြုံးအမြဲ
(ပန်းတစ်ပွင့်ရဲ့ နုဝတ်မှုန်သစ်လို)
လှပရွှင်လန်းနိုင်ပါစေ...
အမေ...
်(၉၊ ၅၊ ၂၀၁၀ နေ့အတွက် အမေများအား လျံနိုးဂုဏ်ပြုပါသည်)
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Thursday, May 6, 2010
ကုတင်အောက်က အမှောင်ငွေ့များ
နတ်သမီးကျောက်ပြင်ခဏငှားပြီး
လမင်းကို သွေး၊
ငါ့ကို မျှော်လင့်ခြင်းအိပ်မက်ရှည်တွေ
ပေးတဲ့ ကောင်မလေး...
အခုတော့ အဝေးမှာ
နေ့ညအပိုင်းအခြားနှစ်ခုထဲက
ဘယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး
အိပ်မက်တွေနဲ့ ဆိုင်မြိုင်နေလား
ဆိုတာတောင် မသိရ...
..................................
တိမ်တွေကို သောက်သုံး
နေမင်းကြီးကို ကိုင်ပြီး
ပြုံးပြုံးလေးနဲ့ ငါ့အသည်းခွဲခဲ့တဲ့
ကောင်မလေး...
အခုတော့...
အဝေးမှာ ငိုနေသလား၊
ရယ်နေသလားဆိုတာတောင်
မသိရ...
ငါ့မှာတော့...
အင်္ဂါနေ့ကို ကြယ်တစ်ပွင့်လို ငေးလိုက်၊
ဗုဒ္ဓဟူးနေ့ကို ဖင်ခုထိုင်လိုက်၊
နေ့တွေ ငါ့ရင်ဘတ်မှာ ရက်ရက်စက်စက်
ဝေနေသ၍တော့
ငါဟာ မင်းကြောင့်
မျှော်လင့်ခြင်းတာရာတွေ လှလှပပကြွေနေတဲ့ကောင်
ဆိုတာလေးတော့ မှတ်ထားပေးပါ...
အရင်တုန်းက ငါမက်ခဲ့တဲ့
မင်းအတွက် အိပ်မက်တွေဆိုတာ
အခုတော့ လုံးဝပဲ...
မျက်လုံးမျက်ဆံပြူးရက်သေနေတဲ့
အစိမ်းသေတစ်ကောင်လို...
ညတွေက စိုပြေပုံယောင်ဆောင်ပြီး
လမင်းကို ဖွက်ထားပြီး
အိပ်ငိုက်နေကြတာ...။...
....................
ကဲ...
မင်းနဲ့ ငါနဲ့ ဘယ်လောက်ဝေးဝေး
ငါ့အနားထပ်မလာနဲ့တော့...
မမျှော်လင့်ချင်တော့ဘူး...
လမင်းကို သွေး၊
ငါ့ကို မျှော်လင့်ခြင်းအိပ်မက်ရှည်တွေ
ပေးတဲ့ ကောင်မလေး...
အခုတော့ အဝေးမှာ
နေ့ညအပိုင်းအခြားနှစ်ခုထဲက
ဘယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး
အိပ်မက်တွေနဲ့ ဆိုင်မြိုင်နေလား
ဆိုတာတောင် မသိရ...
..................................
တိမ်တွေကို သောက်သုံး
နေမင်းကြီးကို ကိုင်ပြီး
ပြုံးပြုံးလေးနဲ့ ငါ့အသည်းခွဲခဲ့တဲ့
ကောင်မလေး...
အခုတော့...
အဝေးမှာ ငိုနေသလား၊
ရယ်နေသလားဆိုတာတောင်
မသိရ...
ငါ့မှာတော့...
အင်္ဂါနေ့ကို ကြယ်တစ်ပွင့်လို ငေးလိုက်၊
ဗုဒ္ဓဟူးနေ့ကို ဖင်ခုထိုင်လိုက်၊
နေ့တွေ ငါ့ရင်ဘတ်မှာ ရက်ရက်စက်စက်
ဝေနေသ၍တော့
ငါဟာ မင်းကြောင့်
မျှော်လင့်ခြင်းတာရာတွေ လှလှပပကြွေနေတဲ့ကောင်
ဆိုတာလေးတော့ မှတ်ထားပေးပါ...
အရင်တုန်းက ငါမက်ခဲ့တဲ့
မင်းအတွက် အိပ်မက်တွေဆိုတာ
အခုတော့ လုံးဝပဲ...
မျက်လုံးမျက်ဆံပြူးရက်သေနေတဲ့
အစိမ်းသေတစ်ကောင်လို...
ညတွေက စိုပြေပုံယောင်ဆောင်ပြီး
လမင်းကို ဖွက်ထားပြီး
အိပ်ငိုက်နေကြတာ...။...
....................
ကဲ...
မင်းနဲ့ ငါနဲ့ ဘယ်လောက်ဝေးဝေး
ငါ့အနားထပ်မလာနဲ့တော့...
မမျှော်လင့်ချင်တော့ဘူး...
“အာရုံထဲမှာ...”
ကလေး...
မှိတ်ထားတယ်ဆိုရုံပဲ...
ကလေးမျက်လုံးတွေကို(ခဏ)
မှိန်းနေပေးပါနော်...
တစ်မိနစ်လောက်ပဲ...
ဟိုးမှာ လေပြည်လေးတွေက
ကိုယ်တို့
ရင်ခုန်သံတွေကို ခဏလောက်(အချင်းချင်း)
ပွေ့ဖက်ခွင့်ပေးဖို့
အယူခံတင်ထားတာ
(တစ်သက်လုံးအတွက်)
နှစ်မိနစ်လောက်လေးပဲကျန်တော့တယ်...
ဝေးသွားပြီးတဲ့ နောက်ပိုင်း
ဒလဟောသွန်ပစ်မယ့်
ကလေးမျက်ရည်တွေကို နှစ်သိမ့်တဲ့အနေနဲ့
ကိုယ့်နှုတ်ခမ်းပါးလေးကို စွန့်လိုက်ပြီ...
ပါးလေးစင်းထားလိုက်နော်...
ကဲ...
ဝမ်း...ထူး...သရီး...
...............................
ကဲ...
လေပြည်လေး အဝေးကို
လှိမ့်စင်းသွားပြီ...
ရင်ခုန်သံတွေနဲ့ ထပ်တူပေါ့...
အပြုံးတွေကို ဝတ်ဆင်ပြီး...
မုန်သုန်လေတွေကိုပါ
ဓားထောက်ခိုစီးသွားတယ်...
ပြောရရင်...
ကလေးနဲ့ ကိုယ်နဲ့(ကြား)
ပင်လယ်ဘယ်နှဂါလံလောက်ထဲမှာ...
ဝေးကွာခြင်းမှတ်တိုင်တွေ
ဘယ်နှစ်မှတ်တိုင်နစ်မွန်းကာ...
အသက်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေမလားဆိုတာတောင်...
သိလို့ မရအောင်
ဝေးသွားတာ...။...
.......................
အာရုံထဲမှာ...
ူမြေကြီးကို ချွတ်ချပြီး
ကောင်းကင်ကြီးကို စုတ်ဖြဲဝတ်ချင်မိတယ်...
စိုစွတ်ထားတဲ့ မြေမှုန့်တွေလို
ချော်စေးညစ်ထေးတဲ့
အလွမ်းတွေကို ဆက်လက်
ပွေ့ပိုက်ထားဖို့ မသထီတော့လို့ပါ...
ကန္တာရတစ်ခုရဲ့ မနက်တွေသာဝေနေတဲ့
လမ်းပျောက်ဆဲ
အထီးကျန်ခြင်းတွေကိုလည်း
မိုးတိမ်(မိုးငွေ့တွေ)နဲ့ အတူ
တဖျတ်ဖျတ်အေးသွားအောင် အဖြူစေးသုတ်ချင်လို့ပါ...
ကဲ...
ကလေး...
ကလေးကြောင့် ကိုယ်အခုလွမ်းနေပြီနော်...
(မျက်ရည်တွေလည်း ပါးပေါ်ခနေပြီ)
ဒါပေမဲ့...
ကိုယ်ကြောင့် ကလေးမငိုပါနဲ့...
ကလေးမျက်ရည်တွေ၊ ခေါင်နေတဲ့
နွေတွေဆီ ပစ်လှူလိုက်ပါ...
ပိုပြီး အကျိုးရှိမှာ...။..
...............
ကလေး...
တစ်ချိန်ချိန်မှာ...
ကလေးဟာ...
အကောင်အထည်တစ်ခုရဲ့ အကောင်အထည်ပါ...။...။။။
မှိတ်ထားတယ်ဆိုရုံပဲ...
ကလေးမျက်လုံးတွေကို(ခဏ)
မှိန်းနေပေးပါနော်...
တစ်မိနစ်လောက်ပဲ...
ဟိုးမှာ လေပြည်လေးတွေက
ကိုယ်တို့
ရင်ခုန်သံတွေကို ခဏလောက်(အချင်းချင်း)
ပွေ့ဖက်ခွင့်ပေးဖို့
အယူခံတင်ထားတာ
(တစ်သက်လုံးအတွက်)
နှစ်မိနစ်လောက်လေးပဲကျန်တော့တယ်...
ဝေးသွားပြီးတဲ့ နောက်ပိုင်း
ဒလဟောသွန်ပစ်မယ့်
ကလေးမျက်ရည်တွေကို နှစ်သိမ့်တဲ့အနေနဲ့
ကိုယ့်နှုတ်ခမ်းပါးလေးကို စွန့်လိုက်ပြီ...
ပါးလေးစင်းထားလိုက်နော်...
ကဲ...
ဝမ်း...ထူး...သရီး...
...............................
ကဲ...
လေပြည်လေး အဝေးကို
လှိမ့်စင်းသွားပြီ...
ရင်ခုန်သံတွေနဲ့ ထပ်တူပေါ့...
အပြုံးတွေကို ဝတ်ဆင်ပြီး...
မုန်သုန်လေတွေကိုပါ
ဓားထောက်ခိုစီးသွားတယ်...
ပြောရရင်...
ကလေးနဲ့ ကိုယ်နဲ့(ကြား)
ပင်လယ်ဘယ်နှဂါလံလောက်ထဲမှာ...
ဝေးကွာခြင်းမှတ်တိုင်တွေ
ဘယ်နှစ်မှတ်တိုင်နစ်မွန်းကာ...
အသက်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေမလားဆိုတာတောင်...
သိလို့ မရအောင်
ဝေးသွားတာ...။...
.......................
အာရုံထဲမှာ...
ူမြေကြီးကို ချွတ်ချပြီး
ကောင်းကင်ကြီးကို စုတ်ဖြဲဝတ်ချင်မိတယ်...
စိုစွတ်ထားတဲ့ မြေမှုန့်တွေလို
ချော်စေးညစ်ထေးတဲ့
အလွမ်းတွေကို ဆက်လက်
ပွေ့ပိုက်ထားဖို့ မသထီတော့လို့ပါ...
ကန္တာရတစ်ခုရဲ့ မနက်တွေသာဝေနေတဲ့
လမ်းပျောက်ဆဲ
အထီးကျန်ခြင်းတွေကိုလည်း
မိုးတိမ်(မိုးငွေ့တွေ)နဲ့ အတူ
တဖျတ်ဖျတ်အေးသွားအောင် အဖြူစေးသုတ်ချင်လို့ပါ...
ကဲ...
ကလေး...
ကလေးကြောင့် ကိုယ်အခုလွမ်းနေပြီနော်...
(မျက်ရည်တွေလည်း ပါးပေါ်ခနေပြီ)
ဒါပေမဲ့...
ကိုယ်ကြောင့် ကလေးမငိုပါနဲ့...
ကလေးမျက်ရည်တွေ၊ ခေါင်နေတဲ့
နွေတွေဆီ ပစ်လှူလိုက်ပါ...
ပိုပြီး အကျိုးရှိမှာ...။..
...............
ကလေး...
တစ်ချိန်ချိန်မှာ...
ကလေးဟာ...
အကောင်အထည်တစ်ခုရဲ့ အကောင်အထည်ပါ...။...။။။
Monday, May 3, 2010
“မ နဲ့ ရူးခဲ့တဲ့ ကျွန်တော်...”
ကျားဖင်နှိုက်တဲ့ မနက်ခင်းတွေနဲ့...
လွမ်းတဲ့စိတ်ကြောင့် (စိတ်ဒဏ်ရာ/စိတ်ရောဂါ)
တစ်ခုခုများရလေမလားဆိုပြီး
အမြဲနှိုးထရတဲ့ အဖြစ်ကို
မ သနားလှည့်ပါ...
ကြည့်လှည့်ပါ...
မြင်လှည့်ပါ...
.......................
တခါတလေ..
အလွမ်းပြေဆိုပေမဲ့...
ပိုလွမ်းစေတဲ့ လမ်းခွဲချိန်လေး..
ရေးရေးလေး ပြန်တွေးလိုက်တော့
အားနည်းနေတဲ့ နေခြည်ဆည်းဆာတွေထဲမှာ
မဟုတ်ခဲ့ဘဲ...
ကဗျာမဆန်...
ဖျင်းစပ်စပ်နေပူကျဲကျဲကြီးအောက်မှာ
ရင်ခုန်သံတွေကို
ခပ်မိုက်မိုက်စကားလုံးတွေနဲ့
အရည်ဖျော်ပစ်ခဲ့ကြတယ်...ဆိုတာကိုဘဲ...
ထပ်ခါတလဲလဲ
ဂီတတစ်ပုဒ်လို ပြန်တီးခတ်ခွင့်မရတော့ပေမဲ့
အတိတ်တွေကို စိတ်တွေနဲ့
ကြိုးစားတီးယူကြည့်ဖြစ်တယ်...။...
ဒါပေမဲ့...
ကြိုးတွေက ဂီတာမဆန်ဘဲ
ကဗျာဆန်နေတော့ကာ...
ဘောပင်တစ်လက်ပါပဲ..
အခုချိန်ထိ...
ကိုယ့်တင်ပေါ် ကိုယ်ပြန်လှန်မရေးရုံတမယ်...
ရှိသမျှမုန့်ဖိုးလေးတွေနဲ့...
စက္ကူလွတ်တွေပေါ်...
ခပ်ရိုင်းရိုင်းကဗျာတွေကို ဖန်တီးဖြစ်တယ်..
............................
ဩော်...
အတိတ်က ကျွန်တော့်ဂုဏ်သိက္ခာတွေကို
ဖဲ့ချေရောင်းချပြီး
ခင်းကျင်းပြသထားတဲ့ မ တစ်ယောက်တည်းအတွက်...
ကျွန်တော့်ရင်ခုန်သံတွေ...
အရှက်နဲ့ သိက္ခာကို
အပေါင်သဘောနဲ့တောင်
ပြန်ရွေးယူလို့ မရလောက်တဲ့အထိ
ချစ်ခဲ့တယ်...။...
မြတ်နိုးခဲ့တယ်...
ရူးသွပ်ခဲ့တယ်...
သီချင်းတစ်ပုဒ်လို
အနမ်းတွေကို
ပြန်တီးခတ်ခွင့်သာ ရမယ်ဆိုရင်...
တီးစရာဂစ်တာအသင့်ဆောင်ထားတယ်...
ကဗျာတစ်ပုဒ်လို
ပျောက်ဆုံးသွားတိုင်း ပြန်ရှာမရတော့တဲ့
ရင်ခုန်သံတွေက တစ်ပါတည်း
ခေါ်သွားတော့ကာ...
အထီးကျန်ညတွေနဲ့...
ငူတူတူနေ့ရက်တွေပဲ အဖတ်တင်ခဲ့တယ်...
အမေမပေါ်ဘဲ မွေးလာတဲ့
အလွမ်းတွေကိုလည်း
မ ဘယ်လို တာဝန်ယူမှာလဲ...
အပြုံးတွေနဲ့ ဒီကလေးကို
ဆက်မွေးထားဖို့ ထောက်ပံ့ကျွေးမွေးလှည့်ပါ...နော်...
ဒါပေမဲ့ လမ်းခွဲချိန်ဆိုတဲ့
အတိတ်က ပြန်ဆုံဖို့
မျှော်လင့်ခြင်းတွေကို
အမှိုက်ပုံနဲ့ အတူ...
စိတ်အားငယ်ခြင်းအပင်တွေအတွက်
မြေဩဇာဖြစ်သွားပါပြီ...
ဒါပေမဲ့ အခုထိ ချစ်နေသေးတယ်...
သတိရနေသေးတယ်...
လွမ်းဆွတ်နေသေးတယ်...
ကောင်းကင်ကြီးကို ကြည့်ပြီး
မ ဆိုတဲ့ နာမည်ရေရွတ်နေသေးတယ်...
ဆိုတာတွေကို...
ကြားကြားသမျှ...
မ ... မ ... မ ...
မ ဆီ ပြောပြပေးကြပါ...နော်...။
လွမ်းတဲ့စိတ်ကြောင့် (စိတ်ဒဏ်ရာ/စိတ်ရောဂါ)
တစ်ခုခုများရလေမလားဆိုပြီး
အမြဲနှိုးထရတဲ့ အဖြစ်ကို
မ သနားလှည့်ပါ...
ကြည့်လှည့်ပါ...
မြင်လှည့်ပါ...
.......................
တခါတလေ..
အလွမ်းပြေဆိုပေမဲ့...
ပိုလွမ်းစေတဲ့ လမ်းခွဲချိန်လေး..
ရေးရေးလေး ပြန်တွေးလိုက်တော့
အားနည်းနေတဲ့ နေခြည်ဆည်းဆာတွေထဲမှာ
မဟုတ်ခဲ့ဘဲ...
ကဗျာမဆန်...
ဖျင်းစပ်စပ်နေပူကျဲကျဲကြီးအောက်မှာ
ရင်ခုန်သံတွေကို
ခပ်မိုက်မိုက်စကားလုံးတွေနဲ့
အရည်ဖျော်ပစ်ခဲ့ကြတယ်...ဆိုတာကိုဘဲ...
ထပ်ခါတလဲလဲ
ဂီတတစ်ပုဒ်လို ပြန်တီးခတ်ခွင့်မရတော့ပေမဲ့
အတိတ်တွေကို စိတ်တွေနဲ့
ကြိုးစားတီးယူကြည့်ဖြစ်တယ်...။...
ဒါပေမဲ့...
ကြိုးတွေက ဂီတာမဆန်ဘဲ
ကဗျာဆန်နေတော့ကာ...
ဘောပင်တစ်လက်ပါပဲ..
အခုချိန်ထိ...
ကိုယ့်တင်ပေါ် ကိုယ်ပြန်လှန်မရေးရုံတမယ်...
ရှိသမျှမုန့်ဖိုးလေးတွေနဲ့...
စက္ကူလွတ်တွေပေါ်...
ခပ်ရိုင်းရိုင်းကဗျာတွေကို ဖန်တီးဖြစ်တယ်..
............................
ဩော်...
အတိတ်က ကျွန်တော့်ဂုဏ်သိက္ခာတွေကို
ဖဲ့ချေရောင်းချပြီး
ခင်းကျင်းပြသထားတဲ့ မ တစ်ယောက်တည်းအတွက်...
ကျွန်တော့်ရင်ခုန်သံတွေ...
အရှက်နဲ့ သိက္ခာကို
အပေါင်သဘောနဲ့တောင်
ပြန်ရွေးယူလို့ မရလောက်တဲ့အထိ
ချစ်ခဲ့တယ်...။...
မြတ်နိုးခဲ့တယ်...
ရူးသွပ်ခဲ့တယ်...
သီချင်းတစ်ပုဒ်လို
အနမ်းတွေကို
ပြန်တီးခတ်ခွင့်သာ ရမယ်ဆိုရင်...
တီးစရာဂစ်တာအသင့်ဆောင်ထားတယ်...
ကဗျာတစ်ပုဒ်လို
ပျောက်ဆုံးသွားတိုင်း ပြန်ရှာမရတော့တဲ့
ရင်ခုန်သံတွေက တစ်ပါတည်း
ခေါ်သွားတော့ကာ...
အထီးကျန်ညတွေနဲ့...
ငူတူတူနေ့ရက်တွေပဲ အဖတ်တင်ခဲ့တယ်...
အမေမပေါ်ဘဲ မွေးလာတဲ့
အလွမ်းတွေကိုလည်း
မ ဘယ်လို တာဝန်ယူမှာလဲ...
အပြုံးတွေနဲ့ ဒီကလေးကို
ဆက်မွေးထားဖို့ ထောက်ပံ့ကျွေးမွေးလှည့်ပါ...နော်...
ဒါပေမဲ့ လမ်းခွဲချိန်ဆိုတဲ့
အတိတ်က ပြန်ဆုံဖို့
မျှော်လင့်ခြင်းတွေကို
အမှိုက်ပုံနဲ့ အတူ...
စိတ်အားငယ်ခြင်းအပင်တွေအတွက်
မြေဩဇာဖြစ်သွားပါပြီ...
ဒါပေမဲ့ အခုထိ ချစ်နေသေးတယ်...
သတိရနေသေးတယ်...
လွမ်းဆွတ်နေသေးတယ်...
ကောင်းကင်ကြီးကို ကြည့်ပြီး
မ ဆိုတဲ့ နာမည်ရေရွတ်နေသေးတယ်...
ဆိုတာတွေကို...
ကြားကြားသမျှ...
မ ... မ ... မ ...
မ ဆီ ပြောပြပေးကြပါ...နော်...။
“ခေတ်တွေရဲ့ အထာ”
ညတွေရဲ့ နှုတ်ခမ်းတွေပေါ်မှာ
မဲ့တဲ့တဲ့အပြုံးတွေနဲ့
နေမင်းကြီးကို ဒရွတ်တိုက်ဆွဲလာပြီး
ရင်မှာတော့ အပူတွေ
ဝနေတဲ့ နေခြည်အလင်းတန်းတွေက
ဆော့ကစားပြေးလွှားနေကြလေရဲ့...။..
သန်းခေါင်ယံတွေကို
လှမ်းခေါ်ပါတယ်...
ဒါပေမဲ့...
စောင့်ဦး...
မုတ်သုန်လေဝနေတဲ့ လေညင်းတွေနဲ့အတူ
လာခဲ့မယ်တဲ့...
နောက် သူတို့လာတော့
သူတို့မှာ အရုဏ်ဦးကို
ကြိုဆိုဖို့ တေးဆိုငှက်ကလေးတွေ
ဖမ်းခေါ်လာတယ်...။...
အိပ်စက်ခြင်းကြိုးတွေနဲ့
စွဲမြဲချည်...နောက်...
အိပ်မက်လို့ လိမ်ထားပြီးတော့...။...
ငှက်ကလေးတွေခဗျာ..
သွားရည်တွေ ကျလို့...။...
သူတို့ရင်ထဲ ပွေ့ပိုက်ထားတဲ့
နွေတွေ အစုတ်ဖြဲခံလိုက်ရတယ်
ညခင်းရဲ့ လေညင်းတွေနဲ့...။...
.............................
ဟော်...အဝေးကို ကြည့်ပါလား...
အမှောင်ဝတ်ရုံအောက်မှာ ကိုယ်လုံးတီး
ကခုန်နေတဲ့ နာရီသံတွေ...
ဘေးနား တအံ့တဩ
ကြည့်ရှုနေတဲ့ ကျောက်ခေတ်ကလူတွေရဲ့
ဝိဥာဉ်တွေ (ပြူးကြောင်ကြောင်နဲ့)...
သူတို့ခဗျာ နာရီကိုတောင်
မကိုင်ကြည့်ရဲရှာဘူး...။...
ဒီတော့...
ဘေးနားကနေ သူတို့ကို
ဟားတိုက်လှောင်ရယ်နေတဲ့
ခေတ်ပေါ်ဝိဥာဉ်တွေအတွက် သူတို့ဟာ
ပြက်လုံးလေးတွေပဲပေါ့...။...
အဲဒီလိုပဲ...
ခေတ်တစ်ခုရဲ့ မညီမျှခြင်းကွက်လပ်တစ်ခုအပေါ်...
ငါ...
နေရောင်ဖြာမိုးကောင်းကင်ရှေ့
မိုးတိမ်တွေကို လျှာတစ်လစ်ထုတ်ပြရက်...
ဒုံးပျံကြီး တစ်ယောက်တည်းခွစီး...
လက်ထဲမှာ ကိုင်ထားတာက
ပျူခေတ် ပေစာတွေ...
နားမလည်ပါးမလည်...
လေထုထဲငါ...
အမည်မပေါ်တဲ့ အဖြေတစ်ခုအတွက်
လွင့်မျောနေရတော့တယ်...။...။..။။။
မဲ့တဲ့တဲ့အပြုံးတွေနဲ့
နေမင်းကြီးကို ဒရွတ်တိုက်ဆွဲလာပြီး
ရင်မှာတော့ အပူတွေ
ဝနေတဲ့ နေခြည်အလင်းတန်းတွေက
ဆော့ကစားပြေးလွှားနေကြလေရဲ့...။..
သန်းခေါင်ယံတွေကို
လှမ်းခေါ်ပါတယ်...
ဒါပေမဲ့...
စောင့်ဦး...
မုတ်သုန်လေဝနေတဲ့ လေညင်းတွေနဲ့အတူ
လာခဲ့မယ်တဲ့...
နောက် သူတို့လာတော့
သူတို့မှာ အရုဏ်ဦးကို
ကြိုဆိုဖို့ တေးဆိုငှက်ကလေးတွေ
ဖမ်းခေါ်လာတယ်...။...
အိပ်စက်ခြင်းကြိုးတွေနဲ့
စွဲမြဲချည်...နောက်...
အိပ်မက်လို့ လိမ်ထားပြီးတော့...။...
ငှက်ကလေးတွေခဗျာ..
သွားရည်တွေ ကျလို့...။...
သူတို့ရင်ထဲ ပွေ့ပိုက်ထားတဲ့
နွေတွေ အစုတ်ဖြဲခံလိုက်ရတယ်
ညခင်းရဲ့ လေညင်းတွေနဲ့...။...
.............................
ဟော်...အဝေးကို ကြည့်ပါလား...
အမှောင်ဝတ်ရုံအောက်မှာ ကိုယ်လုံးတီး
ကခုန်နေတဲ့ နာရီသံတွေ...
ဘေးနား တအံ့တဩ
ကြည့်ရှုနေတဲ့ ကျောက်ခေတ်ကလူတွေရဲ့
ဝိဥာဉ်တွေ (ပြူးကြောင်ကြောင်နဲ့)...
သူတို့ခဗျာ နာရီကိုတောင်
မကိုင်ကြည့်ရဲရှာဘူး...။...
ဒီတော့...
ဘေးနားကနေ သူတို့ကို
ဟားတိုက်လှောင်ရယ်နေတဲ့
ခေတ်ပေါ်ဝိဥာဉ်တွေအတွက် သူတို့ဟာ
ပြက်လုံးလေးတွေပဲပေါ့...။...
အဲဒီလိုပဲ...
ခေတ်တစ်ခုရဲ့ မညီမျှခြင်းကွက်လပ်တစ်ခုအပေါ်...
ငါ...
နေရောင်ဖြာမိုးကောင်းကင်ရှေ့
မိုးတိမ်တွေကို လျှာတစ်လစ်ထုတ်ပြရက်...
ဒုံးပျံကြီး တစ်ယောက်တည်းခွစီး...
လက်ထဲမှာ ကိုင်ထားတာက
ပျူခေတ် ပေစာတွေ...
နားမလည်ပါးမလည်...
လေထုထဲငါ...
အမည်မပေါ်တဲ့ အဖြေတစ်ခုအတွက်
လွင့်မျောနေရတော့တယ်...။...။..။။။
“မာယာညတွေနဲ့ မူးယစ်တဲ့နေ့”
တွေးနေတဲ့ အတွေးလေးတောင်
မပြီးသေးဘူး...
လျှောက်နေဆဲ လမ်းမပေါ်မှာ
ရင်ခုန်သံတွေ တစ်စစီ
ပွလန်ကြဲကုန်ပြီ...
အချစ်ကို
ဒသဂီရိတောင်မှ တခါပဲရှုံးတာ
အချစ်ရှုံးသမားတဲ့...
လျှာတစ်ချောင်းတည်းနဲ့
ရာဇဝင်ကို ဖန်တီးနေလိုက်ကြတာ...
ချစ်တိုင်းဆုံးရှုံးသွားတဲ့
ငါ့ရင်ခုန်သံတွေရဲ့ မျက်ရည်တွေကို
သူတို့ မြင်ရင် လျှာပါမကဘူး...
မျက်စောင်းတွေနဲ့ပါ...ရာဇဝင်တစ်ခုလို
ငါ့ကို အကြောင်းပြုပြီး
ဖန်တီးကြမယ်ထင်ပါရဲ့...
.................................
ရင်ခုန်သံအလိုအရ သာယာတဲ့(သူ)
မှန်သမျှ ချစ်မိတော့ကာ...
ချစ်တိုင်းလည်း ရင်ခုန်သံတွေ
ဆုံးရှုံးသွားတာ...
ရင်ခုန်သံတွေဟာ
(ကိုယ့်ကို) ထားသွားတဲ့သူနဲ့
(ကိုယ်က)ထားခဲ့တဲ့သူနဲ့
အခြေအနေအရ
ရင်ခွင်ချင်းငြင်းဆန်လိုက်ရတဲ့ သူတွေနဲ့
အမြဲတမ်းလိုလို ခံစားနေရတော့ကာ...
အခုဆို ကိုယ့်ကိုကိုယ်သိပါပြီ...
ကိုယ်ဟာ ကိုယ့်ကိုကိုယ်
ပြန်ရှတဲ့ ဓားတစ်လက်ဆိုတာ...
............................
ညတွေထဲ ဝင်သွားတဲ့
လတွေ ဝေတိုင်း
ရင်ခုန်သံတစ်ခါစီကြွေကျစမြဲပါ..
သန်းခေါင်တွေထဲ တိုးထွက်လာတဲ့
မနက်အာရုံတိုင်း ရင်ခုန်သံတစ်ခါစီ
ဝေရစမြဲပါ...
ကြာတော့ လင်းနေတဲ့ ရင်ခုန်သံတွေတောင်
ကွဲအက်မှုကြောင့်...
(အလင်းရောင်တွေ ကွဲရှပေါက်ပြဲတာ အခုဆို)
ခန္ဓာကိုယ်တစ်ခုလုံး ပက်ပက်စက်စက်ကို
မှောင်နေတာ ညတွေတောင်
အပျင်းပြေဖွဲ့စည်းထားလိုက်သေး...
ဒါပေမဲ့ ညတွေက
ကိုယ့်အမှောင်ကိုယ်ပြန်ကြောက်တာတစ်ခုပဲ...ဆိုးတယ်...။
...............................
ကြာတော့ ခြောက်သွေ့စိုထိုင်းတဲ့
ဆန့်ကျင်ဘက်ရင်ခုန်သံတွေရဲ့
မနက်ခင်း အစိတ်အပိုင်းတစ်ခုမှာ
ငါ့ခန္ဓာကိုယ်ကြီးလည်း...
အန်ချထားတဲ့ (မိန်းမတွေရဲ့)မာယာတွေကို
ပြန်မကျုံးချင်တော့တာနဲ့...
ပေါက်ပြဲနေတဲ့ နံရံတွေထဲ
ဝင်ရောက်လာတဲ့
ခပ်ကျဲကျဲနေရောင်တွေဆီကို
ပေါက်ပြဲပြဲရင်ခုန်သံယိုတွေကို
ပစ်ပေါက်ထည့်ပြီး...
နေ့ကို ကျောပေး၊ စက္ခုအာရုံရဲ့
ညတွေဆီ အသာလေး
ယွန်းခဲ့လိုက်တယ်...။...။...
မပြီးသေးဘူး...
လျှောက်နေဆဲ လမ်းမပေါ်မှာ
ရင်ခုန်သံတွေ တစ်စစီ
ပွလန်ကြဲကုန်ပြီ...
အချစ်ကို
ဒသဂီရိတောင်မှ တခါပဲရှုံးတာ
အချစ်ရှုံးသမားတဲ့...
လျှာတစ်ချောင်းတည်းနဲ့
ရာဇဝင်ကို ဖန်တီးနေလိုက်ကြတာ...
ချစ်တိုင်းဆုံးရှုံးသွားတဲ့
ငါ့ရင်ခုန်သံတွေရဲ့ မျက်ရည်တွေကို
သူတို့ မြင်ရင် လျှာပါမကဘူး...
မျက်စောင်းတွေနဲ့ပါ...ရာဇဝင်တစ်ခုလို
ငါ့ကို အကြောင်းပြုပြီး
ဖန်တီးကြမယ်ထင်ပါရဲ့...
.................................
ရင်ခုန်သံအလိုအရ သာယာတဲ့(သူ)
မှန်သမျှ ချစ်မိတော့ကာ...
ချစ်တိုင်းလည်း ရင်ခုန်သံတွေ
ဆုံးရှုံးသွားတာ...
ရင်ခုန်သံတွေဟာ
(ကိုယ့်ကို) ထားသွားတဲ့သူနဲ့
(ကိုယ်က)ထားခဲ့တဲ့သူနဲ့
အခြေအနေအရ
ရင်ခွင်ချင်းငြင်းဆန်လိုက်ရတဲ့ သူတွေနဲ့
အမြဲတမ်းလိုလို ခံစားနေရတော့ကာ...
အခုဆို ကိုယ့်ကိုကိုယ်သိပါပြီ...
ကိုယ်ဟာ ကိုယ့်ကိုကိုယ်
ပြန်ရှတဲ့ ဓားတစ်လက်ဆိုတာ...
............................
ညတွေထဲ ဝင်သွားတဲ့
လတွေ ဝေတိုင်း
ရင်ခုန်သံတစ်ခါစီကြွေကျစမြဲပါ..
သန်းခေါင်တွေထဲ တိုးထွက်လာတဲ့
မနက်အာရုံတိုင်း ရင်ခုန်သံတစ်ခါစီ
ဝေရစမြဲပါ...
ကြာတော့ လင်းနေတဲ့ ရင်ခုန်သံတွေတောင်
ကွဲအက်မှုကြောင့်...
(အလင်းရောင်တွေ ကွဲရှပေါက်ပြဲတာ အခုဆို)
ခန္ဓာကိုယ်တစ်ခုလုံး ပက်ပက်စက်စက်ကို
မှောင်နေတာ ညတွေတောင်
အပျင်းပြေဖွဲ့စည်းထားလိုက်သေး...
ဒါပေမဲ့ ညတွေက
ကိုယ့်အမှောင်ကိုယ်ပြန်ကြောက်တာတစ်ခုပဲ...ဆိုးတယ်...။
...............................
ကြာတော့ ခြောက်သွေ့စိုထိုင်းတဲ့
ဆန့်ကျင်ဘက်ရင်ခုန်သံတွေရဲ့
မနက်ခင်း အစိတ်အပိုင်းတစ်ခုမှာ
ငါ့ခန္ဓာကိုယ်ကြီးလည်း...
အန်ချထားတဲ့ (မိန်းမတွေရဲ့)မာယာတွေကို
ပြန်မကျုံးချင်တော့တာနဲ့...
ပေါက်ပြဲနေတဲ့ နံရံတွေထဲ
ဝင်ရောက်လာတဲ့
ခပ်ကျဲကျဲနေရောင်တွေဆီကို
ပေါက်ပြဲပြဲရင်ခုန်သံယိုတွေကို
ပစ်ပေါက်ထည့်ပြီး...
နေ့ကို ကျောပေး၊ စက္ခုအာရုံရဲ့
ညတွေဆီ အသာလေး
ယွန်းခဲ့လိုက်တယ်...။...။...
“မိုးအိပ်မက်...”
လူ့ဘဝကြီးမှာလေ...
ခိုးစားထားတဲ့ အသီးက ပိုပြီး
ချိုမြိန်သလိုလို...
ခိုးစားထားတဲ့ ဟင်းကပဲ
ပိုပြီးတော့
မြိန်သလိုလို...
ခိုးပြီး ချစ်ရတဲ့
မိန်းကလေးကပဲ ပိုပြီးတော့ပဲ
လှနေသလိုလို...
ခိုးပြီး ရင်ခုန်ရတဲ့ ညမှာလက
ပိုပြီးတော့ ဝင်းလက်သာနေသလိုလို...
စကားချင်းတူပေမဲ့ ညစ်ပတ်ပတ်စကားလုံးတွေ
ပါရင် ပိုပြီးတော့
အရသာရှိသလိုလို...။...
ပါးချင်းတူပေမဲ့ အရင်က
အခြေအနေအရပ်ရပ်ကြောင့်
ပုန်းလျှိုးကွယ်ဝှက်ခဲ့ရတဲ့
ရင်ခုန်သံတွေနဲ့ ခိုးနမ်းရတဲ့
ငယ်ချစ်သူပါးတစ်ခြမ်းလေးကပဲ
ပိုပြီးတော့ ရနံ့မွှေးကြိုင်သင်းနေသလိုလို...
လောကကြီးကိုက အဆိုးဘက်ကို
အမြဲတမ်း အားဆေးတွေ ကျွေးနေတာလေ...
လူတွေရဲ့ ပေါက်တီးပေါက်ရှာ
အကျင့်စရိုက်တွေနဲ့...။
................................
မနေ့ညကလေ...
ကောင်မလေးတစ်ယောက်အိပ်မက်ထဲမှာ
မိုးလေးဖွဲဖွဲကျနေတုန်း
မျက်ရည်တွေနဲ့ မတ်တတ်ကြီး
ချော်လဲသွားတယ်...
တစ်ကိုယ်စာသာသာပဲရှိတဲ့
အသည်းကွဲအခန်းကျဉ်းလေးထဲမှာပါ...
ရင်ခုန်သံတွေနဲ့ အတူ မတ်တတ်ကြီးချော်လဲတာ...
မြင်လို့ ရှုလို့တော့ မကောင်းဘူး...
နေ့တွေရဲ့ ဝိဥာဉ်ထဲ သူအကြိမ်ကြိမ်
မှေးစက်နေတာကိုလဲ
ဘယ်သူမှ တားလို့မရပါဘူး...
ညတွေထဲ ကောင်းကောင်း
အပ်ပျော်ချင်ယောင်ဆောင်နေတာတွေရော...
တကယ်တော့...
သူဟာ ရိုးရိုးလေး အသည်းကွဲတာပါ...
ဒါပေမဲ့ အချစ်ဒဏ်ရာက နက်တော့
ဆန်းဆန်းပြားပြားကို ခံစားနေရတာ...
..........................
ဒီလိုပါပဲ...။...။...
အကယ်၍...
ငါသာ အသည်းကွဲခြင်းရဲ့
အိမ်ရှင်တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်...
မျက်ရည်တံတားတွေကို
ခင်းထားလိုက်ပါ...
နာကျင်ခြင်းညတွေကို ငါမပွေ့ဖက်ချင်တဲ့
အမှောင်တွေထဲမှာ
ကြဲဖြန်းပေးလိုက်ပါ...
ယောင်ရမ်းအိပ်မက်တွေကို
စိတ်တွေနဲ့အတူ သံမဏိကြိုးနဲ့
ချည်ထားလိုက်ပါ...
ပျံသန်းတတ်တဲ့ စိတ်တွေကို
လွတ်လပ်ခွင့်တွေ ပေးလိုက်ပါ...
ငါသာ အသည်းကွဲခဲ့မယ်ဆိုရင်ပေါ့...
ဒါပေမဲ့ အခုချိန်ထိ
ငါဟာ ကဗျာထဲကအတိုင်းတော့ လုံးဝကို
အသည်းမကွဲချင်သေးဘူး...။....
..........................။
ခိုးစားထားတဲ့ အသီးက ပိုပြီး
ချိုမြိန်သလိုလို...
ခိုးစားထားတဲ့ ဟင်းကပဲ
ပိုပြီးတော့
မြိန်သလိုလို...
ခိုးပြီး ချစ်ရတဲ့
မိန်းကလေးကပဲ ပိုပြီးတော့ပဲ
လှနေသလိုလို...
ခိုးပြီး ရင်ခုန်ရတဲ့ ညမှာလက
ပိုပြီးတော့ ဝင်းလက်သာနေသလိုလို...
စကားချင်းတူပေမဲ့ ညစ်ပတ်ပတ်စကားလုံးတွေ
ပါရင် ပိုပြီးတော့
အရသာရှိသလိုလို...။...
ပါးချင်းတူပေမဲ့ အရင်က
အခြေအနေအရပ်ရပ်ကြောင့်
ပုန်းလျှိုးကွယ်ဝှက်ခဲ့ရတဲ့
ရင်ခုန်သံတွေနဲ့ ခိုးနမ်းရတဲ့
ငယ်ချစ်သူပါးတစ်ခြမ်းလေးကပဲ
ပိုပြီးတော့ ရနံ့မွှေးကြိုင်သင်းနေသလိုလို...
လောကကြီးကိုက အဆိုးဘက်ကို
အမြဲတမ်း အားဆေးတွေ ကျွေးနေတာလေ...
လူတွေရဲ့ ပေါက်တီးပေါက်ရှာ
အကျင့်စရိုက်တွေနဲ့...။
................................
မနေ့ညကလေ...
ကောင်မလေးတစ်ယောက်အိပ်မက်ထဲမှာ
မိုးလေးဖွဲဖွဲကျနေတုန်း
မျက်ရည်တွေနဲ့ မတ်တတ်ကြီး
ချော်လဲသွားတယ်...
တစ်ကိုယ်စာသာသာပဲရှိတဲ့
အသည်းကွဲအခန်းကျဉ်းလေးထဲမှာပါ...
ရင်ခုန်သံတွေနဲ့ အတူ မတ်တတ်ကြီးချော်လဲတာ...
မြင်လို့ ရှုလို့တော့ မကောင်းဘူး...
နေ့တွေရဲ့ ဝိဥာဉ်ထဲ သူအကြိမ်ကြိမ်
မှေးစက်နေတာကိုလဲ
ဘယ်သူမှ တားလို့မရပါဘူး...
ညတွေထဲ ကောင်းကောင်း
အပ်ပျော်ချင်ယောင်ဆောင်နေတာတွေရော...
တကယ်တော့...
သူဟာ ရိုးရိုးလေး အသည်းကွဲတာပါ...
ဒါပေမဲ့ အချစ်ဒဏ်ရာက နက်တော့
ဆန်းဆန်းပြားပြားကို ခံစားနေရတာ...
..........................
ဒီလိုပါပဲ...။...။...
အကယ်၍...
ငါသာ အသည်းကွဲခြင်းရဲ့
အိမ်ရှင်တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်...
မျက်ရည်တံတားတွေကို
ခင်းထားလိုက်ပါ...
နာကျင်ခြင်းညတွေကို ငါမပွေ့ဖက်ချင်တဲ့
အမှောင်တွေထဲမှာ
ကြဲဖြန်းပေးလိုက်ပါ...
ယောင်ရမ်းအိပ်မက်တွေကို
စိတ်တွေနဲ့အတူ သံမဏိကြိုးနဲ့
ချည်ထားလိုက်ပါ...
ပျံသန်းတတ်တဲ့ စိတ်တွေကို
လွတ်လပ်ခွင့်တွေ ပေးလိုက်ပါ...
ငါသာ အသည်းကွဲခဲ့မယ်ဆိုရင်ပေါ့...
ဒါပေမဲ့ အခုချိန်ထိ
ငါဟာ ကဗျာထဲကအတိုင်းတော့ လုံးဝကို
အသည်းမကွဲချင်သေးဘူး...။....
..........................။
Subscribe to:
Posts (Atom)