နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Monday, April 12, 2010

ဆောင်းမနက်ရဲ့ လက်တစ်စုံ

ငါ့ကို ဒဏ်ရာတွေပေးလို့
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
အခြေအနေအကြောင်းအရပ်ရပ်ကို
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွားပြီ ဆိုတော့..။
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေးတွေရဲ့
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ...
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒီနွေတွေအတွက်
ဆောင်းကိုငါလိုအပ်တယ်...။

No comments:

Post a Comment