နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, February 10, 2010

ထာဝရ

အချစ်စိတ်တက်နေတဲ့ နှလုံးသားနဲ့
အရူးဝေတဲ့ညမှာ ဖျော့တော့တော့/မှိန်တိန်တိန်
မီးရောင်အားပြုပြီး ခပ်စုတ်စုတ် ဘောပင်တစ်လက်နဲ့
ခပ်နွမ်းနွမ်းစာအုပ်ပေါ်မှာ ကဗျာတစ်ပုဒ်ကိုငါ
စူးရှတဲ့ လှောင်ရယ်သံတွေကြား ရေးခြစ်ဖန်ဆင်းလိုက်မိရဲ့....
တကယ်တော့..မိန်းကလေးရယ်...
ငါနင့်ကို ဘာဖြစ်လို့ အခုထိမမုန်းနိုင်သေးတာလဲဆိုတဲ့
မေးခွန်းက ငါ့ဘဝမှာ အမေးသင့်ဆုံးမေးခွန်းတစ်ခုအနေနဲ့
ငါ့အတိတ်၊ ငါ့အရိပ်၊ ငါ့ပစ္စုပ္ပန်၊ ငါ့အနာဂတ်မှာ တည်ရှိခဲ့၊
တည်ရှိဆဲ၊ တည်ရှိနေမှာပါ။...
လမ်းခွဲစကားအဖြစ်နင်ပြောခဲ့တဲ့ စကားတစ်ခွန်း
“အိပ်မက်လို့သာ သတ်မှတ်လိုက်”တဲ့။ နင်ပြောခဲ့တဲ့အတိုင်း
ငါတို့နှစ်ယောက်ရဲ့ အတိတ်(သို့)ဇာတ်လမ်းဟာ အိပ်မက်
တစ်ခုသာဆိုရင်.......................
ဟုတ်ပါတယ်..အဲဒီအိပ်မက်ဟာ နင့်ရဲ့ လှည့်စားမှုတွေကြောင့်
ထိတ်လန့်သွေးပျက်စရာကောင်းခဲ့ပါတယ်။။။..
ငါ့ကိုလည်း အရူးတစ်ပိုင်း၊ အသေတစ်ပိုင်းဖြစ်အောင် နင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်..ဒါပေမဲ့ မိန်းကလေးရယ်..
ရင်ခွင်ပေါင်းများစွာကို နင်နင်းဖြတ်ပြီး ဘဝတစ်ဆစ်ချိုးကွေ့မှာ
အထီးကျန်တဲ့အခါ ပြန်လာပါ..။
ငါနင့်ကို အခုထိဘာဖြစ်လို့ မမုန်းနိုင်သေးတာလဲ ဆိုတဲ့ မေးခွန်းနဲ့
အတူ ရင်ခွင်တံခါးဖွင့်လျက် စောင့်ကြိုနေမှာပါ..။။။
(ဒီပန်းလေး နွမ်းခဲ့ရင် ပန်ဆင်ဖို့
ဒီပန်းလေးခြောက်သွားရင် သိမ်းထားဖို့ ကိုယ်အမြဲရှိနေမှာပါ..
ထာဝရအချိန်ထိ)

ရင်ထဲက ကဗျာအပိုင်းအစများ

မမေ့ရဲပေမဲ့ တစ်နေ့ခွဲရမှာကိုတော့
သိခဲ့ပါတယ်..။ ရင်ထဲမှာ မင်းရှိနေတာလည်း
ဖော်ပြခဲ့ပြီးပြီမို့ ငါ့ကို နှုတ်ဆက်ခွင့်ပြုပါ..။…

အချစ်မင်းနဲ့ငါဝေးခဲ့ပြီ ဆိုပါစို့..။ ငါမှီရာ ပုခုံးလေး
အဝေးမှာ ကျန်ခဲ့ပြီ.။..

ရေမြေခြားဝေး ကျွန်တော့်မှာ အဆွေး
ဘယ်လောက်ဝေးဝေး သည်တစ်သက်မှာ
ထာဝရသာ မပါ။

ရင်ခုန်သံတိုင်းအတွက် အိပ်မက်ဆိုတာရှိတယ်.။.
ကျွန်တော့်ရင်ခုန်သံအတွက် အိပ်မက်ဟာ
မတစ်ဦးတည်းပါ. ။..

ရင်ထဲလန်းဆန်း တစ်ပွင့်တည်းသောပန်း
နမ်းရှိုက်တွယ်မက် ဒီတစ်သက်မှာ
“မ” ဆိုသော ပန်းသာ ထာဝရပါ..။..

နယ်မြေဝေးကွာ ရေးမြေတွေခြား
အနေခြားလည်း ရင်ခြင်းပွေ့အပ်
နှလုံးသားခြင်းအပ်ခဲ့ကြတယ်..။

မုဒိတာတို့ရဲ့ သခင်

အချစ်ဆုံး သူငယ်ချင်းရေ..
မင်းရဲ့ သည်းခံမှုတွေကို နင်းချေခဲ့တဲ့ငါ..။..
ငါပျင်းရင် အပျင်းပြေစေတဲ့မင်း
ကျေးဇူးပါပဲကွာ..။
သူငယ်ချင်းရဲ့ ဝေါဟာရ အဓိပ္ပါယ်မဖွင့်တတ်တဲ့ငါ
အခု မင်းနဲ့ ဝေးသွားတော့ စိတ်ထဲသံမှိုစွဲထားသလို
မှတ်ယူထားရပါပြီ။
မင်းဟာ ငါ့ကို သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
အဓိပ္ပါယ်ဖွင့်တတ်အောင် သင်ပေးလိုက်တာပဲ..။
ကျေးဇူးထပ်လဲတင်ပါတယ်..။..
ငါဒုက္ခတွေ့ရင် ဒီလောက်လေးတော့
လုပ်ပြလိုက်မယ်ဆိုပြီး ငါ့ကိုကူညီတဲ့မင်း..
တစ်ယောက်ကွက်လပ်တစ်ယောက်ဖြည့်ရင်း
ငါတို့ သွားလာခဲ့ကြတယ်..။
ငါအကူအညီလိုရင် မင်းသာငါ့ဘေးမှာ
မင်းအကူအညီလိုရင် ငါသာမင်းဘေးမှာ..။
အပြုံးတွေကို မျက်နှာမှာ အသေတပ်ဆင်
ဘဝအငြိမ့်စင်လေးပေါ်မှာ
ငါတို့ ဖျော်ဖြေခဲ့ကြတယ်..။
သရော်ကြတဲ့ ရန်သူတွေမျက်နှာ
အပြုံးလေးတွေနဲ့ပဲ အနိုင်ယူခဲ့တယ်..။
ပျော်စရာအမှတ်တရတွေကို မင်းငါ့ကို ပေးတယ်
သင်ယူစရာ မှတ်ထားစရာတွေကို
မင်းနဲ့ဖြတ်သန်းသင်ယူခဲ့တယ်.။
ငါပျော်ရင် ဝမ်းနည်းရင် ငါ့ခံစားချက်တွေကို
မျှယူခံစားပေးတယ်..။ မင်းဟာ ငါ့ဘဝမှာ
မွန်မြတ်တဲ့ မုဒိတာတို့ရဲ့ သခင်ပါ..။
မွန်မြတ်တဲ့ မုဒိတာတို့ရဲ့ သခင်
မင်းအတွက် အောက်မြင်ခြင်းနဲ့ ကျန်းမာခြင်းက
အမြဲခစားပါစေ..

Monday, February 8, 2010

ပျိုးစေ၊ ဖူးငုံစေ၊ ပွင့်စေ၊ ရှိုက်နမ်းစေ

အို…မိန်းကလေးရယ်….
ငါ့ရဲ့ မမြင်နိုင်တဲ့ အနာဂတ်မှာလေ
ငါ့ကို ပိုင်ဆိုင်ဖို့ ခြွေခူးဖို့ တစ်ဦးတည်းသောသူအဖြစ်
မင်းကိုငါမျှော်လင့်ပါရစေလား..။
မင်းမှာ တခြားဖူးပွင့်နေဆဲ ပန်းတွေကို
ရှိုက်နမ်းခွင့်၊ သိမ်းထားခွင့် ရှိတယ်ဆိုတာသိပေမယ့်
အငုံအဖူးအဖြစ်သာ ရှိနေတဲ့ငါ့အတွက်
ပွင့်လာတဲ့အထိ (မင်းရဲ့ ညင်သာကြင်နာတဲ့ အနမ်းလေးကို
ထိတွေ့ခွင့်ရဖို့) စောင့်မျှော်ပေးပါလား
ဒီလိုသာဆိုရင် မွှေးပျံ့တဲ့ ငါ့ရနံ့တွေနဲ့ မင်းကို
ယစ်ထုံပျော်မြူးစေမှာပါ။…
အို..ငါမျှော်လင့်ပါရစေ…။
ပန်းဖူးလေး

ချစ်ခြင်း

နှလုံးကျောက်ပြင်ပေါ်တင်ပြီး


ငါသွေးထားတဲ့ ငါ့ရင်ခုန်သံတွေက


မြနေလောက်ပြီ။ ငါစဉ်းစားထားတဲ့


စိတ်ကူးတွေ ငပိထိထားတဲ့ မျောက်လို


ဟိုခုန်ဒီခုန်၊ ဟိုသွားဒီင်္လာနဲ့ ဖြစ်ကုန်ပြီ။


ဆောက်တည်ရာမရတော့ဘူး။ ရည်မှန်းချက်


တွေကလည်း တိမ်တွေလိုပဲ။ ဟိုလွင့်လိုက်


ဒီလွင့်လိုက် အရောင်တွေကလည်း ခဏခဏ


ပြောင်းနေတာပဲ။ ခြေလှမ်းတွေကလည်း


သိပ်မူမမှန်ချင်တော့ဘူး။ အရက်မူးထားသလိုပဲ


ခဏခဏယိုင်လဲချင်နေတယ်။ အမြင်အားရုံတွေ


လည်း သားသေအမေလိုပဲ ရင်ထုစည်မတီးရုံတမယ်


ဟိုလူးဒီလှိမ့် ဟိုသွားဒီသွားနဲ့။ နောက်စိတ်တွေကလည်း


ကြိုးတုပ်ထားခံရတဲ့ မျောက်လို မှိုင်နေတယ်။ စကားတွေ


ကလည်း စကားပြောပြိုင်ပွဲဝင်တာကျနေတာပဲ။ အမျှင်ကို


မပြတ်နိုင်ဘူး။ လက်တွေကလည်း အလေးမ မဖူးတဲ့လူ


အလေးမပြီး တစ်ရက်နှစ်ရက် အချိန်နဲ့တူတယ်။


နှုန်းချိနွမ်းရိနေတာပဲ။ ဒီလိုဘဝနဲ့ ငါရှင်သန်ရင်း


နေထိုင်ရင်း..............................................


နံရံမှာ ကပ်ထားလို့ ကွာကျလာတဲ့ စာတစ်စောင်....


ဘုရားသခင်မင်းကို အမြဲချစ်တယ်


အဲဒီစာလေးက ငါ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပြီ..။

အပြင်းစားတောင်းဆိုသံ

ပြင်းထန်တောက်လောင်နေတဲ့
ကျွန်တော့်ခံစားချက်မီးတွေ
ချုပ်ငြိမ်းဖို့ရာ...
မ..တစ်ခါတစ်ရံသာ ကျွန်တော်အကြည့်တွေ ရှေ့ကို
တိုးထွက်လာတဲ့ မရဲ့ အပြုံးတွေဟာ
သီတာရေအလား အေးမြလှပါတယ်.မ။
မအပြုံးတွေ အမြဲတမ်းဖူးပွင့်နေအောင် အသက်သွင်းပေးချင်တဲ့
ကျွန်တော်ဆန္ဒတွေက ပူလောင်ခြောက်သွေ့
ကွဲအက်နေတဲ့ ကျွန်တော်ညတွေအတွက်
အိုအေစစ်အလား တည်ရှိနေတတ်ပါတယ်။
အမှတ်တမဲ့ထိတွေ့မှုတွေဟာလည်း
တခါတလေ အတွေးလေလွင့်နေချိန်ဆို
ပီတိမိုးတွေ ရွာစေပါတယ်..
ဒါပေမဲ့..................
ဟူး..မသိပါဘူးဗျာ..
ဟား..ဇာတ်လမ်းအဆုံးထိ စိတ်ကူးနဲ့
ရူးရမယ့် အဖြစ်မျိုးလား..
နာကျင်စရာဥပေက္ခောအကြည့်တွေနဲ့
စိမ်းကားစွာ ဆက်ဆံနေပေမဲ့
အလိုအလျောက်ပေါ်ထွက်လာတဲ့
ခွင့်လွှတ်ခြင်းတွေက အပြုံးတွေနဲ့
တုံ့ပြန်အောင် ဖန်ဆင်းပေးတယ်။။
ကဲ..ဇာတ်လမ်းလေးမပြီးခင်အထိတော့
ဇာတ်ဆရာအလိုကျ ဆက်ကပါ
အတွေးများနဲ့ အရူးတစ်ယောက်လိုနေပိါ။
တကယ်လို့ ဇာတ်ဆရာသာ မ ဖြစ်ခဲ့မယ်ဆိုရင်
အပြင်မှာ ဖြစ်နိုင်မယ် မဖြစ်နိုင်မယ်မသိရတဲ့
ကျွန်တော်ဖန်တီးချင်တဲ့ ဇာတ်လမ်းအတွက်
အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
မရင်ခွင်ကို တိုးဝင်ပါရစေလား..
ခိုလှုံပါရစေလား..မရယ်..
ပြင်းပြင်းထန်ထန် လိုလားစွာ
တောင်းဆိုမှုပါ...မ

ကဗျာတစ်ပုဒ်၌ ရင်ဖွင့်ခြင်း


အရည်ပျော်ကျလုမတတ် စိတ်ကူးတွေနဲ့

အဝီစိငရဲဘက်ကို မျက်နှာမူနေခိုက်မှာ

အတွေးတွေက မဆီကို မသိမသာဦးတည်နေတယ်..။

ဩော်..မရယ်…ကျွန်တော့်ဘဝမှာလေ

ဆန္ဒမယ်မယ်ရရဆိုလို့ တစ်ခုပါပဲ..အဲဒါကတော့

ဓာတ်ပုံထဲက မရဲ့ အပြုံးကို မူပိုင်ခွင့်ယူထားပါရစေလား..

နောက်..ကျွန်တော်ကိုယ်တိုင်ပဲ အသက်သွင်းပေးမယ်လေ။..

အဲဒီလိုသာဆိုရင်….

ကျွန်တော်လက်တစ်စုံနဲ့ အသက်သွင်းထားလို့ ရှင်သန်လာတဲ့

မအပြုံးပေါင်းများစွာကို ကျွန်တော်မွေးမြူရင်း

ကျွန်တော့်ရင်ထဲမှာ ပီတိနှင်းတွေ ဝေနေမှာပါ။

ကဲပါ..ဒီအတွေးကတော့ တစ်စုံတစ်ယောက်သောမတောင်

မသိနိုင်မဲ့ ဘယ်အချိန်အရည်ပျော်ကျမယ်မှန်း မသိရတဲ့

မရေမရာ အတွေးတစ်ခုပါ။..

ဘယ်လိုပဲ မရေမရာအတွေးတွေပဲဖြစ်ဖြစ်

ကျွန်တော့်ရင်ခွင်ထဲမှာ ဆန့်ကျင်ဘက်ဥပက္ခောအကြည့်တွေ

လက်ဝယ်မပိုက်ထားရသေးခင် အထိတော့

မော်ကွန်းတင်ကျောက်စာများရဲ့

သမိုင်းတစ်ပုဒ်လို မပျောက်မပျက်

တည်မြဲတည်ရှိနေမှာပါ..။