နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, April 12, 2010

အချစ်သည် လုံးဝန်းသည်


အရှေ့ဘက်တည့်တည့်သွားရင်
အနောက်ဘက်ရောက်တတ်တဲ့
ကမ္ဘာကြီးလုံးခြင်းရဲ့ နိယာမက
အနောက်ဘက်ကို ရောက်သွားရခြင်းက
အရှေ့ဘက်က ဟန့်တားမှု(တုံ့ပြန်မှု)မရှိလို့...။
.............................
လူတစ်ယောက်ကို စွဲစွဲမြဲမြဲပေးဆပ်ခြင်းနဲ့
ချစ်နေတဲ့လူတစ်ယောက်က
ကြာရင်တော့ အဲဒီချစ်နေတဲ့လူကို
မုန်းရင်မုန်းသွားလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုတော့
ချစ်ခံရတဲ့လူဆီက (တုံ့ပြန်မှု)ဘာမှ ပြန်မရလို့ပဲ...။

No comments:

Post a Comment