အာရုံမှာ ကြည်နူးစရာ
သူ့စကားသံမရှိတော့ ...
ရင်မှာ ...
လက်တွေမှာ ...
ကဗျာတွေမှာ ...
ခြေလှမ်းတွေမှာ ...
အတွေးသံစဉ်တွေမှာ ...
အထီးကျန် ...ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
မင်းသိလား ...
ကောင်းကင်တွေ ရေခပ်မဆင်းတော့တဲ့
ဒီနွေရက်တွေမှာ ...
သက်တံတွေနဲ့ အတူ ...
ငါ့ဝိဥာဉ်(အမှတ်စဉ်ပျောက်ပြီး)
တစ်နေရာရာမှာ ပုန်းခိုနေတယ် ...ဆိုတာ...
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး ...
ထပ်အာဖျံကွီးရရင်လည်း ...
နေ့တိုင်း ညတိုင်း ...
မင်းအပြုံးတွေနဲ့ ငါ့နာရီသံတွေ
အသက်ဆက်နေရတယ် ...ဆိုတာ
ဖြန့်ကားနေတဲ့ နံရံကြီးအသိ ...။...
နောက် ...
အိပ်မက်တွေထဲမင်းခန့်ခန့်ကြီးထိုင်ပြီး
ညတိုင်း စိုးမိုးထားတာ ...
ထထယောင်ရတဲ့အထိ ...
အဲဒါလည်း မင်းပေးတဲ့ကဗျာပဲ ...
အခုဆို အင်တာနက် စာမျက်နှာတွေပေါ်မှာ ...
မင်း ပေးတဲ့ ကဗျာတွေ ...
လူတွေရဲ့ အမြင်အာရုံတွေမှာ
ကျိုးတို့ကျဲတဲ ပွင့်ဖူးလာကြပြီ ...
ကျေးဇူးပဲ ...
မင်းပေးတဲ့ ကဗျာတွေအတွက် ကျေးဇူးပဲ ...
ကျေးဇူးပဲ ဆိုတာကလည်း မင်းပေးတဲ့ ကဗျာပါပဲ ...
“နှစ်အဆက်ဆက် ငါ့နှလုံးသားထဲ
အသည်းခွဲအမိန့်ကြီး ကိုက်ငုံထားတဲ့
အပြုံးသန်လျက်နဲ့ ကောင်မလေးရေ ...” ...
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Tuesday, May 18, 2010
Monday, May 17, 2010
“စောင့်ဆိုင်း ...”
ဘယ်တော့ ခြေဦးလှည့်လာမလဲ ...
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း ...
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ ...
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် ...
မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း ...
နို့စို့ဖို့ စောင့်ဆိုင်း ...
ကစားရဖို့ စောင့်ဆိုင်း ...
ကျောင်းတက်ရဖို့ စောင့်ဆိုင်း ...
အတန်းပြီးဖို့ စောင့်ဆိုင်း ...
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
စောင့်ဆိုင်း ....
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ ...တဲ့...
ကောလိပ်တက်ဖို့ စောင့်ဆိုင်း ...
နှစ်ကုန်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ ...
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ ...
နောက် ...
အလုပ်ရဖို့ စောင့်ဆိုင်း ...
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း ...
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း ...
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး ...
ကဗျာရိုင်းတွေ ထွက်လာမှ ...
လက်ထပ်ဖို့ စောင့်ဆိုင်း ...
ကလေးရဖို့ စောင့်ဆိုင်း ...
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း ...
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း ...
သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
နောက်ဆုံး ...
“...ငါဘယ်နေ့ သေရမလဲ...” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း ...
ကဲ ...
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ ...
.......................................
ဘဝဆိုတာ ...
ယုံကြည်ရမယ် ...
ရှင်သန်ရမယ် ...
“...ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်...”...လို့ ...။
မသိရတဲ့
လေလွင့်ကြိုးမဲ့ကော်နက်ရှင်ကို
ညရိုင်းတစ်ခုမှာ စောင့်ဆိုင်း ...
ကောင်မလေးတစ်ယောက်ကို
စကားပြောချင်တဲ့အတွက်ကြောင့်
ဖြစ်ပေါ်လာတဲ့ အလိုမကျစိတ်နဲ့ပဲ ...
တက်(တောက်)တစ်ခုကို (ခေါက်)
လေပြည်တွေထဲ လက်ဆောင်ထည့်ပေးလိုက်တယ် ...
မွေးကတည်းက မွေးဖွားပေးတဲ့
သူနာပြုဆရာမကို မော်ဖူးဖို့ စောင့်ဆိုင်း ...
နို့စို့ဖို့ စောင့်ဆိုင်း ...
ကစားရဖို့ စောင့်ဆိုင်း ...
ကျောင်းတက်ရဖို့ စောင့်ဆိုင်း ...
အတန်းပြီးဖို့ စောင့်ဆိုင်း ...
အောင်စာရင်းထွက်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
စောင့်ဆိုင်း ....
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
ဆယ်တန်းလေးတော့ အောင်လာခဲ့ပါပြီ ...တဲ့...
ကောလိပ်တက်ဖို့ စောင့်ဆိုင်း ...
နှစ်ကုန်ဖို့ စောင့်ဆိုင်း ...
နောက်တစ်တန်းတက်ဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး
အရိုးတွေ ပြိုင်းပြိုင်းထွက်သည်အထိ
စောင့်ဆိုင်းလာလိုက်တာ ...
ဘွဲ့လေးတော့ နာမည်တပ်ခံရပါပြီ ...
နောက် ...
အလုပ်ရဖို့ စောင့်ဆိုင်း ...
အလုပ်ရှင်မျက်နှာရဖို့ စောင့်ဆိုင်း ...
မ ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ကို့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
ညီမလေးဆီက အဖြေရဖို့ စောင့်ဆိုင်း ...
မောင့်ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
သူ့ဆီက အဖြေရဖို့ စောင့်ဆိုင်း ...
တဆိုင်းဆိုင်းနဲ့ နောက်ဆုံး ...
ကဗျာရိုင်းတွေ ထွက်လာမှ ...
လက်ထပ်ဖို့ စောင့်ဆိုင်း ...
ကလေးရဖို့ စောင့်ဆိုင်း ...
ပျော်ရွှင်စရာ အိမ်ထောင်စုတစ်ခုကို စောင့်ဆိုင်း ...
မြေးလေးတွေ၊ မြေးမလေးတွေမျက်နှာ စောင့်ဆိုင်း ...
သားသမီးတွေ အိမ်ပြန်အလာ
မြေးလေးတွေနဲ့ အတူ စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
စောင့်ဆိုင်း ...
နောက်ဆုံး ...
“...ငါဘယ်နေ့ သေရမလဲ...” ဆိုတဲ့
စကားရဲ့ အဖြေသိရဖို့ စောင့်ဆိုင်း ...
ကဲ ...
အသက်တစ်ချောင်းကို ပြည့်ဖုံးကားချလိုက်ပါပြီ ...
.......................................
ဘဝဆိုတာ ...
ယုံကြည်ရမယ် ...
ရှင်သန်ရမယ် ...
“...ငါဟာ မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုတိုးတက်ရမယ်...”...လို့ ...။
“သုညသည်သာ နောက်ဆုံးဖြစ်၍ ... သုညသည်သာ အစကနဦးဆုံးဖြစ်ကြောင်း ...”
မျောခဲ့ရတာ မြစ်ကျိုးအင်းဘယ်နှစ်ခုတောင်
ငါ့ဘဝမှာ လက်ပစ်စံချိန်ချိုးခဲ့ပြီလဲ ...
ကွေ့ကွေ့ကောက်ကောက်
ဒီမြစ်ရိုးတစ်လျှောက်စုန်လာလိုက်ရတာ ...
စုန်သာ စုန်ခဲ့ရတယ် ...
ကျွန်တော့်မှာ မ နဲ့ ဝေးခဲ့ရတယ် ...ဆိုတာကို
မယုံနိုင်သေး ...
မျောသာမျောခဲ့ရတယ် ...
ဖြေသာစကားမြစ်တွေထဲမှာ
ကျွန်တော့်နာမည်အခုထိမပျော်ဝင်နိုင်သေး ...
မနက်ဖြန်တွေကို မေးရက်ပါဘဲ ...
ဒီဒဏ်ရာ ပြန်ကောင်းအောင် ကုသပေးနိုင်မလား ...လို့ ...
ရင်ခုန်သံတွေ လွင့်မျောတဲ့
ကောင်းကင်ကြီးမှာ ကွဲရှရာ မဖြေသာ၊
ပက်လက်ဟနေတဲ့ ဒဏ်ရာ ...
ဘေးနားမှာ အပ်လေးတစ်စင်း ...
ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်လို့
သက်သေခံပစ္စည်းလေးပေါ့ ...
အိပ်မက်တွေထဲမှာ အဲဒီအပ်တစ်စင်းကို
လုံလုံခြုံခြုံသိမ်းဆည်းထားတယ် ...
အပ်လေးက တခါတလေညည်းရှာပါတယ် ...
“ မောင်လေး ...မ ကို ထွက်သွားခွင့် ပြုပါတော့ ...” ...လို့ ...။...
ညအမှတ်ထောင့်ငါးရာ ...
ပိုင်ဆိုင်တဲ့ ကဗျာဆရာ ...
အိပ်မက်တွေ ပြန်ပေးဆွဲမှုနဲ့ ...
စာရွက်တွေပေါ် ဘောပင်တစ်လက်နဲ့ ကားစင်တင်ခံရတယ် ...
သံယောဇဉ်တွေ ...
အတိတ်တွေ ...
မ စကားသံတွေကတော့ သူ့ကို လှောင်လို့ ရယ်လို့ ...ပေါ့...
သူလေးကျေနပ်ပါတယ် ...
တစ်စထက် တစ်စ ...၊
ကွဲရှလာတဲ့ ဒဏ်ရာတွေကို ညင်သာစွာပွတ်ထူရင်း ...
ညှီစော်နံ သူ့သွေးဒိုင်ယာရီတစ်ပုဒ်ကို ပစ်ချလိုက်တယ် ...
ဒိုင်ယာရီနောက်ဆုံးမှာ ...
စာလုံးလေးတွေ ခွင်းထားတာက ...
“ ငါ့အတိတ်တွင် တိတ်တိတ်ဆိတ်ဆိတ် မ အိပ်နေစဉ်
မသိမသာ ရင်ခုန်သံများအား သူ့အတွက် ...
ပက်ဖြန်းပေးခဲ့ပါသည် ...ကုန်ခမ်းသွားသောာ
ထိုရင်ခုန်သံရနံ့များသည် မ အားခစားမည့်
တစ်သက်တာ မွှေးကြိုင်ရနံ့များသာ ...”
ငါ့ဘဝမှာ လက်ပစ်စံချိန်ချိုးခဲ့ပြီလဲ ...
ကွေ့ကွေ့ကောက်ကောက်
ဒီမြစ်ရိုးတစ်လျှောက်စုန်လာလိုက်ရတာ ...
စုန်သာ စုန်ခဲ့ရတယ် ...
ကျွန်တော့်မှာ မ နဲ့ ဝေးခဲ့ရတယ် ...ဆိုတာကို
မယုံနိုင်သေး ...
မျောသာမျောခဲ့ရတယ် ...
ဖြေသာစကားမြစ်တွေထဲမှာ
ကျွန်တော့်နာမည်အခုထိမပျော်ဝင်နိုင်သေး ...
မနက်ဖြန်တွေကို မေးရက်ပါဘဲ ...
ဒီဒဏ်ရာ ပြန်ကောင်းအောင် ကုသပေးနိုင်မလား ...လို့ ...
ရင်ခုန်သံတွေ လွင့်မျောတဲ့
ကောင်းကင်ကြီးမှာ ကွဲရှရာ မဖြေသာ၊
ပက်လက်ဟနေတဲ့ ဒဏ်ရာ ...
ဘေးနားမှာ အပ်လေးတစ်စင်း ...
ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်လို့
သက်သေခံပစ္စည်းလေးပေါ့ ...
အိပ်မက်တွေထဲမှာ အဲဒီအပ်တစ်စင်းကို
လုံလုံခြုံခြုံသိမ်းဆည်းထားတယ် ...
အပ်လေးက တခါတလေညည်းရှာပါတယ် ...
“ မောင်လေး ...မ ကို ထွက်သွားခွင့် ပြုပါတော့ ...” ...လို့ ...။...
ညအမှတ်ထောင့်ငါးရာ ...
ပိုင်ဆိုင်တဲ့ ကဗျာဆရာ ...
အိပ်မက်တွေ ပြန်ပေးဆွဲမှုနဲ့ ...
စာရွက်တွေပေါ် ဘောပင်တစ်လက်နဲ့ ကားစင်တင်ခံရတယ် ...
သံယောဇဉ်တွေ ...
အတိတ်တွေ ...
မ စကားသံတွေကတော့ သူ့ကို လှောင်လို့ ရယ်လို့ ...ပေါ့...
သူလေးကျေနပ်ပါတယ် ...
တစ်စထက် တစ်စ ...၊
ကွဲရှလာတဲ့ ဒဏ်ရာတွေကို ညင်သာစွာပွတ်ထူရင်း ...
ညှီစော်နံ သူ့သွေးဒိုင်ယာရီတစ်ပုဒ်ကို ပစ်ချလိုက်တယ် ...
ဒိုင်ယာရီနောက်ဆုံးမှာ ...
စာလုံးလေးတွေ ခွင်းထားတာက ...
“ ငါ့အတိတ်တွင် တိတ်တိတ်ဆိတ်ဆိတ် မ အိပ်နေစဉ်
မသိမသာ ရင်ခုန်သံများအား သူ့အတွက် ...
ပက်ဖြန်းပေးခဲ့ပါသည် ...ကုန်ခမ်းသွားသောာ
ထိုရင်ခုန်သံရနံ့များသည် မ အားခစားမည့်
တစ်သက်တာ မွှေးကြိုင်ရနံ့များသာ ...”
“မနေ့က ...”
မနေ့က စုပ်ခဲ့တဲ့
သကြားလုံး ဒီနေ့ပြန်စုပ်ဖို့ရာ ...
(ကြွက်ကိုက်နေတော့)
ချိုမြိန်သန့်ရှင်းခြင်းကို မနေ့ကလို
သူပေးနိုင်တော့မလား ....
မနေ့ညက စပ်ခဲ့တဲ့ကဗျာ
ဒီနေ့ပြန်စပ်ဖွဲ့ဆို သီကုံးဖို့ရာ ...
ဆူပွက်နေတဲ့ သွေးရူးသွေးတန်းခံစားချက်မျိုး
မနေ့ကလို သူပေးနိုင်တော့မှာလား ...
လရောင်လေးကို ပွေ့ထူရင်း ၊
ကြယ်စင်တစ်လက်အကြောင်း သံစဉ်တစ်ပုဒ်သာ ...
ဖွဲ့ဆိုရင်း ...
“မနေ့က ...” ဆိုတဲ့ နေရောင်ခြည်ဟောင်းတွေနဲ့
ထပ်မံကခုန်ဖို့ ဆိုတာ ...ဆုလေးတစ်ခုအဖြစ်တောင်းပေမဲ့ ...
သီသီလေးလွဲချော်ခြင်းပေါ်မှာ
ချော်လဲရောထိုင်လိုက်မိတဲ့ကောင်ပါ ...
မနေ့က ဖန်တီးခဲ့တဲ့
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာ ...
ရှေ့ဆက် ဘယ်လို ခင်းရပါ့မလဲ ...
“နေမင်းကြီးရယ် ...
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာသက်တမ်းရှည်ဖို့
သင့်ကို တစ်ပတ်လောက်
ကောင်းကင်ကြီးပေါ်မှာ ဆင်ကော်ထက်ပြင်းတဲ့
ကော်ပြင်းတစ်မျိုးနဲ့ ကပ်ထားချင်ပါဘိ ...”
................................
ဩော် ...မနေ့ကအချိန် ...
မနေ့ကအချိန် ...
မနေ့က ငါ့ကောင်မလေးမျက်နှာ ...
မနေ့က ငါ့ကောင်မလေးခင်မင်မှု ...
မနေ့က ငါ့ကောင်မလေးအပြုံး ...
မနေ့က ငါဆုပ်ကိုင်ခဲ့တဲ့ ငါ့ကောင်မလေးပျော်ရွှင်မှု ...
မနေ့က ဟက်ဟက်ပက်ပက်ရယ်မောခဲ့တဲ့ ငါ့ရင်ခုန်သံ ...
မနေ့က ...
မနေ့က ...
မနေ့က ...ပါပဲ ...
မနေ့ဆိုတဲ့ နေ့တစ်နေ့က ငါပိုင်ဆိုင်သမျှ ...
ဒြပ်ရှိဒြပ်မဲ့အရာအားလုံး
ရင်ခွင်ကို နင်းဖြတ်ပြီး ...
တစ်ယောက်တစ်ပေါက်နဲ့ ...
ကိုယ်စီညမင်းဆီကို ငါ့ဆီ လက်သုတ်တစ်ဆောင်ပေးခဲ့ပြီး
ထွက်ခွာနှုတ်ဆက်သွားကြပြီ ...
ငါ့မှာတော့ မျက်ရည်စမ်းစမ်း...စမ်းစမ်းနဲ့ပေါ့ ...
အိပ်မက်တွေနဲ့ လှမ်းခေါ်ပါတယ် ...
သူတို့ မကြားနိုင်တာ ခက်တယ် ...
မနေ့က ...နေဟာ
ဒီနေ့ပြန်သာခွင့်ရရင် ...
သူ့လက်ကိုပဲ မလွတ်တမ်းဆုပ်ကိုင်ထားမိမှာ ...
ဒီနေ့မှာ ...
ရယ်မောသံမရှိဘူး ...
ဝိဥာဉ်မရှိဘူး ...
အလင်းရောင်မရှိဘူး ...
စိမ်းစိုတဲ့ အတွေးတွေမရှိဘူး ...
တိုးတက်ခြင်းမရှိဘူး ...
မိုးမရွာဘူး ...
နေမသာဘူး ...
ကဗျာတွေ စာရွက်တွေပေါ် ထွက်မလည်ဘူး ...
အတွေးတွေမှာပဲ မျက်ရည်မိုးအေးလေးလေးနဲ့
ကွေးနေကြရဲ့ ...
လက်တွေမှာ သွေးတွေ မရှိဘူး ...
ဦးဏှောက်တွေ ဖုန်တက်နေတယ် ...
ကန္တာရထဲက သစ်ရွက်ကိုပဲ ကြိုးစားစိုက်နေတယ် ...
ခြောက်သွေ့ခြင်းနေတွေ ပျိုးဖို့ ...
မျက်လုံးဖွင့်လိုက်ရင် မထွက်ဖူးတာ ကြာနေပြီဖြစ်တဲ့ ...
အထီးကျန်တံခါးရွက်မကြီးက ...
သွေ့ခြောက်ခြောက်အကြည့်တွေနဲ့ မျက်စောင်းထိုးတယ် ...
ဒီနေ့နဲ့ ပတ်သက်ပြီး ...
ဒါဘယ်သူထွင်းခဲ့တဲ့ ရာဇဝင်လဲ ...
“ချစ်စရာသွားတက်လေးနဲ့
ဝက်ခြံနီတွတ်လေးနှစ်ခု ပါးပြင်မှာ ရေမလောင်းဘဲ
စိုက်ကြဲထားတဲ့ ကောင်မလေး ...
ကိုယ့်အာရုံမှာ အခုထိ ရနံ့တွေတောင်
ဆော့ကစားပြေးလွှားနေကြသေး ...
မင်းနဲ့ ပြန်တွေ့မယ့် မနက်ဖြန်တွေကို
မျှော်လင့်ရင်း ...
တွေးရင်း ...
ပျော်ရင်း ...
မြူးရင်း ...
ငါပိုင်တဲ့ ဒီနေ့ကြီးလေ ...
ခက်ဆစ်မရှိတော့ဘူး ...” ...။
သကြားလုံး ဒီနေ့ပြန်စုပ်ဖို့ရာ ...
(ကြွက်ကိုက်နေတော့)
ချိုမြိန်သန့်ရှင်းခြင်းကို မနေ့ကလို
သူပေးနိုင်တော့မလား ....
မနေ့ညက စပ်ခဲ့တဲ့ကဗျာ
ဒီနေ့ပြန်စပ်ဖွဲ့ဆို သီကုံးဖို့ရာ ...
ဆူပွက်နေတဲ့ သွေးရူးသွေးတန်းခံစားချက်မျိုး
မနေ့ကလို သူပေးနိုင်တော့မှာလား ...
လရောင်လေးကို ပွေ့ထူရင်း ၊
ကြယ်စင်တစ်လက်အကြောင်း သံစဉ်တစ်ပုဒ်သာ ...
ဖွဲ့ဆိုရင်း ...
“မနေ့က ...” ဆိုတဲ့ နေရောင်ခြည်ဟောင်းတွေနဲ့
ထပ်မံကခုန်ဖို့ ဆိုတာ ...ဆုလေးတစ်ခုအဖြစ်တောင်းပေမဲ့ ...
သီသီလေးလွဲချော်ခြင်းပေါ်မှာ
ချော်လဲရောထိုင်လိုက်မိတဲ့ကောင်ပါ ...
မနေ့က ဖန်တီးခဲ့တဲ့
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာ ...
ရှေ့ဆက် ဘယ်လို ခင်းရပါ့မလဲ ...
“နေမင်းကြီးရယ် ...
ငါ့ဇာတ်ကောင်တွေရဲ့ ကံကြမ္မာသက်တမ်းရှည်ဖို့
သင့်ကို တစ်ပတ်လောက်
ကောင်းကင်ကြီးပေါ်မှာ ဆင်ကော်ထက်ပြင်းတဲ့
ကော်ပြင်းတစ်မျိုးနဲ့ ကပ်ထားချင်ပါဘိ ...”
................................
ဩော် ...မနေ့ကအချိန် ...
မနေ့ကအချိန် ...
မနေ့က ငါ့ကောင်မလေးမျက်နှာ ...
မနေ့က ငါ့ကောင်မလေးခင်မင်မှု ...
မနေ့က ငါ့ကောင်မလေးအပြုံး ...
မနေ့က ငါဆုပ်ကိုင်ခဲ့တဲ့ ငါ့ကောင်မလေးပျော်ရွှင်မှု ...
မနေ့က ဟက်ဟက်ပက်ပက်ရယ်မောခဲ့တဲ့ ငါ့ရင်ခုန်သံ ...
မနေ့က ...
မနေ့က ...
မနေ့က ...ပါပဲ ...
မနေ့ဆိုတဲ့ နေ့တစ်နေ့က ငါပိုင်ဆိုင်သမျှ ...
ဒြပ်ရှိဒြပ်မဲ့အရာအားလုံး
ရင်ခွင်ကို နင်းဖြတ်ပြီး ...
တစ်ယောက်တစ်ပေါက်နဲ့ ...
ကိုယ်စီညမင်းဆီကို ငါ့ဆီ လက်သုတ်တစ်ဆောင်ပေးခဲ့ပြီး
ထွက်ခွာနှုတ်ဆက်သွားကြပြီ ...
ငါ့မှာတော့ မျက်ရည်စမ်းစမ်း...စမ်းစမ်းနဲ့ပေါ့ ...
အိပ်မက်တွေနဲ့ လှမ်းခေါ်ပါတယ် ...
သူတို့ မကြားနိုင်တာ ခက်တယ် ...
မနေ့က ...နေဟာ
ဒီနေ့ပြန်သာခွင့်ရရင် ...
သူ့လက်ကိုပဲ မလွတ်တမ်းဆုပ်ကိုင်ထားမိမှာ ...
ဒီနေ့မှာ ...
ရယ်မောသံမရှိဘူး ...
ဝိဥာဉ်မရှိဘူး ...
အလင်းရောင်မရှိဘူး ...
စိမ်းစိုတဲ့ အတွေးတွေမရှိဘူး ...
တိုးတက်ခြင်းမရှိဘူး ...
မိုးမရွာဘူး ...
နေမသာဘူး ...
ကဗျာတွေ စာရွက်တွေပေါ် ထွက်မလည်ဘူး ...
အတွေးတွေမှာပဲ မျက်ရည်မိုးအေးလေးလေးနဲ့
ကွေးနေကြရဲ့ ...
လက်တွေမှာ သွေးတွေ မရှိဘူး ...
ဦးဏှောက်တွေ ဖုန်တက်နေတယ် ...
ကန္တာရထဲက သစ်ရွက်ကိုပဲ ကြိုးစားစိုက်နေတယ် ...
ခြောက်သွေ့ခြင်းနေတွေ ပျိုးဖို့ ...
မျက်လုံးဖွင့်လိုက်ရင် မထွက်ဖူးတာ ကြာနေပြီဖြစ်တဲ့ ...
အထီးကျန်တံခါးရွက်မကြီးက ...
သွေ့ခြောက်ခြောက်အကြည့်တွေနဲ့ မျက်စောင်းထိုးတယ် ...
ဒီနေ့နဲ့ ပတ်သက်ပြီး ...
ဒါဘယ်သူထွင်းခဲ့တဲ့ ရာဇဝင်လဲ ...
“ချစ်စရာသွားတက်လေးနဲ့
ဝက်ခြံနီတွတ်လေးနှစ်ခု ပါးပြင်မှာ ရေမလောင်းဘဲ
စိုက်ကြဲထားတဲ့ ကောင်မလေး ...
ကိုယ့်အာရုံမှာ အခုထိ ရနံ့တွေတောင်
ဆော့ကစားပြေးလွှားနေကြသေး ...
မင်းနဲ့ ပြန်တွေ့မယ့် မနက်ဖြန်တွေကို
မျှော်လင့်ရင်း ...
တွေးရင်း ...
ပျော်ရင်း ...
မြူးရင်း ...
ငါပိုင်တဲ့ ဒီနေ့ကြီးလေ ...
ခက်ဆစ်မရှိတော့ဘူး ...” ...။
Friday, May 14, 2010
“ကဗျာစစ်သည် ...”
ကဗျာတစ်ပုဒ်ဟာ ...
ရင်ခုန်သံလက်နက်နဲ့
ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို
သိမ်းပိုက်တဲ့ တိုက်ပွဲမှာ ...
အောင်ပါစေသား ...
အောင်စေသား ...
နွေနေ့လည်ခင်းတစ်ခု ...
အထီးကျန်နေတဲ့ ငါ့ကြမ်းပြင်တွေ
သူသိမ်းပိုက်လှည့်...
အချစ်အတွက် ငါ့ဒိုင်ယာရီတွေ
သူ့အလိုလိုက်ခဲ့ရတယ် ...
မဆန်းပါဘူး ...
သွားတက်လေးနဲ့ ရင်ခုန်သံတွေကို
နုတ်နုတ်စင်းသွားတာ ...
အခုထိခင်မင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်တယ် ...
တခါတည်း ပြောလိုက်မယ် ...
ကောင်မလေးမင်းကိုငါ ... ချစ်တယ်...
ငါတစ်ချက်မှ မညည်းဖူးဘူး ...
မင်းခင်းထားတဲ့ မာယာစားပွဲခင်းပေါ်မှာ
မင်း အလိုကြိုက် ကပြဖျော်ဖြေခဲ့ရတာ ...
ဒါပေမဲ့ မင်းသိဖို့ ကောင်းတာက ...
ငါဟာ ငါ့ရင်ခွင်ကို နွေမြက်ကြမ်းတစ်ပင်လို
လူတိုင်းအတွက် ရည်ရွယ်ထားတာ မဟုတ်ဘူး ...
လူတိုင်း နားခိုပိုင်ခွင့်မရှိဘူး ...
လူတိုင်း ပြက်ရယ်ပြုခွင့်မရှိဘူး ...
ဒါပေမဲ့ ...
မင်းအနမ်းတွေ ငါ့ဘဝမှာ
ဖြန့်ကြဲချင်တဲ့အတွက် မင်းအဖို့တော့ ငါဟာ ...
“မည်သူမဆို ဖြတ်သန်းခိုဝင်နိုင်သည် ...” ...ဆိုတဲ့
ဇရပ်တစ်ခုရဲ့ ခွေးကတက် ...
မင်းကြိုက်သလို ဝင်ထွက်သွားလာ ...
မာယာတွေသုံးပြီး ပြုံးပြုံးလေးနဲ့ ...
ငါပိုင်သမျှ သိက္ခာ၊ ယူငင် သတ်စားခွင့်ရှိတယ် ...
မင်း ....
မင်းအတွက် ...
ငါတက်လာခဲ့သမျှချင်ခြင်းတွေ အကုန်လုံး
မြေမြုပ်မီးလောင်တိုက်သွင်းလိုက်ပြီ ...
ငါဟာ ကိုယ့်ကိုကိုယ်ပြန်တူးတဲ့
ကမ္ဘာကြီး ဆိုတော့ ...။...
နောက် ...
ငါဟာ ...
ကဗျာရေးတဲ့ ညတွေဆီကရော ...
စာရေးတဲ့ ဘဝတွေဆီကရော ...
စောင်ခြုံတဲ့ လမိုက်ညတွေဆီကရော ...
ရယ်သံလွှမ်းတဲ့ အိပ်မက်တွေဆီကရော ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီကရော ...
အရှုံးမဖက်ဘဲ ရုန်းထွက်ခဲ့ပြီ ...
မင်းအတွက် ငါ ...
ကဗျာတစ်ပုဒ်လို မနာကျင်ချင်ဘူး ...
စာတစ်အုပ်လို မလွမ်းချင်ဘူး ...
လမိုက်ညလို မမှောင်မိုက်ချင်ဘူး ...
မင်းအတွက် ...
ငါ့လက်တွေကို
မင်းစိတ်ကြိုက်ပုံသွင်း၊ (လုံးဝကို)
ပြိုးပြိုးပြက်ပြက်လင်းပစ်လိုက်မယ် ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီက ငါရုန်းထွက်ခဲ့သလို ...
မင်းမငိုနဲ့တော့ ...
ငါလည်း မငိုတော့ဘူး ...
လက်လေးဖက်နဲ့ ကမ္ဘာကြီးအသက်ကို
သန့်စင်ခြင်းဘောင်ကွပ်မယ် ...
..............................
အင်း...
ဒီကောင်တော့
ငုတ်တုတ်ထိုင် နာမ်မဲ့အတွေးတွေနဲ့
သွပ်သွပ်ခါအောင် ရူးနေပြန်ပြီ ....။....။။။
ရင်ခုန်သံလက်နက်နဲ့
ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို
သိမ်းပိုက်တဲ့ တိုက်ပွဲမှာ ...
အောင်ပါစေသား ...
အောင်စေသား ...
နွေနေ့လည်ခင်းတစ်ခု ...
အထီးကျန်နေတဲ့ ငါ့ကြမ်းပြင်တွေ
သူသိမ်းပိုက်လှည့်...
အချစ်အတွက် ငါ့ဒိုင်ယာရီတွေ
သူ့အလိုလိုက်ခဲ့ရတယ် ...
မဆန်းပါဘူး ...
သွားတက်လေးနဲ့ ရင်ခုန်သံတွေကို
နုတ်နုတ်စင်းသွားတာ ...
အခုထိခင်မင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်တယ် ...
တခါတည်း ပြောလိုက်မယ် ...
ကောင်မလေးမင်းကိုငါ ... ချစ်တယ်...
ငါတစ်ချက်မှ မညည်းဖူးဘူး ...
မင်းခင်းထားတဲ့ မာယာစားပွဲခင်းပေါ်မှာ
မင်း အလိုကြိုက် ကပြဖျော်ဖြေခဲ့ရတာ ...
ဒါပေမဲ့ မင်းသိဖို့ ကောင်းတာက ...
ငါဟာ ငါ့ရင်ခွင်ကို နွေမြက်ကြမ်းတစ်ပင်လို
လူတိုင်းအတွက် ရည်ရွယ်ထားတာ မဟုတ်ဘူး ...
လူတိုင်း နားခိုပိုင်ခွင့်မရှိဘူး ...
လူတိုင်း ပြက်ရယ်ပြုခွင့်မရှိဘူး ...
ဒါပေမဲ့ ...
မင်းအနမ်းတွေ ငါ့ဘဝမှာ
ဖြန့်ကြဲချင်တဲ့အတွက် မင်းအဖို့တော့ ငါဟာ ...
“မည်သူမဆို ဖြတ်သန်းခိုဝင်နိုင်သည် ...” ...ဆိုတဲ့
ဇရပ်တစ်ခုရဲ့ ခွေးကတက် ...
မင်းကြိုက်သလို ဝင်ထွက်သွားလာ ...
မာယာတွေသုံးပြီး ပြုံးပြုံးလေးနဲ့ ...
ငါပိုင်သမျှ သိက္ခာ၊ ယူငင် သတ်စားခွင့်ရှိတယ် ...
မင်း ....
မင်းအတွက် ...
ငါတက်လာခဲ့သမျှချင်ခြင်းတွေ အကုန်လုံး
မြေမြုပ်မီးလောင်တိုက်သွင်းလိုက်ပြီ ...
ငါဟာ ကိုယ့်ကိုကိုယ်ပြန်တူးတဲ့
ကမ္ဘာကြီး ဆိုတော့ ...။...
နောက် ...
ငါဟာ ...
ကဗျာရေးတဲ့ ညတွေဆီကရော ...
စာရေးတဲ့ ဘဝတွေဆီကရော ...
စောင်ခြုံတဲ့ လမိုက်ညတွေဆီကရော ...
ရယ်သံလွှမ်းတဲ့ အိပ်မက်တွေဆီကရော ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီကရော ...
အရှုံးမဖက်ဘဲ ရုန်းထွက်ခဲ့ပြီ ...
မင်းအတွက် ငါ ...
ကဗျာတစ်ပုဒ်လို မနာကျင်ချင်ဘူး ...
စာတစ်အုပ်လို မလွမ်းချင်ဘူး ...
လမိုက်ညလို မမှောင်မိုက်ချင်ဘူး ...
မင်းအတွက် ...
ငါ့လက်တွေကို
မင်းစိတ်ကြိုက်ပုံသွင်း၊ (လုံးဝကို)
ပြိုးပြိုးပြက်ပြက်လင်းပစ်လိုက်မယ် ...
ငိုသံရွှမ်းတဲ့ လမ်းတွေဆီက ငါရုန်းထွက်ခဲ့သလို ...
မင်းမငိုနဲ့တော့ ...
ငါလည်း မငိုတော့ဘူး ...
လက်လေးဖက်နဲ့ ကမ္ဘာကြီးအသက်ကို
သန့်စင်ခြင်းဘောင်ကွပ်မယ် ...
..............................
အင်း...
ဒီကောင်တော့
ငုတ်တုတ်ထိုင် နာမ်မဲ့အတွေးတွေနဲ့
သွပ်သွပ်ခါအောင် ရူးနေပြန်ပြီ ....။....။။။
“သံယောဇဉ် ...”
သံယောဇဉ်တွေ မြေပြင်ပေါ်
ဖွာလန်ကြဲကုန်ပြီ...
တံမြက်စည်းနဲ့
ပြောင်ရင်ပြီးရော လှဲထုတ်ဖို့ကလည်းမဖြစ်...
ရင်တွင်းဖြစ် အချစ်တွေက
နာကျင်မှုကို မွေးဖွားပေးမှာလည်း ကြောက်ရသေး...
“ထွက်သွားပါတော့”... ဆိုပြီး
ဓမ္မတာစကား ရင်မှာ ပြန်သိုထားလိုက်တယ်...
ဆက်လက်ပြီး သံယောဇဉ်မီးတိုင်နဲ့
အတူတူလင်းဖို့ပေါ့...
မှောင်နေကျ ဘဝတွေက
ခွဲခွာခြင်းအိပ်မက်ကို
အချိန်တန်ရင် မက်ရစမြဲပဲလေ...
မဖြစ်ဘူး...
မျက်ရည်တံခါးတွေနဲ့ လိုက်ပို့ရစမြဲ...
အခုတော့လဲ ...
နှုတ်ခမ်းတစ်စုံက ပြုံးပြနှုတ်ဆက်ခွဲခွာဖို့
မဝံ့မရဲ ...
တစ်ခုတော့ ဆုတောင်းပေးလိုက်ပါတယ်...
“...ငါ့မျက်ရည် နင့်ခရီးလမ်းမှာ
မလျှံပါစေနဲ့...” ...လို့...
အခုတော့ ...
နင်မရှိတဲ့ အရပ်မှာ ...
နင်မရှိတော့တဲ့ အချိန်မှာ ...
သံယောဇဉ်ဝိဥာဉ်တစ်ခုရဲ့ အုတ်ဂူပေါ်မှာ
ငူတူတူထိုင်ရင်း ...
အလွမ်းတစ်ခုရဲ့ တစ္ဆေနဲ့
ငါကောင်းကောင်းပျော်နေတတ်ပါပြီ ...
တကယ်တော့ ငါဟာ ...
ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့
ခွေးမြီးတိုတစ်ကောင်ဆို ...
ကောင်မလေး နင်မမှားနိုင်ဘူး ...
ငါ့နောက်ကျော ...
ငါ့အတိတ် ...
ငါ့အမြီး ...
ငါ ပြန်ကုတ်ဖဲ့ရင်း ...
ပိုက်ထွေးထားတဲ့ ရင်ဘတ်တစ်ခြမ်းတောင်
ဒဏ်ရာတွေနဲ့ မြင်မကောင်းရှုမကောင်း ...
ကောင်မလေးရယ် ...
နင်မရှိတဲ့နောက် ...
ဟောင်းလောင်းပွင့်ဖူးနေတဲ့ ငါ့ကဗျာကြယ်လေးတွေလည်း
ကပ္ပလီညတွေပေါ်မှာ လှလှပပလေး ကြွေဆင်းတတ်ပါပြီ ...
အခုဆို ငါ့လက်တွေပေါ်မှာ
ကဗျာလေးတွေ အသားကျနေပြီ ...
အတိတ်ရနံ့သုတ်ထားတဲ့ သံယောဇဉ်ပန်းကို
နမ်းရှိုက်မိမှ ငါဟာ ...
သွပ်သွပ်ခါအောင် ရူးရရောလား ...
ဒီပန်းကို နင်ဘာလို့ ပျိုးခဲ့ပါလိမ့် ...
ဒီပန်းကို ငါဘာလို့ ဂရုစိုက်မိပါလိမ့် ...
ကောင်မလေး ...
တစ်ချိန်ချိန်မှာ ...
သံယောဇဉ်ဆိုတာကို နင်သိခဲ့ရင် ...
အဝေးဆုံးကို နင်ထွက်သွားလိုက်ပါ ...
သံယောဇဉ်မရှိတဲ့ ဥယျဉ်ကိုပဲ
နင်ခုံမင်တတ်လိမ့်မယ် ...
ဘာဖြစ်လို့လဲဆိုတော့ နင်ကိုယ်တိုင်
သံယောဇဉ်အနမ်းကို စွဲလန်းနေပါရက်နဲ့ ...
ရွံရှာနေမှာ ... မို့လို့ ...။...
ငါကတော့ ...
သံယောဇဉ်ကြောင့် ...
ဘဝတခြား ...
အသက်ရှုသံတခြား ...။ ...
ကဗျာတခြား ...
ခံစားမှုတခြား ... ။ ... နဲ့
ပြူးပြဲစိုက်ကြည့်နေလည်း မမြင်ရတဲ့
လမ်းတွေပေါ်မှာ လျှောက်ရင်း ...
သံယောဇဉ်မျက်ရည်ဗုံးနဲ့ ...
(သာသာယာယာပဲ)ရင်ခွင်ကို
ပက်လက်ကြီးပေါက်ကွဲနေတတ်ပါပြီ ....
ဖွာလန်ကြဲကုန်ပြီ...
တံမြက်စည်းနဲ့
ပြောင်ရင်ပြီးရော လှဲထုတ်ဖို့ကလည်းမဖြစ်...
ရင်တွင်းဖြစ် အချစ်တွေက
နာကျင်မှုကို မွေးဖွားပေးမှာလည်း ကြောက်ရသေး...
“ထွက်သွားပါတော့”... ဆိုပြီး
ဓမ္မတာစကား ရင်မှာ ပြန်သိုထားလိုက်တယ်...
ဆက်လက်ပြီး သံယောဇဉ်မီးတိုင်နဲ့
အတူတူလင်းဖို့ပေါ့...
မှောင်နေကျ ဘဝတွေက
ခွဲခွာခြင်းအိပ်မက်ကို
အချိန်တန်ရင် မက်ရစမြဲပဲလေ...
မဖြစ်ဘူး...
မျက်ရည်တံခါးတွေနဲ့ လိုက်ပို့ရစမြဲ...
အခုတော့လဲ ...
နှုတ်ခမ်းတစ်စုံက ပြုံးပြနှုတ်ဆက်ခွဲခွာဖို့
မဝံ့မရဲ ...
တစ်ခုတော့ ဆုတောင်းပေးလိုက်ပါတယ်...
“...ငါ့မျက်ရည် နင့်ခရီးလမ်းမှာ
မလျှံပါစေနဲ့...” ...လို့...
အခုတော့ ...
နင်မရှိတဲ့ အရပ်မှာ ...
နင်မရှိတော့တဲ့ အချိန်မှာ ...
သံယောဇဉ်ဝိဥာဉ်တစ်ခုရဲ့ အုတ်ဂူပေါ်မှာ
ငူတူတူထိုင်ရင်း ...
အလွမ်းတစ်ခုရဲ့ တစ္ဆေနဲ့
ငါကောင်းကောင်းပျော်နေတတ်ပါပြီ ...
တကယ်တော့ ငါဟာ ...
ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့
ခွေးမြီးတိုတစ်ကောင်ဆို ...
ကောင်မလေး နင်မမှားနိုင်ဘူး ...
ငါ့နောက်ကျော ...
ငါ့အတိတ် ...
ငါ့အမြီး ...
ငါ ပြန်ကုတ်ဖဲ့ရင်း ...
ပိုက်ထွေးထားတဲ့ ရင်ဘတ်တစ်ခြမ်းတောင်
ဒဏ်ရာတွေနဲ့ မြင်မကောင်းရှုမကောင်း ...
ကောင်မလေးရယ် ...
နင်မရှိတဲ့နောက် ...
ဟောင်းလောင်းပွင့်ဖူးနေတဲ့ ငါ့ကဗျာကြယ်လေးတွေလည်း
ကပ္ပလီညတွေပေါ်မှာ လှလှပပလေး ကြွေဆင်းတတ်ပါပြီ ...
အခုဆို ငါ့လက်တွေပေါ်မှာ
ကဗျာလေးတွေ အသားကျနေပြီ ...
အတိတ်ရနံ့သုတ်ထားတဲ့ သံယောဇဉ်ပန်းကို
နမ်းရှိုက်မိမှ ငါဟာ ...
သွပ်သွပ်ခါအောင် ရူးရရောလား ...
ဒီပန်းကို နင်ဘာလို့ ပျိုးခဲ့ပါလိမ့် ...
ဒီပန်းကို ငါဘာလို့ ဂရုစိုက်မိပါလိမ့် ...
ကောင်မလေး ...
တစ်ချိန်ချိန်မှာ ...
သံယောဇဉ်ဆိုတာကို နင်သိခဲ့ရင် ...
အဝေးဆုံးကို နင်ထွက်သွားလိုက်ပါ ...
သံယောဇဉ်မရှိတဲ့ ဥယျဉ်ကိုပဲ
နင်ခုံမင်တတ်လိမ့်မယ် ...
ဘာဖြစ်လို့လဲဆိုတော့ နင်ကိုယ်တိုင်
သံယောဇဉ်အနမ်းကို စွဲလန်းနေပါရက်နဲ့ ...
ရွံရှာနေမှာ ... မို့လို့ ...။...
ငါကတော့ ...
သံယောဇဉ်ကြောင့် ...
ဘဝတခြား ...
အသက်ရှုသံတခြား ...။ ...
ကဗျာတခြား ...
ခံစားမှုတခြား ... ။ ... နဲ့
ပြူးပြဲစိုက်ကြည့်နေလည်း မမြင်ရတဲ့
လမ်းတွေပေါ်မှာ လျှောက်ရင်း ...
သံယောဇဉ်မျက်ရည်ဗုံးနဲ့ ...
(သာသာယာယာပဲ)ရင်ခွင်ကို
ပက်လက်ကြီးပေါက်ကွဲနေတတ်ပါပြီ ....
Thursday, May 13, 2010
“အိပ်မက်ထဲမှာ ငိုတဲ့ မ ”
အာရုံထဲမှာ...
ရှိုက်သံတွေ လေပြည်နဲ့ရောယှက်နေတယ်...
မပြောရက်ပါကွယ်...
မငိုပါနဲ့ မ ရယ်...
တိတ်တော့...လို့...။...
ဒါပေမဲ့ ဖုန်းသံထဲက ရှိုက်သံကို
ကိုင်ဆုပ်ခွင့်မရနိုင်တဲ့ အခွင့်မို့ ...
မျက်ရည်စုပ်စက် ...
ကျွန်တော့်လက်တစ်ဖက်ဟာ
ဆန္ဒကို ကြိတ်မျိုသိပ်ထားလိုက်တယ်...။..
..........................
လွမ်းလိုက်ရတာ ...
လပေါင်းဘယ်နှသုတ်က
လေပြည်တွေနဲ့ ကျွန်တော့်ကို ...
ဖုန်းသံတွေထဲ နစ်မြုပ်စေလည်း
ကျွန်တော်တိုင်က ဖုန်းသံ၊
အင်တာနက်ထဲက ချတ်တင်းစာလေးတွေနဲ့ပဲ ...
ချွေးသိပ်ခံနေရသူမို့ ...
အချိန်ထိ အိပ်မက်တွေ
အကျဉ်းချခံထားရလျက်သာ ...
...................................
ဘောပင်ကို အဝေးလွင့်ပစ်လိုက်တယ်...
ကဗျာဆိုတာ မရှိရတော့ဘူး ...လို့
ဘဝမှာ ဆုံးဖြတ်လိုက်တယ်...
အဲဒီလိုပဲ ရင်ခုန်သံတွေဆိုတာ
လွမ်းဖို့မဟုတ် ကစားဖို့ ပျော်ဖို့
ဆိုပြီးတော့လည်း ဆုံးဖြတ်လိုက်တယ်...
အိပ်မက်တစ်ခုကိုး ...
ငြင်းဆန်ဖို့ အသိစိတ်တွေမဲ့ဆိုတော့ ...
.................................
မ ရယ် ဘာဖြစ်လို့ ...
မ ဆီတွယ်ကပ်နေတဲ့ အိပ်မက်တွေထဲမှာများ
ရှိုက်ကြီးတငင်ငိုရတာလဲ ...
မ ကြောင့် ...
ကဗျာတစ်ပုဒ်တော့ ...
အိပ်မက်တွေနဲ့ အတူ...
ပျံသန်းသွားတဲ့ စိတ်တွေကို လှမ်းကြည့်ရင်း...
ငုတ်တုတ်ထိုင်ပြီး ...
ငူတူတူ ငိုင်တိုင်မျက်နှာထားတွေနဲ့
ပါးစပ်ကတော့ လက်ရှိအဖြစ်အပျက်နဲ့
ဘာမှမဆိုင်ဘဲ ပွစိပွစိနဲ့ မသဲမကွဲ
စကားလုံးတွေကို ထုခွင်း၊
အသက်သွင်းနေတော့တာပါပဲ ...
ရှိုက်သံတွေ လေပြည်နဲ့ရောယှက်နေတယ်...
မပြောရက်ပါကွယ်...
မငိုပါနဲ့ မ ရယ်...
တိတ်တော့...လို့...။...
ဒါပေမဲ့ ဖုန်းသံထဲက ရှိုက်သံကို
ကိုင်ဆုပ်ခွင့်မရနိုင်တဲ့ အခွင့်မို့ ...
မျက်ရည်စုပ်စက် ...
ကျွန်တော့်လက်တစ်ဖက်ဟာ
ဆန္ဒကို ကြိတ်မျိုသိပ်ထားလိုက်တယ်...။..
..........................
လွမ်းလိုက်ရတာ ...
လပေါင်းဘယ်နှသုတ်က
လေပြည်တွေနဲ့ ကျွန်တော့်ကို ...
ဖုန်းသံတွေထဲ နစ်မြုပ်စေလည်း
ကျွန်တော်တိုင်က ဖုန်းသံ၊
အင်တာနက်ထဲက ချတ်တင်းစာလေးတွေနဲ့ပဲ ...
ချွေးသိပ်ခံနေရသူမို့ ...
အချိန်ထိ အိပ်မက်တွေ
အကျဉ်းချခံထားရလျက်သာ ...
...................................
ဘောပင်ကို အဝေးလွင့်ပစ်လိုက်တယ်...
ကဗျာဆိုတာ မရှိရတော့ဘူး ...လို့
ဘဝမှာ ဆုံးဖြတ်လိုက်တယ်...
အဲဒီလိုပဲ ရင်ခုန်သံတွေဆိုတာ
လွမ်းဖို့မဟုတ် ကစားဖို့ ပျော်ဖို့
ဆိုပြီးတော့လည်း ဆုံးဖြတ်လိုက်တယ်...
အိပ်မက်တစ်ခုကိုး ...
ငြင်းဆန်ဖို့ အသိစိတ်တွေမဲ့ဆိုတော့ ...
.................................
မ ရယ် ဘာဖြစ်လို့ ...
မ ဆီတွယ်ကပ်နေတဲ့ အိပ်မက်တွေထဲမှာများ
ရှိုက်ကြီးတငင်ငိုရတာလဲ ...
မ ကြောင့် ...
ကဗျာတစ်ပုဒ်တော့ ...
အိပ်မက်တွေနဲ့ အတူ...
ပျံသန်းသွားတဲ့ စိတ်တွေကို လှမ်းကြည့်ရင်း...
ငုတ်တုတ်ထိုင်ပြီး ...
ငူတူတူ ငိုင်တိုင်မျက်နှာထားတွေနဲ့
ပါးစပ်ကတော့ လက်ရှိအဖြစ်အပျက်နဲ့
ဘာမှမဆိုင်ဘဲ ပွစိပွစိနဲ့ မသဲမကွဲ
စကားလုံးတွေကို ထုခွင်း၊
အသက်သွင်းနေတော့တာပါပဲ ...
Subscribe to:
Posts (Atom)