သီချင်းတစ်ပုဒ်နဲ့
ပွက်ဆူနေတဲ့ အတွေးတွေထဲ
အိပ်မက်တွေကို ပြုတ်ထည့်လိုက် ကဗျာရေ...
နောက် ကျက်တာနဲ့
တပြိုင်နက် ညမင်းဆိုတဲ့ စာပွဲခင်းလေးကို
ခပ်ရွရွလေးခင်း...
လမင်းကို စားဖို့ဖိတ်ခေါ်
သန်းခေါင်ယံတွေထဲ
သူ....သွေးတွေနဲ့ ကြွေးကြော်တာမောရှာမှာပေါ့...
စားပြီး မျိုပြီးရင်
တစ်ခါတည်း သန်းခေါင်ည
အမှောင်ဘဝတွေကို
၁၂ နာရီထဲကြော်ထည့်ထား...
ကြွပ်ကြွပ်လေးဆို ပိုစားလို့ကောင်းတယ်...။
နောက် အရုဏ်ဦးကို
ခေါ်ဖို့မမေ့နဲ့ဦး...
သူလည်း မနက်ခင်းကိုမွေးဖွားဖို့
နေ့စေ့လစေ့ကြီး...
ဒါကြောင့် ဇီးကွက်စီးလာခဲ့..နော်...။..
နောက် မင်းကတော့ ငါ့ညတွေကို
သာယာစေတဲ့အတွက်တော့
ကျေးဇူးပဲကွာ...
ဟော်...နေမင်းကြီး အာတောင်သန်းနေပြီ...
ကဲ..မင်းလည်း ငါ့နှလုံးသားထဲ
ပြန်အိပ်တော့...အခုအချိန်တန်ပြီပေါ့..။
ကြားလား...ဟိုမှာ ရင်ခုန်သံတွေ မင်းကို
မျှော်နေကြပြီ..။
ကဲ...အချိန်လင့်ပြီမို့...
ကျိန်သင့်တဲ့ ငါ့ညနေတွေအတွက်
မင်းက ပျို့(ကဗျာတစ်ပုဒ်)...။...
No comments:
Post a Comment