တကယ်လို့
ငါ့ဘေးနား ကြားနေရတဲ့
ဘာသာစကားတွေသာ
ကောင်းကင်ကြီးတစ်ခုဖြစ်မယ်ဆိုရင်
ငါဟာ
မိုးပြိုပြီး သေတော့မယ့်
ထုံထိုင်းထိုင်း
မှတ်ဥာဏ်တွေ တုံ့ဆိုင်းနေတဲ့
ကောင်လေးတစ်ယောက်...။
...........................
ဘာသာစကားအမျိုးမျိုးရဲ့
ဒိုင်ယာလော့တွေအောက်မှာ
မျက်ရည်မိုးတွေစိုရွှဲလို့...
အခုဆို ညစ်ပေ..ပေလိုက်တဲ့ ဗွက်တွေ..။...
ရစရာကို မရှိ...။...
တစ်ခါတစ်လေ..
နားတွေ...
လိပ်ပတ်လည်အောင် မကြားကြပြန်တော့
ကိုယ့်နားကပဲ ကန်းနေသလိုလို...
ပါးစပ်ပေါက်ကို ကြည့်ပြီး...
အကဲမခတ်တတ်ပြန်တော့လည်း
ဆွံ့အနားမကြားထက်
ထူထိုင်းတဲ့နေရာမှာ ကိုယ်ကကဲနေပြန်ရော...
.......................................
တကယ်လို့ ဘာသာစကားတွေသာ
နွေဦးလေညင်းတွေဆို ငါအိပ်နေလိုက်မယ်...
ဆောင်းရဲ့ အရှေ့မြောက်မုတ်သုံလေတွေကို
ရယ်သံခပ်ထွေထွေနဲ့ လိုက်ပါသွားချင်လို့....
တကယ်ပါ..
ငါအပြုံးတွေကို စုစည်းထားပါတယ်...
ဘာသာစကားမဲ့နေ့တွေကို
လှပစေဖို့အတွက်ပါ...။..
ဒီတော့...
သံစဉ်မဲ့..စာသားမဲ့...
ကာရံမဲ့...ကလောင်သွေးမဲ့...
လူမှုဆက်ဆက်ဆံရေးဘွဲ့ကို
ငါချဲ့နိုင်တယ်...
စုဆောင်းထားဆဲ
နှစ်ချို့အပြုံးတွေနဲ့....။...
No comments:
Post a Comment