သွေ့ခြောက်နွမ်းရော်နေတဲ့
ငါ့အိပ်မက်တွေရဲ့
ရင်သွေးငယ် ယောင်ရမ်းခြင်း၊
တမ်းတခြင်းတွေကို ငဲ့ညာပြီး
ရှိတဲ့နေရာက ပြန်လာခဲ့ပေးပါ...
.............................
စိုစွတ်ဗွက်ထနေတဲ့ ငွေ့ရည်ဖွဲ့
တိမ်တွေရဲ့ ရင်သွေးငယ်
မျက်ရည်တွေကို သနားပြီး
ပို့ထားတဲ့ စာလေးတွေကို ရရင်
ပြန်ပေးပါ..
တကယ်မျှော်လင့်နေမှာ...
........................
မရှိမဲ့ ရှိမဲ့ အသံလေးတွေနဲ့(တဝူးဝူး)ရယ်လို့
ကြိုးစားပြီး အော်နေရှာတဲ့
ဆောင်းမုတ်သုံလေရူးလေးတွေကို
သက်ညှာပြီး
အော်ခေါ်နေတာကို ကြားရင်
ပြန်ထူးခေါ်ပေးပါ...
ရင်ထဲ နက်ရှိုင်းစွာစိုက်ဝင်နေတဲ့
နွေလို ဒဏ်ရာတွေဟာ
သွေးစိမ်းတွေရဲ
အခုချိန်ထိတည်ရှိဆဲတည်ရှိနေလို့ပါပဲ...
................................
အကြောင်းတစ်ခုနဲ့
အကြောင်းမဲ့လိုလို မင်းကြောင့်
သေဆုံးသွားခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာတွေကို
အားနာပြီး
အခုချိန်လောက်..
ကျိန်စာတွေပျောက်ဖို့ရာ
အတတ်နိုင်ဆုံး မင်းလက်ကလေးကို
ဆန့်တန်းပြီး
chatting ထဲဖြစ်ဖြစ်၊ မေးလ်တွေထဲဖြစ်ဖြစ်
ငါ့တမ်းစာတွေကို ချေပစွဲချက်တွေ
တင်လိုက်ပါ...
တရားသူကြီးမရှိတဲ့
ဒီခွဲခွာခြင်းဥပဒေရုံးမှာ
ငါပဲ တရားခံလုပ်လိုက်ပါ့မယ်..။...
မင်းကို ထွက်သွားစေခဲ့တာ
ငါ..ဆိုပါတော့...။...
မင်းကတော့ အပြစ်မရှိအပြစ်ရှာ
အကြောင်းမဲ့ ဖမ်းယူတဲ့
(ထွေးပိုက်စရာ)ရင်ခွင့်မဲ့
ငါ့နှလုံးသားအထက်က..လူ
ကဲ....ယူပေးတော့...
မင်းဆီ ထာဝရ(ရှိခဲ့ရင်)ပုံအပ်ထားမယ့်
ရင်ခုန်သံထောင်ဒဏ်..(နဲ့)..(အနှစ်ရှိလျက်)
အနှစ်ချို့တဲ့မဲ့ဘဝ....။..။..။။။.
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Tuesday, April 13, 2010
Monday, April 12, 2010
“အပြုံးလက်နက်”
တကယ်လို့
ငါ့ဘေးနား ကြားနေရတဲ့
ဘာသာစကားတွေသာ
ကောင်းကင်ကြီးတစ်ခုဖြစ်မယ်ဆိုရင်
ငါဟာ
မိုးပြိုပြီး သေတော့မယ့်
ထုံထိုင်းထိုင်း
မှတ်ဥာဏ်တွေ တုံ့ဆိုင်းနေတဲ့
ကောင်လေးတစ်ယောက်...။
...........................
ဘာသာစကားအမျိုးမျိုးရဲ့
ဒိုင်ယာလော့တွေအောက်မှာ
မျက်ရည်မိုးတွေစိုရွှဲလို့...
အခုဆို ညစ်ပေ..ပေလိုက်တဲ့ ဗွက်တွေ..။...
ရစရာကို မရှိ...။...
တစ်ခါတစ်လေ..
နားတွေ...
လိပ်ပတ်လည်အောင် မကြားကြပြန်တော့
ကိုယ့်နားကပဲ ကန်းနေသလိုလို...
ပါးစပ်ပေါက်ကို ကြည့်ပြီး...
အကဲမခတ်တတ်ပြန်တော့လည်း
ဆွံ့အနားမကြားထက်
ထူထိုင်းတဲ့နေရာမှာ ကိုယ်ကကဲနေပြန်ရော...
.......................................
တကယ်လို့ ဘာသာစကားတွေသာ
နွေဦးလေညင်းတွေဆို ငါအိပ်နေလိုက်မယ်...
ဆောင်းရဲ့ အရှေ့မြောက်မုတ်သုံလေတွေကို
ရယ်သံခပ်ထွေထွေနဲ့ လိုက်ပါသွားချင်လို့....
တကယ်ပါ..
ငါအပြုံးတွေကို စုစည်းထားပါတယ်...
ဘာသာစကားမဲ့နေ့တွေကို
လှပစေဖို့အတွက်ပါ...။..
ဒီတော့...
သံစဉ်မဲ့..စာသားမဲ့...
ကာရံမဲ့...ကလောင်သွေးမဲ့...
လူမှုဆက်ဆက်ဆံရေးဘွဲ့ကို
ငါချဲ့နိုင်တယ်...
စုဆောင်းထားဆဲ
နှစ်ချို့အပြုံးတွေနဲ့....။...
ငါ့ဘေးနား ကြားနေရတဲ့
ဘာသာစကားတွေသာ
ကောင်းကင်ကြီးတစ်ခုဖြစ်မယ်ဆိုရင်
ငါဟာ
မိုးပြိုပြီး သေတော့မယ့်
ထုံထိုင်းထိုင်း
မှတ်ဥာဏ်တွေ တုံ့ဆိုင်းနေတဲ့
ကောင်လေးတစ်ယောက်...။
...........................
ဘာသာစကားအမျိုးမျိုးရဲ့
ဒိုင်ယာလော့တွေအောက်မှာ
မျက်ရည်မိုးတွေစိုရွှဲလို့...
အခုဆို ညစ်ပေ..ပေလိုက်တဲ့ ဗွက်တွေ..။...
ရစရာကို မရှိ...။...
တစ်ခါတစ်လေ..
နားတွေ...
လိပ်ပတ်လည်အောင် မကြားကြပြန်တော့
ကိုယ့်နားကပဲ ကန်းနေသလိုလို...
ပါးစပ်ပေါက်ကို ကြည့်ပြီး...
အကဲမခတ်တတ်ပြန်တော့လည်း
ဆွံ့အနားမကြားထက်
ထူထိုင်းတဲ့နေရာမှာ ကိုယ်ကကဲနေပြန်ရော...
.......................................
တကယ်လို့ ဘာသာစကားတွေသာ
နွေဦးလေညင်းတွေဆို ငါအိပ်နေလိုက်မယ်...
ဆောင်းရဲ့ အရှေ့မြောက်မုတ်သုံလေတွေကို
ရယ်သံခပ်ထွေထွေနဲ့ လိုက်ပါသွားချင်လို့....
တကယ်ပါ..
ငါအပြုံးတွေကို စုစည်းထားပါတယ်...
ဘာသာစကားမဲ့နေ့တွေကို
လှပစေဖို့အတွက်ပါ...။..
ဒီတော့...
သံစဉ်မဲ့..စာသားမဲ့...
ကာရံမဲ့...ကလောင်သွေးမဲ့...
လူမှုဆက်ဆက်ဆံရေးဘွဲ့ကို
ငါချဲ့နိုင်တယ်...
စုဆောင်းထားဆဲ
နှစ်ချို့အပြုံးတွေနဲ့....။...
“ဆန့်ကျင်ဘက်များရဲ့ ဘဝ”
ရင်ထဲ..
ခါးသီးတဲ့ ကြယ်တွေ ရက်ရက်စက်စက်
ကြွေဆင်းနေတဲ့အတွက်
ရှိုက်ကြီးတငင်..ရင်ထုစည်မတီးရုံတမယ်
ငိုမိတယ်...။
........................
ရင်ခုန်သံတွေထဲ....
ချိုမြိန်တဲ့ အချစ်သီးလေးတွေ
မြိုင်မြိုင်ကြီး သီးနေလို့
သွေးပျက်နေမိတယ်...။
ပျားရည်သုတ်ထားတဲ့ အချစ်ဆိပ်ချိုသီးတွေက
ဒီနှလုံးသားကို အဆိပ်ငွေ့တွေနဲ့
မကြာခင်မွှန်းတော့မှာမို့လို့...။
..................................
မနက်ဖြန်တွေထဲ....
မျှော်လင့်ခြင်းကောင်းကင်တည်ဆောက်ခွင့်ရတဲ့အတွက်
ဝမ်းသာတယ်...။
မကြာခင် ငါ...လက်တွေနဲ့
အကောင်အထည်ဖော်ခြင်းသက်တံတစ်စင်းကို
တက်စီးနိုင်တော့မှာလေ...။...
...............................
တကယ်ပဲ...
သူပြန်မပြုံးပြတဲ့အတွက်
ဟက်ဟက်ပက်ပက်ရယ်မိပါတယ်..
ဘာဖြစ်လို့လဲဆိုတော့
ငိုချင်လွန်းလို့ပါ...
...............။..။..။
...................
စက္ခုအာရုံတွေထဲ....
သာမကဘဲ
အကြားအာရုံတွေလည်း
သူကြားအောင်အော်ခေါ်နေရဲ့သားနဲ့
အထူးမခံရတာ..
အတွေ့မခံလာတာ...
တကယ်ရင်နာတယ်...။...
အပြင်မှာကွယ်...
ရင်နာတယ်...တကယ်...။...
အော်ခေါ်နေတာ...
သူ..တစ်ယောက်ကြားပေမဲ့
ပြန်မထူးတော့ကာ....
ခါးသီးတဲ့ ကြယ်တွေ ရက်ရက်စက်စက်
ကြွေဆင်းနေတဲ့အတွက်
ရှိုက်ကြီးတငင်..ရင်ထုစည်မတီးရုံတမယ်
ငိုမိတယ်...။
........................
ရင်ခုန်သံတွေထဲ....
ချိုမြိန်တဲ့ အချစ်သီးလေးတွေ
မြိုင်မြိုင်ကြီး သီးနေလို့
သွေးပျက်နေမိတယ်...။
ပျားရည်သုတ်ထားတဲ့ အချစ်ဆိပ်ချိုသီးတွေက
ဒီနှလုံးသားကို အဆိပ်ငွေ့တွေနဲ့
မကြာခင်မွှန်းတော့မှာမို့လို့...။
..................................
မနက်ဖြန်တွေထဲ....
မျှော်လင့်ခြင်းကောင်းကင်တည်ဆောက်ခွင့်ရတဲ့အတွက်
ဝမ်းသာတယ်...။
မကြာခင် ငါ...လက်တွေနဲ့
အကောင်အထည်ဖော်ခြင်းသက်တံတစ်စင်းကို
တက်စီးနိုင်တော့မှာလေ...။...
...............................
တကယ်ပဲ...
သူပြန်မပြုံးပြတဲ့အတွက်
ဟက်ဟက်ပက်ပက်ရယ်မိပါတယ်..
ဘာဖြစ်လို့လဲဆိုတော့
ငိုချင်လွန်းလို့ပါ...
...............။..။..။
...................
စက္ခုအာရုံတွေထဲ....
သာမကဘဲ
အကြားအာရုံတွေလည်း
သူကြားအောင်အော်ခေါ်နေရဲ့သားနဲ့
အထူးမခံရတာ..
အတွေ့မခံလာတာ...
တကယ်ရင်နာတယ်...။...
အပြင်မှာကွယ်...
ရင်နာတယ်...တကယ်...။...
အော်ခေါ်နေတာ...
သူ..တစ်ယောက်ကြားပေမဲ့
ပြန်မထူးတော့ကာ....
“ညတစ်ည၌ ပျို့အန်ခြင်း”
သီချင်းတစ်ပုဒ်နဲ့
ပွက်ဆူနေတဲ့ အတွေးတွေထဲ
အိပ်မက်တွေကို ပြုတ်ထည့်လိုက် ကဗျာရေ...
နောက် ကျက်တာနဲ့
တပြိုင်နက် ညမင်းဆိုတဲ့ စာပွဲခင်းလေးကို
ခပ်ရွရွလေးခင်း...
လမင်းကို စားဖို့ဖိတ်ခေါ်
သန်းခေါင်ယံတွေထဲ
သူ....သွေးတွေနဲ့ ကြွေးကြော်တာမောရှာမှာပေါ့...
စားပြီး မျိုပြီးရင်
တစ်ခါတည်း သန်းခေါင်ည
အမှောင်ဘဝတွေကို
၁၂ နာရီထဲကြော်ထည့်ထား...
ကြွပ်ကြွပ်လေးဆို ပိုစားလို့ကောင်းတယ်...။
နောက် အရုဏ်ဦးကို
ခေါ်ဖို့မမေ့နဲ့ဦး...
သူလည်း မနက်ခင်းကိုမွေးဖွားဖို့
နေ့စေ့လစေ့ကြီး...
ဒါကြောင့် ဇီးကွက်စီးလာခဲ့..နော်...။..
နောက် မင်းကတော့ ငါ့ညတွေကို
သာယာစေတဲ့အတွက်တော့
ကျေးဇူးပဲကွာ...
ဟော်...နေမင်းကြီး အာတောင်သန်းနေပြီ...
ကဲ..မင်းလည်း ငါ့နှလုံးသားထဲ
ပြန်အိပ်တော့...အခုအချိန်တန်ပြီပေါ့..။
ကြားလား...ဟိုမှာ ရင်ခုန်သံတွေ မင်းကို
မျှော်နေကြပြီ..။
ကဲ...အချိန်လင့်ပြီမို့...
ကျိန်သင့်တဲ့ ငါ့ညနေတွေအတွက်
မင်းက ပျို့(ကဗျာတစ်ပုဒ်)...။...
ပွက်ဆူနေတဲ့ အတွေးတွေထဲ
အိပ်မက်တွေကို ပြုတ်ထည့်လိုက် ကဗျာရေ...
နောက် ကျက်တာနဲ့
တပြိုင်နက် ညမင်းဆိုတဲ့ စာပွဲခင်းလေးကို
ခပ်ရွရွလေးခင်း...
လမင်းကို စားဖို့ဖိတ်ခေါ်
သန်းခေါင်ယံတွေထဲ
သူ....သွေးတွေနဲ့ ကြွေးကြော်တာမောရှာမှာပေါ့...
စားပြီး မျိုပြီးရင်
တစ်ခါတည်း သန်းခေါင်ည
အမှောင်ဘဝတွေကို
၁၂ နာရီထဲကြော်ထည့်ထား...
ကြွပ်ကြွပ်လေးဆို ပိုစားလို့ကောင်းတယ်...။
နောက် အရုဏ်ဦးကို
ခေါ်ဖို့မမေ့နဲ့ဦး...
သူလည်း မနက်ခင်းကိုမွေးဖွားဖို့
နေ့စေ့လစေ့ကြီး...
ဒါကြောင့် ဇီးကွက်စီးလာခဲ့..နော်...။..
နောက် မင်းကတော့ ငါ့ညတွေကို
သာယာစေတဲ့အတွက်တော့
ကျေးဇူးပဲကွာ...
ဟော်...နေမင်းကြီး အာတောင်သန်းနေပြီ...
ကဲ..မင်းလည်း ငါ့နှလုံးသားထဲ
ပြန်အိပ်တော့...အခုအချိန်တန်ပြီပေါ့..။
ကြားလား...ဟိုမှာ ရင်ခုန်သံတွေ မင်းကို
မျှော်နေကြပြီ..။
ကဲ...အချိန်လင့်ပြီမို့...
ကျိန်သင့်တဲ့ ငါ့ညနေတွေအတွက်
မင်းက ပျို့(ကဗျာတစ်ပုဒ်)...။...
“ငါယူတဲ့ ဒီဂရီ”
ဖင်အောက်ခုထိုင်ထားတဲ့
ထိုင်ခုံတွေ အီးနံ့နဲ့ကြေနေပြီ...
ငါ့တော်ကီတွေ သည်းသည်းခံ
သည်းခံနားထောင်ပေးတတ် တဲ့
လေပြေလေးတွေတောင်
အာပုတ်နံ့နံလို့ အဝေးကို
ထွက်ပြေးသွားပြီ...
ဆိုတော့...
မျှော်လင့်ခြင်းတွေသည်
ငါ့ကောင်းကင်ကြီးက တိုက်စားကာ
လက်တစ်စုံက အဝေးမှာ
ငါ့ကို တာ့တာတောင်ပြနေသေးရဲ့ ...
ငါဘာတွေပဲ လုပ်ခဲ့...လုပ်ခဲ့
သဲ့သဲ့လေးငါကြားလိုက် မိတဲ့
အကြားအာရုံတွေက
အော်သံတွေ...
ငါ့မသိစိတ်ရဲ့ အော်သံတွေ
အမည်လည်း မဖော်နိုင်...
တိုက်လည်း မတိုက်ခိုက်နိုင်...
ငါ့ညတွေကို မသိမသာ သကြားလုံးလို
စုပ်ကာ၊ စုပ်ကာနဲ့
အခုဆို ပီပီပြင်ပြင်ကြီးကို ပဲ့ရွဲ့နေပြီ...။
ဒီတော့ စုတ်ပဲ့မှိုင်နေတဲ့
ယိုင်တိုင်တိုင်ငါ့မန က်ခင်းတွေရဲ့
အနှစ်မဲ့တဲ့ ဘွဲ့....။...။..။။။
ထိုင်ခုံတွေ အီးနံ့နဲ့ကြေနေပြီ...
ငါ့တော်ကီတွေ သည်းသည်းခံ
သည်းခံနားထောင်ပေးတတ်
လေပြေလေးတွေတောင်
အာပုတ်နံ့နံလို့ အဝေးကို
ထွက်ပြေးသွားပြီ...
ဆိုတော့...
မျှော်လင့်ခြင်းတွေသည်
ငါ့ကောင်းကင်ကြီးက တိုက်စားကာ
လက်တစ်စုံက အဝေးမှာ
ငါ့ကို တာ့တာတောင်ပြနေသေးရဲ့
ငါဘာတွေပဲ လုပ်ခဲ့...လုပ်ခဲ့
သဲ့သဲ့လေးငါကြားလိုက်
အကြားအာရုံတွေက
အော်သံတွေ...
ငါ့မသိစိတ်ရဲ့ အော်သံတွေ
အမည်လည်း မဖော်နိုင်...
တိုက်လည်း မတိုက်ခိုက်နိုင်...
ငါ့ညတွေကို မသိမသာ သကြားလုံးလို
စုပ်ကာ၊ စုပ်ကာနဲ့
အခုဆို ပီပီပြင်ပြင်ကြီးကို ပဲ့ရွဲ့နေပြီ...။
ဒီတော့ စုတ်ပဲ့မှိုင်နေတဲ့
ယိုင်တိုင်တိုင်ငါ့မန
အနှစ်မဲ့တဲ့ ဘွဲ့....။...။..။။။
အချစ်သည် လုံးဝန်းသည်

အရှေ့ဘက်တည့်တည့်သွားရင်
အနောက်ဘက်ရောက်တတ်တဲ့
ကမ္ဘာကြီးလုံးခြင်းရဲ့ နိယာမက
အနောက်ဘက်ကို ရောက်သွားရခြင်းက
အရှေ့ဘက်က ဟန့်တားမှု(တုံ့ပြန်မှု)မရှိလို့...။
.............................
လူတစ်ယောက်ကို စွဲစွဲမြဲမြဲပေးဆပ်ခြင်းနဲ့
ချစ်နေတဲ့လူတစ်ယောက်က
ကြာရင်တော့ အဲဒီချစ်နေတဲ့လူကို
မုန်းရင်မုန်းသွားလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုတော့
ချစ်ခံရတဲ့လူဆီက (တုံ့ပြန်မှု)ဘာမှ ပြန်မရလို့ပဲ...။
ဆောင်းမနက်ရဲ့ လက်တစ်စုံ
ငါ့ကို ဒဏ်ရာတွေပေးလို့
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
အခြေအနေအကြောင်းအရပ်ရပ်ကို
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွား ပြီ ဆိုတော့..။
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေး တွေရဲ့
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ.. .
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒီနွေတွေအတွက်
ဆောင်းကိုငါလိုအပ်တယ်...။
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွား
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေး
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ..
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒ
ဆောင်းကိုငါလိုအပ်တယ်...။
Subscribe to:
Posts (Atom)