သူ...
ဆိုတာက
ခါးကို ခပ်ယို့ယို့လေး
ဖက်ရင် ကလိယားထိုးတယ်ထင်ပြီး
တဝါးဝါးတဟားဟား
ပေါ့ပေါ့ပါးပါးရယ်ရွှင်တတ်
သူ...။...
သူ...
ဆိုတာက
ခေါင်းပေါ်အမှိုက်တင်လို့
ဖယ်ပေးရင် သန်းမရှိဘဲ
သန်းရှာသယောင်လုပ်ပြီး
သူများရှေ့မှာ အရှက်ခွဲတယ်
ထင်၊ ရှင်းပြချက်တွေကို မျက်စိထဲမမြင်ဘဲ
ဇွတ်စိတ်ကောက်တတ်
သူ...။...
သူ...
ဆိုတာက
လက်အတူတွဲ လမ်းလျှောက်ရင်
ကျွန်တော့်လက်က ပွေးကြီးကြောင့်
ကူးမှာ ကြောက်ပြီး
မျက်နှာခပ်ပုတ်ပုတ်နဲ့
လက်ကို အမြဲခါထုတ်တတ်တဲ့
သူ...။...
သူ...
ဆိုတာက
မိုးရာသီဝတ်ကြွေးတစ်ခုကို
ဆပ်တယ်ပြောရမလားပဲ
စိုစွတ်မြေချောကြောင့်
သူချော်လဲတော့
ကိုင်မိ၊ စွဲရာ
စွဲကိုင်တာ...
မထင်မှတ်ဘဲ ခါးပတ်မပတ်လာခဲ့တဲ့နေ့နဲ့
သွားတိုက်...
အဲဒီမှာ သိက္ခာတွေ ဂျပိုးထကိုက်တော့တာက
ကျွန်တော့်ဘောင်းဘီကို
၁၅ ယောက်သော လူတွေ ရှေ့မှာ
ပြောင်တင်ကြီး
ချွတ်ချလိုက်တယ်..။...
ဒီအရှက်ကတော့ သူပေးလို့
စပယ်ရှယ်ကွဲခဲ့ရပါတယ်...
ဆိုပြီး ပြုံးပြုံးလေးတွေး၊ ကျွန်တော်
ကြံဖန်
အမှတ်ရနေမိတတ်တဲ့
သူ...။..
..................
ဘာပဲဖြစ်ဖြစ်ပါ...
သူပေးတဲ့ အမှတ်တရတွေဟာ
အတိတ်မှာသာမက
အခုရောပါ..
ရယ်ပြုံးစေလို့ နှလုံးသားထဲက ရင်ခုန်သံတွေ
လန်းဆန်းရယ်မောလို့ ကောင်းတုန်း...
ဒီလိုနဲ့...
အခုချိန်ထိပါ...
ရေမြေတွေခြားလည်း
အရင်အတိတ်
နှလုံးသားထဲက သူဟာ
အခုချိန်ထိ ရှိနေတုန်းပါပဲ...။..
နူးနူးညံ့ညံ့ တောင်းဆိုချက်
ကျနော့် BLOG လေးဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပါတယ် ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
ဒါကြောင့် ဖတ်ရှုသူများအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ မှတ်ချက်များ ပုံများ (တစ်ခုခုပေါ့ဗျာ) တင်ရေးခြင်း မလုပ်ကြဖို့ အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... နောက် ညစ်ညမ်းတဲ့ ပုံတွေ၊ ညစ်ညမ်းတဲ့ စာတွေ၊ ညစ်ညမ်းဆိုဒ်တွေကို လင့်ခ်ပေးခြင်းတွေ၊ ဘာသာရေးဆိုင်ရာ နစ်နစ်နာနာ
ပြောဆိုခြင်းတွေ၊ ယုတ်စွအဆုံးဗျာ စာပေအနုပညာနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမျှ တင်ရေးခြင်း မလုပ်ကြဖို့လည်း အနူးအညွှတ်တောင်းပန် အပ်ပါတယ် ... :) :) :) ပျော်ရွှင်ပါစေဗျာ ...
Thursday, April 29, 2010
Wednesday, April 28, 2010
“သန်းခေါင်ယံမှာ တွန်တဲ့ မွန်းတည့်ကြက်...”
ငါအမည်မဖော်တတ်ဆဲ
တစ်နေရာရာမှာ အမှောင်ဝတ်ရုံခြုံနေတဲ့
အေးမြမုတ်သုန်များ...
သွားရင်း လာရင်း
ငါ့ကို တွန်းလဲပွတ်တိုက်သွားကြပါ...
ဒီမှာ ငါ...
ပူလောင်ခြင်းတွေကို
တစ်က္ကန့်လောက်ပဲဖြစ်ဖြစ်
လွတ်ချချင်ရုံလေးပါပဲ...
..............................
တကယ်ပါ...
အိပ်မက်တွေထဲကို နေခုနစ်စင်း
ပက်ထည့်ရသလိုပဲ...
တစ်ဆင့်ချင်း၊ တစ်ဆင်းချင်းနဲ့
တဖြည်းဖြည်း
မွန်းတည့်လာတဲ့
သန်းခေါင်ယံကြောင့်
ခေါင်းအုံးတစ်ခုလုံး စိုရွှဲနေပြီ...
ဟော်...ဟိုမှာ လမင်းကြီးတောင်
ကြယ်စင်တွေက အေးမြခြင်းများပေးနိုင်လေမလား
ဆိုပြီး...
ဘေးနားခြံရံခစေလိုက်တာ...
မအေးတဲ့အပြင် လောင်နေပြီး
အခုတောင် မပြုံးနိုင်ရှာပဲ
နှုတ်လမ်းပါးလေးက မျောမျောလေးပဲရှိတော့တယ်...
မျောက်ငပိထိထားသလို
ပြေးလွှားနေတဲ့ လေရူးတွေ...
အပူကို လှောင်ရင်း၊ ပြောင်ရင်း၊
ပြောင်ရင်း၊ လှောင်ရင်း
ဦးဏှောက်တွေ ပျက်ပြီး
ဂေါက်သွားရှာပြီ...
သနားစရာကောင်းလိုက်ပါဘိနှယ်ကွယ်...
...........................
ကောင်းကင်ကြီးကတော့
တစ်ညလုံးရွှဲထားသမျှချွေးတွေကို
လောကသားတွေ အေးမြပါစေတော့ဆိုပြီး
ညစ်ထုတ်မယ်ကြံလိုက်တိုင်း...
တိမ်ပြာတွေ စုပ်စုပ်ယူလိုက်တာ...
အကြောင်းမေးကြည့်တော့...
နေမင်းကြီးကို ဖားဖို့...တဲ့...။
ကဲ...ကောင်းရော...
................................
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
ပူလောင်ခြင်းများ မီးရှို့လှည့်ပါ...
ဒီမှာ လိုချင်သော တောင့်တချက်များဟာ...
အေးမြခြင်းလက်ဆောင်များသာ...။
.....
။
တစ်နေရာရာမှာ အမှောင်ဝတ်ရုံခြုံနေတဲ့
အေးမြမုတ်သုန်များ...
သွားရင်း လာရင်း
ငါ့ကို တွန်းလဲပွတ်တိုက်သွားကြပါ...
ဒီမှာ ငါ...
ပူလောင်ခြင်းတွေကို
တစ်က္ကန့်လောက်ပဲဖြစ်ဖြစ်
လွတ်ချချင်ရုံလေးပါပဲ...
..............................
တကယ်ပါ...
အိပ်မက်တွေထဲကို နေခုနစ်စင်း
ပက်ထည့်ရသလိုပဲ...
တစ်ဆင့်ချင်း၊ တစ်ဆင်းချင်းနဲ့
တဖြည်းဖြည်း
မွန်းတည့်လာတဲ့
သန်းခေါင်ယံကြောင့်
ခေါင်းအုံးတစ်ခုလုံး စိုရွှဲနေပြီ...
ဟော်...ဟိုမှာ လမင်းကြီးတောင်
ကြယ်စင်တွေက အေးမြခြင်းများပေးနိုင်လေမလား
ဆိုပြီး...
ဘေးနားခြံရံခစေလိုက်တာ...
မအေးတဲ့အပြင် လောင်နေပြီး
အခုတောင် မပြုံးနိုင်ရှာပဲ
နှုတ်လမ်းပါးလေးက မျောမျောလေးပဲရှိတော့တယ်...
မျောက်ငပိထိထားသလို
ပြေးလွှားနေတဲ့ လေရူးတွေ...
အပူကို လှောင်ရင်း၊ ပြောင်ရင်း၊
ပြောင်ရင်း၊ လှောင်ရင်း
ဦးဏှောက်တွေ ပျက်ပြီး
ဂေါက်သွားရှာပြီ...
သနားစရာကောင်းလိုက်ပါဘိနှယ်ကွယ်...
...........................
ကောင်းကင်ကြီးကတော့
တစ်ညလုံးရွှဲထားသမျှချွေးတွေကို
လောကသားတွေ အေးမြပါစေတော့ဆိုပြီး
ညစ်ထုတ်မယ်ကြံလိုက်တိုင်း...
တိမ်ပြာတွေ စုပ်စုပ်ယူလိုက်တာ...
အကြောင်းမေးကြည့်တော့...
နေမင်းကြီးကို ဖားဖို့...တဲ့...။
ကဲ...ကောင်းရော...
................................
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
အေးမြခြင်းမုတ်သုန်တို့...
ပူလောင်ခြင်းများ မီးရှို့လှည့်ပါ...
ဒီမှာ လိုချင်သော တောင့်တချက်များဟာ...
အေးမြခြင်းလက်ဆောင်များသာ...။
.....
။
ကျွန်တော့်ဆောင်းပါးလေးပါ...
လောကမှာ အရေးကြီးတဲ့ အကြောင်းအရာလေးတစ်ခုကို ဇာတ်လမ်းနောက်ခံထားပြီး ဆောင်းပါးရေးထားတာပါ
အဲဒီမှာမေ့သွားလို့ ကလောင်နာမည်မရေးလိုက်မိဘူး..ကလောင်နာမည်က လျံနိုးပါ...
လျံနိုး
http://docs.google.com/Doc?docid=0ASelkffWAEhcZGQ0N3YzZ18zYzRuZ3o0d2s&hl=en
အဲဒီမှာမေ့သွားလို့ ကလောင်နာမည်မရေးလိုက်မိဘူး..ကလောင်နာမည်က လျံနိုးပါ...
လျံနိုး
http://docs.google.com/Doc?docid=0ASelkffWAEhcZGQ0N3YzZ18zYzRuZ3o0d2s&hl=en
Tuesday, April 27, 2010
ဆောင်းအိပ်မက်...
ဟိုး...
မြင်နေရတဲ့ ညဥယျာဉ်ကြီးတစ်လျှောက်
ပန်းပွင့်ဝတ်မှုန်လေးတွေကို
ပျောက်အောင်
ရက်ရက်စက်စက်လှဲထုတ်ပစ်လိုက်တယ်...
နောက်...
မြေကြီးတွေရဲ့ နံရံတွေပေါ်မှာ
ပေပွနေအောင် အကျအနထိုင်ပြီး
အိပ်မက်တွေကို ပစ်စလက်ခတ်ပစ်ကြဲလိုက်တာ...
သန်းခေါင်ယံကြီးအိမ်ပြန်လာတာနဲ့ တစ်ပြိုင်နက်
အိပ်မက်ပန်းလေးတွေ
ကပိုကရို
ပွင့်လာကြပါလေရော...
...................
လေထုကို ထိုးခွင်းလာတဲ့
ရနံ့တွေကတော့ ရှိုက်ရပါရဲ့...
ဒါပေမဲ့...
အိပ်မက်တွေကိုပဲ ငါပျိုးခဲ့ပါရက်နဲ့...
အနံ့တွေက အမျိုးအစားခြင်းမတူကြဘူး...
..............................
ဆိုကြပါစို့...
ရနံ့တွေကို အမျိုးအစားခွဲရရင်
သွေးပျက်စရာကောင်းတဲ့ ရနံ့၊
ဆွတ်ပျံ့လွမ်းဆွေးစရာကောင်းတဲ့ ရနံ့၊
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရနံ့၊
ဝမ်းနည်းငိုကြွေးစရာကောင်းတဲ့ ရနံ့တွေနဲ့
ဆန့်ကျင်ဘက်တွေကြီးပဲ၊
အချိန်ခဏတာ
အတိုအရှည်သာ မတူတာ...
ဆန့်ကျင်ဘက်ရနံ့ကို ငြင်းဆန်ခွင့်မရဘဲ
ခြေလှမ်းတွေက ကျောက်ချထားတော့...
.................
အဲဒီဥယျာဉ်နားမှာပဲ...
အာရုံတွေက တဝဲလည်လည်နေတော့တယ်...။...။...
မြင်နေရတဲ့ ညဥယျာဉ်ကြီးတစ်လျှောက်
ပန်းပွင့်ဝတ်မှုန်လေးတွေကို
ပျောက်အောင်
ရက်ရက်စက်စက်လှဲထုတ်ပစ်လိုက်တယ်...
နောက်...
မြေကြီးတွေရဲ့ နံရံတွေပေါ်မှာ
ပေပွနေအောင် အကျအနထိုင်ပြီး
အိပ်မက်တွေကို ပစ်စလက်ခတ်ပစ်ကြဲလိုက်တာ...
သန်းခေါင်ယံကြီးအိမ်ပြန်လာတာနဲ့ တစ်ပြိုင်နက်
အိပ်မက်ပန်းလေးတွေ
ကပိုကရို
ပွင့်လာကြပါလေရော...
...................
လေထုကို ထိုးခွင်းလာတဲ့
ရနံ့တွေကတော့ ရှိုက်ရပါရဲ့...
ဒါပေမဲ့...
အိပ်မက်တွေကိုပဲ ငါပျိုးခဲ့ပါရက်နဲ့...
အနံ့တွေက အမျိုးအစားခြင်းမတူကြဘူး...
..............................
ဆိုကြပါစို့...
ရနံ့တွေကို အမျိုးအစားခွဲရရင်
သွေးပျက်စရာကောင်းတဲ့ ရနံ့၊
ဆွတ်ပျံ့လွမ်းဆွေးစရာကောင်းတဲ့ ရနံ့၊
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရနံ့၊
ဝမ်းနည်းငိုကြွေးစရာကောင်းတဲ့ ရနံ့တွေနဲ့
ဆန့်ကျင်ဘက်တွေကြီးပဲ၊
အချိန်ခဏတာ
အတိုအရှည်သာ မတူတာ...
ဆန့်ကျင်ဘက်ရနံ့ကို ငြင်းဆန်ခွင့်မရဘဲ
ခြေလှမ်းတွေက ကျောက်ချထားတော့...
.................
အဲဒီဥယျာဉ်နားမှာပဲ...
အာရုံတွေက တဝဲလည်လည်နေတော့တယ်...။...။...
စကား...
ချီးကျူးစကားသံတွေကြားထဲမှာပဲ
ငါ…အားတက်ခဲ့တယ်…
အထင်သေးအမြင်သေး
စကားသံ(တံတွေး)တွေကြားထဲမှာပဲ
ငါ…နစ်မွန်းခဲ့တယ်…
ဥပေက္ခာစကားသံတွေကြားထဲမှာပဲ
ငါ…မခံချင်စိတ်တွေး…
အားတွေမွေးခဲ့တယ်…။…
ညလိုမှောင်မိုက်တဲ့ စကားညတွေထဲမှာပဲ
ငါ…အလင်းကဗျာတွေကို
ရှာတွေခဲ့တယ်…။…။…
စကား…
ငါ…အားတက်ခဲ့တယ်…
အထင်သေးအမြင်သေး
စကားသံ(တံတွေး)တွေကြားထဲမှာပဲ
ငါ…နစ်မွန်းခဲ့တယ်…
ဥပေက္ခာစကားသံတွေကြားထဲမှာပဲ
ငါ…မခံချင်စိတ်တွေး…
အားတွေမွေးခဲ့တယ်…။…
ညလိုမှောင်မိုက်တဲ့ စကားညတွေထဲမှာပဲ
ငါ…အလင်းကဗျာတွေကို
ရှာတွေခဲ့တယ်…။…။…
စကား…
“အထင်နဲ့ အမြင်…”
တစ်ခါတစ်ရံတွေးကြည့်လိုက်တော့…
ကောင်းကင်ကြီးက ပြာနှမ်းနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မိုးတိမ်(ငွေ့)တွေနဲ့
စိုစွတ်ဖြူဖတ်ဖြူလျော့ဖြစ်နေတယ်…
…………………………
တစ်ခါတစ်ရံတွေးကြည့်လိုက်တော့…
ကောင်းကင်ကြီးက မိုးတိမ်ငွေ့တွေကြောင့်
ဖြူဖတ်ဖြူလျော့နဲ့ အအေးမိနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မင်အိုးမှောက်ထားတဲ့
စာရွက်တစ်ရွက်လို တိမ်တွေနဲ့
ပြာနှမ်းနေပြန်တယ်…။…။။။
ကောင်းကင်ကြီးက ပြာနှမ်းနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မိုးတိမ်(ငွေ့)တွေနဲ့
စိုစွတ်ဖြူဖတ်ဖြူလျော့ဖြစ်နေတယ်…
…………………………
တစ်ခါတစ်ရံတွေးကြည့်လိုက်တော့…
ကောင်းကင်ကြီးက မိုးတိမ်ငွေ့တွေကြောင့်
ဖြူဖတ်ဖြူလျော့နဲ့ အအေးမိနေသလိုလို…
ဒါပေမဲ့ သေချာသွားကြည့်လိုက်တော့
ကောင်းကင်ကြီးက မင်အိုးမှောက်ထားတဲ့
စာရွက်တစ်ရွက်လို တိမ်တွေနဲ့
ပြာနှမ်းနေပြန်တယ်…။…။။။
“ငရဲဘုံအားတူးဆွခြင်း...”
ပန်းပွင့်လေးကတော့...
လမင်းကို မမြင်ရလို့
ငိုနေရှာတယ်...
ဘာဖြစ်လို့လဲဆိုတော့
နေမဝင်ခင်သူအိပ်ပျော်ပျော်သွားတတ်လို့ပဲ...။...
................................
ငါ့မှာတော့ကွာ...
သန်းခေါင်ယံကို ဖင်ခုထိုင်ရလောက်အောင်
သူ...အွန်လိုင်းမှာထိုင်တဲ့အထိ
မျက်လုံးမျက်စပ်တွေ
နှုတ်ခမ်းနီဆိုးထားလားထင်ရတယ်...
အနီရောင်တွေကို မျက်လုံးမျက်စပ်တွေထက်မှာ
ဆင်မြန်းထားရတယ်...
ကြာတော့ ပျော်ရွှင်ခြင်းတွေကို
အွန်လိုင်းညတွေက စုပ်ယူထားတဲ့
ထုံးစံ... နိစ္စဓူဝလိုဖြစ်ပျက်နေပြီ...
..............................
ရာဇဝင်ထဲက မြို့ရိုးတွေ
ဘယ်နှစ်ခု ကာဆီးထားလဲဆိုတာ
မရည်မတွက်နိုင်အောင်ပါပဲ...
မျက်ရည်စကားတွေနဲ့
လေပြည်အားတွေကို စည်းရုံးပြီး
ငါ့အတွက် အဓိပ္ပာယ်မရှိ တည်ရှိနေတဲ့
မြို့ရိုးတွေကို ကင်းမဲ့အောင် ဖြိုချချင်မိလည်း
ညတွေ ကောင်းကင်ရိုးတစ်လျှောက်
တိမ်တွေနဲ့အတူ စိုစွတ်သွားတာကလွဲလို့
ဘာမှဆို ဘာမှကိုမတတ်နိုင်...။..
................................
ဒီကြားထဲ ရင်မှာ ပျိုးထားတဲ့
နေတစ်စင်းက
ညတွေကနေ နေ့တွေအထိ...
နွေတွေနဲ့အတူ
အရှေ့အနောက်မရှိဘဲ
ခရီးတော်တော်ပေါက်နေပြီ...
နှလုံးသားတစ်ခုလုံးလည်း
အရည်ပျော်ကျတာထက်ကိုဆိုးရွားတာက
ရင်ခုန်သံအခန်းကျဉ်းလေးထဲ...
တဖြည်းဖြည်းသေးသထက်သေး...
ကြုတ်သထက်ကြုတ်ကာ...
သူ့ကြောင့်ငါ...
အချစ်လို့ လှလှပပခေါ်ကြတဲ့
ပြာရနံ့တွေနောက်မှာ
လိုက်ရင်း...
နာရီသံပေါက်ပြားတစ်လက်နဲ့...
ငရဲဘုံကို...။...။..။.။။။
လမင်းကို မမြင်ရလို့
ငိုနေရှာတယ်...
ဘာဖြစ်လို့လဲဆိုတော့
နေမဝင်ခင်သူအိပ်ပျော်ပျော်သွားတတ်လို့ပဲ...။...
................................
ငါ့မှာတော့ကွာ...
သန်းခေါင်ယံကို ဖင်ခုထိုင်ရလောက်အောင်
သူ...အွန်လိုင်းမှာထိုင်တဲ့အထိ
မျက်လုံးမျက်စပ်တွေ
နှုတ်ခမ်းနီဆိုးထားလားထင်ရတယ်...
အနီရောင်တွေကို မျက်လုံးမျက်စပ်တွေထက်မှာ
ဆင်မြန်းထားရတယ်...
ကြာတော့ ပျော်ရွှင်ခြင်းတွေကို
အွန်လိုင်းညတွေက စုပ်ယူထားတဲ့
ထုံးစံ... နိစ္စဓူဝလိုဖြစ်ပျက်နေပြီ...
..............................
ရာဇဝင်ထဲက မြို့ရိုးတွေ
ဘယ်နှစ်ခု ကာဆီးထားလဲဆိုတာ
မရည်မတွက်နိုင်အောင်ပါပဲ...
မျက်ရည်စကားတွေနဲ့
လေပြည်အားတွေကို စည်းရုံးပြီး
ငါ့အတွက် အဓိပ္ပာယ်မရှိ တည်ရှိနေတဲ့
မြို့ရိုးတွေကို ကင်းမဲ့အောင် ဖြိုချချင်မိလည်း
ညတွေ ကောင်းကင်ရိုးတစ်လျှောက်
တိမ်တွေနဲ့အတူ စိုစွတ်သွားတာကလွဲလို့
ဘာမှဆို ဘာမှကိုမတတ်နိုင်...။..
................................
ဒီကြားထဲ ရင်မှာ ပျိုးထားတဲ့
နေတစ်စင်းက
ညတွေကနေ နေ့တွေအထိ...
နွေတွေနဲ့အတူ
အရှေ့အနောက်မရှိဘဲ
ခရီးတော်တော်ပေါက်နေပြီ...
နှလုံးသားတစ်ခုလုံးလည်း
အရည်ပျော်ကျတာထက်ကိုဆိုးရွားတာက
ရင်ခုန်သံအခန်းကျဉ်းလေးထဲ...
တဖြည်းဖြည်းသေးသထက်သေး...
ကြုတ်သထက်ကြုတ်ကာ...
သူ့ကြောင့်ငါ...
အချစ်လို့ လှလှပပခေါ်ကြတဲ့
ပြာရနံ့တွေနောက်မှာ
လိုက်ရင်း...
နာရီသံပေါက်ပြားတစ်လက်နဲ့...
ငရဲဘုံကို...။...။..။.။။။
“ကောင်မလေးရေ…ငါမှားခဲ့သလား…”
ညကောင်းကင်တွေပေါ်မှာ
အိပ်မက်တွေကို အစီအရီဖြန့်ကြဲလျက်
ပိုးစုန်းကြူးလေးတွေလို တောက်ထွန်းနိုင်ဖို့
အလွမ်းတွေဆီက မီးညှိယူရတဲ့အဖြစ်…
ကြယ်စင်တွေကိုတော့…
နေ့ကို အမှောင်အင်ပါယာကြီး သိမ်းသွင်းလိုက်ကတည်းက
အတွေးချူတံနဲ့ ရက်ရက်စက်စက်ခြွေချစမြဲ…။…
ဒီတော့…
ကောင်မလေးငါမကဲဘူး….ယုံ…။
……………………
တကယ်ပါ…
အတိတ်မှာ…
ရင်ခုန်သံဓားမကြီးတကိုင်ကိုင်နဲ့
ကောင်မလေးကို မရမကလိုက်သတ်ခဲ့တာ..ငါ.
ဂုဏ်သိက္ခာတွေဆိုတာကလည်း
ဆရာ/ဆရာမ၊ အပေါင်းအသင်း၊
ပတ်ဝန်းကျင်နဲ့
သူငယ်ချင်းတွေဆီမှာ
ကောင်မလေးကိုသတ်ဖို့ ရင်ခုန်သံဓားကို
သွေးထားကတည်းက
တစစီထုခွဲ၊ စေတနာမပါဘဲ
ပစ်လှူခဲ့ပြီးပါပြီ…
အခုလောက်ဆို သူတို့တွေရဲ့
လွယ်အိတ်တွေထဲမှာ
နည်းနည်းလောက်ပဲကျန်ဦးမယ်ထင်တယ်…
ကောင်မလေးကလည်း
ဥပေက္ခာမျက်လုံး၊ မာယာအပြုံး၊
ရယ်စရာစကားလုံးစတဲ့…
အဆီးအတားကောင်းကောင်းလေးတွေနဲ့
သွေးပျက်ပျက်နဲ့ ပြေးလိုက်တာ
ငါ့နာရီတွေဆို ချွေးတွေနဲ့
အအေးပတ်ခဲ့တယ်…။…
…………………………
ဒီလိုပါပဲ…
ဒီလိုနဲ့ဆိုရမှာပေါ့…
ငါ့မှာ မနက်ညမခွဲနိုင်ဘဲ
ကောင်မလေးရနံ့ကို ချင်ခြင်းတက်ခဲ့တာ…
ကောင်မလေးကို ရင်ခုန်သံဓားနဲ့
မရမကသတ်ဖြတ်ခဲ့တာ…
ငါပဲ ဇွဲကောင်းခဲ့လို့လား…
သူပဲ မောသွားလွန်းလို့လားတော့ မသိဘူး…
သူ့ကိုငါ ရင်ခွင်ထဲ ပစ်သွင်းဖို့
လိုက်လို့ မီခဲ့တဲ့အချိန်မှာ…
ငါ…လေ
ရယ်စရာတောင်ကောင်းတယ်…
လေယာဉ်ကြီးကို မျက်ရည်တွေနဲ့
ပြည့်လျှံစေမတတ်လောက်အောင်…
ငှက်တွေကို အဖော်ညှိပြီး…
အဝေးကိုပါ…
ပျံသန်းသွားခဲ့တာ…
ဘယ်လိုနေရမလဲ
သိရှာမှာ မဟုတ်တဲ့
ကောင်မလေးတော့…
သနားစရာပါ…
…………………
ကဲ…ဘယ်သူပဲမှားခဲ့သလဲ…
ဘယ်သူ့ကိုပဲ အပြစ်သွားတင်ရမလဲ…………………
။။။
အိပ်မက်တွေကို အစီအရီဖြန့်ကြဲလျက်
ပိုးစုန်းကြူးလေးတွေလို တောက်ထွန်းနိုင်ဖို့
အလွမ်းတွေဆီက မီးညှိယူရတဲ့အဖြစ်…
ကြယ်စင်တွေကိုတော့…
နေ့ကို အမှောင်အင်ပါယာကြီး သိမ်းသွင်းလိုက်ကတည်းက
အတွေးချူတံနဲ့ ရက်ရက်စက်စက်ခြွေချစမြဲ…။…
ဒီတော့…
ကောင်မလေးငါမကဲဘူး….ယုံ…။
……………………
တကယ်ပါ…
အတိတ်မှာ…
ရင်ခုန်သံဓားမကြီးတကိုင်ကိုင်နဲ့
ကောင်မလေးကို မရမကလိုက်သတ်ခဲ့တာ..ငါ.
ဂုဏ်သိက္ခာတွေဆိုတာကလည်း
ဆရာ/ဆရာမ၊ အပေါင်းအသင်း၊
ပတ်ဝန်းကျင်နဲ့
သူငယ်ချင်းတွေဆီမှာ
ကောင်မလေးကိုသတ်ဖို့ ရင်ခုန်သံဓားကို
သွေးထားကတည်းက
တစစီထုခွဲ၊ စေတနာမပါဘဲ
ပစ်လှူခဲ့ပြီးပါပြီ…
အခုလောက်ဆို သူတို့တွေရဲ့
လွယ်အိတ်တွေထဲမှာ
နည်းနည်းလောက်ပဲကျန်ဦးမယ်ထင်တယ်…
ကောင်မလေးကလည်း
ဥပေက္ခာမျက်လုံး၊ မာယာအပြုံး၊
ရယ်စရာစကားလုံးစတဲ့…
အဆီးအတားကောင်းကောင်းလေးတွေနဲ့
သွေးပျက်ပျက်နဲ့ ပြေးလိုက်တာ
ငါ့နာရီတွေဆို ချွေးတွေနဲ့
အအေးပတ်ခဲ့တယ်…။…
…………………………
ဒီလိုပါပဲ…
ဒီလိုနဲ့ဆိုရမှာပေါ့…
ငါ့မှာ မနက်ညမခွဲနိုင်ဘဲ
ကောင်မလေးရနံ့ကို ချင်ခြင်းတက်ခဲ့တာ…
ကောင်မလေးကို ရင်ခုန်သံဓားနဲ့
မရမကသတ်ဖြတ်ခဲ့တာ…
ငါပဲ ဇွဲကောင်းခဲ့လို့လား…
သူပဲ မောသွားလွန်းလို့လားတော့ မသိဘူး…
သူ့ကိုငါ ရင်ခွင်ထဲ ပစ်သွင်းဖို့
လိုက်လို့ မီခဲ့တဲ့အချိန်မှာ…
ငါ…လေ
ရယ်စရာတောင်ကောင်းတယ်…
လေယာဉ်ကြီးကို မျက်ရည်တွေနဲ့
ပြည့်လျှံစေမတတ်လောက်အောင်…
ငှက်တွေကို အဖော်ညှိပြီး…
အဝေးကိုပါ…
ပျံသန်းသွားခဲ့တာ…
ဘယ်လိုနေရမလဲ
သိရှာမှာ မဟုတ်တဲ့
ကောင်မလေးတော့…
သနားစရာပါ…
…………………
ကဲ…ဘယ်သူပဲမှားခဲ့သလဲ…
ဘယ်သူ့ကိုပဲ အပြစ်သွားတင်ရမလဲ…………………
။။။
“အချစ်တစ်ခုနဲ့ စကြာဝဠာဆုံးကွာဝေးသည်…ဟု”
မ…
ကျွန်တော်တို့ ညတွေ
မဆုံစည်းနိုင်အောင်
မြို့ရိုးဘယ်နှစ်လီ၊
ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခုနဲ့
ကာဆီးထားသလဲ…
(အဲဒါတွေကို)
စုတ်ဖြဲကာ လာချင်ပေမဲ့ မရယ်…
မဘက်က အပြုံးတွေနဲ့ ကြိုဆိုနေမယ်ဆိုတာ
သိပေမဲ့ မရယ်…
ကျွန်တော်လေ…
ခြေလှမ်းတွေက အလွမ်းဖြေကဗျာလေးတွေဆီကနေ
ရုန်းထွက်ဖို့…
မဝံ့မရဲ ဖြစ်နေစိတ်နဲ့ပဲ…
ဪ…
မြို့ဘယ်နှစ်လီဝေးနေပြီလဲ…
…………………………
မရဲ့ ရှေ့…
ကျွန်တော့်ရဲ့ နေ့တွေကို
လာရောက်လက်ဆောင်ပကာသနအဖြစ်ပေးချင်ပေမဲ့
အနမ်းတွေအဖြစ် တစ်ယူသန်မှတ်ယူထားတဲ့
အတိတ်က မရဲ့ မဲ့တဲ့တဲ့ အပြုံးလေးတွေနဲ့ပဲ
တွေးရင်း ကျေနပ်နေတဲ့ စိတ်နဲ့ပဲ…
ဩော်…
ကြယ်စင်အလင်းတန်းဘယ်နှကုဋေလောက်
ကွာခြားနေပြီလဲ…
ရင်ထဲမှာ ကမ္ဘာခြားနေသလို ခံစားနေရပြီပဲ…
……………………………
ဘယ်တော့ ပြန်ဆုံနိုင်မလဲ…
အားလုံးမသေချာတဲ့ လောကကြီးမှာ
အားလုံးမသေချာတာကို ကျေကျေနပ်နပ်
ခံယူထားပေမဲ့…
ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့
မေးခွန်းရဲ့ အဖြေက မသေချာဘူးဆိုတာတော့
လက်မခံချင်ဘူး…
တစ်စုံတစ်ယောက်များသိရင်လေ…
ထပ်တူထပ်မျှကျွန်တော့်ကိုလည်း
ပြောပြပေးကြပါ…
…………………………
မရယ်…
မှတ်ထားပါနော်…
မမြင်တာမဆုံတာကြာပေမဲ့
ဖြစ်ရိုးဖြစ်စဉ်အတိုင်း
ရင်ခုန်သံတွေ မအေးစက်သေးဘူးဆိုတာကို
ဘယ်ပဲရောက်ရောက်ပါ…
နောက်…
ကျွန်တော့်အကြောင်း စဉ်းစားတဲ့အချိန်တိုင်း…
လတ်ဆတ်နေတဲ့ ရင်ခုန်သံလေးတွေကို
အတွေးတွေနဲ့ တို့ထိယူပေးပါ…
ရင်ခုန်သံတွေ ပူနွေးနေ(ဆဲ)တယ်ဆိုတာလည်း သတိရပေးပါ…
မရယ်…
…………..။……………
မရယ်…
မရယ်…
မရယ်…
ကျွန်တော်တို့ ညတွေ
မဆုံစည်းနိုင်အောင်
မြို့ရိုးဘယ်နှစ်လီ၊
ဘယ်နှစ်ထပ်၊ ဘယ်နှစ်ခုနဲ့
ကာဆီးထားသလဲ…
(အဲဒါတွေကို)
စုတ်ဖြဲကာ လာချင်ပေမဲ့ မရယ်…
မဘက်က အပြုံးတွေနဲ့ ကြိုဆိုနေမယ်ဆိုတာ
သိပေမဲ့ မရယ်…
ကျွန်တော်လေ…
ခြေလှမ်းတွေက အလွမ်းဖြေကဗျာလေးတွေဆီကနေ
ရုန်းထွက်ဖို့…
မဝံ့မရဲ ဖြစ်နေစိတ်နဲ့ပဲ…
ဪ…
မြို့ဘယ်နှစ်လီဝေးနေပြီလဲ…
…………………………
မရဲ့ ရှေ့…
ကျွန်တော့်ရဲ့ နေ့တွေကို
လာရောက်လက်ဆောင်ပကာသနအဖြစ်ပေးချင်ပေမဲ့
အနမ်းတွေအဖြစ် တစ်ယူသန်မှတ်ယူထားတဲ့
အတိတ်က မရဲ့ မဲ့တဲ့တဲ့ အပြုံးလေးတွေနဲ့ပဲ
တွေးရင်း ကျေနပ်နေတဲ့ စိတ်နဲ့ပဲ…
ဩော်…
ကြယ်စင်အလင်းတန်းဘယ်နှကုဋေလောက်
ကွာခြားနေပြီလဲ…
ရင်ထဲမှာ ကမ္ဘာခြားနေသလို ခံစားနေရပြီပဲ…
……………………………
ဘယ်တော့ ပြန်ဆုံနိုင်မလဲ…
အားလုံးမသေချာတဲ့ လောကကြီးမှာ
အားလုံးမသေချာတာကို ကျေကျေနပ်နပ်
ခံယူထားပေမဲ့…
ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့
မေးခွန်းရဲ့ အဖြေက မသေချာဘူးဆိုတာတော့
လက်မခံချင်ဘူး…
တစ်စုံတစ်ယောက်များသိရင်လေ…
ထပ်တူထပ်မျှကျွန်တော့်ကိုလည်း
ပြောပြပေးကြပါ…
…………………………
မရယ်…
မှတ်ထားပါနော်…
မမြင်တာမဆုံတာကြာပေမဲ့
ဖြစ်ရိုးဖြစ်စဉ်အတိုင်း
ရင်ခုန်သံတွေ မအေးစက်သေးဘူးဆိုတာကို
ဘယ်ပဲရောက်ရောက်ပါ…
နောက်…
ကျွန်တော့်အကြောင်း စဉ်းစားတဲ့အချိန်တိုင်း…
လတ်ဆတ်နေတဲ့ ရင်ခုန်သံလေးတွေကို
အတွေးတွေနဲ့ တို့ထိယူပေးပါ…
ရင်ခုန်သံတွေ ပူနွေးနေ(ဆဲ)တယ်ဆိုတာလည်း သတိရပေးပါ…
မရယ်…
…………..။……………
မရယ်…
မရယ်…
မရယ်…
Friday, April 23, 2010
“မတီးဘဲ မြည်မယ့် ရင်ခုန်သံ… မတီးခင်ကျိုးမယ့် မာနပက်ထရမ်(Pick)…”
ထို…
သန်းခေါင်ယံမရှိဘဲ…
အိပ်မက်တို့နဲ့ ပြိုးပြိုးပြက်ပြက်လင်းနေတဲ့ည…
ကောင်မလေးတစ်ယောက်ရဲ့ ဘဝ
ကျွန်တော့်လက်မှာ
ကျရှုံးခဲ့တယ်…။…
…………………………
ဤ…
မွန်းတည့်မရှိဘဲ…
အတွေးတို့နဲ့ ပိုးစိုးပက်စက်မှောင်နေတဲ့နေ့…
ကောင်မလေးတစ်ယောက်ရဲ့ ည…
ကျွန်တော့်လက်မှာ
အပေါင်ဆုံးတယ်…
ဥပေက္ခာအတိုးတွေ မပေးနိုင်တော့လို့
ဆိုပြီးတော့…........။….
…………………………………
နောင်…
ချောက်ကမ်းပါးမရှိဘဲ…
လုံးဝကို သွေးပျက်ထိတ်လန့်ရင်ထိတ်သည်းဖို
ဖြစ်စရာကောင်းမယ့်
ကောင်မလေးတစ်ယောက်ရဲ့ ခပ်ယိုင်ယိုင်အနာဂတ်တစ်ခု…
ကျွန်တော့်လက်မှာ
သာယာတော့မယ်…။…
ရင်ခုန်သံတီးလုံးတွေနဲ့…လေ…။…။…
သန်းခေါင်ယံမရှိဘဲ…
အိပ်မက်တို့နဲ့ ပြိုးပြိုးပြက်ပြက်လင်းနေတဲ့ည…
ကောင်မလေးတစ်ယောက်ရဲ့ ဘဝ
ကျွန်တော့်လက်မှာ
ကျရှုံးခဲ့တယ်…။…
…………………………
ဤ…
မွန်းတည့်မရှိဘဲ…
အတွေးတို့နဲ့ ပိုးစိုးပက်စက်မှောင်နေတဲ့နေ့…
ကောင်မလေးတစ်ယောက်ရဲ့ ည…
ကျွန်တော့်လက်မှာ
အပေါင်ဆုံးတယ်…
ဥပေက္ခာအတိုးတွေ မပေးနိုင်တော့လို့
ဆိုပြီးတော့…........။….
…………………………………
နောင်…
ချောက်ကမ်းပါးမရှိဘဲ…
လုံးဝကို သွေးပျက်ထိတ်လန့်ရင်ထိတ်သည်းဖို
ဖြစ်စရာကောင်းမယ့်
ကောင်မလေးတစ်ယောက်ရဲ့ ခပ်ယိုင်ယိုင်အနာဂတ်တစ်ခု…
ကျွန်တော့်လက်မှာ
သာယာတော့မယ်…။…
ရင်ခုန်သံတီးလုံးတွေနဲ့…လေ…။…။…
“ဖြစ်တတ်တဲ့ သဘောတရားတစ်ခု…”
အိပ်မက်…တဲ့…။…
ညတစ်ညလုံးလုံး အိပ်မက်တစ်ခုနဲ့
ကမ္ဘာပတ်နေတာလေ…
ရှင်းရှင်းပြောရရင် …
ဝင်္ကပါလို မပတ်ရဘဲနဲ့
ပွေလည်ရှုပ်…အဟုတ်မြောင်းရေလို နောက်ကျိနေတဲ့ အိပ်မက်မျိုး…
ငါ့တစ်ယောက်တည်း…
ကြက်အိပ်ကြက်နှိုးအခြေအနေနဲ့
(နှိုးတစ်ဝက်အိပ်တစ်ဝက်)
အမှောင်တွေထဲမှာ
သန်းခေါင်ယံကြီးကို ဆုပ်ကိုင်ထားရင်း
လမင်းကိုမတွေ့ရဘဲနဲ့ ချာချာလည်နေတာလေ…
ဒီလောက်တောင် ညွှ့န်းနေပုံထောက်ရင်…
အိပ်မက်ထဲမှာ ဘယ်သူတွေငါ့နဲ့အတူ
အမှောင်ယံကို လှောင်ပြောင်သရော်ခဲ့ကြသလဲဆိုတာ…
မနက်ထတဲ့အချိန်မှာ
ကားစင်တင်သတ်ခံရတဲ့ မျောက်တစ်ကောင်လို
ပါးစပ်ကို ပြူးပြူးပြဲပြဲဟပြီး
ညထဲမှာ အိပ်ပြီးကျန်နေခဲ့တဲ့ စိတ်တွေကို
မရမက ပြန်ခေါ်စဉ်းစားကြည့်လိုက်တော့…
ဘောင်းဘီတိုနံ့နံ့ကို ဝတ်ဆင်ထားတဲ့
ကြည့်ပျော်ရှုပျော်ကောင်မလေးတစ်ယောက်ရယ်…
ကြမ်းပြင်ပေါ်ခနေတဲ့ မပွင့်တပွင့်နှင်းဆီတစ်ပွင့်ရယ်…
ပေါတောတော ခပ်ရူးရူးဝိဥာဉ်တစ်ကောင်ရယ်…
စုတ်ပြဲနေတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ရယ်…
အပြင်မှာရော လွှမ်းမိုးထားတဲ့
အပ်မက်ထဲက မသဲမကွဲမရိုးမရွအမှောင်လှလှလေးတွေရယ်…
နောက်ရော…
ကောင်းဘွိုင်း(Cow Boy) ဆန်ဆန်
ကန်းထရီးဦးထုပ်တစ်လုံးရယ်…
အသုံးမပြုဘဲ နံရံပေါ်ချိတ်တင်ခံရတဲ့
ခပ်နွမ်းနွမ်းလေးခွတစ်လက်ရယ်…ပဲ…တဲ့…။…
တာ့တာပြသွားတဲ့ ညတွေက
မှတ်ဥာဏ်တွေကို
စကားမှာသွားပုံရတယ်…
……………………………………
အားပါး…အိပ်မက်ထဲမှာလေ
ကောင်မလေးက မလိုက်နာလို့မရအောင်
တိတ်တဆိတ်စေတတ်တဲ့ ကဝေတဲ့…။…
အိပ်မက်ထဲမှာ ငါ့ကို စေလိုက်တာများ…
အမြင်အာရုံတွေကို တစ်နေရာမှာ
လုံလုံခြုံခြုံပစ်ထားခဲ့ပြီး
အမြင်အာရုံတွေကင်းမဲ့စွာ…ငါ့မှာ
ဟိုသွားလိုက်…ဒီသွားလိုက်နဲ့…
အဲဒီကောင်မလေးကို မလိုက်နာလို့မှ မဖြစ်တာ…
ကောင်မလေးကို ငါက ချစ်နေတာကိုး…
အော်..အလုပ်လေးများပြီးလို့
ကောင်မလေးအနားကပ်ခွင့်ရမလားမှတ်တယ်…
အိပ်မက်ပေးတဲ့ မိုးမချုန်းဘဲမကြာမကြာလျှပ်တဲ့
လျှပ်စီးတစ်ကြောင်းရယ်…
မျက်မုန်းကျိုးစရာကောင်းလောက်အောင်
ဘေးနားလှောင်ပြောင်နေတဲ့
ဝိဥာဉ်ရူးတစ်ကောင်ရယ်…
ခဏခဏရှောင်ရှောင်ပြေးတတ်တဲ့
ကောင်မလေးရယ်…ကြောင့်…ငါ့မှာ
ကောင်မလေးအနမ်းရဖို့…
(ကြိုးစားလိုက်တာ…)
မပြေးရဘဲနဲ့ ဖတ်ဖတ်ကိုမောလို့…
လေအစုန်မှာ မျောနေတဲ့
တိမ်စုတွေကို လေကိုဆန်ပြီး စားသောက်နေတဲ့
ပျံလွှားငှက်တစ်ကောင်နဲ့တောင် အလားတူလိုက်သေး…။…။…
……………………
……………………
အိပ်မက်ထဲမှာ…
ကောင်မလေးကတော့ ငါ့ကိုပိုင်ဆိုင်ခဲ့တယ်…
ကျွန်တစ်ယောက်လို ခိုင်းစေခဲ့တယ်…
ဘာဖြစ်လို့လဲဆိုတော့…
ငါက သူပေးတဲ့ အပြုံးမာယာအသံသာတွေကြား
ယစ်မူးခဲ့လို့…
ဒါပေမဲ့…
ငါလိုချင်တဲ့ အနမ်းငါမရခဲ့ပါဘူး…
အချစ်ကို ယုံကြည်လို့ အသိစိတ်တွေ
ပိုးစိုးပက်စက်ပျောက်သွားပြီး
မူးယစ်ဆေးဝါးသုံးထားသလို (ဖမ်းခွင့်မရှိဘဲ)
ယစ်မူးရတဲ့ မူးယစ်မှုမျိုးပဲငါရခဲ့တယ်…
…………………………
ဩော်….အိပ်မက်ထဲမှာတောင်မှ
ငါက …
အချစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရပါလား….
ကျွတ်ကျွတ်….ကျွတ်..ကျွတ်…
ကျွတ်………ကျွတ်….
ကျွတ်……………………..
……..
…
။
ညတစ်ညလုံးလုံး အိပ်မက်တစ်ခုနဲ့
ကမ္ဘာပတ်နေတာလေ…
ရှင်းရှင်းပြောရရင် …
ဝင်္ကပါလို မပတ်ရဘဲနဲ့
ပွေလည်ရှုပ်…အဟုတ်မြောင်းရေလို နောက်ကျိနေတဲ့ အိပ်မက်မျိုး…
ငါ့တစ်ယောက်တည်း…
ကြက်အိပ်ကြက်နှိုးအခြေအနေနဲ့
(နှိုးတစ်ဝက်အိပ်တစ်ဝက်)
အမှောင်တွေထဲမှာ
သန်းခေါင်ယံကြီးကို ဆုပ်ကိုင်ထားရင်း
လမင်းကိုမတွေ့ရဘဲနဲ့ ချာချာလည်နေတာလေ…
ဒီလောက်တောင် ညွှ့န်းနေပုံထောက်ရင်…
အိပ်မက်ထဲမှာ ဘယ်သူတွေငါ့နဲ့အတူ
အမှောင်ယံကို လှောင်ပြောင်သရော်ခဲ့ကြသလဲဆိုတာ…
မနက်ထတဲ့အချိန်မှာ
ကားစင်တင်သတ်ခံရတဲ့ မျောက်တစ်ကောင်လို
ပါးစပ်ကို ပြူးပြူးပြဲပြဲဟပြီး
ညထဲမှာ အိပ်ပြီးကျန်နေခဲ့တဲ့ စိတ်တွေကို
မရမက ပြန်ခေါ်စဉ်းစားကြည့်လိုက်တော့…
ဘောင်းဘီတိုနံ့နံ့ကို ဝတ်ဆင်ထားတဲ့
ကြည့်ပျော်ရှုပျော်ကောင်မလေးတစ်ယောက်ရယ်…
ကြမ်းပြင်ပေါ်ခနေတဲ့ မပွင့်တပွင့်နှင်းဆီတစ်ပွင့်ရယ်…
ပေါတောတော ခပ်ရူးရူးဝိဥာဉ်တစ်ကောင်ရယ်…
စုတ်ပြဲနေတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ရယ်…
အပြင်မှာရော လွှမ်းမိုးထားတဲ့
အပ်မက်ထဲက မသဲမကွဲမရိုးမရွအမှောင်လှလှလေးတွေရယ်…
နောက်ရော…
ကောင်းဘွိုင်း(Cow Boy) ဆန်ဆန်
ကန်းထရီးဦးထုပ်တစ်လုံးရယ်…
အသုံးမပြုဘဲ နံရံပေါ်ချိတ်တင်ခံရတဲ့
ခပ်နွမ်းနွမ်းလေးခွတစ်လက်ရယ်…ပဲ…တဲ့…။…
တာ့တာပြသွားတဲ့ ညတွေက
မှတ်ဥာဏ်တွေကို
စကားမှာသွားပုံရတယ်…
……………………………………
အားပါး…အိပ်မက်ထဲမှာလေ
ကောင်မလေးက မလိုက်နာလို့မရအောင်
တိတ်တဆိတ်စေတတ်တဲ့ ကဝေတဲ့…။…
အိပ်မက်ထဲမှာ ငါ့ကို စေလိုက်တာများ…
အမြင်အာရုံတွေကို တစ်နေရာမှာ
လုံလုံခြုံခြုံပစ်ထားခဲ့ပြီး
အမြင်အာရုံတွေကင်းမဲ့စွာ…ငါ့မှာ
ဟိုသွားလိုက်…ဒီသွားလိုက်နဲ့…
အဲဒီကောင်မလေးကို မလိုက်နာလို့မှ မဖြစ်တာ…
ကောင်မလေးကို ငါက ချစ်နေတာကိုး…
အော်..အလုပ်လေးများပြီးလို့
ကောင်မလေးအနားကပ်ခွင့်ရမလားမှတ်တယ်…
အိပ်မက်ပေးတဲ့ မိုးမချုန်းဘဲမကြာမကြာလျှပ်တဲ့
လျှပ်စီးတစ်ကြောင်းရယ်…
မျက်မုန်းကျိုးစရာကောင်းလောက်အောင်
ဘေးနားလှောင်ပြောင်နေတဲ့
ဝိဥာဉ်ရူးတစ်ကောင်ရယ်…
ခဏခဏရှောင်ရှောင်ပြေးတတ်တဲ့
ကောင်မလေးရယ်…ကြောင့်…ငါ့မှာ
ကောင်မလေးအနမ်းရဖို့…
(ကြိုးစားလိုက်တာ…)
မပြေးရဘဲနဲ့ ဖတ်ဖတ်ကိုမောလို့…
လေအစုန်မှာ မျောနေတဲ့
တိမ်စုတွေကို လေကိုဆန်ပြီး စားသောက်နေတဲ့
ပျံလွှားငှက်တစ်ကောင်နဲ့တောင် အလားတူလိုက်သေး…။…။…
……………………
……………………
အိပ်မက်ထဲမှာ…
ကောင်မလေးကတော့ ငါ့ကိုပိုင်ဆိုင်ခဲ့တယ်…
ကျွန်တစ်ယောက်လို ခိုင်းစေခဲ့တယ်…
ဘာဖြစ်လို့လဲဆိုတော့…
ငါက သူပေးတဲ့ အပြုံးမာယာအသံသာတွေကြား
ယစ်မူးခဲ့လို့…
ဒါပေမဲ့…
ငါလိုချင်တဲ့ အနမ်းငါမရခဲ့ပါဘူး…
အချစ်ကို ယုံကြည်လို့ အသိစိတ်တွေ
ပိုးစိုးပက်စက်ပျောက်သွားပြီး
မူးယစ်ဆေးဝါးသုံးထားသလို (ဖမ်းခွင့်မရှိဘဲ)
ယစ်မူးရတဲ့ မူးယစ်မှုမျိုးပဲငါရခဲ့တယ်…
…………………………
ဩော်….အိပ်မက်ထဲမှာတောင်မှ
ငါက …
အချစ်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရပါလား….
ကျွတ်ကျွတ်….ကျွတ်..ကျွတ်…
ကျွတ်………ကျွတ်….
ကျွတ်……………………..
……..
…
။
Wednesday, April 21, 2010
“အမေ(တစ်နည်းနည်းနဲ့) ဖတ်ပေးပါ..နားထောင်ပေးပါ”
အမေ...
ကျွန်တော်လေ...
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
ရှိနေ(ထိုင်နေ)ချင်တယ်...။....
......................
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်...
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ...
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ...။...
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ...။...
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်...
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်...။..
ဒါပေမဲ့ဗျာ...
တစ်ခုတော့ ခွင့်လွှတ်ပါ...
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ...
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့...
.............................
ဘာပဲဖြစ်ဖြစ်အမေရယ်...
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ...
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ...
မတောင်းဆိုရဲပါဘူး...
ကျွန်တော်သိတယ်...
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ...
ဒါကြောင့် အခုကျွန်တော့်အဖြစ်က...
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ...
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။...
ဒီတော့...
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း...
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ...
ငှက်တစ်ကောင်လို...
တိမ်တိုက်တစ်ခုလို...
ဘာကိုမှ မပွေ့ပိုက်ထား...
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့...
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
..................................
အမေတစ်ယောက်ကြားနိုင်စေ...
ကျွန်တော်လေ...
အမေကိုယ်တိုင်ခြေထောက်တစ်စုံအဖြစ်
အနာခံထောက်လုပ်ပေးတဲ့
ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း
ကုလားထိုင်တစ်ခုမှာ
အမေအနာခံရကျိုးနပ်အောင်
သက်တောင့်သက်သာကျကျနန
ရှိနေ(ထိုင်နေ)ချင်တယ်...။....
......................
ဒါပေမဲ့..
အခုတော့လေ..အမေ
ကျွန်တော်ကိုယ်တိုင်...
နွေအဖြစ်ခံပြီး
ဆောင်းလိုအေးမြချိုမြိန်တဲ့
အမေ့စကားတွေ
ခါးခါးသီးသီး
ကန်ထုတ်ပစ်ခဲ့လိုက်တာတွေကြောင့်
ကျွန်တော့်ဘဝတစ်ခုလုံး
အထီးကျန်ညတွေထဲမှာ
အနှိမ်ခံ၊ အကဲ့ရဲ့ခံ၊
အထင်သေးခံလို့ ခေါ်ရမှာပေါ့..
အဲဒီကောင်းကင်ကြီးတွေကနေ
ယိုစိမ့်လာ ရာသီမဆုံး
မချုန်းဘဲဖွဲကျနေတဲ့ မျက်ရည်မိုးတွေနဲ့
(အမေမရှိဘဲ)
ညပေါင်းများစွာ
ကျွန်တော်ဖြတ်သန်းလာပြီးတဲ့နောက်
အဲဒီမျက်ရည်(ရေ)ကြီးမှုတွေက
အခု နားထင်နားတောင် ရောက်နေပြီ...
အနာဂတ်တစ်ခုလုံး မွှန်းနေပြီ...။...
ပစ္စုပ္ပန်တစ်ခုလုံး စိုထိုင်းပြီး
လုံးဝကို သုံးလို့ မရတော့တာ...။...
အတိတ်တွေဆိုလည်း
ပုတ်သိုးနေပါပြီ..။..
အမေရယ်...
ကျွန်တော့်မျက်ရည်တွေ
အမေသာ
လက်ခံမယ်ဆိုရင် အီးမေးလ်နဲ့ပဲဖြစ်ဖြစ်
(ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
ပို့ပေးချင်ပါတယ်...။..
ဒါပေမဲ့ဗျာ...
တစ်ခုတော့ ခွင့်လွှတ်ပါ...
အခုချိန်ထိ အမေ့ကို
မျက်ရည်ညဝေစေခဲ့တဲ့
ကျွန်တော်ဟာ...
ကျွန်တော်ပို့မယ့် မျက်ရည်ညတွေနဲ့
အမေ့နှလုံးသားကို
ထပ်မွှန်းရာကျမယ်ဆိုရင်ပေါ့...
.............................
ဘာပဲဖြစ်ဖြစ်အမေရယ်...
အမေ့ရဲ့သား မျက်ရည်ညထဲမှာ
မွှန်းနေတာ အမေသိနိုင်မယ်ဆိုရင်
ဘယ်လောက်ပဲဝေးဝေး
ဆုလေးတော့ တောင်းပေးပါ...
ကျွန်တော်နစ်မွှန်းနေတဲ့ ဒီမျက်ရည်တွေကို
စုပ်ယူပေးဖို့တော့ အမေ...
မတောင်းဆိုရဲပါဘူး...
ကျွန်တော်သိတယ်...
အမေရဲ့ မေတ္တာဝဝတွေနဲ့
ပေးဝယ်တဲ့ ဒုက္ခလှလှတွေနဲ့ပဲ
ဒီတန်ဖိုးမဲ့ မျက်ရည်တွေကို
စုပ်ယူနိုင်မှာ...
ဒါကြောင့် အခုကျွန်တော့်အဖြစ်က...
မျက်ရည်ညတွေလည်း အဆုံးမဲ့နေပြီ...
ရွက်ကြွေဘဝတွေနဲ့ ဟန်ဆောင်အပြုံးတွေ
စုတ်ပဲ့နေပြီ။...
ဒီတော့...
အထီးကျန်ကဗျာများကိုသာ အမေ့သားရှိုက်နမ်းရင်း...
အမေနဲ့ ဝေးလံကွာဝေးတဲ့
နေရာတစ်ခုမှာ
နေနေတဲ့ သားလေးရဲ့ မျက်ရည်တမ်းချင်းပေါ့ဗျာ...
ငှက်တစ်ကောင်လို...
တိမ်တိုက်တစ်ခုလို...
ဘာကိုမှ မပွေ့ပိုက်ထား...
မခံစားရဘဲနဲ့
လေနှင်ရာကို လွင့်ချင်မိလို့...
လေယာဉ်သံကြားတိုင်း
လေဖိအားတွေနဲ့အတူ
အမေ့မျှော်လင့်ချက်တွေရဲ့ အောက်က
တိတ်တိတ်ကလေး
အမေ့ဆီကို လစ်ထွက်ပြေးလာချင်မိတယ်..အမေ..
..................................
အမေတစ်ယောက်ကြားနိုင်စေ...
Tuesday, April 20, 2010
“ညတို့ရဲ့ ခက်ဆစ်...”
ညနံရံတွေပေါ်မှာ
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............
အိပ်မက်ပန်းချီကားတွေကို
ချိတ်တင်...
ဒါကို စိတ်ကူးတွေက ပိတ်ပင်တော့....
တကယ်ရိုးသားပွင့်လင်းစွာသာနေတဲ့
နှလုံးသားထဲက လမင်းကြောင့်
စိတ်ကူးကို ငါက စိတ်ချဉ်...။...
................................
အချစ်ကို အဆိပ်ဘုရင်လို့
သိသိကြီးနဲ့ငါ...
အချစ်ကို ခစားမြဲခစား...
ခြေလှမ်းတွေကိုလည်း
သူဆိုတဲ့ ခြစား...
ဆောင်းတွေကို ကုန်စင်အောင်
သတ်စားပစ်လိုက်တဲ့
လက်ရှိပွေ့ပိုက်ထားဆဲ
နွေလိုဘဝများ...နဲ့ ငါ...
ရှင်သန်မြဲ ရှင်သန်ဆဲ..
နိစ္စဓူဝဘဝတွေ...။...။...ဟာ
လေရူးထဲက ရနံ့တစ်ပွင့်လို
လေအဟုန်ထဲ ငါနစ်လိုက်၊
ပေါ်လိုက်နဲ့ ဘဝထဲမှာလည်း
ချီးကျူးမှုနဲ့ ဝေဖန်ရှုတ်ချမှုတွေကြားမှာ
ပေါ်လိုက်ပျောက်လိုက်ပေါ့..။..
............................
ဘာပဲဖြစ်ဖြစ်...
ငါအခုထိ တန်ဖိုးထားဆဲ
အချစ်ဟာ ဘဝတစ်ခုမှာ
ပြည့်စုံအောင် တန်ဖိုးရှိလာမှာတော့
မဟုတ်ဘူးဆိုတာတော့ ငါသိတယ်..
ဒါကြောင့်...
အိပ်မက်တွေနဲ့ ငါပုံဖော်နေတဲ့
အချစ်တွေဟာ
အိပ်မက်မဟုတ်ဘူး...။...။...
မသေချာတဲ့ မိန်းမဆန်ခပ်နွဲ့နွဲ့
မျှော်လင့်ခြင်းတွေသာ.............
“ဝေးကြပြီ...”
ပန်းတစ်ပွင့်တည်းကိုပဲ
ရနံ့တွေခွဲ...
ရလာတဲ့ ရနံ့ဆူးတွေကိုပဲ
သဲသဲမဲမဲရှိုက်တဲ့ပွဲမှာ...
နှစ်ဦးသားတည်ဆောက်ထားတဲ့
ကောင်းကင်တစ်ခုကို ရက်ရက်စက်စက်စုတ်ဖြဲကာ.......
မိုးတိမ်တွေရဲ့ ရွေ့လျားခြင်း
ဒိုင်ယာရီတွေကို လက်တွေမှာ
စွဲစွဲမြဲမြဲသယ်ဆောင်သွားကြတယ်...။....
...............................
ပင်လယ်တစ်ခုရဲ့ အရှေ့နဲ့အနောက်
အိပ်မက်တွေနဲ့
ခြေရာဖျောက်....
အနမ်းမရှိတဲ့ ရှေ့ဆက်လမ်းတွေကိုပဲ
ခပ်ကြောက်ကြောက်နဲ့
ရှုပ်မဲ့မဲ့လျှောက်...
.........................
နောက်ဆုံးတော့...
အတိတ်က ချိုမြိန်ခဲ့တဲ့
အပြုံးလေးတွေအတွက်....
အနာဂတ်မှာ ခါးသီးမယ့်
အရှုံးလေးတွေ မရှိဘူးလို့
ပုံသေမှတ်လျက်....
.........................
သေခြင်းမြစ်တစ်ဖက်ကမ်းမှာ
ငါတို့ဆုံနိုင်ပါသေးတယ်..။...
ရနံ့တွေခွဲ...
ရလာတဲ့ ရနံ့ဆူးတွေကိုပဲ
သဲသဲမဲမဲရှိုက်တဲ့ပွဲမှာ...
နှစ်ဦးသားတည်ဆောက်ထားတဲ့
ကောင်းကင်တစ်ခုကို ရက်ရက်စက်စက်စုတ်ဖြဲကာ.......
မိုးတိမ်တွေရဲ့ ရွေ့လျားခြင်း
ဒိုင်ယာရီတွေကို လက်တွေမှာ
စွဲစွဲမြဲမြဲသယ်ဆောင်သွားကြတယ်...။....
...............................
ပင်လယ်တစ်ခုရဲ့ အရှေ့နဲ့အနောက်
အိပ်မက်တွေနဲ့
ခြေရာဖျောက်....
အနမ်းမရှိတဲ့ ရှေ့ဆက်လမ်းတွေကိုပဲ
ခပ်ကြောက်ကြောက်နဲ့
ရှုပ်မဲ့မဲ့လျှောက်...
.........................
နောက်ဆုံးတော့...
အတိတ်က ချိုမြိန်ခဲ့တဲ့
အပြုံးလေးတွေအတွက်....
အနာဂတ်မှာ ခါးသီးမယ့်
အရှုံးလေးတွေ မရှိဘူးလို့
ပုံသေမှတ်လျက်....
.........................
သေခြင်းမြစ်တစ်ဖက်ကမ်းမှာ
ငါတို့ဆုံနိုင်ပါသေးတယ်..။...
Sunday, April 18, 2010
"ကုစားချိန်..."
တိမ်တိုက်လို လွင့်ပြယ်သွားတတ်တဲ့
ခဏသာပဲ ဖူးပွင့်နိုင်မယ့်
ကိုယ့်ရင်ခုန်သံပန်းလေး
ပန်ရရင်ပြီးရောဆိုပြီး
မနက်ဖြန်တိမ်တိုက်တွေကို
ပစ်ပယ်...
အချစ်အတွက် မမိုက်ချင်ပါနဲ့ကွယ်..
ကလေးရယ်...။...
ကိုယ်တို့ ဇာတ်လမ်းလေးတောင်
ပြီးဆုံးစာတန်းလေး
ခပ်မိုက်မိုက်ရေးထိုးဖို့
ပရိသတ်ဖြစ်တဲ့ ပစ္စုပ္ပန်တွေ
အိပ်ငိုက်နေကြပြီ...
...............................
ကဲ...အပြုံးတွေကို ယူပြီး
ပြန်တော့နော်...
နေညိုချိန်တွေတောင် ကလေးကို
လက်ဆွဲခေါ်နေကြပြီ..။...
နောက်...
အနမ်းတစ်ခုအတွက်တော့
ကလေး နေညိုချိန်တွေကို
ခဏမစောင့်ခိုင်းနဲ့တော့.။..
ဒီလမ်းခွဲချိန်အတွက် ကိုယ်ပေးတဲ့
အနမ်းဟာ ပျားရည်သုတ်ထားတဲ့
အဆိပ်သီးဖြစ်မှာ...
ဒါကြောင့်...
ဆည်းဆာလေးရေ...
ကောင်မလေးကို အဝေးခေါ်သွားပါတော့...
တိမ်ရနံ့တွေနဲ့ သူ့အတိတ်ကို
အဆိပ်ငွေ့ချလိုက်တော့...
ငါကတော့...
အခုခြေအနေတိုင်းသာဆိုရင်...
ငါ့နှလုံးသားကို အဆုံးမရှိသန်းခေါင်ယံညတွေထဲမှာ
အမှောင်ပိတ်ကားကြီးခဏလောက်အုပ်ထားရဦးမယ်..။..
ခဏသာပဲ ဖူးပွင့်နိုင်မယ့်
ကိုယ့်ရင်ခုန်သံပန်းလေး
ပန်ရရင်ပြီးရောဆိုပြီး
မနက်ဖြန်တိမ်တိုက်တွေကို
ပစ်ပယ်...
အချစ်အတွက် မမိုက်ချင်ပါနဲ့ကွယ်..
ကလေးရယ်...။...
ကိုယ်တို့ ဇာတ်လမ်းလေးတောင်
ပြီးဆုံးစာတန်းလေး
ခပ်မိုက်မိုက်ရေးထိုးဖို့
ပရိသတ်ဖြစ်တဲ့ ပစ္စုပ္ပန်တွေ
အိပ်ငိုက်နေကြပြီ...
...............................
ကဲ...အပြုံးတွေကို ယူပြီး
ပြန်တော့နော်...
နေညိုချိန်တွေတောင် ကလေးကို
လက်ဆွဲခေါ်နေကြပြီ..။...
နောက်...
အနမ်းတစ်ခုအတွက်တော့
ကလေး နေညိုချိန်တွေကို
ခဏမစောင့်ခိုင်းနဲ့တော့.။..
ဒီလမ်းခွဲချိန်အတွက် ကိုယ်ပေးတဲ့
အနမ်းဟာ ပျားရည်သုတ်ထားတဲ့
အဆိပ်သီးဖြစ်မှာ...
ဒါကြောင့်...
ဆည်းဆာလေးရေ...
ကောင်မလေးကို အဝေးခေါ်သွားပါတော့...
တိမ်ရနံ့တွေနဲ့ သူ့အတိတ်ကို
အဆိပ်ငွေ့ချလိုက်တော့...
ငါကတော့...
အခုခြေအနေတိုင်းသာဆိုရင်...
ငါ့နှလုံးသားကို အဆုံးမရှိသန်းခေါင်ယံညတွေထဲမှာ
အမှောင်ပိတ်ကားကြီးခဏလောက်အုပ်ထားရဦးမယ်..။..
“မင်းတစ်ယောက်တည်း...လိုတယ်”
လမင်းကြီးပေပေတေတေနဲ့
အချိန်အခါအလိုက်
ရက်ရက်စက်စက်မိုက်နေတဲ့
အချိန်...
ငါတစ်ယောက်တည်း
ဒီညလုံးဝကို မိုက်နေတာထက်စာရင်
မသဲမကွဲမှောင်နေတာပိုပြီးကောင်းပါတယ်
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကာ
ကြယ်စိလေးတွေကို
မရည်မိဘဲ
လိုက်လံကြဲပျိုးမိရဲ့...။...
ဒီလောက်များပြားလှတဲ့ ကြယ်ပွင့်လေးတွေကို
ငါတစ်ယောက်တည်း စနစ်တကျနဲ့
အကုန်လုံးကုန်အောင် စိုက်ကြဲနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့ ပြောစရာတောင်မလိုဘဲ
လူတိုင်းအသိ...
ဒါပေမဲ့ ကောင်မလေးရယ်...
ဘေးနားမှာကွယ် ...
ဘာမှမလုပ်ရင်တောင်မှ
ငုတ်တုတ်လေးထိုင်နေပေးရင်တော့...
ရှိနေပေးရင်တော့...
.............................
ဘေးနားမှာ နှုတ်ခမ်းဖျားပေါ်က
ပျားရည်သုတ်စကားလေးတွေနဲ့
အားပေးနေရင်တော့...
..................................
အားမပေးနိုင်ရင်တောင်မှကွာ
ငါ့ပုခုံးတစ်ဖက်တည်းကိုပဲ
အရှုံးရက်တွဲ မြဲမြဲဖက်တွယ်
ဆုပ်ကိုင်ထားပေးမယ်ဆိုရင်တော့...
နောက်...
ဆုပ်ကိုင်ထားတဲ့နောက်မှာ
မာယာမဲ့မင်းနှုတ်ခမ်းလေးရဲ့
ပိုင်ရှင်မင်းခေါင်းခေါင်းလေးနဲ့
ပိုးသားရှုံးဆံနွယ်လေးတွေ
ညင်သာစွာငါ့ပုခုံးထက်မှာ
ဟန်ဆောင်မှုကင်းမဲ့မှီထားမယ်ဆိုရင်တော့...
ငါ...
ကြယ်တာရာတွေကို ကောင်းကင်ကြီးဆီ
စနစ်တကျမဟုတ်တောင်မှ
ပုံစချ
အတတ်နိုင်ဆုံးထိတော့....
အချိန်အခါအလိုက်
ရက်ရက်စက်စက်မိုက်နေတဲ့
အချိန်...
ငါတစ်ယောက်တည်း
ဒီညလုံးဝကို မိုက်နေတာထက်စာရင်
မသဲမကွဲမှောင်နေတာပိုပြီးကောင်းပါတယ်
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကာ
ကြယ်စိလေးတွေကို
မရည်မိဘဲ
လိုက်လံကြဲပျိုးမိရဲ့...။...
ဒီလောက်များပြားလှတဲ့ ကြယ်ပွင့်လေးတွေကို
ငါတစ်ယောက်တည်း စနစ်တကျနဲ့
အကုန်လုံးကုန်အောင် စိုက်ကြဲနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးလို့ ပြောစရာတောင်မလိုဘဲ
လူတိုင်းအသိ...
ဒါပေမဲ့ ကောင်မလေးရယ်...
ဘေးနားမှာကွယ် ...
ဘာမှမလုပ်ရင်တောင်မှ
ငုတ်တုတ်လေးထိုင်နေပေးရင်တော့...
ရှိနေပေးရင်တော့...
.............................
ဘေးနားမှာ နှုတ်ခမ်းဖျားပေါ်က
ပျားရည်သုတ်စကားလေးတွေနဲ့
အားပေးနေရင်တော့...
..................................
အားမပေးနိုင်ရင်တောင်မှကွာ
ငါ့ပုခုံးတစ်ဖက်တည်းကိုပဲ
အရှုံးရက်တွဲ မြဲမြဲဖက်တွယ်
ဆုပ်ကိုင်ထားပေးမယ်ဆိုရင်တော့...
နောက်...
ဆုပ်ကိုင်ထားတဲ့နောက်မှာ
မာယာမဲ့မင်းနှုတ်ခမ်းလေးရဲ့
ပိုင်ရှင်မင်းခေါင်းခေါင်းလေးနဲ့
ပိုးသားရှုံးဆံနွယ်လေးတွေ
ညင်သာစွာငါ့ပုခုံးထက်မှာ
ဟန်ဆောင်မှုကင်းမဲ့မှီထားမယ်ဆိုရင်တော့...
ငါ...
ကြယ်တာရာတွေကို ကောင်းကင်ကြီးဆီ
စနစ်တကျမဟုတ်တောင်မှ
ပုံစချ
အတတ်နိုင်ဆုံးထိတော့....
Friday, April 16, 2010
“ပြောင်းတိပြောင်းဆန်သဏ္ဌန် ခေတ်တွေရဲ့မာန်”
မနက်ခင်းတစ်ခုရဲ့ ဂီတ
အမှောင်ဘဝတွေနဲ့
တီးခတ်ဖွဲ့ဆိုနေတာ
ဘယ်သူမှ မသိကြ....
.............................
သန်းခေါင်ယံတစ်ခုရဲ့ ဘဝ
ကောင်းကင်လှလှထဲ နေ့ဘက်မှာ
ပျိုးထားတဲ့ အလင်းနှစ်များစွာဖြာကျ...
..................................
ဆောင်းတစ်ခုရဲ့ အလှ
ကြောင်စီစီမနက်ခင်းများ...
အိုက်တိုက်တိုက်မိုးစက်များ...
ချွေးကျနွေကိုယ်အထာများနဲ့ သိပ်ပီပြင်ခွင့်မရ...။...
..........................................
နွေအလင်းနှစ်များရဲ့ အချိန်က
စိုစွက်ဗွက်ထကာ
အပျိုရွက်ရေအိုးများ
လေပြေလေရူးများပေါ်
ဖိတ်သွန်မှောက်ကျနေလားလို့တောင်
စိုစွတ်မှုများနဲ့ဆိုတော့
အားလုံးကသင်္ကာမကင်းကြ...
......................................
မိုးရာသီတစ်ခုရဲ့ ကောင်းကင်တွေက
ကန္တာရထဲက အဆောက်အအုံပျက်တွေလို
ခြောက်သွေ့ခြင်းနဲ့ ပြိုလဲတော့မယ်..
ဒါကို ဘယ်သူကမှ
ဂရုမစိုက်၊ သတိလေးတောင်မရ...
.................................................
လင်းနေလျက်နဲ့ မမြင်ရတဲ့
ဘဝတွေက
ဓမ္မတာတစ်ခုလို ဖြစ်နေပါပြီ..။..
ဟော်..
ကြားရပြန်ပြီ...
ကလုံးလေးတွေ(ယောက်ျားချင်းညားသူများ)
ကပြားလေးတွေ(မိန်းမချင်းညားသူများ)
ဟိုးလေးတကျော်ပါပဲ..
နောက်ဆုံးပေါ်
ဖက်ရှင်ဒီဇိုင်းတွေထက်တောင်
ပိုပြီးတော့
လူကြိုက်များ၊ အသိများသွားတာ
နေအနောက်ဘက်က ဝင်တယ်ဆိုတဲ့
နိယာမထက်တောင်
ကျိန်းသေနေသေး..။..
.............................
ဘာတွေ ဖြစ်ကုန်ပြီလဲကွာ...
ငါဘယ်လို ဆက်နေထိုင်ရတော့မလဲ...
ရေလိုက်ငါးလိုက်ဆိုတာပါပဲလား.....။..။။..။။။
အမှောင်ဘဝတွေနဲ့
တီးခတ်ဖွဲ့ဆိုနေတာ
ဘယ်သူမှ မသိကြ....
.............................
သန်းခေါင်ယံတစ်ခုရဲ့ ဘဝ
ကောင်းကင်လှလှထဲ နေ့ဘက်မှာ
ပျိုးထားတဲ့ အလင်းနှစ်များစွာဖြာကျ...
..................................
ဆောင်းတစ်ခုရဲ့ အလှ
ကြောင်စီစီမနက်ခင်းများ...
အိုက်တိုက်တိုက်မိုးစက်များ...
ချွေးကျနွေကိုယ်အထာများနဲ့ သိပ်ပီပြင်ခွင့်မရ...။...
..........................................
နွေအလင်းနှစ်များရဲ့ အချိန်က
စိုစွက်ဗွက်ထကာ
အပျိုရွက်ရေအိုးများ
လေပြေလေရူးများပေါ်
ဖိတ်သွန်မှောက်ကျနေလားလို့တောင်
စိုစွတ်မှုများနဲ့ဆိုတော့
အားလုံးကသင်္ကာမကင်းကြ...
......................................
မိုးရာသီတစ်ခုရဲ့ ကောင်းကင်တွေက
ကန္တာရထဲက အဆောက်အအုံပျက်တွေလို
ခြောက်သွေ့ခြင်းနဲ့ ပြိုလဲတော့မယ်..
ဒါကို ဘယ်သူကမှ
ဂရုမစိုက်၊ သတိလေးတောင်မရ...
.................................................
လင်းနေလျက်နဲ့ မမြင်ရတဲ့
ဘဝတွေက
ဓမ္မတာတစ်ခုလို ဖြစ်နေပါပြီ..။..
ဟော်..
ကြားရပြန်ပြီ...
ကလုံးလေးတွေ(ယောက်ျားချင်းညားသူများ)
ကပြားလေးတွေ(မိန်းမချင်းညားသူများ)
ဟိုးလေးတကျော်ပါပဲ..
နောက်ဆုံးပေါ်
ဖက်ရှင်ဒီဇိုင်းတွေထက်တောင်
ပိုပြီးတော့
လူကြိုက်များ၊ အသိများသွားတာ
နေအနောက်ဘက်က ဝင်တယ်ဆိုတဲ့
နိယာမထက်တောင်
ကျိန်းသေနေသေး..။..
.............................
ဘာတွေ ဖြစ်ကုန်ပြီလဲကွာ...
ငါဘယ်လို ဆက်နေထိုင်ရတော့မလဲ...
ရေလိုက်ငါးလိုက်ဆိုတာပါပဲလား.....။..။။..။။။
“မိုး”
တိမ်ညိုတွေ ခရီးထွက်သွားခဲ့…..
လေညင်းတွေ
အကြောင်ရိုက်ပြီး
ပူအိုက်ခြင်းတွေရဲ့ အလှောင်ပြောင်ခံရတဲ့နေ့…..
ငါမေ့နေတဲ့ အတိတ်တွေတောင်
အရိပ်တွေအဖြစ် ဘေးနား
ခစားရလောက်အောင်…
ခန္ဓာကိုယ်ရဲ့ ရှိမဲ့မရှိမဲ့အအေးဓာတ်လေးတွေတောင်
မှုံမှိုင်းကာ နေ့လည်ခင်းတစ်ခုထုံထိုင်းတဲ့နေ့…..
……………………………………………
ထိုင်ခုံတစ်ခုပေါ် ကုလားလိုရို့ရို့လေးထိုင်ပြီး
ကုလားထိုင်လို့ အမည်တွင်စေရစ်…
ဟာတာတာရင်ဘတ်တစ်ခုကို
ချွေးတွေနဲ့ စိုပြေစေလိုငြား
အပြင်ဘက် ဟထုတ်ထားရတဲ့ ငါ့အဖြစ်…
………………………………………
မိုးရယ်…
မြင်နိုင်ရင် ဖြစ်ပျက်နေသမျှအားလုံးအတွက်
သနားပါကွယ်…
ဘယ်ပျောက်နေတာလဲ…
အိပ်မက်ခွေးတွေနဲ့ အနံ့ခံကာ
လိုက်ရှာနေပါတယ်…
ဘယ်မှာလဲကွယ်…
တိမ်ညိုတွေ မိုးကို လိမ်လှည်လှည့်ဖြားကာ
မြှားခေါ်သွားပြီလား…
အဆုံးအစမဲ့ကောင်းကင်ကြီးရေ…
မိုးကို တွေ့ရင်ပြောပေးပါ…
“မိုး… ဘယ်နေရာမှာပဲရှိရှိ
သတိရစွာ ပြန်လာမယ့်နေ့ကို
ဆောင့်အော်ကာ…
စောင့်မျှော်နေပါတယ်…
မိုးအတွက် အစစအရာရာစိတ်ပူပေးနေပါတယ်…
နောက်…
မိုးပြန်လာရင် စိတ်ကြိုက်ရွာချဖို့
ကန္တရရင်ခွင်ကြီးနဲ့
အိုအေစစ်မဲ့ ရင်ခုန်သံနွေအနားပဲ့တွေ
သိမ်းပိုက်ပွေ့ရှိုက်ထားပါတယ်…”…လို့…။..။.။။။…။
Thursday, April 15, 2010
ကျေးဇူးတင်ကြောင်း...
အားလုံးရဲ့ အားပေးမှုကြောင့်(ဖတ်ရှုမှုကြောင့်) ကျွန်တော်တစ်ယောက် ဘယ်သူမှမဖတ်ပါဘူးဆိုပြီင်္း စိတ်ဓာတ်မကျဘဲ အလံမလဲအခုပုဒ်တစ်ရာကျော်သည်အထိ ဒီဘလော့(ဂ်)လေးကို ဆက်လက်ပြီး စာတွေ ရေးနေရတာပါ...။..အားပေမှုအတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော့်စာတွေကို ဖတ်တဲ့အခါမှာလည်း ကျွန်တော်ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ပြီး စာဖတ်သူအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်..။...အကြံပေးတာ၊ အပြုသဘောနဲ့ ဝေဖန်တာတွေကိုလည်း လုံးဝမျှော်လင့်ပါတယ်..။..ကျွန်တော်ဆိုတဲ့ ကောင်က ဘာမှမဟုတ်ပါဘူး..။..ဒါကြောင့် ဟုတ်ဖို့ အကြံဥာဏ်လေးတွေဖြစ်ဖြစ်၊ ဝေဖန်စာလေးတွေပဲဖြစ်ဖြစ်မျှော်လင့်ပါတယ်..။
ဒီဘလော့(ဂ်)ကို လာရောက်ကြည့်ရှုသူတွေနဲ့ ကျွန်တော့်စာဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ငြိမ်းအေးကြပါစေဗျာ...။..
လျံနိုး
(ခေတ္တဖိလစ်ပိုင်နိုင်ငံမနီလာ)
ဒီဘလော့(ဂ်)ကို လာရောက်ကြည့်ရှုသူတွေနဲ့ ကျွန်တော့်စာဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ငြိမ်းအေးကြပါစေဗျာ...။..
လျံနိုး
(ခေတ္တဖိလစ်ပိုင်နိုင်ငံမနီလာ)
“လေရူး...”
တိုက်ဆိုင်မှုဆိုတဲ့ အခြေအနေလှလှလေး
တစ်ခုကြောင့်...
နှစ်ဦးသား
အကြည့်လေးတွေ ဆုံမိတိုင်း...
နေရာမသိတဲ့ တစ်နေရာရာက
ပုန်းလျှိုရင်ခုန်သံဟောင်းလေးတွေ
နလံပြန်ထ...အပြင်ဘက်ကို
ထွက်ရှလာတတ်ပါတယ်...။...
တစ်ခုကြောင့်...
နှစ်ဦးသား
အကြည့်လေးတွေ ဆုံမိတိုင်း...
နေရာမသိတဲ့ တစ်နေရာရာက
ပုန်းလျှိုရင်ခုန်သံဟောင်းလေးတွေ
နလံပြန်ထ...အပြင်ဘက်ကို
ထွက်ရှလာတတ်ပါတယ်...။...
“အချစ်မဲ့ ကဗျာမျိုး...သီချင်းမဲ့တဲ့ ဂစ်တာကြိုး...”
တစ်စထက်တစ်စ
လှရက်မရ...သုတ်ဖယ်ခွင့်မရှိဘဲ
ကျကျလာတဲ့ ဒီမျက်ရည်ညတွေကို
လေအဟုန်မှာ အကုန်စုံလုံးကန်းလိုက်ကာ
ပစ်မျောလိုက်ပြီ...။...
မျက်ရည်တွေကို အဝေးသယ်ဆောင်သွားပေးတဲ့
လေပြေလေရူးလေးတွေ
ခဏခဏအလည်လာတိုင်းလည်း
ရင်ထဲပူရှမှုတွေကိုသာ...
ခဏပါပဲ...အေးစေနိုင်တာ..
နောက်တော့ ဒုံရင်းဟာ ဒုံရင်းဖြစ်သွားလေ့ရှိတာလည်း
မင်းသမီးနဲ့ မင်းသားညားကိုညားရမယ်ဆိုတဲ့
ဇာတ်ကားတွေရဲ့ သီအိုရီတစ်ခုလိုပါပဲ...။...
............................
တကယ်တော့...
ဘဝဆိုတာ...အခုအတွေးပေါ်
အခုချက်ချင်းလက်ငင်းထိုင်းရေး
လို့ရတဲ့ ကဗျာတစ်ပုဒ်မဟုတ်ဘူ...။...
အခြေအနေအကြောင်းအရပ်ရပ်ကြောင့်
လေပြေလေးတွေ ရူးရသလို
အခြေအနေလေးတွေလည်း ထူးရတယ်...။..
အခုတော့...
ကလေကခြေမြှားတစ်စင်းကျိုးသွားပါ ပြီ...
အချစ်ကို ဟိုတောက်ဒီတောက်
ရွှတ်နောက်နောက်လုပ်လို့တဲ့..။.. .
ကောင်းကင်ကတောင် ပြောလိုက်သေး..
အချစ်ကို မယုံသေးသူတွေအတွက်
လောကကြီးအပေါ်အလောင်ခံပြီး
ငါပေးထားတဲ့ နေကိုပဲကြည့်တဲ့..။..
ဟုတ်တော့ ဟုတ်သား..
အချစ်က အရာရာကို စွမ်းဆောင်နိုင်ပါလားဆိုတာတော့
မဟုတ်ပေမဲ့ အတုအယောင်အပြုံးယုတ်တွေထက်တော့
ပိုချိုမြိန်ပါတယ်..။..
.....................
လူသားတိုင်း ချစ်တတ်ကြပါစေ...
လေကလေးများ ရူးတတ်ကြပါစေ...
အခြေအနေလေးများ ထူးတတ်ကြပါစေ...
ရင်ခွင်လေးများ အချစ်ဆူးတွေ စူးထက်ရှပါစေ..
တစ်ယောက်တည်းသာ
တောင်းဆုခြွေ...
ဒီတော့ငါဟာ...
အတိတ်တွေရဲ့ အရိပ်တွေမဲ့
အနာဂတ်တစ္ဆေ..။..။။။.။
လှရက်မရ...သုတ်ဖယ်ခွင့်မရှိဘဲ
ကျကျလာတဲ့ ဒီမျက်ရည်ညတွေကို
လေအဟုန်မှာ အကုန်စုံလုံးကန်းလိုက်ကာ
ပစ်မျောလိုက်ပြီ...။...
မျက်ရည်တွေကို အဝေးသယ်ဆောင်သွားပေးတဲ့
လေပြေလေရူးလေးတွေ
ခဏခဏအလည်လာတိုင်းလည်း
ရင်ထဲပူရှမှုတွေကိုသာ...
ခဏပါပဲ...အေးစေနိုင်တာ..
နောက်တော့ ဒုံရင်းဟာ ဒုံရင်းဖြစ်သွားလေ့ရှိတာလည်း
မင်းသမီးနဲ့ မင်းသားညားကိုညားရမယ်ဆိုတဲ့
ဇာတ်ကားတွေရဲ့ သီအိုရီတစ်ခုလိုပါပဲ...။...
............................
တကယ်တော့...
ဘဝဆိုတာ...အခုအတွေးပေါ်
အခုချက်ချင်းလက်ငင်းထိုင်းရေး
လို့ရတဲ့ ကဗျာတစ်ပုဒ်မဟုတ်ဘူ...။...
အခြေအနေအကြောင်းအရပ်ရပ်ကြောင့်
လေပြေလေးတွေ ရူးရသလို
အခြေအနေလေးတွေလည်း ထူးရတယ်...။..
အခုတော့...
ကလေကခြေမြှားတစ်စင်းကျိုးသွားပါ
အချစ်ကို ဟိုတောက်ဒီတောက်
ရွှတ်နောက်နောက်လုပ်လို့တဲ့..။..
ကောင်းကင်ကတောင် ပြောလိုက်သေး..
အချစ်ကို မယုံသေးသူတွေအတွက်
လောကကြီးအပေါ်အလောင်ခံပြီး
ငါပေးထားတဲ့ နေကိုပဲကြည့်တဲ့..။..
ဟုတ်တော့ ဟုတ်သား..
အချစ်က အရာရာကို စွမ်းဆောင်နိုင်ပါလားဆိုတာတော့
မဟုတ်ပေမဲ့ အတုအယောင်အပြုံးယုတ်တွေထက်တော့
ပိုချိုမြိန်ပါတယ်..။..
.....................
လူသားတိုင်း ချစ်တတ်ကြပါစေ...
လေကလေးများ ရူးတတ်ကြပါစေ...
အခြေအနေလေးများ ထူးတတ်ကြပါစေ...
ရင်ခွင်လေးများ အချစ်ဆူးတွေ စူးထက်ရှပါစေ..
တစ်ယောက်တည်းသာ
တောင်းဆုခြွေ...
ဒီတော့ငါဟာ...
အတိတ်တွေရဲ့ အရိပ်တွေမဲ့
အနာဂတ်တစ္ဆေ..။..။။။.။
“ကလေးရယ်...”
လေပြည်လေးတွေ
ငိုနေပြီ ကလေးရယ်....
ကိုယ့်အနားမှာ ကလေးမရှိတော့လို့တဲ့..။..
ကြယ်လေးတွေ ကြွေနေတယ်
ကလေးရယ်...
သူတို့ဘဝအပျက်ခံပြီး
ရေမြေခြားနေတဲ့ ကိုယ်တို့ရဲ့
ရင်ခုန်သံပို့သမားလေးတွေအဖြစ်
ဆောင်ရွက်ဖို့ပေါ့...။...
နာရီလေးတွေ ပြုံးနေတယ်
ကလေးရယ်...
ကလေးရဲ့ အသည်း
ရက်ရက်စက်စက်ခွဲခဲ့တဲ့ကိုယ့်ကို
နာကြည်းလွန်းလို့ ကောက်ကျစ်ပြုံးပြုံးတာလေ...။..
..................................
ဩော်...ကလေးရယ်...
ရေမြေတွေ ခြားနေတယ်သာဆိုတယ်..
အိပ်မက်လား...လက်တွေ့လား...ခွဲခြားမရတဲ့
အိပ်မက်ဆိုးကြီးကို
အတည်ပေါက်မက်နေရသလိုပါပဲကွယ်...
ကလေး..
အတိတ်က ကိုယ်တို့ရယ်သံတွေနဲ့
ရောနေတဲ့ လက်ရှိကလေးရဲ့
မျက်ရည်တွေကို
နှစ်ယောက်စလုံးရဲ့ မနက်ဖြန်မိုးတိမ်တွေမပြိုဖို့
သုတ်သင်ပေးပါ...
နောက်...
ကြွယ်ကြွေရင် ကိုယ့်ရင်ခုန်သံတွေ
ကလေးဆီ ပါတတ်ဆဲမို့
ကိုယ်ပို့လိုက်တဲ့ ရင်ခုန်သံနဲ့ ကလေးလည်း....
ပြုံးမြဲပြုံးနေပေးပါ......
ငိုနေပြီ ကလေးရယ်....
ကိုယ့်အနားမှာ ကလေးမရှိတော့လို့တဲ့..။..
ကြယ်လေးတွေ ကြွေနေတယ်
ကလေးရယ်...
သူတို့ဘဝအပျက်ခံပြီး
ရေမြေခြားနေတဲ့ ကိုယ်တို့ရဲ့
ရင်ခုန်သံပို့သမားလေးတွေအဖြစ်
ဆောင်ရွက်ဖို့ပေါ့...။...
နာရီလေးတွေ ပြုံးနေတယ်
ကလေးရယ်...
ကလေးရဲ့ အသည်း
ရက်ရက်စက်စက်ခွဲခဲ့တဲ့ကိုယ့်ကို
နာကြည်းလွန်းလို့ ကောက်ကျစ်ပြုံးပြုံးတာလေ...။..
..................................
ဩော်...ကလေးရယ်...
ရေမြေတွေ ခြားနေတယ်သာဆိုတယ်..
အိပ်မက်လား...လက်တွေ့လား...ခွဲခြားမရတဲ့
အိပ်မက်ဆိုးကြီးကို
အတည်ပေါက်မက်နေရသလိုပါပဲကွယ်...
ကလေး..
အတိတ်က ကိုယ်တို့ရယ်သံတွေနဲ့
ရောနေတဲ့ လက်ရှိကလေးရဲ့
မျက်ရည်တွေကို
နှစ်ယောက်စလုံးရဲ့ မနက်ဖြန်မိုးတိမ်တွေမပြိုဖို့
သုတ်သင်ပေးပါ...
နောက်...
ကြွယ်ကြွေရင် ကိုယ့်ရင်ခုန်သံတွေ
ကလေးဆီ ပါတတ်ဆဲမို့
ကိုယ်ပို့လိုက်တဲ့ ရင်ခုန်သံနဲ့ ကလေးလည်း....
ပြုံးမြဲပြုံးနေပေးပါ......
“ရုန်းမထွက်နိုင်သေးဘူး”
ရင်ဘတ်မှာ ကောင်းကင်ကြီးဆီက
လမင်းကို ခဏငှား
ရင်ဘတ်မှာထား
ရင်ခုန်သံတွေနဲ့အတူ
ခပ်တင်းတင်းပူးချည်ထားလိုက်တယ်...
ညဆိုတဲ့ ဧည့်သည်တွေကို
အိပ်မက်ဆိုတဲ့ လက်မှတ်ပါမှ
လမင်းကို တွေ့ခွင့်ပြုမယ်..။..
..........................
တကယ်တော့.....
အချစ်ဆိုတာ...
အိပ်မက်တွေရဲ့
မိခင်ပါပဲ...
လမင်းကို ခဏငှား
ရင်ဘတ်မှာထား
ရင်ခုန်သံတွေနဲ့အတူ
ခပ်တင်းတင်းပူးချည်ထားလိုက်တယ်...
ညဆိုတဲ့ ဧည့်သည်တွေကို
အိပ်မက်ဆိုတဲ့ လက်မှတ်ပါမှ
လမင်းကို တွေ့ခွင့်ပြုမယ်..။..
..........................
တကယ်တော့.....
အချစ်ဆိုတာ...
အိပ်မက်တွေရဲ့
မိခင်ပါပဲ...
“သူများဘေးဒဏ်ကြံ..နောက်...”
လက်ထဲမှာ ကိုင်ထားတဲ့
နွေမနက်ဓားနဲ့
ဆောင်းအသက်များရဲ့
ဇိဝိန်တွေကို
မလိုတမာလိုက်သတ်...
ဆောင်းကမသေပဲ
ငါမောဟိုက်တတ်တာပဲ
အဖတ်တင်တယ်..။..။။။
နွေမနက်ဓားနဲ့
ဆောင်းအသက်များရဲ့
ဇိဝိန်တွေကို
မလိုတမာလိုက်သတ်...
ဆောင်းကမသေပဲ
ငါမောဟိုက်တတ်တာပဲ
အဖတ်တင်တယ်..။..။။။
“ကျိုးပဲ့ပက်ထရမ်(Broken Pick)”
အနာခံအကျိုးပဲ့ခံပြီး
ကဗျာလေးတွေကို သံစဉ်ချိုချိုတွေနဲ့ငါ
အိမ်ထောင်ချပေးခဲ့တယ်..
လေညင်းတွေကို အတတ်နိုင်ဆုံး
ဖျော်ဖြေပေးခဲ့တယ်...
နွေရက်တွေကို အရည်ကျိုချက်နေတဲ့
မိုးညတွေမှာလည်း ငါ...
အအေးမိခံ...ကြွက်စုတ်တစ်ကောင်လို
အဖြစ်ခံပြီး...အမှောင်ထုနဲ့
မိုးစက်လေးတွေ သင့်မြတ်အောင်
ငါဖြန်ဖြေပေးခဲ့တယ်..။...
ဆောင်းရက်တွေကို ရောင်းထွက်အောင်
နေဆိုတဲ့ အရောင်းစာရေးနဲ့ အပူတပြင်းကြိုးစားနေတဲ့
နွေရက်တွေမှာလည်း ငါကိုယ်တိုင်.......
အပူပြင်းခံ..အစုတ်ပဲ့ခံပြီး
နေရောင်ထဲ ကျွန်ခံနေရရှာတဲ့ မြူမှုန်တွေကို
ကာကွယ်ပေးခဲ့တယ်...။...
ညတိုင်းလည်း လမင်းဆီ
နာကျင်မျက်ရည်ပင်တွေဆီက(မျိုးယူပြီး)
တယုတယပျိုးထားဆဲ
မျက်ရည်ညတွေဝနေတဲ့ သံစဉ်လှလှတွေကို
အမြဲအခမဲ့ မပျက်ကွက်တမ်း
ငါပို့ပေးခဲ့တယ်...။...
.............................
အချိန်တွေကြာလာ...
ပေးဆပ်မှုတွေများလာ...
ကိုယ်ကျိုးဖဲ့ ပေးဆပ်တာတွေဟာ...
ငါကိုယ်ငါတောင် ဂရုမစိုက်နိုင်တော့ကာ...
...................................
အချိန်တွေကို သဒ္ဓေတည်ထားတဲ့ ရက်တွေ
နေ့စေ့လစေ့ဖို့ နာရီပေါင်းများစွာရလာတဲ့အခါ....
ငါဟာ...
မျက်လုံးလေးတွေ မှိတ်တုတ်တုတ်နဲ့
တာရာကြယ်လေးတွေရဲ့
မလေးမစားအလှောင်ပြောင်ခံရတဲ့
နာရံပဲ့အပေါက်တစ်ခုထဲမှာ...
ကျိုးပဲ့ခြင်းများစွာနဲ့သာ......
ဘယ်သူမှ ငါ့ကို သတိမရကြတော့ပါ...။..။.။။.။။။
ကဗျာလေးတွေကို သံစဉ်ချိုချိုတွေနဲ့ငါ
အိမ်ထောင်ချပေးခဲ့တယ်..
လေညင်းတွေကို အတတ်နိုင်ဆုံး
ဖျော်ဖြေပေးခဲ့တယ်...
နွေရက်တွေကို အရည်ကျိုချက်နေတဲ့
မိုးညတွေမှာလည်း ငါ...
အအေးမိခံ...ကြွက်စုတ်တစ်ကောင်လို
အဖြစ်ခံပြီး...အမှောင်ထုနဲ့
မိုးစက်လေးတွေ သင့်မြတ်အောင်
ငါဖြန်ဖြေပေးခဲ့တယ်..။...
ဆောင်းရက်တွေကို ရောင်းထွက်အောင်
နေဆိုတဲ့ အရောင်းစာရေးနဲ့ အပူတပြင်းကြိုးစားနေတဲ့
နွေရက်တွေမှာလည်း ငါကိုယ်တိုင်.......
အပူပြင်းခံ..အစုတ်ပဲ့ခံပြီး
နေရောင်ထဲ ကျွန်ခံနေရရှာတဲ့ မြူမှုန်တွေကို
ကာကွယ်ပေးခဲ့တယ်...။...
ညတိုင်းလည်း လမင်းဆီ
နာကျင်မျက်ရည်ပင်တွေဆီက(မျိုးယူပြီး)
တယုတယပျိုးထားဆဲ
မျက်ရည်ညတွေဝနေတဲ့ သံစဉ်လှလှတွေကို
အမြဲအခမဲ့ မပျက်ကွက်တမ်း
ငါပို့ပေးခဲ့တယ်...။...
.............................
အချိန်တွေကြာလာ...
ပေးဆပ်မှုတွေများလာ...
ကိုယ်ကျိုးဖဲ့ ပေးဆပ်တာတွေဟာ...
ငါကိုယ်ငါတောင် ဂရုမစိုက်နိုင်တော့ကာ...
...................................
အချိန်တွေကို သဒ္ဓေတည်ထားတဲ့ ရက်တွေ
နေ့စေ့လစေ့ဖို့ နာရီပေါင်းများစွာရလာတဲ့အခါ....
ငါဟာ...
မျက်လုံးလေးတွေ မှိတ်တုတ်တုတ်နဲ့
တာရာကြယ်လေးတွေရဲ့
မလေးမစားအလှောင်ပြောင်ခံရတဲ့
နာရံပဲ့အပေါက်တစ်ခုထဲမှာ...
ကျိုးပဲ့ခြင်းများစွာနဲ့သာ......
ဘယ်သူမှ ငါ့ကို သတိမရကြတော့ပါ...။..။.။။.။။။
Wednesday, April 14, 2010
“ငါချစ်တယ်....ဂမ္ဘီရမယ်”
မဝရေစာ ပဲပြုတ်ခြမ်းတစ်ဖဲ့နဲ့
ခပ်သဲ့သဲ့ ကောင်းကင်ကြီးကို
ငါမဲ့ပြုံးလေးနဲ့ ဟားတိုက်ရယ်မောမိရဲ့...
ကောင်းကင်ကြီးကတော့ သက်တံတွေပိုက်လျက်
အပြုံးမပျက်ပါပဲ...
နောက် ငါ့ကို လက်ဆောင်ပေးလိုက်သေးတယ်
ဂမ္ဘီရညတစ္ဆေမယ်...
အမှောင်တွေကိုင်ထားတဲ့ လက်နဲ့
ဂမ္ဘီရညတစ္ဆေမယ်ဖျော်ဖြေတယ်
ကြည့်လို့ကောင်းမှကောင်းကွာ..
သွေးတွေ ရုတ်တရက်ကြီး ထထပြေးတတ်လို့
ကျက်သီးမွေးတွေတောင်
ထထောင်မိတတ်သေး...
ဒီတော့ မထူးဘူးဆိုပြီး သွေးတွေကို
ဖြေသိမ့်ဖို့
ကောင်းကင်ကို အာဗွာပေး
ပြောလိုက်သေး..
ယူလိုက်ပါအနမ်းကလေး..
နောက်ပေးပါ..လမင်းလေးပေါ့..
လမင်းကို လှမ်းဆုတ်ယူပြီးတာနဲ့
ပုတ်ဆူနေတဲ့ အမြင်အာရုံတွေထဲ မသိမသာ
ထည့်ကြည့်လိုက်တော့
သွေးတွေက တဟစ်ဟစ်ရယ်လို့
ရွှင်လို့...။...
ငါဟာလည်း သူရယ်နေတုန်း
တရုန်းရုန်းစုပုံလာတဲ့ ငါ့အိပ်မက်တွေကို
ခပ်ပြုံးပြုံးမက်ပေးလိုက်တယ်..
သူတို့(အိပ်မက်)တွေ ခဗျာ..
ပျော်လို့ရွှင်လို့...။...။..။.။။။
(ပို့မော်ဒန်ကြိုက်သူတွေအတွက် ကြိုးစားပြီးရေးထားပါတယ်)
ခပ်သဲ့သဲ့ ကောင်းကင်ကြီးကို
ငါမဲ့ပြုံးလေးနဲ့ ဟားတိုက်ရယ်မောမိရဲ့...
ကောင်းကင်ကြီးကတော့ သက်တံတွေပိုက်လျက်
အပြုံးမပျက်ပါပဲ...
နောက် ငါ့ကို လက်ဆောင်ပေးလိုက်သေးတယ်
ဂမ္ဘီရညတစ္ဆေမယ်...
အမှောင်တွေကိုင်ထားတဲ့ လက်နဲ့
ဂမ္ဘီရညတစ္ဆေမယ်ဖျော်ဖြေတယ်
ကြည့်လို့ကောင်းမှကောင်းကွာ..
သွေးတွေ ရုတ်တရက်ကြီး ထထပြေးတတ်လို့
ကျက်သီးမွေးတွေတောင်
ထထောင်မိတတ်သေး...
ဒီတော့ မထူးဘူးဆိုပြီး သွေးတွေကို
ဖြေသိမ့်ဖို့
ကောင်းကင်ကို အာဗွာပေး
ပြောလိုက်သေး..
ယူလိုက်ပါအနမ်းကလေး..
နောက်ပေးပါ..လမင်းလေးပေါ့..
လမင်းကို လှမ်းဆုတ်ယူပြီးတာနဲ့
ပုတ်ဆူနေတဲ့ အမြင်အာရုံတွေထဲ မသိမသာ
ထည့်ကြည့်လိုက်တော့
သွေးတွေက တဟစ်ဟစ်ရယ်လို့
ရွှင်လို့...။...
ငါဟာလည်း သူရယ်နေတုန်း
တရုန်းရုန်းစုပုံလာတဲ့ ငါ့အိပ်မက်တွေကို
ခပ်ပြုံးပြုံးမက်ပေးလိုက်တယ်..
သူတို့(အိပ်မက်)တွေ ခဗျာ..
ပျော်လို့ရွှင်လို့...။...။..။.။။။
(ပို့မော်ဒန်ကြိုက်သူတွေအတွက် ကြိုးစားပြီးရေးထားပါတယ်)
“ပစ်လိုက်စမ်း”
အရှေ့ဘက်ကနေမှန်ရင်
အနောက်လေတွေ ဘယ်လိုပင်
ကြိမ်းမောင်းမောင်း၊ နှင်ထုတ်ထုတ်
အနောက်ဘက်ကို အဟုတ်
ယွန်းရမှာပဲ....
....................
ဝါသနာသာ မှန်ရင်...
အတိုက်အခံတွေဘယ်လောက်ပင်များများ
ရှေ့ဆက်သွားရမှာပဲ..
နောက်...
အတိုက်အခံများလေလေ
အရှေ့တက်မယ်ဆိုတဲ့ စိတ်ထားလေလေပဲ...
.........................
ဒါ...
ကျဆုံးခြင်းတွေအတွက်
သူတို့ဇိဝိန်အသက်ခြွေမယ့်
သေနတ်မောင်းတစ်ချက်...။
အနောက်လေတွေ ဘယ်လိုပင်
ကြိမ်းမောင်းမောင်း၊ နှင်ထုတ်ထုတ်
အနောက်ဘက်ကို အဟုတ်
ယွန်းရမှာပဲ....
....................
ဝါသနာသာ မှန်ရင်...
အတိုက်အခံတွေဘယ်လောက်ပင်များများ
ရှေ့ဆက်သွားရမှာပဲ..
နောက်...
အတိုက်အခံများလေလေ
အရှေ့တက်မယ်ဆိုတဲ့ စိတ်ထားလေလေပဲ...
.........................
ဒါ...
ကျဆုံးခြင်းတွေအတွက်
သူတို့ဇိဝိန်အသက်ခြွေမယ့်
သေနတ်မောင်းတစ်ချက်...။
“ရေမြေခြားသွားရတော့...သန်းခေါင်ယံတို့”
ကောင်းကင်မှာ လွတ်လွတ်လပ်လပ်နဲ့
ရိုးတံမရှိဘဲ ပုံမပြယ်ရောင်မကွယ်
ကစဥ့်ကလျားပွင့်ဖူးနေတဲ့
တာရာကြယ်တွေတောင်
အချိန်တန်လို့ အမင်္ဂလာကျိန်ဒဏ်သင့်ဖို့
ကြွေကျစမြဲ....
တို့လူတွေဟာလည်း
ခွဲခွာခြင်းမိုးတိမ်အောက်မှာ
(တစ်ချိန်တည်းမဟုတ်ပေမဲ့)
ဝိဥာဉ်တွေ စိုစွတ်ပြဲစုတ်ကာ
သေကြရမှာလည်း
ဖြစ်စဉ်ဖြစ်မြဲ...
ဓမ္မတာတစ်ခုပါပဲ...
.............................
သေကြွေခြင်းမရှိဘဲ မနက်ဖြန်တွေ
ပြူးပြူးပြဲပြဲနဲ့ လောကကြီးထဲ
ရှင်သန်နေပါလျက်
သမုဒ္ဒရာတစ်ခုရဲ့ အစွန်းအစနှစ်ဖက်မှာ
အနာဂတ်ကောင်း(သို့)ပစ္စုပ္ပန်ဆိုးဆိုတဲ့
လှော်တက်ကိုယ်စီကိုင်ကာ
ခြေလှမ်းတွေ ခပ်ပဲ့ပဲ့လေး
ကိုယ်မျက်နှာမူရာ အရှေ့ဘက်ဆီကို
အနောက်လေနဲ့အတူ
ခပ်ပေါ့ပေါ့တွေး ယွန်းပေးခဲ့ကြတယ်....။
............................
ကဲ....အခုတော့.....
ဝေးကြစတမ်းရယ်လို့
ညစ်ညမ်းတဲ့ နွမ်းနယ်မှုတွေပြယ်ဖို့
ရွာရိုးကိုးပေါက်
ကျောချင်းဆိုင်လျှောက်၊ ခပ်နောက်နောက်
မြင်နေကျမျက်နှာကိုယ်စီပျောက်အောင်
ဆော့ကစားခဲ့ကြတာထက်ကို......
တစ်ယောက်ခေါ်...တစ်ယောက်အော်
(မကြားတဲ့အခါ)
ပြန်မထူးနိုင်တော့တဲ့ ဘဝတွေပေါ့...
တကယ်လို့ ထူးခဲ့ရင်တော့
ဒီလူအမှန်ရူးပြီပေါ့...။....
အရင်ကလို လေပြေတွေထဲ
စကားသံတွေနဲ့ ကလူကျီစယ်ခွင့်တွေ
ဆုံးရှုံးသွားတဲ့ လူနှစ်ဦးရဲ့ အကျည်းတန်တဲ့
ညတွေ...
လတ်ဆတ်ဆဲ ရင်ခုန်သံကိုယ်စီ
အမှောင်ညတွေနဲ့ တွဲချီကာ...
ကောင်းကင်ကြီးက တစ်ဆင့်
ပို့ပေးခဲ့ကြတာတွေဟာလဲ....
သန်းခေါင်ယံတို့ မျက်နှာသစ်ချိန်ထဲ
နှစ်ဦးသား သွားလေးတွေပေါ်အောင်
ဖြေသိမ့်/ဖြေတွေးအပြုံးလေးတွေ
ပြုံးကြစမြဲ...။..။..။.။။။
ရိုးတံမရှိဘဲ ပုံမပြယ်ရောင်မကွယ်
ကစဥ့်ကလျားပွင့်ဖူးနေတဲ့
တာရာကြယ်တွေတောင်
အချိန်တန်လို့ အမင်္ဂလာကျိန်ဒဏ်သင့်ဖို့
ကြွေကျစမြဲ....
တို့လူတွေဟာလည်း
ခွဲခွာခြင်းမိုးတိမ်အောက်မှာ
(တစ်ချိန်တည်းမဟုတ်ပေမဲ့)
ဝိဥာဉ်တွေ စိုစွတ်ပြဲစုတ်ကာ
သေကြရမှာလည်း
ဖြစ်စဉ်ဖြစ်မြဲ...
ဓမ္မတာတစ်ခုပါပဲ...
.............................
သေကြွေခြင်းမရှိဘဲ မနက်ဖြန်တွေ
ပြူးပြူးပြဲပြဲနဲ့ လောကကြီးထဲ
ရှင်သန်နေပါလျက်
သမုဒ္ဒရာတစ်ခုရဲ့ အစွန်းအစနှစ်ဖက်မှာ
အနာဂတ်ကောင်း(သို့)ပစ္စုပ္ပန်ဆိုးဆိုတဲ့
လှော်တက်ကိုယ်စီကိုင်ကာ
ခြေလှမ်းတွေ ခပ်ပဲ့ပဲ့လေး
ကိုယ်မျက်နှာမူရာ အရှေ့ဘက်ဆီကို
အနောက်လေနဲ့အတူ
ခပ်ပေါ့ပေါ့တွေး ယွန်းပေးခဲ့ကြတယ်....။
............................
ကဲ....အခုတော့.....
ဝေးကြစတမ်းရယ်လို့
ညစ်ညမ်းတဲ့ နွမ်းနယ်မှုတွေပြယ်ဖို့
ရွာရိုးကိုးပေါက်
ကျောချင်းဆိုင်လျှောက်၊ ခပ်နောက်နောက်
မြင်နေကျမျက်နှာကိုယ်စီပျောက်အောင်
ဆော့ကစားခဲ့ကြတာထက်ကို......
တစ်ယောက်ခေါ်...တစ်ယောက်အော်
(မကြားတဲ့အခါ)
ပြန်မထူးနိုင်တော့တဲ့ ဘဝတွေပေါ့...
တကယ်လို့ ထူးခဲ့ရင်တော့
ဒီလူအမှန်ရူးပြီပေါ့...။....
အရင်ကလို လေပြေတွေထဲ
စကားသံတွေနဲ့ ကလူကျီစယ်ခွင့်တွေ
ဆုံးရှုံးသွားတဲ့ လူနှစ်ဦးရဲ့ အကျည်းတန်တဲ့
ညတွေ...
လတ်ဆတ်ဆဲ ရင်ခုန်သံကိုယ်စီ
အမှောင်ညတွေနဲ့ တွဲချီကာ...
ကောင်းကင်ကြီးက တစ်ဆင့်
ပို့ပေးခဲ့ကြတာတွေဟာလဲ....
သန်းခေါင်ယံတို့ မျက်နှာသစ်ချိန်ထဲ
နှစ်ဦးသား သွားလေးတွေပေါ်အောင်
ဖြေသိမ့်/ဖြေတွေးအပြုံးလေးတွေ
ပြုံးကြစမြဲ...။..။..။.။။။
Tuesday, April 13, 2010
“ရင်ခုန်ဘက်သို့ အဖမ်းခံခြင်း”
သွေ့ခြောက်နွမ်းရော်နေတဲ့
ငါ့အိပ်မက်တွေရဲ့
ရင်သွေးငယ် ယောင်ရမ်းခြင်း၊
တမ်းတခြင်းတွေကို ငဲ့ညာပြီး
ရှိတဲ့နေရာက ပြန်လာခဲ့ပေးပါ...
.............................
စိုစွတ်ဗွက်ထနေတဲ့ ငွေ့ရည်ဖွဲ့
တိမ်တွေရဲ့ ရင်သွေးငယ်
မျက်ရည်တွေကို သနားပြီး
ပို့ထားတဲ့ စာလေးတွေကို ရရင်
ပြန်ပေးပါ..
တကယ်မျှော်လင့်နေမှာ...
........................
မရှိမဲ့ ရှိမဲ့ အသံလေးတွေနဲ့(တဝူးဝူး)ရယ်လို့
ကြိုးစားပြီး အော်နေရှာတဲ့
ဆောင်းမုတ်သုံလေရူးလေးတွေကို
သက်ညှာပြီး
အော်ခေါ်နေတာကို ကြားရင်
ပြန်ထူးခေါ်ပေးပါ...
ရင်ထဲ နက်ရှိုင်းစွာစိုက်ဝင်နေတဲ့
နွေလို ဒဏ်ရာတွေဟာ
သွေးစိမ်းတွေရဲ
အခုချိန်ထိတည်ရှိဆဲတည်ရှိနေလို့ပါပဲ...
................................
အကြောင်းတစ်ခုနဲ့
အကြောင်းမဲ့လိုလို မင်းကြောင့်
သေဆုံးသွားခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာတွေကို
အားနာပြီး
အခုချိန်လောက်..
ကျိန်စာတွေပျောက်ဖို့ရာ
အတတ်နိုင်ဆုံး မင်းလက်ကလေးကို
ဆန့်တန်းပြီး
chatting ထဲဖြစ်ဖြစ်၊ မေးလ်တွေထဲဖြစ်ဖြစ်
ငါ့တမ်းစာတွေကို ချေပစွဲချက်တွေ
တင်လိုက်ပါ...
တရားသူကြီးမရှိတဲ့
ဒီခွဲခွာခြင်းဥပဒေရုံးမှာ
ငါပဲ တရားခံလုပ်လိုက်ပါ့မယ်..။...
မင်းကို ထွက်သွားစေခဲ့တာ
ငါ..ဆိုပါတော့...။...
မင်းကတော့ အပြစ်မရှိအပြစ်ရှာ
အကြောင်းမဲ့ ဖမ်းယူတဲ့
(ထွေးပိုက်စရာ)ရင်ခွင့်မဲ့
ငါ့နှလုံးသားအထက်က..လူ
ကဲ....ယူပေးတော့...
မင်းဆီ ထာဝရ(ရှိခဲ့ရင်)ပုံအပ်ထားမယ့်
ရင်ခုန်သံထောင်ဒဏ်..(နဲ့)..(အနှစ်ရှိလျက်)
အနှစ်ချို့တဲ့မဲ့ဘဝ....။..။..။။။.
ငါ့အိပ်မက်တွေရဲ့
ရင်သွေးငယ် ယောင်ရမ်းခြင်း၊
တမ်းတခြင်းတွေကို ငဲ့ညာပြီး
ရှိတဲ့နေရာက ပြန်လာခဲ့ပေးပါ...
.............................
စိုစွတ်ဗွက်ထနေတဲ့ ငွေ့ရည်ဖွဲ့
တိမ်တွေရဲ့ ရင်သွေးငယ်
မျက်ရည်တွေကို သနားပြီး
ပို့ထားတဲ့ စာလေးတွေကို ရရင်
ပြန်ပေးပါ..
တကယ်မျှော်လင့်နေမှာ...
........................
မရှိမဲ့ ရှိမဲ့ အသံလေးတွေနဲ့(တဝူးဝူး)ရယ်လို့
ကြိုးစားပြီး အော်နေရှာတဲ့
ဆောင်းမုတ်သုံလေရူးလေးတွေကို
သက်ညှာပြီး
အော်ခေါ်နေတာကို ကြားရင်
ပြန်ထူးခေါ်ပေးပါ...
ရင်ထဲ နက်ရှိုင်းစွာစိုက်ဝင်နေတဲ့
နွေလို ဒဏ်ရာတွေဟာ
သွေးစိမ်းတွေရဲ
အခုချိန်ထိတည်ရှိဆဲတည်ရှိနေလို့ပါပဲ...
................................
အကြောင်းတစ်ခုနဲ့
အကြောင်းမဲ့လိုလို မင်းကြောင့်
သေဆုံးသွားခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာတွေကို
အားနာပြီး
အခုချိန်လောက်..
ကျိန်စာတွေပျောက်ဖို့ရာ
အတတ်နိုင်ဆုံး မင်းလက်ကလေးကို
ဆန့်တန်းပြီး
chatting ထဲဖြစ်ဖြစ်၊ မေးလ်တွေထဲဖြစ်ဖြစ်
ငါ့တမ်းစာတွေကို ချေပစွဲချက်တွေ
တင်လိုက်ပါ...
တရားသူကြီးမရှိတဲ့
ဒီခွဲခွာခြင်းဥပဒေရုံးမှာ
ငါပဲ တရားခံလုပ်လိုက်ပါ့မယ်..။...
မင်းကို ထွက်သွားစေခဲ့တာ
ငါ..ဆိုပါတော့...။...
မင်းကတော့ အပြစ်မရှိအပြစ်ရှာ
အကြောင်းမဲ့ ဖမ်းယူတဲ့
(ထွေးပိုက်စရာ)ရင်ခွင့်မဲ့
ငါ့နှလုံးသားအထက်က..လူ
ကဲ....ယူပေးတော့...
မင်းဆီ ထာဝရ(ရှိခဲ့ရင်)ပုံအပ်ထားမယ့်
ရင်ခုန်သံထောင်ဒဏ်..(နဲ့)..(အနှစ်ရှိလျက်)
အနှစ်ချို့တဲ့မဲ့ဘဝ....။..။..။။။.
Monday, April 12, 2010
“အပြုံးလက်နက်”
တကယ်လို့
ငါ့ဘေးနား ကြားနေရတဲ့
ဘာသာစကားတွေသာ
ကောင်းကင်ကြီးတစ်ခုဖြစ်မယ်ဆိုရင်
ငါဟာ
မိုးပြိုပြီး သေတော့မယ့်
ထုံထိုင်းထိုင်း
မှတ်ဥာဏ်တွေ တုံ့ဆိုင်းနေတဲ့
ကောင်လေးတစ်ယောက်...။
...........................
ဘာသာစကားအမျိုးမျိုးရဲ့
ဒိုင်ယာလော့တွေအောက်မှာ
မျက်ရည်မိုးတွေစိုရွှဲလို့...
အခုဆို ညစ်ပေ..ပေလိုက်တဲ့ ဗွက်တွေ..။...
ရစရာကို မရှိ...။...
တစ်ခါတစ်လေ..
နားတွေ...
လိပ်ပတ်လည်အောင် မကြားကြပြန်တော့
ကိုယ့်နားကပဲ ကန်းနေသလိုလို...
ပါးစပ်ပေါက်ကို ကြည့်ပြီး...
အကဲမခတ်တတ်ပြန်တော့လည်း
ဆွံ့အနားမကြားထက်
ထူထိုင်းတဲ့နေရာမှာ ကိုယ်ကကဲနေပြန်ရော...
.......................................
တကယ်လို့ ဘာသာစကားတွေသာ
နွေဦးလေညင်းတွေဆို ငါအိပ်နေလိုက်မယ်...
ဆောင်းရဲ့ အရှေ့မြောက်မုတ်သုံလေတွေကို
ရယ်သံခပ်ထွေထွေနဲ့ လိုက်ပါသွားချင်လို့....
တကယ်ပါ..
ငါအပြုံးတွေကို စုစည်းထားပါတယ်...
ဘာသာစကားမဲ့နေ့တွေကို
လှပစေဖို့အတွက်ပါ...။..
ဒီတော့...
သံစဉ်မဲ့..စာသားမဲ့...
ကာရံမဲ့...ကလောင်သွေးမဲ့...
လူမှုဆက်ဆက်ဆံရေးဘွဲ့ကို
ငါချဲ့နိုင်တယ်...
စုဆောင်းထားဆဲ
နှစ်ချို့အပြုံးတွေနဲ့....။...
ငါ့ဘေးနား ကြားနေရတဲ့
ဘာသာစကားတွေသာ
ကောင်းကင်ကြီးတစ်ခုဖြစ်မယ်ဆိုရင်
ငါဟာ
မိုးပြိုပြီး သေတော့မယ့်
ထုံထိုင်းထိုင်း
မှတ်ဥာဏ်တွေ တုံ့ဆိုင်းနေတဲ့
ကောင်လေးတစ်ယောက်...။
...........................
ဘာသာစကားအမျိုးမျိုးရဲ့
ဒိုင်ယာလော့တွေအောက်မှာ
မျက်ရည်မိုးတွေစိုရွှဲလို့...
အခုဆို ညစ်ပေ..ပေလိုက်တဲ့ ဗွက်တွေ..။...
ရစရာကို မရှိ...။...
တစ်ခါတစ်လေ..
နားတွေ...
လိပ်ပတ်လည်အောင် မကြားကြပြန်တော့
ကိုယ့်နားကပဲ ကန်းနေသလိုလို...
ပါးစပ်ပေါက်ကို ကြည့်ပြီး...
အကဲမခတ်တတ်ပြန်တော့လည်း
ဆွံ့အနားမကြားထက်
ထူထိုင်းတဲ့နေရာမှာ ကိုယ်ကကဲနေပြန်ရော...
.......................................
တကယ်လို့ ဘာသာစကားတွေသာ
နွေဦးလေညင်းတွေဆို ငါအိပ်နေလိုက်မယ်...
ဆောင်းရဲ့ အရှေ့မြောက်မုတ်သုံလေတွေကို
ရယ်သံခပ်ထွေထွေနဲ့ လိုက်ပါသွားချင်လို့....
တကယ်ပါ..
ငါအပြုံးတွေကို စုစည်းထားပါတယ်...
ဘာသာစကားမဲ့နေ့တွေကို
လှပစေဖို့အတွက်ပါ...။..
ဒီတော့...
သံစဉ်မဲ့..စာသားမဲ့...
ကာရံမဲ့...ကလောင်သွေးမဲ့...
လူမှုဆက်ဆက်ဆံရေးဘွဲ့ကို
ငါချဲ့နိုင်တယ်...
စုဆောင်းထားဆဲ
နှစ်ချို့အပြုံးတွေနဲ့....။...
“ဆန့်ကျင်ဘက်များရဲ့ ဘဝ”
ရင်ထဲ..
ခါးသီးတဲ့ ကြယ်တွေ ရက်ရက်စက်စက်
ကြွေဆင်းနေတဲ့အတွက်
ရှိုက်ကြီးတငင်..ရင်ထုစည်မတီးရုံတမယ်
ငိုမိတယ်...။
........................
ရင်ခုန်သံတွေထဲ....
ချိုမြိန်တဲ့ အချစ်သီးလေးတွေ
မြိုင်မြိုင်ကြီး သီးနေလို့
သွေးပျက်နေမိတယ်...။
ပျားရည်သုတ်ထားတဲ့ အချစ်ဆိပ်ချိုသီးတွေက
ဒီနှလုံးသားကို အဆိပ်ငွေ့တွေနဲ့
မကြာခင်မွှန်းတော့မှာမို့လို့...။
..................................
မနက်ဖြန်တွေထဲ....
မျှော်လင့်ခြင်းကောင်းကင်တည်ဆောက်ခွင့်ရတဲ့အတွက်
ဝမ်းသာတယ်...။
မကြာခင် ငါ...လက်တွေနဲ့
အကောင်အထည်ဖော်ခြင်းသက်တံတစ်စင်းကို
တက်စီးနိုင်တော့မှာလေ...။...
...............................
တကယ်ပဲ...
သူပြန်မပြုံးပြတဲ့အတွက်
ဟက်ဟက်ပက်ပက်ရယ်မိပါတယ်..
ဘာဖြစ်လို့လဲဆိုတော့
ငိုချင်လွန်းလို့ပါ...
...............။..။..။
...................
စက္ခုအာရုံတွေထဲ....
သာမကဘဲ
အကြားအာရုံတွေလည်း
သူကြားအောင်အော်ခေါ်နေရဲ့သားနဲ့
အထူးမခံရတာ..
အတွေ့မခံလာတာ...
တကယ်ရင်နာတယ်...။...
အပြင်မှာကွယ်...
ရင်နာတယ်...တကယ်...။...
အော်ခေါ်နေတာ...
သူ..တစ်ယောက်ကြားပေမဲ့
ပြန်မထူးတော့ကာ....
ခါးသီးတဲ့ ကြယ်တွေ ရက်ရက်စက်စက်
ကြွေဆင်းနေတဲ့အတွက်
ရှိုက်ကြီးတငင်..ရင်ထုစည်မတီးရုံတမယ်
ငိုမိတယ်...။
........................
ရင်ခုန်သံတွေထဲ....
ချိုမြိန်တဲ့ အချစ်သီးလေးတွေ
မြိုင်မြိုင်ကြီး သီးနေလို့
သွေးပျက်နေမိတယ်...။
ပျားရည်သုတ်ထားတဲ့ အချစ်ဆိပ်ချိုသီးတွေက
ဒီနှလုံးသားကို အဆိပ်ငွေ့တွေနဲ့
မကြာခင်မွှန်းတော့မှာမို့လို့...။
..................................
မနက်ဖြန်တွေထဲ....
မျှော်လင့်ခြင်းကောင်းကင်တည်ဆောက်ခွင့်ရတဲ့အတွက်
ဝမ်းသာတယ်...။
မကြာခင် ငါ...လက်တွေနဲ့
အကောင်အထည်ဖော်ခြင်းသက်တံတစ်စင်းကို
တက်စီးနိုင်တော့မှာလေ...။...
...............................
တကယ်ပဲ...
သူပြန်မပြုံးပြတဲ့အတွက်
ဟက်ဟက်ပက်ပက်ရယ်မိပါတယ်..
ဘာဖြစ်လို့လဲဆိုတော့
ငိုချင်လွန်းလို့ပါ...
...............။..။..။
...................
စက္ခုအာရုံတွေထဲ....
သာမကဘဲ
အကြားအာရုံတွေလည်း
သူကြားအောင်အော်ခေါ်နေရဲ့သားနဲ့
အထူးမခံရတာ..
အတွေ့မခံလာတာ...
တကယ်ရင်နာတယ်...။...
အပြင်မှာကွယ်...
ရင်နာတယ်...တကယ်...။...
အော်ခေါ်နေတာ...
သူ..တစ်ယောက်ကြားပေမဲ့
ပြန်မထူးတော့ကာ....
“ညတစ်ည၌ ပျို့အန်ခြင်း”
သီချင်းတစ်ပုဒ်နဲ့
ပွက်ဆူနေတဲ့ အတွေးတွေထဲ
အိပ်မက်တွေကို ပြုတ်ထည့်လိုက် ကဗျာရေ...
နောက် ကျက်တာနဲ့
တပြိုင်နက် ညမင်းဆိုတဲ့ စာပွဲခင်းလေးကို
ခပ်ရွရွလေးခင်း...
လမင်းကို စားဖို့ဖိတ်ခေါ်
သန်းခေါင်ယံတွေထဲ
သူ....သွေးတွေနဲ့ ကြွေးကြော်တာမောရှာမှာပေါ့...
စားပြီး မျိုပြီးရင်
တစ်ခါတည်း သန်းခေါင်ည
အမှောင်ဘဝတွေကို
၁၂ နာရီထဲကြော်ထည့်ထား...
ကြွပ်ကြွပ်လေးဆို ပိုစားလို့ကောင်းတယ်...။
နောက် အရုဏ်ဦးကို
ခေါ်ဖို့မမေ့နဲ့ဦး...
သူလည်း မနက်ခင်းကိုမွေးဖွားဖို့
နေ့စေ့လစေ့ကြီး...
ဒါကြောင့် ဇီးကွက်စီးလာခဲ့..နော်...။..
နောက် မင်းကတော့ ငါ့ညတွေကို
သာယာစေတဲ့အတွက်တော့
ကျေးဇူးပဲကွာ...
ဟော်...နေမင်းကြီး အာတောင်သန်းနေပြီ...
ကဲ..မင်းလည်း ငါ့နှလုံးသားထဲ
ပြန်အိပ်တော့...အခုအချိန်တန်ပြီပေါ့..။
ကြားလား...ဟိုမှာ ရင်ခုန်သံတွေ မင်းကို
မျှော်နေကြပြီ..။
ကဲ...အချိန်လင့်ပြီမို့...
ကျိန်သင့်တဲ့ ငါ့ညနေတွေအတွက်
မင်းက ပျို့(ကဗျာတစ်ပုဒ်)...။...
ပွက်ဆူနေတဲ့ အတွေးတွေထဲ
အိပ်မက်တွေကို ပြုတ်ထည့်လိုက် ကဗျာရေ...
နောက် ကျက်တာနဲ့
တပြိုင်နက် ညမင်းဆိုတဲ့ စာပွဲခင်းလေးကို
ခပ်ရွရွလေးခင်း...
လမင်းကို စားဖို့ဖိတ်ခေါ်
သန်းခေါင်ယံတွေထဲ
သူ....သွေးတွေနဲ့ ကြွေးကြော်တာမောရှာမှာပေါ့...
စားပြီး မျိုပြီးရင်
တစ်ခါတည်း သန်းခေါင်ည
အမှောင်ဘဝတွေကို
၁၂ နာရီထဲကြော်ထည့်ထား...
ကြွပ်ကြွပ်လေးဆို ပိုစားလို့ကောင်းတယ်...။
နောက် အရုဏ်ဦးကို
ခေါ်ဖို့မမေ့နဲ့ဦး...
သူလည်း မနက်ခင်းကိုမွေးဖွားဖို့
နေ့စေ့လစေ့ကြီး...
ဒါကြောင့် ဇီးကွက်စီးလာခဲ့..နော်...။..
နောက် မင်းကတော့ ငါ့ညတွေကို
သာယာစေတဲ့အတွက်တော့
ကျေးဇူးပဲကွာ...
ဟော်...နေမင်းကြီး အာတောင်သန်းနေပြီ...
ကဲ..မင်းလည်း ငါ့နှလုံးသားထဲ
ပြန်အိပ်တော့...အခုအချိန်တန်ပြီပေါ့..။
ကြားလား...ဟိုမှာ ရင်ခုန်သံတွေ မင်းကို
မျှော်နေကြပြီ..။
ကဲ...အချိန်လင့်ပြီမို့...
ကျိန်သင့်တဲ့ ငါ့ညနေတွေအတွက်
မင်းက ပျို့(ကဗျာတစ်ပုဒ်)...။...
“ငါယူတဲ့ ဒီဂရီ”
ဖင်အောက်ခုထိုင်ထားတဲ့
ထိုင်ခုံတွေ အီးနံ့နဲ့ကြေနေပြီ...
ငါ့တော်ကီတွေ သည်းသည်းခံ
သည်းခံနားထောင်ပေးတတ် တဲ့
လေပြေလေးတွေတောင်
အာပုတ်နံ့နံလို့ အဝေးကို
ထွက်ပြေးသွားပြီ...
ဆိုတော့...
မျှော်လင့်ခြင်းတွေသည်
ငါ့ကောင်းကင်ကြီးက တိုက်စားကာ
လက်တစ်စုံက အဝေးမှာ
ငါ့ကို တာ့တာတောင်ပြနေသေးရဲ့ ...
ငါဘာတွေပဲ လုပ်ခဲ့...လုပ်ခဲ့
သဲ့သဲ့လေးငါကြားလိုက် မိတဲ့
အကြားအာရုံတွေက
အော်သံတွေ...
ငါ့မသိစိတ်ရဲ့ အော်သံတွေ
အမည်လည်း မဖော်နိုင်...
တိုက်လည်း မတိုက်ခိုက်နိုင်...
ငါ့ညတွေကို မသိမသာ သကြားလုံးလို
စုပ်ကာ၊ စုပ်ကာနဲ့
အခုဆို ပီပီပြင်ပြင်ကြီးကို ပဲ့ရွဲ့နေပြီ...။
ဒီတော့ စုတ်ပဲ့မှိုင်နေတဲ့
ယိုင်တိုင်တိုင်ငါ့မန က်ခင်းတွေရဲ့
အနှစ်မဲ့တဲ့ ဘွဲ့....။...။..။။။
ထိုင်ခုံတွေ အီးနံ့နဲ့ကြေနေပြီ...
ငါ့တော်ကီတွေ သည်းသည်းခံ
သည်းခံနားထောင်ပေးတတ်
လေပြေလေးတွေတောင်
အာပုတ်နံ့နံလို့ အဝေးကို
ထွက်ပြေးသွားပြီ...
ဆိုတော့...
မျှော်လင့်ခြင်းတွေသည်
ငါ့ကောင်းကင်ကြီးက တိုက်စားကာ
လက်တစ်စုံက အဝေးမှာ
ငါ့ကို တာ့တာတောင်ပြနေသေးရဲ့
ငါဘာတွေပဲ လုပ်ခဲ့...လုပ်ခဲ့
သဲ့သဲ့လေးငါကြားလိုက်
အကြားအာရုံတွေက
အော်သံတွေ...
ငါ့မသိစိတ်ရဲ့ အော်သံတွေ
အမည်လည်း မဖော်နိုင်...
တိုက်လည်း မတိုက်ခိုက်နိုင်...
ငါ့ညတွေကို မသိမသာ သကြားလုံးလို
စုပ်ကာ၊ စုပ်ကာနဲ့
အခုဆို ပီပီပြင်ပြင်ကြီးကို ပဲ့ရွဲ့နေပြီ...။
ဒီတော့ စုတ်ပဲ့မှိုင်နေတဲ့
ယိုင်တိုင်တိုင်ငါ့မန
အနှစ်မဲ့တဲ့ ဘွဲ့....။...။..။။။
အချစ်သည် လုံးဝန်းသည်

အရှေ့ဘက်တည့်တည့်သွားရင်
အနောက်ဘက်ရောက်တတ်တဲ့
ကမ္ဘာကြီးလုံးခြင်းရဲ့ နိယာမက
အနောက်ဘက်ကို ရောက်သွားရခြင်းက
အရှေ့ဘက်က ဟန့်တားမှု(တုံ့ပြန်မှု)မရှိလို့...။
.............................
လူတစ်ယောက်ကို စွဲစွဲမြဲမြဲပေးဆပ်ခြင်းနဲ့
ချစ်နေတဲ့လူတစ်ယောက်က
ကြာရင်တော့ အဲဒီချစ်နေတဲ့လူကို
မုန်းရင်မုန်းသွားလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုတော့
ချစ်ခံရတဲ့လူဆီက (တုံ့ပြန်မှု)ဘာမှ ပြန်မရလို့ပဲ...။
ဆောင်းမနက်ရဲ့ လက်တစ်စုံ
ငါ့ကို ဒဏ်ရာတွေပေးလို့
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
ဒီကျေးဇူးကန်းတဲ့ ရင်ခုန်သံတွေကို
သတ်ပစ်လို့လည်း မရ...
အရှုံးများဖို့
အဲဒီသံသရာတွေထဲလည်နေဆဲဆိုတော့ ဘာမှကို မတတ်နိုင်...
အခြေအနေအကြောင်းအရပ်ရပ်ကို
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွား ပြီ ဆိုတော့..။
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေး တွေရဲ့
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ.. .
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒီနွေတွေအတွက်
ဆောင်းကိုငါလိုအပ်တယ်...။
ကုန်လွန်သွားတဲ့
မုတ်သုံလေတွေနဲ့
အတူမောင်းထုတ်ပစ်ဖို့ကလည်း မဖြစ်...
မိုးစက်လေးတွေကို စောင့်ပေးပါ...
နာကျင်မှုတွေ မပေးပါနဲ့ဦးဆိုပြီး
ပြောတာလည်းမရ...
ကဲ...ငါဘယ်လိုလုပ်ရမလဲ...
မတွေ့ရတဲ့ ခဏသာလေးက
အိပ်မက်တွေကို
ဝေဝါးစေပြီ...
အမြင်အာရုံတွေကို တောက်လောင်စေပြီ...
လျှာတွေကို ဆွံ့အစေပြီ...
အတွေးတွေကို ပိန်ပေါင်လို
ရိုက်ပုတ်ကစားကာ
နာကျင်စေပြီ...
သို့သော် နာကျင်လို့
ဖြေသိမ့်ပေးခွင့်မရ...
အတွေးတွေသည်
အဝေးဆီစိတ်ကောက်ထွက်ခွာသွား
ငါ...ဘာဆက်လုပ်ရမလဲ...
အပြင်မှာ ပူလောင်စပ်ဖျင်းရတဲ့အထဲ
ရင်မှာ လူတောင်သက်ပြင်းနဲ့ ဝနေတာလည်း
အရှေ့မြောက်မုတ်သုံလေအေးလေး
ပွေ့ဖက်မှုကို ခံချင်နေလို့..
အကြောင်းက ရင်မှာ နွေတွေသာ
ရေမလောင်း..ပေါင်းမသင်ရဘဲ..
စိုက်ပျိုးထားရလို့...
ငါလက်နဲ့ အသက်မသွင်းခဲ့ပေမဲ့
ခပ်ရိုင်းရိုင်းရှုပ်ပွေပွေဒ
ဆောင်းကိုငါလိုအပ်တယ်...။
“ကမ္ဘာတစ်ခု၏ အတ္ထုပတ္တိ”
“သစ္စာတို့၏ တည်နေရာ”
အနမ်းအဆက်ဆက်နဲ့
ငါ့ရင်ခုန်သံတွေရဲ့ အသက်တွေကို
ကလိထိုးနေတော့…
ငါ့မှာလည်း ပြောရအခက်…
သိက္ခာမဲ့အနမ်းအဆက်ဆက်နဲ့
ငါ့ရင်ခွင်ကြီးကို ရောင်းလိုက်ရမယ့်အဖြစ်မျိုး…
အေးပေါ့လေ…
ချစ်သည်ဖြစ်စေ…
မချစ်သည်ဖြစ်စေ..
ပွေ့ပိုက်စရာရင်ခွင်တစ်ခုတိုးတာပေါ့ကွာ…
ဒါပေမဲ့ သစ္စာကို
နှလုံးသားအမြစ်မှာ ငါသိုထားတော့ကာ
မကြေကွဲသင့်ဘဲ……
ငါ့ရင်ခုန်သံတွေရဲ့ အသက်တွေကို
ကလိထိုးနေတော့…
ငါ့မှာလည်း ပြောရအခက်…
သိက္ခာမဲ့အနမ်းအဆက်ဆက်နဲ့
ငါ့ရင်ခွင်ကြီးကို ရောင်းလိုက်ရမယ့်အဖြစ်မျိုး…
အေးပေါ့လေ…
ချစ်သည်ဖြစ်စေ…
မချစ်သည်ဖြစ်စေ..
ပွေ့ပိုက်စရာရင်ခွင်တစ်ခုတိုးတာပေါ့ကွာ…
ဒါပေမဲ့ သစ္စာကို
နှလုံးသားအမြစ်မှာ ငါသိုထားတော့ကာ
မကြေကွဲသင့်ဘဲ……
“လူများ”
ဆောင်းကောင်းကင်ထက်
နွေတက်စီးကာ
ငါပျော်ခဲ့တာ…
မိုးအပေါင်းတွေ
အုပ်မှိုင်းလျက်
ကန္တာရထဲ
ခရီးရှည်ထွက်ခဲ့ငါ…
နွေအရောင်းဆိုင်ဘက်
ဈေးကြီးပေးပြီး ဝယ်ခဲ့
ဆောင်းကမ္ဘာ…။
(ရှိတာနဲ့ မတင်းတိမ်ဘဲ မရှိတာသာ တမ်းတနေသော
လူများကို ရည်ညွှန်းပါသည်)
နွေတက်စီးကာ
ငါပျော်ခဲ့တာ…
မိုးအပေါင်းတွေ
အုပ်မှိုင်းလျက်
ကန္တာရထဲ
ခရီးရှည်ထွက်ခဲ့ငါ…
နွေအရောင်းဆိုင်ဘက်
ဈေးကြီးပေးပြီး ဝယ်ခဲ့
ဆောင်းကမ္ဘာ…။
(ရှိတာနဲ့ မတင်းတိမ်ဘဲ မရှိတာသာ တမ်းတနေသော
လူများကို ရည်ညွှန်းပါသည်)
“သူ…(၂)”
အေးမြဆောင်းလေတွေထဲ
ပူပြင်းနွေတွေနဲ့
အမြဲ ဧည့်ခံကျွေးမွေးတတ်…သူ..။…
……………………
ခြောက်သွေ့နွေတွေထဲ
မျက်ရည်မိုးတွေ အမြဲ
ရင်ခုန်သံတွေ စိုရွှဲသွားအောင်
လက်ဆောင်ပေးတတ်…သူ။…
…………………………
စိုစွတ်ဗွက်ထမိုးထဲလေထဲ
ဥပေက္ခာတွေနဲ့ ခြောက်သွေ့ကန္တာရထဲ
အမြဲ အထီးကျန်
လမ်းပျောက်စေတတ်…သူ။
ပူပြင်းနွေတွေနဲ့
အမြဲ ဧည့်ခံကျွေးမွေးတတ်…သူ..။…
……………………
ခြောက်သွေ့နွေတွေထဲ
မျက်ရည်မိုးတွေ အမြဲ
ရင်ခုန်သံတွေ စိုရွှဲသွားအောင်
လက်ဆောင်ပေးတတ်…သူ။…
…………………………
စိုစွတ်ဗွက်ထမိုးထဲလေထဲ
ဥပေက္ခာတွေနဲ့ ခြောက်သွေ့ကန္တာရထဲ
အမြဲ အထီးကျန်
လမ်းပျောက်စေတတ်…သူ။
“သူ”
လောကကြီးထဲ ရှိနေပါလျက်
ရှင်သန်နေပါလျက်နဲ့
ငါ့အသွေးအသားတွေ
ငရဲရောက်နေသလို
ရေရေလည်လည် ပူလောင်နေတဲ့ နွေရက်တွေမှာ
သူ…ယပ်တောင်တစ်ခုအဖြစ်နဲ့
ငါ့အတွေးတွေရဲ့ ရင်သွေးလေးတွေအဖြစ်
ဘေးနားမှာ အမြဲရှိနေပေးတယ်…
……………………
ကြွက်စုတ်တစ်ကောင်လို
အခန်းကျဉ်းလေးထဲ အချောင်ခိုကာ
စောင်ပိုအချပ်လေးတွေစုခြုံ
ရွာနေတဲ့ မိုးလေတွေရဲ့
အချော့အသိပ်ခံနေရတဲ့ ဝသန်နာရီလက်တံတွေမှာ
ငါကြားညှပ်နေတဲ့အချိန်
အိပ်မက်မှော်ဆရာရဲ့ ဖန်တီးမှု
ကုတင်လေးအဖြစ်…
သူ…ငါ့ခန္ဓာကိုယ်အောက်မှာ တွဲခိုနေလေ့ရှိတယ်…
……………………………
ငါ့အရိုးအဆစ်တွေကို
မသိမသာဖြဲဖြဲခြောက်နေလို့
တုန်လှုပ်နေတဲ့ ငါ့အရိုးအဆစ်တွေရဲ့
ဆောင်းတစ္ဆေ၊ မုတ်သုန်လေတွေကြားမှာ
ငါဒဏ္ဏာရီဆန်ဆန်
အရူးတစ်ဖန်ပြန်ဖြစ်နေဆဲ ဟေမာန်အပေအတေ
နွေစားနေတွေထဲ
သူ…အပူရောင်ခြည်အလင်းတန်းတွေ
ဖန်ဆင်းခြယ်မှုန်းတဲ့
မှတ်ဥာဏ်တွေရဲ့ အမှတ်ရခြင်းကဗျာတစ်ပုဒ်လို
နှလုံးသားစာရွက်တွေပေါ်မှာ
လာရက်တွေပဲပေါ်ကာ
ထွက်သွားခွင့်မတောင်းဘဲ…အမြဲ
မုတ်သုန်လေတွေနဲ့အတူ
ပွေ့ဖက်တတ်…သူ…။..။…
……………………………
လွမ်းဆွတ်တဲ့အချိန် စကားသံလေးတွေ
သူ့ဆီိသွားနေစရာခြေမလိုဘဲ
ကြားယောင်စေ…သူ…။
ပန်းပွင့်မရှိဘဲ စိတ်ကြောင့်
အမြဲ
ရနံ့ရနေတတ်တဲ့ ငါ…
ကြားခွင့်မရှိလည်း အတိတ်ကြောင့်
စကားသံရနံ့ရနေတတ်တာ…
သူသာ
စိတ်ကြောင့်…
လေညင်းတွေထဲ လိုက်ပါလာတတ်ပြီး
နာရီလက်တံတွေအပေါ်လည်း
တွဲခိုတတ်..သူ..။…
ပန်းပွင့်ရှိမှပဲ ရနံ့ရတတ်တာ မဟုတ်ကြောင်း…...။..။.။။။
ရှင်သန်နေပါလျက်နဲ့
ငါ့အသွေးအသားတွေ
ငရဲရောက်နေသလို
ရေရေလည်လည် ပူလောင်နေတဲ့ နွေရက်တွေမှာ
သူ…ယပ်တောင်တစ်ခုအဖြစ်နဲ့
ငါ့အတွေးတွေရဲ့ ရင်သွေးလေးတွေအဖြစ်
ဘေးနားမှာ အမြဲရှိနေပေးတယ်…
……………………
ကြွက်စုတ်တစ်ကောင်လို
အခန်းကျဉ်းလေးထဲ အချောင်ခိုကာ
စောင်ပိုအချပ်လေးတွေစုခြုံ
ရွာနေတဲ့ မိုးလေတွေရဲ့
အချော့အသိပ်ခံနေရတဲ့ ဝသန်နာရီလက်တံတွေမှာ
ငါကြားညှပ်နေတဲ့အချိန်
အိပ်မက်မှော်ဆရာရဲ့ ဖန်တီးမှု
ကုတင်လေးအဖြစ်…
သူ…ငါ့ခန္ဓာကိုယ်အောက်မှာ တွဲခိုနေလေ့ရှိတယ်…
……………………………
ငါ့အရိုးအဆစ်တွေကို
မသိမသာဖြဲဖြဲခြောက်နေလို့
တုန်လှုပ်နေတဲ့ ငါ့အရိုးအဆစ်တွေရဲ့
ဆောင်းတစ္ဆေ၊ မုတ်သုန်လေတွေကြားမှာ
ငါဒဏ္ဏာရီဆန်ဆန်
အရူးတစ်ဖန်ပြန်ဖြစ်နေဆဲ ဟေမာန်အပေအတေ
နွေစားနေတွေထဲ
သူ…အပူရောင်ခြည်အလင်းတန်းတွေ
ဖန်ဆင်းခြယ်မှုန်းတဲ့
မှတ်ဥာဏ်တွေရဲ့ အမှတ်ရခြင်းကဗျာတစ်ပုဒ်လို
နှလုံးသားစာရွက်တွေပေါ်မှာ
လာရက်တွေပဲပေါ်ကာ
ထွက်သွားခွင့်မတောင်းဘဲ…အမြဲ
မုတ်သုန်လေတွေနဲ့အတူ
ပွေ့ဖက်တတ်…သူ…။..။…
……………………………
လွမ်းဆွတ်တဲ့အချိန် စကားသံလေးတွေ
သူ့ဆီိသွားနေစရာခြေမလိုဘဲ
ကြားယောင်စေ…သူ…။
ပန်းပွင့်မရှိဘဲ စိတ်ကြောင့်
အမြဲ
ရနံ့ရနေတတ်တဲ့ ငါ…
ကြားခွင့်မရှိလည်း အတိတ်ကြောင့်
စကားသံရနံ့ရနေတတ်တာ…
သူသာ
စိတ်ကြောင့်…
လေညင်းတွေထဲ လိုက်ပါလာတတ်ပြီး
နာရီလက်တံတွေအပေါ်လည်း
တွဲခိုတတ်..သူ..။…
ပန်းပွင့်ရှိမှပဲ ရနံ့ရတတ်တာ မဟုတ်ကြောင်း…...။..။.။။။
Saturday, April 10, 2010
“ကဗျာဟူသည်…”
“ဟောဒီ ထာဝရမဟုတ်တဲ့
လောကကြီးမှာ ကမ္ဘာမြေကြီးအသက်နဲ့ကို
တည်တံ့နေသ၍
ထာဝရအချိန်ထိမပျောက်ဆုံးဘဲ
လူသားတို့ တရှိုက်မက်မက်သောက်သုံးမယ့်အရာ…”
လောကကြီးမှာ ကမ္ဘာမြေကြီးအသက်နဲ့ကို
တည်တံ့နေသ၍
ထာဝရအချိန်ထိမပျောက်ဆုံးဘဲ
လူသားတို့ တရှိုက်မက်မက်သောက်သုံးမယ့်အရာ…”
“မိုးတိမ်ပြဇာတ်”
တကယ်လို့ မင်းဟာ တစ်(၁)သာ
ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ အချစ်ပဲ…
ဘာဖြစ်လို့လဲဆိုတော့ ရင်ခုန်သံကာရံချင်း
ထပ်တူညီကျတယ်လို့ ထင်ရပေမယ့်
တကယ်တမ်းမှာ
ယောင်ရမ်းပြီးပြောတာမဟုတ်ဘူး…
မင်းနဲ့ငါဟာ အခြေအနေချင်း
လုံးဝကို မအပ်စပ်ခဲ့တော့
မင်းထားသွားပြီးတဲ့ နောက်ပိုင်း ငါ့မှာအရူး…
……………………………………
မင်းထားသွားပြီးတဲ့နောက်ပိုင်း
မင်းသိရဲ့လား…
နွေရက်တွေဟာ ငါ့ကို စပ်ဖျင်းဖျင်း
လေညင်းတွေနဲ့ အမြဲပမာမခန့်ပြုနေကြတာကို…
နောက် နွေညတွေမှာလည်း လက်တစ်ဆုပ်သာသာ
လောက်စာပဲရှိတဲ့ ကောင်းကင်ကပ်ပါးကောင်
ကြယ်တာရာတွေ ငါ့ကို အမြဲလှောင်တာတွေကို
ဒီကြားထဲ လမင်းကြီးကလည်း ငါ့ကို ပျက်ရည်ပြုတဲ့
အပြုံးတွေနဲ့ အမြဲရယ်သွမ်းသွေးနေသယောင်ယောင်
ထင်ယောင်ထင်မှားချောက်ချားနေတာတွေကို…
ငါအခံရအရမ်းခက်တယ်…
ကောင်မလေးတစ်ယောက်ရဲ့ ထားသွားတာခံရတဲ့ကောင်ဆိုပြီး
မင်းမရှိတဲ့နောက်ပိုင်း
ဆောင်းမနက်တိုင်းကလည်း ငါ့ကို
အေးမြမှုတွေပေးဖို့ မသထီကြတော့ဘူး…
နောက် မိုးရာသီနေ့တွေကလည်း
ခပ်စပ်စပ် မိုးမီးလောင်မတတ်အောင် ပူလောင်တဲ့
မိုးသီးတွေနဲ့ ပစ်ပေါက်ကြတယ်…။
ဘယ်လိုလုပ်ရမလဲ…
တုံ့ပြန်ဖို့ လက်နက်ရော
အင်အားတွေရော…
အဆိုးဆုံးအခြေအနေတွေအတွက် ကင်းမဲ့နေတယ်…။
ခြေလှမ်းတွေရော
အဆိပ်သင့်နေတယ်..
တကယ်… ဆက်ပြောရင်
ယောက်ျားတန်မဲ့ ခိုဘုရင်တစ်ကောင်လို
အခြေအနေတွေပေါ် အငြိုအငြင်ကြီးစွာနဲ့
ရှက်ဖွယ်ဆိုတဲ့စကားကို နံဖူးထက်
စုတ်ချက်ထိုးပြီး ညည်းတယ်ဖြစ်မှာ…
မင်းသာ ကြားနိုင်မယ်ဆိုရင် ယုံပေးပါ…နော်…
မင်းမထားသွားခဲ့ခင်
အဓိပ္ပာယ်ရှိအောင် စွင့်ကားပွင့်ထားတဲ့
ငါ့တန်ဖိုးအရှိဆုံး ပန်းပွင့်စက္ကန့်လေးတွေ
အခုတော့…
မိုးတိမ်တွေဝှက်လိုက်ပြီ…
အတည်နော်..အပျော်မဟုတ်ပါဘူးကွာ..
မင်းကိုငါချစ်ခဲ့တာ…။…
ဒါပေမဲ့ မိုးတိမ်တွေရဲ့
မိုးစက်တွေနဲ့ အတူ ငါ့နွေရက်တွေမှာ
ပြန်မလာနိုင်တဲ့ခရီး မင်းနှင်သွားပြီ…။…။..။.။။။
“အနောက်လေရဲ့ အသွေးအသားများ
ရပ်မထားပါနဲ့…
ထပ်သွားပါ…။။..
ရည်မှန်းချက်တစ်ခုရဲ့ တပ်သားငါ
ရပ်ထားဖို့ ထပ်ပွားစရာ
စကားရှာမရလို့
ဒီတိုက်ပွဲကို အောင်မြေ(အောင်ချိန်)
နင်းမိသည်အထိ
ဆက်တိုက်ရမှာပေါ့…
အဲဒါငါ့နှလုံးသားထဲ မှတ်စာတင်ထားတယ်
ကျောက်သားအတိဆိုတော့…။
……………………………………
အောင်သံခလောက်နားထိနေတဲ့
ငါ့ခြေလှမ်းတွေရဲ့
အလိုအရ…
ငိုပြဖို့ မဟုတ်…
ဒီတိုက်ပွဲရဲ့ မိန်းမပျိုစက္ကန့်လေးတွေ
ပိုလှဖို့…
ခြေလှမ်းတွေကို ရပ်နားလို့
ချွေးဝပြီး မနှုံးချိစေလို…
ဒီသဘောဟာ
ရှေ့ဆက်ဖို့ ဆူကြွနေတဲ့
ငါ့အသွေးအသားတွေရဲ့ မောင်းမပျို…။..။.။။။
Subscribe to:
Comments (Atom)
