နူးနူးညံ့ညံ့ တောင်းဆိုချက်

ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...

Wednesday, March 31, 2010

“အရူး”

ရင်ထဲမှာ အချစ်ငွေ့လေးတွေ
တဝေဝေနဲ့
တကယ့်အဖြစ်အပျက်မှာတော့
စိတ္တဇကြယ်တွေ
ကြွေကောင်းနေတုန်း....
ရင်ခုန်သံကဗျာစုတွေမှာလည်း
ရေးထားတယ်...
သွေးများပြီး အစွယ်ထက်လှတဲ့
နှလုံးသားရဲ့ ထောင့်ခပ်ချွန်းချွန်းတစ်နေရာနဲ့...
မီးတောက်ဝါးစားထားတဲ့
စူးရှရှအမြင်အာရုံတွေရဲ့အောက်မှာလည်း
ဒီချစ်မိတဲ့ မိန်းမလှတစ်ဦးတည်းကပဲ
လာရောက်ပသခယနေတယ်..။
ငါ..ဘယ်လိုလုပ်ရပါ့...
မနက်ဖြန်အတွက်၊
ခဏနေအတွက်၊
အမြဲဝေဝါးနေတတ်တဲ့ ငါ့အတွက်
စပ်ဖျင်းဖျင်း မျှော်လင့်ခြင်းတွေနဲ့သာ
အမြဲတမ်းနှိုးထတတ်နေလို့ရော
သူပေးတဲ့ စပ်ဖျင်းဖျင်းမျှော်လင့်ခြင်းတွေက
မက်လို့ကောင်းတယ်..။
တကယ်...
အတိတ်လမ်းဟောင်းပေါ်မှာ
လက်တွေ့အကြောင်းကို
ပြောင်းပြီး ခြေဦးမလှည့်တော့ဘူး...
ကိုယ်မမြင်နိုင်တဲ့ ကိုယ့်နောက်ကျောကို
အပင်ပန်းခံပြီး ပြန်မကြည့်တော့ဘူး...
ဒါကြောင့် အမြင်အာရုံတွေက
ထိပ်ဆုံးသို့ ကဗျာလေးအတိုင်း...
ရင်ခုန်သံတွေက
အချစ်ဆီ တစ်နေ့တစ်လံပုဂံဘယ်ပြေးမလဲ
စကားပုံအတိုင်း.....
လက်တစ်စုံက
နူးညံ့ပြီး ဖော်ရွေတတ်တဲ့
အဖျော်အဖြေသက်သက်မဟုတ်မယ့်
ကဗျာလေးတွေကို
အရေခွံတွေ ပွန်းပဲ့သွားလည်း
ဆုပ်ကိုင်မြဲဆိုတဲ့ ငါ့ရူးကြောင်ကြောင်
ဒသနလေးအတိုင်း.....
ခြေလှမ်းတွေက
မနုသလူသားများဆီ
အောင်မြင်ခြင်းကို သွားရောက်လုယူမည်
ဆိုတဲ့ ကြွေးကြော်မှုအတိုင်း....
ရှေ့ဆီသို့....
အဓိက ကာရံက
ကဗျာမဆန်တဲ့
မိန်းမလှလေးအချစ်ကိုရယူဖို့...
သွားရင်းလာရင်း
အမြင်အာရုံတွေ ဝေဝါးသွားခဲ့ရင်...
ရင်ခုန်သံတွေ မောဟိုက်လို့
သက်ပြင်းတွေပဲ ရှိုက်နေခဲ့ရင်....
လက်တွေ သွေးစွန်းခဲ့ရင်....
ခြေလှမ်းတွေ လမ်းပြမှတ်တိုင်ပျောက်နေခဲ့ရင်....
အရာရာအတွက် အားဖြည့်စရာ
သိမ်းထားဆဲ မိန်းမလှလေးရဲ့ အပြုံးများနဲ့သာ...
ကဲ...ငါမရောက်လာခင်
မင်းမှာရှိသမျှအချစ်တွေ
အကုန်ထုတ်ထားနှင့်လိုက်
မိန်းမလှလေးရေ......
သို့မဟုတ်ရင်တော့..
မင်း(သို့)ငါ နှစ်ယောက်ထဲက
တစ်ယောက်ယောက်ဟာ.....

“တစ္ဆေများနှင့် ထာဝရည”

သက်တံကို ကြိုးမှတ်လို့
ကောင်းကင်အဆုံးအစ
နှစ်ဘက်မှာ
ကြိုးတစ်စဆီ ဆွဲကာချီ
တိမ်ညွှန့်တွေကို အပျင်းပြေ
စားသုံးရင်း...
ပေါ့ပါးခြင်းကဗျာတစ်ပုဒ်ကို
လွတ်လွတ်လပ်လပ်လေး
ဖွဲ့ဆိုနေမိတယ်...။
.................
ဒီလိုနဲ့ အချိန်နာရီတွေက
ညခင်းညစာစားပွဲမှာ
လမင်းကြီးကို ဖိတ်ခေါ်တဲ့အချိန်
ရောက်လာလေတော့
စုန်းကဝေ၊ သရဲတစ္ဆခေါ်
ညပျော် ငါ့အဖော်လေးတွေ
ဘေးနားမှာ ရစ်သီရစ်သီနဲ့
မရှိမဲ့ရှိမဲ့ အမြီးလေးတွေကိုယ်စီကို
တစ်လီတစ်လီထုတ်ပြီး
ကစားမလား...တဲ့..
ကြည့်..အဖော်ညှိတဲ့ပုံကိုက..
တော်ပြီ နှိုးလျက်မက်ရတဲ့
အိပ်မက်တွေထဲမှာပဲ
ငါပျော်သည် လို့ ပစ်ပစ်ခါခါ
ပြောလိုက်ရင်လည်း မကောင်း..
စိတ်ပေါက်ပေါက်နဲ့ ကုလားလို
ဂျာလာပါတီဂျောင်းလို့
ဟောက်ပစ်လို့ကလည်း မကောင်း...
စိတ်တိုလို့ အငြိုးထားပြီး
လူနဲ့ ကဝေချစ်ဇာတ်လမ်းတစ်ပုဒ်ကို
မဖြစ်နိုင်တဲ့ အနမ်းတွေနဲ့
ကိုယ့်ကို ကောက်ချစ်လိုက်မှဖြင့်...။
ဒါကြောင့် လေးဖြူစကားခဏ
ငှားသုံး အလှထားပြုံးကာ
ခဏလေးများနဲ့
သူ့ကို စောင့်ထားခိုင်းရတယ်...
နာဂစ်ထက်ကြီးတဲ့ ယုံနိုင်စရာ
ရုပ်ဆိုးဆိုး အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့...။
...............................
ဟော....နေပွင့်လာပါပြီ...။
နေမင်းရဲ့ သားပျို
အလင်းရောင်တွေ မထချင်ထချင်ပဲ
အာသန်းရင်း နေမင်းကြီးရဲ့
အမိန့်အတိုင်း သူတို့ကိုယ်သူတို့
လောကကြီးအပေါ်ကိုင်းထားကြတယ်..။
ငါ့မှာတော့ ဝမ်းကိုသာလို့...
တစ္ဆေများနဲ့ တစ်ညတာ
လွတ်လပ်ခြင်းပေါ့ကွာ..ပေါ့..။
နောက်..ရယ်ချင်တာတစ်ခုက
ညပျော်တဲ့ ငါ့အဖော်
စုန်းကဝေ၊ သရဲတစ္ဆေတွေကော
မိန်းကလေးတစ်ယောက်လို
ကလေးဆန်စွာ ငါ့ကိုမျက်စောင်းထိုးပြီး
ငါ့အိပ်မက်တွေကို
သယ်ပိုးကာ ငါ့ညတွေနောက်မှာ
ထပ်ချပ်မကွာဂိုးသွားကြပါလေရော
ဟာ....ကောင်းတယ်ဟေ့..။...
ကဲ...ငါ့အဖော်
ညပျော်သရဲတစ္ဆေတွေရေ..
မိုးတိမ်အနမ်းတွေ ထပ်ပျိုးဖို့
နောက်တစ်ညမှ ဒီတစ်ညအငြိုးနဲ့
တွေ့တော့မယ်လေ...။

Tuesday, March 30, 2010

“ကမ္ဘာသစ်ဆီ”

ဆောင်းမနက်တိုင်း စားသုံးစရာ
ငါ့မှာ သူပေးတဲ့
ခပ်ရိုင်းရိုင်းမျှော်လင့်ခြင်းတွေသာ....
..........................
နွေမွန်းတည့်တိုင်း အပူကို
ဖြေသာအောင် တိုက်ထုတ်စရာ
သူအပေါ် အတိုင်းထက်အလွန်
ထားတဲ့ ငါ့ယုံကြည်ခြင်းတွေကိုသာ
ဘေးနားမှာ ရင်သွေးငယ်လေး
တစ်ယောက်လို ချထားပြီး
ပီတိအပြုံးလေတွေနဲ့ကြည့်လို့ပါ...
.............................
မိုးညနေတွေတိုင်း
အိမ်အပြန်ခိုနားစရာကင်းမဲ့ကာ
သူပေးခဲ့တဲ့ အမှတ်တရ
လေးတွေကိုသာ စိတ်မှာ
ခပ်ကြောင်ကြောင်တွေးရင်း
လျှောက်နေကျ လာရာလမ်းလေးပေါ်မှာ...
.................................
ရာသီအပြီး ကပ်ကမ္ဘာကြီး
ကုန်သည့်တိုင်း မျှော်လင့်ခြင်း၊
ယုံကြည်ခြင်း၊ အမှတ်တရတွေကို
ခပ်မိုက်မိုက်တွေးရင်း
အဓိကရေသောက်မြစ်တွယ်ဖြစ်တဲ့
သူ့အပေါ်ခန်းခြောက်ညှိုးနွမ်းမသွားမယ့်
ချစ်ခြင်းရယ်...
memory ထဲမှာ နောက်ဆုံးပေါ်
နည်းပညာနဲ့ တီထွင်ထားတဲ့
ကြာရှည်ခံစက်ထဲက
သူပေးတဲ့ ရင်ခုန်သံတွေနဲ့
ရေလောင်းပျိုးသင်ရင်း....
မိုက်မဲတဲ့ လူသားတစ်ယောက်
အချစ်တစ်ခုနဲ့ ကမ္ဘာပျက်ခြင်း....။..။.။။။

Monday, March 29, 2010

“သုညတစ်လုံးရဲ့ မနက်ဖြန်”

နာကျင်ခြင်းသက်သေ
အဖြစ်ပြဖို့ လက်ကျန်
ငါ့မျက်ရည်တွေသာ...
...................
စာသင်ရင်း ရက်တွေ
နှစ်ကျလို့ မနက်ဖြန်မှ
လက်တွေ ဘဝင်မလာ...
ဒီတော့ ငါ့မနက်ဖြန်တွေဟာ
ဘာမှ ရလဒ်ကောင်းရယ်လို့
ထွက်မလာ.....။။။

“ချစ်သူသို့”

အဝေးမှာ ရှိနေတဲ့အချိန်
မလွမ်းနိုင်ရင်တောင်မှ
ငါ့ကို အမှတ်ရနေပေးပါ..
စိတ်ထဲမှာ နင့်အတွက်
အဖြည့်ခံတစ်ယောက်
အသက်နဲ့ ကိုယ်မြဲသ၍
တည်ရှိနေတယ်ဆိုပြီးတော့...။
...........................
အနားမှာ ရှိနေတဲ့အချိန်
စကားမပြောရင်တောင်မှ
ငါ့အကြည့်ကို တစ်ချက်လောက်ဖြစ်ဖြစ်
တုံ့ပြန်ပေးပါ...
စိတ်ထဲမှာ နင့်မျက်နှာလေးကို
ကြည့်ရင်း နင်ဘာလိုအပ်နေလဲ၊
နင်ဘာခံစားနေလဲဆိုတာ
အမြဲဂရုစိုက်နေသူတစ်ယောက်
ရှိနေတယ်ဆိုပြီးတော့....။
.........................
လမ်းမှာ အမှတ်မထင်တွေ့ဆုံရင်
မနှုတ်ဆက်ရင်တောင်မှ
တစ်ချက်လောက်ဖြစ်ဖြစ်
ပြုံးပြပေးပါ...
နင့်အမူအရာကို ကြည့်ပြီး
နင့်ဆက်ဆံပုံအရ ခံစားလွယ်တတ်တဲ့
လုတစ်ယောက် နင့်ဘေးမှာ
ရှိနေတယ်ဆိုပြီးတော့.....။
.............................
အကူအညီရယ်လို့
လိုအပ်လာပြီဆိုရင်လည်း
စိတ်ထဲမှာ ငါ့ကိုပဲပထမဆုံး
သတိရပေးပါ...
စိတ်ထဲမှာ နင့်အတွက်
တတ်နိုင်သမျှကူညီချင်တဲ့လူ
ကမ္ဘာကြီးရဲ့ တစ်နေရာမှာ
ရှင်သန်နေတယ်ဆိုပြီးတော့....။
...............................
ဒါတွေ နင်သိနိုင်ပါစေကွာ...

Sunday, March 28, 2010

“ပျောက်ဆုံးသွားတဲ့ ရင်ခုန်သံမှတ်တမ်းတစ်အုပ်”

တွေ့ခွင့်မကြုံလို့
လောကကြီးထဲက
အချစ်ရဲ့ လှည့်စားကွက်
အဖုံဖုံကို အကုန်အစုံ
အပြစ်ခြုံပြီး မရေးချင်တော့ပါဘူး...။
မျိုသိပ်ထားပါ့မယ်...
ဘာမှ မတတ်နိုင်ပဲဟာ...။
ဒီလိုမျိုသိပ်ထားလို့လည်း
မိုးလေဝါသကင်းမဲ့စွာ
အမှတ်တရတွေငါ
မှတ်ထားလေ့ရှိတဲ့ ဒိုင်ယာရီ
စာရွက်ဖြူဖြူလေးတွေပေါ်မှာ
မျက်ရည်မိုးတွေ ရွှဲစိုခဲ့ရပါပြီ....။
လက်ရှိအခြေအနေမှာတော့
ရင်ထဲမှာ မိုးရာသီသံသရာသာ
လည်နေဆဲပါ...။
ကြောက်စရာကောင်းလောက်အောင်
ရင်ထဲမိုးတွေ ထစ်ချုန်းလိုက်တာများကွာ
ပြောမပြတတ်အောင်ပါပဲ...။
ဒါကို အချစ်ပထဝီနည်းအရကြည့်မယ်ဆိုရင်
အချစ်ဆိုတဲ့ အပူမီးတွေကြောင့်
အလွမ်းရေငွေ့လေးတွေ ဖြစ်ပေါ်ကာ
ကဗျာတိမ်တိုက်တွေနဲ့
မျက်ရည်မိုးစက်လေးတွေ ဖြစ်ပေါ်လာရတာပါ...။
နောက်...
သမိုင်းသဘောတရားအရ
ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း
အလွမ်းဆိုတဲ့ ရေငွေ့လေးတွေ
ဖြစ်ပေါ်လာရတာလဲ
လွမ်းတဲ့အခါမဆုံနိုင်လောက်အောင်
ဝေးနေလို့...။
အဆုံးမှာတော့ သင်္ချာနည်းတွေ၊
သိပ္ပံနည်းတွေလည်း မသိချင်တော့ပါဘူး..
တကယ်သိချင်တာက
ပျောက်ဆုံးသွားတဲ့
ငါ့ memory ထဲက
သူနဲ့ တွေ့တုံးတွေ့ခိုက်ရတဲ့
ရင်ခုန်သံလေးကို ကြာရှည်ခံအောင်
ဘယ်လိုသိမ်းဆည်းထားရမလဲ
ဆိုတဲ့ အသိလေးကိုပါပဲ...။

Friday, March 26, 2010

Hey..Guy! Just Go ahead!

မနက်…..
အိပ်မက်တစ်ပိုင်းတစ်စနဲ့
အိပ်ချင်မူးတူးထရပြန်ပြီ…။
အကြောင်းက
ရည်မှန်းချက်မီးတွေ ဘဝမှာ
ပြီးပြည့်စုံခြင်း ဝဲဂယက်ထဲ
တောက်လောင်နိုင်ဖို့ရာ
ဝိရိယဆိုတဲ့ လောင်စာနဲ့
ဂရုတစိုက်မွေးနေရခြင်းသာ…။
………………………
လတ်တလောအတွက်တော့
မှေးစင်းစင်းငါ့မျက်လုံးတွေနဲ့
မပြုံးနိုင်တဲ့ ငါ့ရဲ့ ကဗျာတွေပေါ့…။
………………………
ဒီလိုပါပဲ..ငါ့ကဗျာတွေ
မပြုံးနိုင်ပေမဲ့ ငါပြုံးနိုင်ပါတယ်..
ဒါပေမဲ့ ကျေနပ်တဲ့ အပြုံးတော့
မဟုတ်ဘူး…မကျေနပ်တနပ်
မတတ်နိုင်တဲ့ ငါးခူမဲ့ပြုံးလေး..။
…………………….
ဒီတော့ ငါယုံကြည်တယ်..။
အခုငါ့ ကုန်ဆုံးသွားတဲ့
ဝိရိယလောင်စာတွေဟာ
တစ်ချိန်ချိန်မှာ ရည်မှန်းချက်များ
ပြီးပြည့်စုံခြင်းဝဲဂယက်ထဲ
အဟုန်အရှိန်ခပ်ပြင်းပြင်း
တောက်လောင်လာလိမ့်မယ်လို့..။
ဒါကြောင့် ငါ….ဝိရိယကြိုးစားမှုများနဲ့သာ…—)

“ဆန့်ကျင်ခြင်း၏ နောက်ဝယ်”

နေမင်းကြီး အာပုတ်နံ့ကင်းရှင်းစွာနဲ့
အာသန်းနေတဲ့ အချိန်
တစ်စုံတစ်ကောင်သော
အကောင်သည် အိပ်ရာဝင်ပြီ…။
…………………….
နေမင်းကြီး ပျင်းရိ၍
မျက်လုံးများအတင်းစိပိတ်နေသော
အချိန် ထိုအကောင်သည်
ပင်လျှင် မျက်နှာသစ်ချိန်..။
…………….။
နေမင်းကြီး စက်တော်ဆန့်မှ
သူလည်း အစာအတွက် ခြေတော်
အမြန်ခန့်ရသည်…။
ပြောရရင် သူက အမှောင်ထဲက ဘုရင်…
ညရဲ့ သခင်…လောကကြီးထဲက
ဆန့်ကျင်ဘက်အားလုံးရဲ့ အရှင်
အမှောင်ထဲမှာ ကျက်စားကာ
သူ့အကွက်ထဲကျတဲ့
သတ္တဝါအထီးအမ မလွတ်တမ်း
သုတ်စမြဲ အမှောင်ထဲကပဲ..။
……………………..
နေ့မင်းကြီးနဲ့ ကံဆိုးထောက်မစွာ
ဆုံစည်းတဲ့ အခါကျ… သူ
ဘာကိုမျှ မတတ်နိုင်တော့ …
ဘာဖြစ်လို့…?
ဆန့်ကျင်ဘက်အားလုံးရဲ့
သခင်ဖြစ်နေမှုအကျိုး
သူ့အတွက် သေခြင်းပဲကိုး…။

“လက်ရှိဘာတွေ ဖြစ်ပျက်နေသလဲ”

တစ်ခုပေး နှစ်ခုလိုချင်၊
နှစ်ခုပေး သုံးခုလိုချင်၊
သုံးခုပေး အကုန်လုံးသိမ်းချင်
လူဆိုတာ တပ်မက်မှုတွေရဲ့ ဘုရင်…။
ခပ်ယဉ်ယဉ်ပြောရရင်
လူဆိုတာ အောင်မြင်မှုရဲ့
သခင်…သို့သော်
ဘဝင်တွေနဲ့ အောင်မြင်ခြင်းလှိုင်းမှားကာ
လောဘဂိုဏ်းသမားဖြစ်သွားတာ…
ဆရာမင်းမြတ်သူရစကားငှားသုံးရင်
ရလေလိုလေ အိုတစ္ဆေ…
ရှာကြ၊ ရုန်းကြ၊
ကလိန်ကကျစ်ကျ
ကတုံးပေါ်ထိပ်ကွက်မှ
လူထင်..အကျင့်ဆိုးကြီးကို
တစ်ယောက်နဲ့ တစ်ယောက်
အပြစ်မမြင်…။
နောက်ဆုံး လောဘနောက်လိုက်ကာ
နောက်ဆုံး…
သေခြင်းက သူတို့ရဲ့ သခင်..။
(သေခြင်းဆိုသည့် နေရာတွင် ဘဝသေခြင်း၊
အသက်သေခြင်း စသည်ဖြင့် အမျိုးမျိုးသော
သေခြင်းများကို ရည်ညွှန်းထားသည်..)

“မနက်ဖြန်ပြယုတ်”

ဘာပဲဖြစ်ဖြစ် သူနဲ့ တွေ့ရမယ့်
မနက်ဖြန်တွေအတွက်
ငါဝမ်းသာတယ်…။
သူပေးခဲ့တဲ့ အတိတ်က
နာကျင်ခြင်းတွေကိုလည်း
ငါစွန့်ခွာခဲ့ပြီမို့ သူ့အချစ်နဲ့တွေ့မယ်
မနက်ဖြန်တွေအတွက်
ငါဝမ်းသာတာပါ..။
အင်း..ဒါဟာတော့
မသေချာတဲ့ ယောင်ချာချာ
မျှော်လင့်ခြင်းရဲ့
ပြယုတ်တစ်ခုသာ…။

“အချစ်တစ်ပိုင်းတစ်စနဲ့ ထားခဲ့…”

မောင်…
ခပ်ပြောင်ပြောင်မောင့်ရုပ်
ကြောင်တောင်တောင်စရိုက်နဲ့
အင်း…အခုအမှတ်တမဲ့
လွမ်းတတ်နေပါပြီမောင်ရယ်..။
………………………
မောင့်စကားတွေနဲ့
မောင့်အကြည့်တွေက
အတူနေမယ်မယ်
တစ်သက်လုံးမခွဲဘူးလို့
ကတိပေးသယောင်ရှိပေမဲ့
အခုမောင်…ထားခဲ့ပြီ…။
………………..
မျက်ရည်နဲ့ ရှိုက်သံတွေက
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့
အကြွေးရှင်လို ခဏခဏ
ရင်ထဲကို အလည်လာကြတယ်…။
ဘယ်လိုဖြေသိမ့်ရမလဲ….
ပြန်ဆုံနိုင်ဖို့ လမ်းစရောရှိရဲ့လား…။
အမှတ်တမဲ့ပေါင်းများစွာနဲ့
မောင့်ကို ချစ်တတ်ခဲ့တာ
မဟုတ်ဘူး…။
မောင့် အချစ်ကို စနစ်တကျ
ဆန်းစစ်ပြီးမှ ချစ်ခဲ့တာ..။
ဒါပေမဲ့ ချစ်တဲ့အချိန်ကျ မောင်က
အဝေးကို…ထားခဲ့တာငိုဖို့
ပါပဲလားမောင်…ဪ…
မောင်ရယ်…အခုလွမ်းတတ်နေပါပြီကွယ်….။..။.။။။

ကဗျာသို့ ကဗျာ...


ဒီနေရာဒီခုံလေးမှာ……
မောင်တဲ့။
ဒီစကားရဲ့ ချိုမြိန်မှုက
အခုထိ နှလုံးသားမှာ
ရှတတကျန်ရှိနေတုန်းပါပဲ….
အနမ်းလေးတွေကလဲ
ရင်ထဲမှာ ရင်ခုန်သံတွေနဲု့အတူ
အသက်ရှင်ဆဲ…………
ဖက်တွယ်ပွေ့ပိုက်မှုရဲ့
နွေးထွေးခြင်းဟာ အခုထိတိုင်
ဆောင်းကာလအတွက် ခြုံလှုံစရာကင်းစေတယ်
………………………………………
အတိတ်ဆိုတော့
ပစ္စုပ္ပန်မှာ တိတ်ဆိတ်ငြိမ်သက်နေပါပြီလေ
ဒါကြောင့် ပစ္စုပ္ပန်အခြေအနေအရ
ဒဏ္ဏာရီအတွေးထဲက
ဒဏ္ဏရီတစ်ပုဒ်ပါ...
မော်ကွန်းတင်လောက်သည့်
တိုင်အောင် မဆိုတဲ့
စကားလုံးလေးကတော့

Thursday, March 25, 2010

“မဆီမဆိုင်စကားလုံးတွေနဲ့ ကဗျာ”

ကြမ်းပြင်ပေါ်မှာ ငါ့အချိန်နာရီတွေ
ဖြန့်ကြဲကာ ရှုပ်ပွနေလေရဲ့...။
နံရံတွေ ပေါ်မှာလည်း
ငါ့စကားလုံးတွေ မဝံမရဲပါ
ပုန်းကြခွေနေတဲ့ အဖြစ်ကို
အချစ်သံနဲ့ ထုရိုက်ကာ
ချိတ်ဆွဲထားနေဆဲ...။
ခံစားချက်အကြောတွေ
ကတက်မှ ပြောလက်စနဲ့
ပြောရရင်ဖြင့် ငါ့အတွေးတွေက
လေဟာနယ်ထဲ ဝဲနေရာက
ယိုရွဲကာ ပေါက်ပြဲနေတဲ့
မိုးမျက်နှာကြက်ခပ်စုတ်စုတ်ကနေ
excuse me လို့တောင် ခွင့်မပန်ဘဲ
ငါ့ဦးဏှောက်ထဲကို
ဟဲ့..ပလုတ်တုတ်လို့
အာမေဋိတ်စွဲရလောက်အောင်
တိုးဝင်လာခဲ့.။
ဒီအကြောင်းတွေဟာလည်း
ငါ့အတွက် နိစ္စဓူဝမဟောင်းနွမ်းတဲ့
အကြောင်းထူးထူးဆန်းဆန်းတွေပါပဲ...။
ဒါကြောင့်လည်း အချိန်ရှိတိုင်း
ငါ့အသွးအသားတွေက
သွေးရူးသွေးတန်းနဲ့ အော်နေတာပေါ့..။
ကဲ...ဇာတ်လမ်းအဆုံးမှာတော့
မဆီမဆိုင်ငါပြောလိုက်ချင်တာက
သွေးလမ်းမှာ ပြေးနမ်းစရာ
ချစ်သူ့ပါးလေး အခုငါ့ဖင်ထိုင်ခုံအောက်မှာ...။

Wednesday, March 24, 2010

“သခါင်္ရရယ် မင်းကိုတော့ ဆလံပေးပါတယ်”

သစ်ရွက်တစ်ရွက်တော့
လေခြွေလို့ ကြွေသွားပြန်ပါရောလား...
လူတစ်ယောက်တော့
အသေစေလို့ သေသွားပြန်ပါရောလား..
အမွတ္တမဲ့ သခါၤရသေဘာကို
ဆောင်ပြီးတော့ပေါ့လေ..။
...................
ဩော်......သစ်ရွက်တွေ
ကြွေစေတဲ့ လေပြေရယ်
ဘာအငြိုးများရှိလို့ ခြွေရတာလဲ...
နောက်...
သေစေ.... တဲ့...မမြင်နိုင်တဲ့
ပစ္စုပ္ပန်ပဲ့တင်သံအောက်မှာ
အမိန့်သံခပ်ရိုင်းရိုင်းကို
ဘာကြောင့်များစေရတာလဲ
အချိန်ရယ်...။
အေးပေါ့လေ..
သခါၤရသေဘာတရားကို
မင်း..အမှတ်တမဲ့ဆိုတဲ့
လက်နက်အားပြုပြီး
ကျေပွန်စွာတာဝန်ထမ်းဆောင်နေတာပဲ..။
အင်း...ငါမတတ်နိုင်တဲ့အဆုံး
မင်းတာဝန်ကျေပါတယ်လို့တော့
ပြောရမှာပဲ...။
ကဲပါ...အချိန်နဲ့ လေမင်းရယ်
အဲဒီတာဝန်ကျေပွန်မှုကြီးကို
လူတော်လေးတွေ၊ လူကောင်းလေးတွေဆီမှာ
ပန်းဖူးပန်းငုံလေးတွေဆီမှာ၊
လန်းဆန်းနေတဲ့ သစ်ရွက်စိုတွေဆီမှာ
မလုပ်ဖို့ ငါတောင်းဆိုချင်ပေမဲ့လည်း
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ
တာဝန်ကျေချင်တဲ့ မင်းတို့ရဲ့
စိတ်ဓာတ်ကို ငါလက်မြှောက်ဆလံပေးလိုက်ပါပြီကွာ...။..။.။။။

“ဥဩသံတွေကြားက အိမ်အလွမ်း”

ငါအိပ်မက်တွေတိုင်းက
အိမ်ပြန်ဖို့ ဆော်ဩကာ
ငါအိမ်ပြန်မယ့်အရေးတွေးရင်း
အပျော်စောခဲ့တဲ့ နေ့တွေအချိန်တွေ
ဟာလည်း မရေမတွက်
နိုင်တော့လောက်အောင်ပါပဲ..။
မီးရထားဥဩသံကြီးကြားတိုင်း....
လေယာဉ်ပျံခေါင်းပေါ်
ခွင့်ပြုချက်မဲ့တစ်ဖက်သတ်စွန်းရောက်
လွမ်းမိုးသွားတိုင်း...
လူမှုရေးနားမလည်
တအားဆူတယ်ပြောထိုက်တဲ့
ကားဟွန်းတီးသံတွေကြားတိုင်း...
အိမ်လွမ်းသူအဖြစ်
အိမ်ပြန်ချင်လို့ ညိုမိုင်းနေတဲ့
ကိုယ့်မျက်နှာကိုယ်တောင် ပြန်သနားမိတယ်.။
...........................
ဟူး...အိမ်ပြန်လို့ မရအောင်ချည်နှောင်ထားဆဲ
ထက်ရှတတ်တဲ့ အခြေအနေကြိုးတွေကြားက
ရုန်းထွက်တတ်လွန်းလို့
ရင်မှာဒဏ်ရာတွေဟာ
ပြောပြစရာမကောင်းလောက်အောင်
ပွန်းပဲ့ကာ ထိရှခဲ့ပါပြီ...။
.....................
မြင်မကောင်း ကြားမကောင်း
ဒီနာကျင်စရာ ဒဏ်ရာတွေကို
နာကျင်စွာပွေ့ပိုက်ထားတဲ့
ငါအိမ်လွမ်းသူတစ်ယောက်
အိမ်မက်များထဲ လမ်းပျောက်လို့ လမ်းရှာ
ဥဩသံ၊ ဟွန်းသံ၊ လေယာဉ်သံတွေထဲမှာ
မျောလွင့်ကာ...
ခြေလှမ်းသစ်တွေက
တွေးနေကျအတွေးလေးတွေကိုပဲ
ဆုပ်ကိုင်ထားတာ...
ဒီတော့ ငါဟာ အခုချိန်ထိတိုင်
အိမ်မပြန်နိုင်သူ...။..။.။။။

Tuesday, March 23, 2010

ငါ့အနုပညာ

အနုပညာဆိုတာ...
စက္ကန့်လေးမှာတောင်
ပေါက်ဖွားလာတတ်တယ်..။
သက်တံ့တစ်ကန့်အဆင်းမှာတောင်
မိုးတစ်ထောက်ဖျားရွာသလိုပေါ့..။
...........................
ငါတော့...
သေတဲ့အထိ
အနုပညာကို မထီမဲ့မြင်ပြုနေသူတို့အဖို့
သူတို့စိတ်ဓာတ်အနုပညာကို
လေးစားတန်ဖိုးထားတတ်အောင်
ပဲ့ပြင်မလို့ ဆုံးဖြတ်လိုက်ပြီ...
ဒီတော့...
ငါဟာ အနုပညာအောက်က
အတ္တနဲ့ တစ်ယူသန်စိတ်ကို
ပိုက်ထွေးရင်း.....

ဇာတ်လမ်းတစ်ပုဒ်လို

ထားခဲ့ပြီဆိုတဲ့ အခြေအနေတစ်ခုနဲ့
မင်းပေးခဲ့တဲ့ အိပ်မက်
မင်းပဲ ပြန်ချိုးဖျက်ရုပ်သိမ်းသွား
ပြီ...။
..................
ငါ့အိပ်မက်ထဲကနေ
မင်းထွက်သွားခဲ့ပြီဖြစ်ပေမဲ
ငါ့နှလုံးသားထဲမှာတော့
မင်းဟာ တည်ရှိဆဲ၊
စိုးစံမြဲ၊ စိုးစံဆဲဆိုတာ
ယုံကြည်ပေးပါ...။
..............
ငါ့အတွက်တော့လေ
မင်းငါ့ကို
အိပ်မက်တွေပေးပြီးနောက်ပိုင်း..
ငါ့စက္ကန့်တိုင်းဟာ မင်းအတွက်...
(မင်းအိပ်မက်တွေ ရုပ်သိမ်းသွားပြီး
နောက်ပိုင်းလည်း)
ရှေ့ဆက် မင်းပေးတဲ့
ရင်ခုန်သံတွေနဲ့ အသက်ဆက်ကာ
ငါ့နှလုံးသားမှာ စက္ကန့်တိုင်းမင်းကို
မွေးဖွားစေမှာပါ..။
ယုံနော်.
အကုန်ပြောရရင်..
ငါ့ဘဝစာမျက်နှာတွေအားလုံးမှ
မင်းပေးတဲ့ ကဗျာတွေနဲ့ အတိပြီးသွားမှာ...
ရှိပြီးသားကဗျာတွေနဲ့လည်း
မလုံလောက်လို့
မင်းပုံရိပ်ငါ့အတွေးထဲ
အကုန်မပျောက်ဖို့ ရင်ခုန်သံကလောင်
တစ်လက်နဲ့ စုတ်ချက်ခပ်ပြင်းပြင်း
ဆွဲထားခွင့်ပြုပါနော်...
............
ကဲ.....
အလွမ်းဆက်ကာ
မျှော်လင့်ချက်အနမ်းတစ်လက်မှာ
ခဏသာ နှုတ်ဆက်ပါရစေဦး....

Monday, March 22, 2010

သင်ခန်းစာ

နာကျင်ခြင်းတွေကို
အချစ်စာသင်ရင်း
တလေးတစား ကဗျာများ
အဖြစ်လည်း မရေးဖွဲ့ချင်တော့ပါဘူး..။
ဘာဖြစ်လို့လဲဆိုတော့
ငါဟာ မနေ့ညက ကြွေကျသွားတဲ့
ကြယ်နဲ့အတူ ကမ္ဘာမြေကြီးအပေါ်
သက်ဆင်းခဲ့ပြီ...။
ဒါကြောင့်ငါဟာ ခဏသာ
သေဆုံးသွားပြီ..။
ဒါပေမဲ့ မနက်ဖြန်မှာ ငါနေမင်းကြီးနဲ့အတူ
ပြန်လည်နိုးထကောင်းနိုးထလိမ့်မယ်.။
အဲဒီအချိန်ကျ ငါ့ရင်ခုန်သံတွေ
တဖန်လှုပ်စိလှုပ်စိဖြစ်ရင်ဖြစ်မယ်.။
ဒါပေမဲ့ မသေချာပါဘူး..။
အခုချိန်မှာ ငါသေဆုံးနေတဲ့
အဖြစ်လေးပဲ သေချာတာ..။
ဒါကြောင့် နေမင်းကြီးမရှိတော့
ငါအလင်းတန်းတစ်ခုအနေနဲ
လက်ရှိသေဆုံးဆဲ့ ငါ့အဖြစ်ကို
ကျေနပ်ရတော့မှာပေါ့....။။။

တိုက်ရင်းသေ

မစိန်ရဲရင်လည်း
အိမ်ထဲမှာပဲ နေခဲ့လေ...
ဘဝစစ်မြေပြင်ကြီးမှာ
ရှင်သန်နေသူငါတို့အဖို့
တိုက်ရင်းသေနိယာမပဲ
လက်ကိုင်ထားစို့...။
သေမထူးနေရူးဘဝကြီးကို
ပျင်းရိလေးလံတွဲရိနေတဲ့
သက်ပြင်းတွေနဲ့ ခပ်ဖျော့ဖျော့
အကြည့်တွေပေါင်းပြီး တုံ့ပြန်နေမယ့်အစား
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
ပျော်ရွှင်ခြင်း အသစ်တွေအတွက်
ရှေ့တက်...ကြားထဲမှာ
ရွက်ကျိုးတက်နဲ့လှော်၊
တက်ကျိုးလက်နဲ့လှော်ဆိုတဲ့
စိတ်ဓာတ်ကို အပြီးသတ်အချိန်ထိ
နှလုံးသားဧည့်ခန်းမှာ
ဝဝလင်လင်ကျွေးထားဖို့တော့လိုတယ်.။
တစ်လှမ်းပြီး တစ်လှမ်း၊
အလွမ်းပြီး အနမ်း
အနမ်းပြီး အလွမ်း
ငါတို့ ပစ္စုပ္ပန်တွေ မလွဲမသွေ
အနာဂတ်အတွက် ရှေ့ဆက်မယ်
တိုက်ရင်းသေ....။။။

သစ္စာသမိုင်း

အငဲစကား ခဏငှားသုံးရမယ်ဆိုရင်
အချစ်ဆိုတာ ဘုရားသခင်ပေးတဲ့
ဆုလာဘ်လား...အဲဒါဆိုရင်တော့
ငါကြားချင်တဲ့ ရင်ခုန်သံ
အသံအိုးကနေပေါက်ဖွားလာမယ့်
အချစ်စကားချိုချိုလေးတွေကို
ကြားရဖို့ရာ...အခုငါ့နာကျင်မှုက
ခေတ္တခဏသာ ဖြစ်မှာပါ...။

ဇော်ပိုင်စကားငှားသုံးရပြန်ရင်လည်း
မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင်
တွန်းတိုက်ဖန်များနဲ့နဲ့လို့လာတယ်တဲ့...
ဒီတော့ သူငါ့ကို အကြိမ်ကြိမ်
နာကျင်စေလဲပဲ ငါ့ဘက်က
သူ့အချစ်မှာ အမြစ်တွယ်ကာ
ချစ်ဖွယ်တဲ့ စကား၊
အပြုအမူတွေနဲ့ သူ့ဆီက
ချိုမြိန်တဲ့ ရင်ခုန်သံအချစ်သီးချိုချိုလေးတွေ
သီးဖို့ရာ သစ္စာရှိခြင်းနဲ့ ရှေ့ဆက်ဖို့ပဲ...။
ဒီတော့...ငါ့ရဲ့ သစ္စာအောက်က
ရင်ခုန်သံနဲ့ မင်းပေးတဲ့
နာကျင်မှုအမုန်းဟာ
အားတုလို့ ဘက်ပြိုင်ကြရင်း...
ငါမျှော်လင့်နေမှာက
ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်း...

Wednesday, March 17, 2010

“မုန်းသူ့အချစ်ကျိန်စာ”

မေ့လိုက်ပါတော့...
ငါတို့ နှစ်ယောက်အတွက်
အနာဂတ်တစ်ခုတည်းဆိုတာ
အဖြစ်တည်နိုင်တော့ဘူး..။
အရှိန်တက်နေဆဲ
ငါတို့ ချစ်သူ့ဇတ်လမ်းလေးကို
အမုန်းက ကျိန်စာသင့်စေခဲ့ပြီ...။
ဒါဟာမုန်းသူ့အချစ်ကျိန်စာလား..?
နာကျင်စေမှုနဲ့ ငါတို့ ရင်ခုန်သံတွေကို
စေစားကာ ...
အချစ်တွေနဲ့ တည်ဆောက်ထားတဲ့
ငါတို့ ဘဝအိပ်မက်ကို
ဝေယါးစေခဲ့တာ...ဩော်...
ဒီချစ်သူ့အမုန်းကျိန်စာကြောင့် ငါတို့
စည်းတွေခြားကာ အခု
အမုန်းတွေပွားရပြီ...
ဒီတော့ အခုလောလောဆယ်မှာ
အမုန်းတွေ ပွေ့ပိုက်သယ်ဆောင်ထားသူတွေ
အဖြစ် ငါတို့ နှစ်ယောက်ဟာ
အချင်းချင်း ကျိန်စာသင့်စေခဲ့ပြီ...။..
ဒီတော့(သို့)ဒါကြောင့်
ဒီကဗျာမှာ(သို့)ငါတို့ နှစ်ယောက်ရဲ့ ရင်ခုန်သံတွေမှာ
ငါပြောလိုက်မယ်..
ငါတို့နှစ်ယောက်ရဲ့
ရလဒ်ဟာ
“မုန်းသူ့အချစ်ကျိန်စာ”..။.။။<3

“သူ...ငါ့ကို”

အချစ်ကို ဂီတာတစ်လက်လို  
လှပနားဝင်ချိုတဲ့ သံစဉ်ချိုချိုတွေ
အဖြစ် ဖန်တီးဖို့
ငါကြိုးစားခဲ့တယ်...။
ဒါပေမဲ့...
ဂီတာမှာ လှပနားဝင်ချိုတဲ့
သံစဉ်ချိုတွေကို တီးခတ်တတ်ဖို့ရာ
ကြိုးစားနေဆဲ
လက်တွေထုံနာကျင်နေလဲပဲ
အချစ်ကြောင့် ငါ့ရင်ခုန်သံတွေ
ထုံနာကျင်နေဆဲမှာ
အချစ်က ငါ့ကို ငြင်းပယ်သွား..ခဲ့ပြီ..
စာတွေကို ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

“သူ...ငါ့ကို”

အချစ်ကို ဂီတာတစ်လက်လို လှပနားဝင်ချိုတဲ့ သံစဉ်ချိုချိုတွေ
အဖြစ် ဖန်တီးဖို့
ငါကြိုးစားခဲ့တယ်...။
ဒါပေမဲ့...
ဂီတာမှာ လှပနားဝင်ချိုတဲ့
သံစဉ်ချိုတွေကို တီးခတ်တတ်ဖို့ရာ
ကြိုးစားနေဆဲ
လက်တွေထုံနာကျင်နေလဲပဲ
အချစ်ကြောင့် ငါ့ရင်ခုန်သံတွေ
ထုံနာကျင်နေဆဲမှာ
အချစ်က ငါ့ကို ငြင်းပယ်သွား..ခဲ့ပြီ..

Monday, March 15, 2010

“Several(အကြိမ်ဖန်များစွာ) ကြိမ်မြောက်အသည်းကွဲခြင်း”

                 အချစ်မဲ့သော ခံစားချက်တို့နဲ့
                 အချစ်ကို တင့်တယ်လှပစွာ
                 ကဗျာများတစ်ပုဒ်၊ စာတစ်အုပ်စာသည်ဖြင့်
                 ငါရေးဖွဲ့သွားမယ်...။

                 အလွမ်းမဲ့သော ပျော်ရွှင်ညတို့နဲ့
                 အလွမ်းကို ငါကဗျာထဲမှာ
                 ဖက်တွယ်သွားမယ်..။
                
                 အထီးကျန်ခြင်းကင်းမဲ့သော
                 ဆိုင်မြိုင်သိုက်ဝန်းခြင်းတို့နဲ့
                 ကဗျာတစ်ပုဒ်ကို အသက်သွင်းဖို့
                 ငါအထီးကျန်ခြင်းကို ခုံမင်ဆွဲခေါ်ထားမယ်...။

                 နောက်...
                 အသည်းကွဲခြင်း ကင်းမဲ့သော
                 ငါ့ရင်ခုန်သံတို့နဲ့ ငါ
                 အသည်းကွဲခြင်းကို ကဗျာတစ်ပုဒ်မှာ
                 ငါအမြဲတမ်းဖော်ပြုသွားမယ်..
                 ဘာဖြစ်လို့လဲဆိုတော့...
                 ငါ့မှာ ကွဲစရာအသည်းကုန်ခမ်းသွားတဲ့
                 အတွက်ကြောင့်...    

နိယာမများ

               အကယ်၍.....
             
               ငါသည် မိုးကုပ်စက်ဝိုင်း၏ အခြား
               တစ်ဖက်တွင်သာ ရှိနေသူဆိုလျှင်
               ငါသည် အဆုံးအစမရှိသည့် ကောင်းကင်တိုက်
                            (သို့)
               ခြေသလုံးအိမ်တိုင် တိမ်စိုင်...
              
               ငါသည် ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင်သာ
               ရှိနေသူဆိုလျှင် ငါသည်
               အနှောင်အဖွဲ့ကင်းမဲ့သော
               ကြယ်တာရာများ....
             
               ငါသည် အချစ်၏ အခြားတစ်ဖက်တွင်သာ
               ရှိနေသူဆိုလျှင် ငါသည် သေဆုံးနေသော
               လူတစ်ယောက် (သို့) သေခြင်း...

               ဒီနိယာမများကို ငါရေးဖွဲ့ရင်း
               ဒီကဗျာသည် ကာရံမဖက်သော
               မှန်ကန်ခြင်း...။..။..။။။

Wednesday, March 10, 2010

လုပ်မိလုပ်ရာ

ငါ့ညတွေ ပျောက်ရှလို့
အိပ်မက်တွေ ကမောက်ကမဖြစ်ကုန်ပြီကွာ...
ဘယ်သူ့ကို အပြစ်တင်လို့
ဘယ်သူ့ကို ချစ်ချင်နေမှန်းလည်း
ငါ့ကိုငါတောင်မသိဘူး.။
ကဗျာဆိုတာလည်း ပုံမဖော်တတ်တော့ဘူး.။
ပျော်ပျော်နေတတ်တဲ့ အရူးတစ်ယောက်လို
ဘဝကို စိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းချင်မိတယ်.။
သက်ပြင်းတွေဆိုတာကလည်း ငါ့ဘေးနားသစ္စာရှိစွာ
ရပ်တည်ပေးတဲ့ အရာပါ.။ မင်းကိုပဲ
ကျေးဇူးတင်ရမလိုတောင် ဖြစ်နေပြီကွာသက်ပြင်းရေ..။
သက်ပြင်းကြွေကျ ခဏခဏတဲ့ ကဗျာတစ်ပုဒ်လိုပဲ
ငါ့ဘဝက.။
ဟားဟားဟား..ရယ်တောင်ရတယ်.။
ငါဘာဆက်လုပ်ရမလဲ.ဘယ်ကိုသွားရမလဲ.
ဘာမှမသိမသိ..မသိခြင်းများစွာနဲ့...
ငါ...
ဘေးနားက လွင့်စင်လာတဲ့ ဂေါ်လီကိုပဲ
ပိုင်ရှင်ဖြစ်တဲ့ ကလေးရဲ့ မျက်မုန်းကျိုးခံပြီး
ကောက်ရိုက်လိုက်တော့တယ်..။

Tuesday, March 9, 2010

ဘာမှ

ဩော်..ဤလောက၌

လုပ်ခွင့်မကြုံ၊ လူအဖုံဖုံ
ကြိုးဆွဲရာက လူ့ဘဝ
ဝါသနာတစ်ခုတောင်မှ
ပြုစုပျိုးထောင်ခွင့်မရလေတော့
လား...လာမည့်ငါ့အခွင့်ရေး
အချိန်ကုန်ခံတွေး၊ အကောင်အထည်သည်
ဖြစ်မလာ။
ဤဘဝမှာ..
ဝါသနာတစ်ခုအားပျိုးထောင်ခွင့်မရရင်တော့
ဪ..ဘဝ..
သေသော်မှတည့်ကောင်း၏..။.

“သေဆုံးနေဆဲ ရင်ခုန်သံ”

ကလေးရယ်.။

အတိတ်ကို တွေးလိုက်ရင်
မင်းအကြောင်းတွေ မင်းမျက်နှာတွေ
ပုံရိပ်ထင်ဆဲပါ..။ မတတ်သာတဲ့
တခဏမှာ မင်းနဲ့ ခွဲခွာရတာ
မင်းအတွက် အလွမ်းတွေချည်း
ဖန်တီးပေးတယ်ဆို
ခွင့်လွတ်တတ်တဲ့ စိတ်နဲ့
စောင့်နေပးပါလား.
ကလေးရယ်..။
မင်းနဲ့ ကျမှ ငါတကယ်ရူးရပြီလားကွယ်..
ဖူးသွယ်တဲ့ မင်းနှုတ်ခမ်းတစ်စုံ.
မွှေးထုံတဲ့ မင်းပါးနုနုလေး..ငါမျှော်လင့်ဆဲ
နာကျင်လဲ..။ အတိတ်က ငါ့ရင်ခုန်မှုလေး
အသက်သွင်းဖို့ရာ...။

အတိတ်ရှင်

သံယောဇဉ်ကြိုးတွေ မတင်းမာခင်
အခြေအနေအရပ်ရပ်က
ကိုယ်တို့နှစ်ယောက်ကို
အတင်းခွာခဲ့တယ်ကလေးရယ်..။
အနမ်းတစ်ပွင့်နဲ့ စခဲ့တဲ့ ကိုယ်တို့ဇာတ်လမ်းလေး
ဘယ်လိုပဲတွေးတွေး
ကလေးကြောင့် ကိုယ့်ရင်ခုန်သံတွေ
လွတ်လပ်ခဲ့တာအမှန်ပါ။
ကိုယ့်ညတွေ သာယာခဲ့တာလှပခဲ့တာလည်း
ကလေးကြောင့်ဆိုတာယုံပေးကွယ်..။
တစ်နယ်စီအခုဝေးပြီ...
လတ်တလောအချိန်မှာတော့ ကိုယ်က
ပဉ္ဖလက်ဆရာတစ်ယောက်အနေနဲ့
အလွမ်းတွေကို ကလေးအတွက်
ဖန်တီးပေးသူပေါ့.။
ဒါပေမဲ့ တစ်ချိန်က လွတ်လပ်စွာပျော်မြူးခဲ့တဲ့
ကိုယ်တို့ရင်ခုန်သံတွေ အသက်ပြန်သွင်းဖို့ရာ
(ကိုယ်ပြန်လာမှာပါ)
ကလေး စောင့်နေပေးပါ...။

Wednesday, March 3, 2010

စုန်းကဝေ၏ တောင်းဆု

အချစ်...အချစ်ဆိုတာ
ဘာလဲဟင်...
အချစ်အကြောင်း တနုတရွ
လှလှပပတင်စားပြီး ကဗျာတွေ
ရေးဖွဲ့တတ်တဲ့ငါတောင် အချစ်ဆိုတာကို
စဉ်းစားမိရင် ရူးခါနီးနီး...။
အများက ပြောကြတယ် အချစ်ဆိုတာ စိတ္တဇနာမ်တဲ့
လှပပြီး နုရွတယ်.. ကြည်နူးမှုတွေ အတိပြီးတယ်လို့
လည်း ညွှန်းထားသေးတယ်...
ဟုတ်လားတော့ မသိဘူး...။ နောက် ငါတစ်တစ်ခါ
အချစ်ဆိုတာ ...
ဘာလဲလို့ရူးကြောင်ကြောင် မေးလိုက်ရင်လည်း
မယုံဘူး ကြုံဖူးမှ သိမယ်တဲ့...။
အင်း...ငါကြုံချင်ပါတယ် အချစ်နဲ့...
ဒါပေမဲ့ ဟန်ဆောင်မှုတွေ အတိပြီးတဲ့
အချစ်နဲ့တော့ မဟုတ်ဘူး...။
အရှိကို အရှိအတိုင်း (အင်မပါ)ဘဲ
ဟန်ဆောင်နုရွပြီး မာယာမပါတဲ့
အချစ်နဲ့..။ နော်..ကံကြမ္မာဘီး တစ်ပတ်လည်လာလို့
(ဒါမှမဟုတ်) ရာဇဝင်ယုံတမ်းထဲက အတိုင်း
တန်ခိုးရှင်များ ကောက်ကာ ငင်ကာရုတ်တရက်ပေါ်လာရင်
အဲဒီဆုပဲ ငါတောင်းမိမှာ....။
ဒီတောင်းဆုတစ်ခုသာ ငါ့အတွက် ပြည့်ခဲ့မယ်ဆိုရင်တော့....

Tuesday, March 2, 2010

အကူအညီတောင်းခံခြင်း

လျံနိုးဆိုတဲ့ နာမည်လေးဖြစ်ပေါ်တည်ရှိလာအောင် ကြိုးစားချင်စိတ်များကို လှုံဆော်ပေးတဲ့ ကျွန်တော့်ပရိသတ်မဟုတ်တောင်မှ ကျွန်တော့်စာဖတ်သူများခင်ဗျာ...
( liannosa.ning.com ) ( lianno.wordpress.com )
စာဖတ်သူဖတ်ဖူးတဲ့ ကျွန်တော့်စာတွေထဲက ဘယ်ဟာတွေက အကောင်းဆုံးနဲ့ စာပေလို့ အခေါ်ထိုက်ဆုံးကို
ပြောပြပေးပါ.။ ဒီလိုပြောရခြင်းအကြောင်းကတော့ www.ainmat.com ဆိုတဲ့ ဆိုဒ်ပေါ်မှာ အများဖတ်အောင်(သို့) ဖတ်သူပိုများအောင် တင်ချင်လို့ပါခင်ဗျ...။ ဒါကြောင့် စာဖတ်သူဖက်က အဖြေကို ကျွန်တော်လိုလားစွာ စောင့်မျှော်နေပါမယ်...။ စာဖတ်သူလည်း စိတ်ဝင်စားရင် စာတွေပို့ပေးပါ.။ ဒါမှမဟုတ် အဲဒီဆိုဒ်ပေါ်မှာ member အဖြစ်ဝင်ပြီး ရေးပါ...။ စာတွေ ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်..
ဘုရားသခင်ကောင်းကြီးပေးပါစေ...။
Edit

Monday, March 1, 2010

"LOVE" (ဘာသာပြန်ဆိုထားသည် အောက်တွင်)

Love, like a tree,
sends its roots down deep
so when the storms of life abound
and the winds of adversity blow,
it shakes and bends
and goes with the flow
but doesn't break or fall.